26 w - Translate

#မြေထုပ်စည်းမျိုးပွားနည်း
မျိုးစေ့မှ မျိုးပွားစိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်မျိုးပွားခြင်းတို့ပြီးလျှင် မြေထုပ်စည်းမျိုးပွားနည်း (Air-layering) သည် အသုံးများသော အပင်မျိုးပွားနည်း (Vegetative propagation) တစ်ခုဟု ဆိုနိုင်သည်။ ကိုင်းဖြတ်မျိုးပွားရန် ခက်ခဲသော အပင်များအတွက် အသုံးဝင်သော အပင်မျိုးပွားနည်းလည်းဖြစ်သည်။ အပင်မျိုးပွားခြင်းဆိုင်ရာ ဘာသာရပ် အခေါ်အဝေါ်အရ “Layering” ဆိုသည်မှာ အပင်တစ်၏ ကိုင်းအခက်အလက်တစ်ခုသည် မိခင်အပင်နှင့် အတူရှိနေစဉ် ၎င်းကိုင်းအခက်အလက်ပေါ်၌ အမြစ်ထွက်ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။ ဥပမာ၊ ယင်းကဲ့သို့ အဖြစ်အပျက်မျိုးကို စတော်ဘယ်ရီပင်နှင့် ပင့်ကူဂမုန်းပင်တို့တွင် အလွယ်တကူတွေ့နိုင်ပါသည်။
မြေထုပ်စည်းမျိုးပွားနည်းစနစ်အသုံးပြုရခြင်း၏ အားသာချက်များ
• ကုန်ကျစရိတ် သက်သာခြင်း၊ လုပ်ကိုင်ဆောင်ရွက်ရ လွယ်ကူခြင်းနှင့် အောင်မြင်မှုရာခိုင်နှုန်း များသောကြောင့် အသုံးပြုသူ များပြားသည်။
• အချိန်တိုအတွင်း အပင်များစွာကို မျိုးပွားရယူနိုင်၏။
• အပင်များ ကိုင်းနှိမ်ကိုင်းချိုင်ခြင်း မလုပ်မီကိုင်းအခက်အလက်များကို မြေထုပ်စည်းနည်းဖြင့် မျိုးပွားယူပါက အပင်များမျိုးပွားရယူနိုင်သကဲ့သို့ အပင်များအတွက်လည်း အတိုင်းအတာတစ်ခုအထိ ကိုင်းနှိမ် ကိုင်းချိုင်ပြီးသားဖြစ်သွားသည်။မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားနိုင်သော အပင်များရှောက်သံပုရာ လိမ္မော်မျိုးရင်းဝင်အပင်များ၊ မာလကာ၊ လိုက်ချီး၊ ကြက်မောက်၊ လောင်ဂန်၊ သကြားသီး၊ ဂွေးသီး စသော အသီးပင်များနှင့် နှင်းဆီ၊ ခေါင်ရမ်း၊ ရွက်လှ၊ ပုဏ္ဏရိပ်၊ ဇီဇဝါ၊ ညောင်၊ သဖန်း၊ နွယ်သာကီ၊ စက္ကူပန်း စသည့် ပန်းမန်အလှပင်များစွာကို ဤနည်းဖြင့် မျိုးပွားနိုင်ပါသည်။
မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားယူနိုင်သော အချိန်ကာလရာသီအပင်တွင် အစိုဓာတ်ရနေပါက တစ်နှစ်ပတ်လုံး မြေထုပ်စည်းမျိုးပွားနိုင်သော်လည်း အပင်အများစုအတွက် အကောင်းဆုံးကာလမှာ ပတ်ဝန်းကျင်စိုထိုင်းဆများပြားပြီး အပင်တွင်း ရေဓာတ်များပြားသောအချိန် မိုးရာသီ (ဇူလိုင်မှ သြဂုတ်အတွင်း) တွင် ဖြစ်ပါသည်။
မျိုးပွားမည့် ပင်စည်ကိုင်းခတ်အား ရွေးချယ်ခြင်းမြေထုပ်စည်းမျိုးပွားရာတွင် မြေထုပ်စည်းမျိုးပွားမည့် ကိုင်းသည် ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကင်းရမည်။ သက်တမ်းမှာ တစ်နှစ်သားခန့်ရှိပြီး မရင့်လွန်း၊ မနုလွန်းသည့် ကိုင်းလုံးပတ် (လက်မဝက် မှ ၁ လက်မ) အရွယ် အပွေးတက်စ ကိုင်းဖြစ်ရမည်။
မြေထုပ်စည်း မျိုးပွားရန် ပြင်ဆင်ဆောင်ရွက်ခြင်း
• မြေထုပ်စည်း မျိုးပွားမည့်နေရာသည် ကိုင်းဖျား(အညွန့်) မှ (၁) ပေ၊ (၂) ပေခန့် ကွာဝေးသင့်သည်။
• ရွေးချယ်ပြီးသော ကိုင်းပင်စည်နေရာ၏ အဆစ်အောက်နားကပ်ကာ အခေါက်ကို တစ်ပတ်လုံးရစ်၍ ခွာရမည် (အဆစ်နားကပ်၍ ခွာရခြင်းမှာ ကြီးထွားမှုဖြစ်စေသော ဆဲလ်များသည် အဆစ်များ ပတ်ဝန်းကျင်တွင်စုစည်းတည်ရှိနေသောကြောင့်ဖြစ်ပြီး အမြစ်ဖြစ်ပေါ်မှုကို ပို၍ ကောင်းစေသည်)။ ခွာသည့် အခေါက် အကျယ်သည် ကိုင်းအရွယ်အစားကို လိုက်၍ လက်မဝက်မှ တစ်လက်မခွဲ အထိထားနိုင်သည် ။ ဤနည်းစနစ်သည် အသားတိုးလွှာ (Cambium) သီးသန့်ရှိသော “Dicot” အပင်များတွင် အသုံးပြုရန် သင့်တော်သည်။
• နောက်နည်းစနစ်တစ်ခုမှာ အခေါက်မခွာဘဲ ပင်စည်ကိုင်း၏ တဝက်ခန့်အား စောင်း၍ အထက်ဘက်သို့ ၁ လက်မခန့်ဓားဖြင့် လှီးဖြတ် ဒဏ်ရာပေးရမည်။ ၎င်းဒဏ်ရာအား သွားကြားထိုးတံကဲ့သို့ အရာတစ်ခုခုဖြင့် ပြန်မဆက်သွားစေရန် ဟထားပေးရမည် ။ ဤနည်းစနစ်သည် အပင်အများစုအတွက် အသုံးပြုရန် သင့်တော်သည်။ သို့သော်လည်း အမြစ်ထွက်ရန် ခက်ခဲသော အပင်များ (ဥပမာ၊ ညောင်ကြက်ပေါင်) နှင့် အသားတိုးလွှာ (Cambium) သီးသန့်မရှိသော “Monocot” အပင်များတွင် ပို၍ အသုံးများသည်။
• အခေါက်ခွာနည်းစနစ်ကို အသုံးပြုမည်ဆိုပါက အသားတိုးလွှာဟုခေါ်သော အတွင်းပိုင်း မျက်နှာပြင်အလွှာပါးကို အသားနု ပြန်မတက်စေရန် ဓားဖြင့် ကုန်စင်အောင် ခြစ်ထုတ်ပစ်ရမည်။
• အခေါက်ခွာ/ဓားဒဏ်ရာပေးထားသောနေရာကို အစိုဓာတ်ထိန်းနိုင်သော မြေစပ်စာများဖြင့် သော်လည်းကောင်း၊ အုန်းဆံဖတ်များဖြင့်သော် လည်းကောင်း အုံမံ၍ အပေါ်မှ ပလပ်စတစ်နှင့် ထုပ်ပြီး ကြိုးဖြင့်လုံအောင် စည်းရမည် ။
• ယေဘုယျအားဖြင့် မြေထုပ်စည်းပြီး တစ်လ သို့မဟုတ် တစ်လခွဲခန့်ကြာလျှင် မြေထုပ်စည်းထားသော ကိုင်းနေရာမှ အမြစ်များ ထွက်လာသည်ကို မြင်ရမည်ဖြစ်သည် ။
• ထို့နောက် ၎င်းမြေထုပ်၏ အောက်ဖက် တစ်လက်မခန့် အကွာမှ ဖြတ်ယူ၍ ပျိုးအိတ်၊ ပျိုးအိုး အတွင်းသို့ ပြောင်းစိုက်ရမည် ။
• ပျိုးအိတ်၊ ပျိုးအိုးများအား အရိပ်ကျဲစင်အောက်တွင် ထားပေးသင့်သည်။ အကယ်၍ အရွက်ပမာဏများနေလျှင် ထွက်လာသည့် အမြစ်ပမာဏနှင့် အရွက်ပမာဏကို ထိန်းညှိရန် အရွက်အချို့ကို ခြွေလျှော့ပေးရမည် (မြေထုပ်အား အပင်မှ မဖြတ်ယူမီ တပတ်ခန့်က ကိုင်းအခတ်လက်ရှိ အရွက်ပမာဏကို ကြိုတင်လျော့ချပေးထားလျှင်လည်း အကောင်းဆုံးဖြစ်သည်)။ ရေကိုလည်း လိုအပ်သလို လောင်းပေးရမည်။
#credit

image

#ဝက်သားကြံမဆိုင်ပဲပြားဟင်းချို

ကြံမဆိုင်ဟင်းချိုကတော့ လူတိုင်းကြိုက်တဲ့ တရုတ်ဟင်းချိုတစ်မျိုးပါ။ ခုကျွန်တော်ပြောပြမဲ့ ဟင်းချိုလေးကလည်း ချင်းနံ့လေးသင်းပြီး ချဉ်ချဉ်လေးနဲ့ သောက်ရတာအင်မတန်မှ အရသာရှိပါတယ်။ ကြံမဆိုင် (Salted Mustard Green) ကို ပါးပါးမလှီးဘဲ။ အတုံးကြီးကြီးတုံးထားပါတယ်။ အဲဒါကြောင့် ကြံမဆိုင်နဲ့ ပဲပြားတုံးလေးတွေကို မြိတ်ချဉ် (ပဲငံပြာရည်+ကြက်သွန်ဖြူ+ငရုတ်သီးစိမ်း)တို့ပြီး စားရတဲ့အရသာကလည်း ထူးလှပါတယ်။ ဟင်းရည်လေးသောက်လိုက် ပဲပြားလေးကိုတို့စားလိုက်နဲ့ ထမင်းမြိန်စေတဲ့ တရုတ်ဟင်းချိုလေးပါ။ ချက်နည်းလေးကို ကြည့်ကြရ အောင် . . . ။

ပါဝင်ပစ္စည်းများ
................
- ကြံမဆိုင် - 350 gm (အတုံးကြီးကြီးတုံးထားပါ)
- ဝက်သား - 200 gm (ပါးပါးလှီးထားပါ)
- ပဲပြား - ၃ ပြား (ပဲပြားတပြားကို ၆တုံး တုံးပါ)
- ချင်း - 45 gm (ပါးပါးလှီးထားပါ)
- ခရမ်းချဉ်သီး - ၃ လုံး (လေးခြမ်းခြမ်းပါ)
- မရမ်းသီးဆားရေစိမ် - ၃ လုံး
- ရေ - ၁.၈ လီတာ
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အဖြူ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူဆီချက် - အနည်းငယ်

ချက်ပြုတ်နည်း
.................
ဟင်းချိုချက်မဲ့အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။ ပြီးရင် ဝက်သား၊ ချင်း၊ ကြံမဆိုင် (Salted Mustard Green)၊ မရမ်းသီး ဆားရေစိမ် (Salted Plum)၊ ပဲပြားထည့်ပြီး ဝက်သားနူးအောင်တည် ထားပါ။ ပြီးရင် ပဲပြား၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက် သားမှုန့်ထည့်ပြီး ဆက်တည်ထားပါ။ ဒီဟင်းချိုချက်တဲ့အခါ ကြာမြင့် တဲ့အချိန်ကတော့ ၃၅ မိနစ်ခန့်ပါ။ စားသုံးမည်ဆိုပါက တစ်ယောက် စာအတွက် ပန်းကန်လုံးသီးသန့်စီမှာထည့်ပါ။ ပြီးရင် ကြက်သွန်ဖြူ ကြော်ထည့်ပြီး သုံးဆောင်ပါခင်ဗျာ။

image
26 w - Translate

Sun sign -Oct Libra ♎️
moon sign - Aries ♈️
Rising- Scorpio ♏️
ခပ်ချေချေပဲလေ slay 🫦💅🏻

image
26 w - Translate

ကင်ပွန်းချဉ်ပင် စိုက်ပျိုးနည်း
=================
ရှေးတောင်သူလယ်သမားကြီး များသည် ဘုန်းကြီးကျောင်းပညာရေး လောက်ကိုသာ တတ်ကျွမ်းကြသော် လည်း
စိုက်ပျိုးရေးနှင့်ပတ်သက်သော နည်းပညာ၌ အလွန်တော်ကြသည်ဟု ဆိုရပါမည်။
စိုက်ပျိုးရေးနည်းပညာကို သား၊ မြေး၊ မြစ်တို့အား ပြောပြကာ ပညာ အမွေကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။
ဘိုးဘွားတောင်သူကြီးများ၏ စိုက်ပျိုးရေးနည်းပညာများသည် နှစ်ပေါင်း များစွာကြာသည့်တိုင် တိကျမှန်နေကြမြဲ ဖြစ်သည်။
တိကျစွာ လိုက်နာဆောင်ရွက် တတ်ကြရန်သာလိုပါသည်။ “ရှေးထုံး လည်းမပယ်နှင့် စျေးသုံးလည်းမလွယ် နှင့်”ဆိုသည့်စကားအတိုင်း
ဒို့ကျေးရွာ ဂျာနယ်တွင် စိုက်ပျိုးရေးသမားများ အတွက် ပညာမျှဝေပေးလိုက်ပါသည်။
ကင်ပွန်းချဉ်ပင်စိုက်ပျိုးနည်း
ကင်ပွန်းချဉ်ရွက်သည် ဆူးခက်များ ပါသော်လည်း လူတိုင်းနီးပါး နှစ်သက်ကြ ပါသည်။
ချဉ်သော အရသာရှိသဖြင့် အဆီ၊ အဆိမ့်ဟင်းအမယ်များနှင့် တွဲဖက်၍ စားသုံးတတ်ကြပါသည်။
ပုစွန်ဆိတ် ကလေးများနှင့် ဟင်းချိုချက်ကာ စားသုံး နိုင်သကဲ့သို့ ငါးစင်ရိုင်းနှင့် အစပ်ချက် ၍တစ်ဖုံ၊ ကြော်စား၍တစ်နည်း မိမိ နှစ်သက်သလို ချက်ပြုတ်စားသုံးနိုင်သော ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။
နွေရာသီတွင် ပုတတ်စာနှင့် တွဲဖက် ကာ အရည်သောက်ဟင်းချက်နိုင်ပြီး ထမင်းကိုမြိန်စေပါသည်။
မိမိ၏ ခြံထဲတွင် ကင်ပွန်းချဉ်ပင်ကလေးများကို စိုက်ပျိုး ထားပါက ဝယ်စားစရာမလိုဘဲ စျေးဖိုး သက်သာစေပါသည်။
ကင်ပွန်းချဉ်ပင်အား မည်သို့စိုက် ပျိုးရပါမည်နည်းဟု မေးပါလျှင် ပျိုးထောင် စိုက်ပျိုးရပါသည်။
ကင်ပွန်းချဉ်ပျိုးပင် ကိုရရန် ခက်ခဲကြသည်ဟု ထင်ကြပါ သည်။ ပျိုးမထောင်တတ်ကြ၍ ဖြစ်သည်။ အစေ့ကိုပျိုးထောင်ရာတွင် အပင်မတက်၍ အပင်မရသူများရှိသည်။
အချို့က ကင်ပွန်းသီးအားပြုတ်၍ အစေ့ကို ခွာထုတ်ပြီး ပျိုးထောင်ကြသည်။ အပင်ပြည့်မတက်ပါ။ တချို့က ကင်ပွန်း သီးမှ အစေ့ထုတ်ပြီး ရေနွေးဖြောကာ ပျိုးထောင်ကြသည်။
ထင်သလောက် အပင်မပေါက်။ သစ်စေ့ကို ရေနွေးဖြော လျှင် သစ်စေ့နာကာ အပင်မတက်နိုင်ပါ။
တောင်သူဦးကြီးများက သားစဉ် မြေးဆက် ပြောကြားခဲ့သောစကားမှာ ကင်ပွန်းချဉ်စေ့ တစ်ရာကို ပျိုးထောင်ပါ က အပင်တစ်ရာပေါက်စေသည့်နည်း ဖြစ်သည်။
ကင်ပွန်းချဉ်သီးမှ အခွံကို နွှာ၍ အစေ့ကိုထုတ်ပါ။ ပျိုးထောင်မည့် အပင် အရေအတွက်ရအောင် အစေ့ကိုယူရ သည်။
ကင်ပွန်းချဉ်စေ့ကို သေချာကြည့် လိုက်ပါ။ တစ်ဖက်တွင် ပြောင်ချောနေပြီး အခြားတစ်ဖက်တွင် အမြစ်ထွက်မည့် အမြစ်မြှေးတစ်ခုကို တွေ့ရပါလိမ့်မည်။
ထိုအမြစ်မြှေး၏ဆန့်ကျင်ဘက် ပြောင် ချောနေသော ထိပ်ဖက်အပိုင်းကို ကွမ်းညှပ်ဖြင့် အထဲမှအဆံပေါ်သည်အထိ ညှပ်ဖြတ်လိုက်ပါ။
ထိပ်ညှပ်ထားသော ကင်ပွန်းစေ့များကို ပျိုးပေါင်ပေါ်တွင် အစေ့မြှုပ်၍ ပျိုးထောင်နိုင်ပါသည်။
အစေ့တစ်ရာ ပျိုးထောင်ပါက အပင်တစ် ရာ ပေါက်ပါသည်။ လက်တွေ့စမ်းသပ်ကြည့် ပြီးသော နည်းဖြစ်ပါသည်။
ထို့နောက် ပျိုးပင်များကို မိမိနှစ်သက်ရာနေရာသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
ကင်ပွန်းချဉ်ပင်သည် ခြံဝင်းကျယ် ပါက စိုက်ပျိုးသင့်သော အပင်ဖြစ်သည်။ အရွက်ကိုဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်နိုင်သကဲ့သို့ ကင်ပွန်းသီး ခြောက်ကိုပြုတ်၍ တရော်ကင်ပွန်း အဖြစ်လည်း ခေါင်းလျှော်ကြပါသည်။
ဤကား တောင်သူတို့ပြောကြားခဲ့သော ကင်ပွန်းချဉ်ပင် စိုက်ပျိုးရေးနည်းကို မျှဝေပေးလိုက်ရပါသည်။

image

ဘ၀ကိုသုံးညကနေပြန်စတော့မှာမို့
ရှိတဲ့ပိုက်ဆံအကုန်အရက်၀ယ်သောက်လိုက်တရ်🥲

image

#ဝက်ချဉ်ပေါင်
ဝက်သားနဲ့ချဥ်ပေါင် တစ်ခွက်ချက်
ငပိရည်စပ်စပ်မွှေးမွှေးလေးဖျော်
အသီးအရွက်ပြုတ်ချိုချိုလေးတွေ အတို့လုပ်
အရည်သောက်ပါမှ ဆိုရင်တော့... ပဲဟင်းချိုကျဲကျဲလေး ဒါမှမဟုတ် ဘူးသီးဟင်းခါးလေးပါ ချက်
ဂွယ်ရှယ် နော် 😋😋
ဟင်းချက်နည်းရေးပေးလိုက်ပါတယ်
ဝက်သားသုံးထပ်သား / ပေါင်သား ၂၅ကျပ်သား
ချဉ်ပေါင်ရွက် ၂စည်း
( မျှစ်ထည့်ချင်ရင် အနည်းငယ်ထည့်လို့ရပါတယ်)
ကြက်သွန်နီ ကြီးကြီး ၁လုံး
ကြက်သွန်ဖြူအကြီး ၄မွှာ
ဂျင်းလက် ၁ဆစ်ခန့်
ငရုတ်သီးခွဲကြမ်းမှုန့် လဘက်ရည်ဇွန်း ၂ဇွန်း
ငရုတ်သီးအရောင်တင်မှုန့် ။ ။ ၂ဇွန်း
နနွင်း အနည်းငယ်
မျှင်ငပိ လဘက်ရည်ဇွန်း ၁ဇွန်းခန့်
ဆီ အကြမ်းပန်းကန်လုံး တစ်ဝက်ခန့်
အချိုမှုန့် ဆား နှစ်သက်သလိုချိန်ဆထည့်ပါ
ဝက်သုံးထပ်သား/ ပေါင်သားကို အနေတော်အရွယ်တုံး အချိုမှုန့် ဆား နနွင်းတို့နဲ့နယ်ထားပါ
ချွေထားတဲ့ ချဉ်ပေါင်ရွက်ကို ဒယ်အိုးထဲထည့် အဖုံးအုပ်ပြီး မီးဖိုပေါ်ခဏတည်ပါ (ရေမထည့်ပါဘူး) အရွက်နွမ်းလာရင် ဇွန်းနဲ့ကြေအောင်မွှေပြီး မီးဖိုပေါ်ကချထားပါ
ကြက်သွန်ဖြူ နီ ဂျင်းတို့ကို နုတ်နုတ်စင်းထားပါ
ဆီအိုးတည်ပါ ကြက်သွန်ဖြူနီဂျင်းဆီသတ်ပါ နနွင်းမှုန့်ထည့်ပါ
ကြက်သွန်အနည်းငယ်ခြောက်ပြီးဝါရောင်သန်းလာရင် ငရုတ်သီးမှုန့်ထည့်ပါ ခဏမွှေပေးပါ
အရသာနယ်ထားတဲ့အသားထည့်ပါ
အသားအနည်းငယ်ကျစ်သွားတဲ့ထိ အထက်အောက်မွှေပေးနေပါ အသားကျစ်သွားပြီဆို ရေနွေးထည့် အဖုံးအုပ်ပြီးအသားနူးအောင်ချက်ပေးပါ အရမ်းမနူးပါစေနဲ့နော်
အသားနူးသွားမှ မျှင်ငပိ ချဉ်ပေါင် မျှစ်တို့ထည့်ပါ
ရေကို အပျစ်အကျဲ ကိုယ်လိုအပ်သလောက်ချိန်​ပြီး အနည်းငယ်ထပ်ထည့်ပါ
အပေါ့အငန်အရသာမြည်း လိုသလို​ဖြည့်ထည့်ပြီး
ပွက်ပွက်ဆူအောင် တည်ပေးလိုက်ရင် ထမင်းမြိန်စေတဲ့ ဝက်ချဉ်ပေါင်ဟင်းတစ်ခွက်ရပါပြီရှင်

image

အခန်းနံပါတ်၂၀

လှပြီး လုံးဝမချော်တဲ့ Yoga mat

image

လှပြီး လုံးဝမချော်တဲ့ Yoga mat

image

လှပြီး လုံးဝမချော်တဲ့ Yoga mat

image