15 w - Translate

I want to give up now

image

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင် အမှုတခု ထောင်သုံးနှစ် စတင်ချခံရ

ဇန်နဝါရီ ၂၆

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှာ ဇန်နဝါရီ ၉ ရက်ကတည်းက ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီးကနေ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်စီးစေမှုနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးပြီး သုံးလအကြာမှာ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

"ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေရန်အမိန့်ချမှတ်ခဲ့ပါတယ်ခင်ဗျာ"လို့ လုံခြုံရေးအဖွဲ့နဲ့ဆက်နွယ်သူ​ကပြောပါတယ်။

နစက ဘက်ကတော့ ဒေါက်တာနေစိုးမောင်ကို လူမှုကွန်ရက်မှာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်အောင်လှုံ့ဆော်တာကြောင့် ၂၀၂၄ ခုနှစ်အောက်တိုဘာ ၂၃ ရက်မှာဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရယန္တရားပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့ ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တနည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမယ့် ပြုလုပ်မှုတွေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု ကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်း ပြုလုပ်ခဲ့ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅ဝ၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေအရ အရေးယူခံရမယ့်အပြင် ပြစ်မှုနှင့် သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းကိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း နစကမှအသိပေးထားပါတယ်။

ဒေါက်တာနေစိုးမောင်ထောင်ချခံရတာနဲ့ပတ်သက်ပြီး "ဒေါက်တာနေစိုးမောင်ကိုတော့ ထောင်မချလောက်ဘူး။ပြန်လွှတ်လိမ့်မယ်ပဲထင်ခဲ့တာ။ဒါပေမယ့် ဦးရဲထွဋ်လည်းထောင်ချခံထားရတော့ သိပ်တော့မမှန်းရဲခဲ့ဘူး။ အခုတော့ ဦးသန်းရွှေသားမက်လည်း ထောင်ဒဏ် ချခံရပြီ။ဒီတော့ပြည်တွင်းမှာပဲနေရင် အပြောအဆိုအနေအထိုင်က ဆင်ခြင်မှကိုရမယ့်အခြေအနေပါ။" လို့ ဝါရင့်နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

ကျန်အမှုတွေကိုလည်း ပလပ်တယ် ပိတ်သိမ်းတယ် မစီရင်မဆုံးဖြတ်သေးတာကြောင့် ထောင်တွင်းတရားရုံးမှာ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ဒေါက်တာနေစိုးမောင်က တပ်မတော်ဆေးတပ်မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ဒေါက်တာနေစိုးမောင်က နေရွှေသွေးအောင်ရဲ့ဖခင်လည်းဖြစ်ပါတယ်။

ဒေါက်တာနေစိုးမောင်ရဲ့ ဖခင်ကလည်း ဗိုလ်ချုပ်တင်စိန် ဖြစ်ပြီး ဦးနေဝင်း လက်ထက်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးနှင့် ဒုကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်ချုပ် ရာထူးဖြင့် အငြိမ်းစားယူကာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာနေစိုးမောင်ဟာ အဖမ်းမခံရခင်အချိန်အထိ ​လူမှုကူညီရေးလုပ်ငန်းတွေနဲ့ အခမဲ့ဆေးကုသပေးတာတွေ ကို နိုင်ငံတဝှမ်းသွားလာပြီး ကူညီလုပ်ဆောင်ပေးမှုတွေကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်ကိုလည်း အစိုးရကိုအကြည်ညိုပျက်အောင်လုပ်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၄- က နဲ့ ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅နဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ပေါင်းပြီးထောင် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

Photo - Dr.Nay Soe Maung

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

image

မျိုးသုဉ်းရန်အန္တရာယ်ရှိသည့်အပြင် မြန်မာနိုင်ငံတွင်သာရှိသော မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ရန်အတွက် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်းရှိ ၃၂၇ ဧကကို “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် သတ်မှတ်

ဇန်နဝါရီ ၂၆

မျိုးသုဉ်းရန်အန္တရာယ်ရှိသည့်အပြင် မြန်မာနိုင်ငံတွင်သာ ရှိသောမျိုးစိတ်များကို ထိန်းသိမ်းကာကွယ်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းရှိ ၃၂၇ ဧကကို “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် ဇန်နဝါရီလ ၂၃ ရက်မှ စတင်သတ်မှတ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာနှင့် ငါးရယ်ကျေးရွာတို့အကြား၊ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိကြောင်း သိရသည်။မင်းတုန်းမင်းလက်ထက် (၁၂၂၅)ခုနှစ်၊ ကဆုန်လပြည့်ကျော် (၇)ရက်တွင် ရှိမ္မကားတောရကြီးကျောင်းနယ်မြေအဖြစ် မူလပထမ ရွှေကျင်ဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့ပြီး သီတင်းသုံးနေထိုင်သည့် ဆရာတော်ကြီးများက ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသဖြင့် တောတောင်သဘာဝအလှအပရှုခင်းများ၊ အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှုလက်ရာများဖြင့်ခံ့ညားထည်ဝါနေသော အဆောက်အအုံများ ယနေ့တိုင်ပျက်စီးပျောက်ကွယ်သွားခြင်းမရှိဘဲ တည်ရှိနေကြောင်း သိရသည်။

ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၃၂၇ ဧကရှိသောဒေသတွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအပြည်ပြည်ဆိုင်ရာအဖွဲ့ (IUCN)၏ ကာကွယ်ထိန်းသိမ်းမှုအဆင့် သတ်မှတ်ချက်အရ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်စာရင်းဝင် ရှားပါး၍ မြန်မာနိုင်ငံတွင်သာ ပေါက်ဖွားကျက်စားလျက်ရှိသော မျိုးစိတ် ဖြစ်သည့် မြန်မာ့ရွှေသမင်များနှင့် တောကြောင်မျိုးစိတ်များ၊ ရှဉ့််၊ တွားသွားသတ္တဝါများနှင့် ခါ၊ ရွှေပြည်စိုး၊ ကြက်တူရွေး စသည့်ငှက်မျိုးစိတ်များ ကျက်စားရာဒေသဖြစ်သောကြောင့် ရှေရှည်တည်တံ့စေရန်အတွက် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အပူပိုင်းတောခြောက်အမျိုးအစားတွင် ရှင်သန်ပေါက်ရောက်သည့် သန်း၊ ဒဟတ်၊ တမာ၊ ရှား၊ ကုက္ကို စသည့်သစ်မျိုးများနှင့် အခြားအပင်မျိုးစိတ်များ ပေါက်ရောက်ခြင်းကြောင့် အပူပိုင်းဒေသဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက် ရည်ရွယ်၍ "တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တည်ထောင်ထိန်းသိမ်းခြင်းအားဖြင့် မြန်မာ့ရွှေသမင်များ ကျက်စားနေထိုင်ရာနေရင်းဒေသများအား ရေရှည်တည်တံ့စေရန် စောင့်ရှောက်နိုင်ခြင်း၊ အပူပိုင်းသစ်တောဂေဟစနစ်များနှင့် သစ်တောဖုံးလွှမ်းမှု ပိုမိုကောင်းမွန်လာပြီး ထာဝစဉ်တည်ရှိနေခြင်းအားဖြင့် ရာသီဥတုမျှတစေခြင်းနှင့် ကောင်းမွန်သော မြေဩဇာ၊ မြေဆီများကို ထိန်းသိမ်းထားနိုင်ခြင်း၊ ရေတိုက်စားခြင်း၊ မြေပြိုခြင်းနှင့် ချောင်းကောခြင်းများကို သက်သာစေနိုင်ခြင်း၊ မြစ်၊ ချောင်းများ ရေစီးရေလာများ ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် တောတောင်ရေမြေနှင့် သဘာဝသစ်ပင်များ အမြဲတမ်းစိမ်းလန်းစိုပြည်လာခြင်းကြောင့်  တောရိုင်းတိရစ္ဆာန်များအတွက် စားကျက်များကောင်းမွန်ခြင်းနှင့် အကောင်အရေအတွက် တိုးတက်ပွားများလာစေခြင်း၊ တောတောင်ရေမြေသစ်ပင်များ ဖွံ့ဖြိုးကောင်းမွန်လာစေခြင်းအားဖြင့် မြေနိမ့်ပိုင်းလယ်ယာမြေများတွင် သဘာဝမြေဩဇာများ ပေါကြွယ်ဝ၍ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများ ပိုမိုဖြစ်ထွန်းလာနိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image

သီပေါမှာ လက်ပစ်ဗုံးယူလာပြီး ကိုင်ကြည့်ရာကနေ ပေါက်ကွဲလို့ နှစ်ယောက်သေ

ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုံးစုံကျေးရွာမှာ မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့မှာ မပေါက်ကွဲသေးတဲ့ဗုံးကို နေအိမ်ကိုယူလာရာကနေ ပေါက်ကွဲပြီး အမျိုးသားနှစ်ယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

"မနေ့ကမနက်(၉)နာရီလောက်မှာ ဖြစ်တာပါ။လမ်းမှာတွေ့တဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်းကို ယူလာပြီး ကိုင်ရာကနေ ပေါက်ကွဲပြီးရွာသားနှစ်ယောက် သေဆုံးခဲ့တယ်။ လက်ပစ်ဗုံးတို့၊လက်နက်ကြီးအစတို့တွေ့ရင် မကောက်ကြဖို့အချင်းချင်းတွေသတိပေးပေမယ့်လည်း ရွာဘက်ကလူတွေက တွေ့ရင်ကောက်ယူပြီးကြည့်ကြတော့ ခုလိုပေါက်ကွဲပြီးအသက်ဆုံးတဲ့အထိဖြစ်ရတယ်။ " လို့ ဒေသခံကပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူတွေက အသက်၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့သီပေါဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၂၂ရက်ကလည်း သီပေါမြို့နယ်၊ မန်ကောင်းရွာမှာ အသက်၃၀ ကျော်အရွယ်အမျိုးသားတယောက်လည်း မိုင်းနင်းမိပြီး လက်နှစ်ဖက်နဲ့ခြေထောက်ပြတ်ထွက်ကာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၇ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာအမျိုးသားတယောက် သူရဲ့ ခြံအတွင်းမြက်ရှင်းနေချိန် မိုင်းနင်းမိပြီး ခြေထောက်တဖက်ပြတ်ထွက်ကာ ဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တဝှမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းတွေနဲ့ တိုက်ပွဲကာလအတွင်းမပေါက်ကွဲသေးတဲ့လက်နက်အကြွင်းအကျန်တွေ ရှိနေပေမယ့် နစကအပါအဝင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက မိုင်းအန္တရာယ်ကင်းရှင်းရေး၊မိုင်းပပျောက်ရေးကို ထိရောက်စွာလုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

" ခုထိမိုင်းအန္တာရယ်နဲ့ပတ်သက်လို့ဘယ်အဖွဲ့ကမှထိထိရောက်ရောက်လုပ်တာမတွေ့ရဘူး။တိုက်ပွဲတွေသာဖော်နေကြတာပါ။ တိုက်ပွဲတွေပြီးသွားရင် မိုင်းရှင်းလင်းရေးတွေမလုပ်ကြတော့ အသိပညာသိပ်မရှိတဲ့ပြည်သူတွေနဲ့တောထဲကို စားဝတ်နေရေးအတွက် ရှာဖွေထွက်ရတဲ့ဒေသခံတွေမှာ မိုင်းနင်းမိလို့သေတာဒဏ်ရာရတာတွေဖြစ်နေရတယ်။မပေါက်ကွဲသေးတဲ့မိုင်းတွေ့ရင် မထိမတွေ့မကိုင်ဖို့ပြောပေမယ့်လည်း စူးစမ်းချင်းစိတ်နဲ့ကိုင်ကြတော့ ပေါက်ကွဲပြီးသေကြပြန်တယ်။အသိပညာ တွေပေးဖို့လိုနေသေးတယ်။" လို့ ရှမ်းပြည်နယ်အခြေစိုက် လူမှုကူညီရေး အသင်းဝင်ကသုံးသပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ဇန်နဝါရီကနေ စက်တင်ဘာလအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှု ၅၃၇ ခုရှိခဲ့ပြီး လူပေါင်း ၁၃၀ သေဆုံးပြီး ၇၅၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ ရှမ်းပြည်နယ်က မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၉၉ ဦးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။

Photo - နယ်စည်းမခြားပရဟိတ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

Moods

image
15 w - Translate

Coding date. (date with problem)

image

လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာကို စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်သွားမည်

ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)ကို စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မြန်မာသားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။

မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အား စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် ဖွံဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်သွားရန်လိုကြောင်း၊ အိမ်ရာအတွင်း လိုအပ်သည့်လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် စီမံကိန်းလိုအပ်ချက်နှင့် ကိုက်ညီသည့် ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတစ်ခုကိုလည်း စနစ်တကျတွက်ချက်၍ ထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အိမ်ရာများဆောက်လုပ်ရာတွင် မြေကိုအကျိုးရှိရှိနှင့် အကွက်ကျကျအသုံးချနိုင်ရေး စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိအချိန်အထိ အိမ်ရာဝန်းတစ်ခုအတွင်း၌ပင် အိမ်ခန်းပေါင်း ၄၀၀၀ ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့ငယ်တစ်မြို့ကဲ့သို့ ဖြစ်လာပြီဖြစ်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နစကဥက္ကဋ္ဌသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး အိမ်ရာသန့်ရှင်းသာယာလှပရေး၊ ရေသွင်းရေထုတ်စနစ်များ စနစ်တကျဖြစ်ရေးအတွက် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

#centralnewsnaypyitaw

image
image
image
image
image

တရုတ်တန်းမှာ ဒီနေ့ စတင်ကျင်းပနေတဲ့ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်မြင်ကွင်းများ

ဇန်နဝါရီ ၂၆

မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော် (နွေဦးပွဲတော်) အထိမ်းအမှတ် ပွဲဈေးကို မြန်မာနိုင်ငံ ရန်ကုန်မြို့က တရုတ်တန်းမှာ ဇန်နဝါရီ ၂၆ ရက်နေ့ကစပြီး ၇ ရက်ကြာ ကျင်းပနေပြီဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးနေ့ဟာ ဇန်နဝါရီ ၂၉ ရက်မှာ ကျရောက်မှာဖြစ်ပြီး လာမယ့်နှစ်သစ်က မြွေနှစ်ဖြစ်သလို တရုတ်တန်းက နှစ်သစ်ကူးစျေးပွဲတော်ကိုတော့ ဇန်နဝါရီ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာအစိုးရဟာ တရုတ်နှစ်သစ်ကူးနေ့ကို အခု ၂၀၂၅ ခုနှစ်ကစလို့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တရားဝင်ကြေညာခဲ့သလို လက်ရှိကျင်းပနေတဲ့ နွေဦးပွဲဈေးမှာ ခြင်္သေ့အကနဲ့ နဂါးအကတွေ၊ ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုး၊ ကလေးကစားကွင်းတွေ၊ အလှဓာတ်ပုံရိုက်ကူးနိုင်တဲ့ နေရာတွေနဲ့ ဈေးဆိုင်ခန်း အများအပြား ပါဝင်ပြီး နာမည်ကျော် ၁၉ လမ်းအပါအဝင် တရုတ်တန်းတစ်လျှောက်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+8