11 w - Translate

ဂါဇာကမ်းမြှောင်ဒေသရှိ ဆေးရုံကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူဒါဇင်နှင့်ချီ သေဆုံး
--------------------------------------
ဂါဇာကမ်းမြှောင်ဒေသတောင်ပိုင်း ခန်းယူနစ်စ်မြို့ရှိ Nasser ဆေးရုံကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အစ္စရေးက လေကြောင်းမှတိုက်ခိုက်ရာ သတင်းထောက် ၅ ဦးအပါအဝင် လူ ၂၀ သေဆုံးသွားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် Nasser ဆေးရုံအဆောက်အုံ စတုတ္ထထပ်ကို ထိမှန်ခဲ့ပြီး ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ကယ်ထုတ်ရန် လူနာတင်ယာဉ်နှင့် ကယ်ဆယ်ရေးသမားများ ရောက်လာချိန်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

image
11 w - Translate

ဂါဇာကမ်းမြှောင်ဒေသရှိ ဆေးရုံကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူဒါဇင်နှင့်ချီ သေဆုံး
--------------------------------------
ဂါဇာကမ်းမြှောင်ဒေသတောင်ပိုင်း ခန်းယူနစ်စ်မြို့ရှိ Nasser ဆေးရုံကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အစ္စရေးက လေကြောင်းမှတိုက်ခိုက်ရာ သတင်းထောက် ၅ ဦးအပါအဝင် လူ ၂၀ သေဆုံးသွားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် Nasser ဆေးရုံအဆောက်အုံ စတုတ္ထထပ်ကို ထိမှန်ခဲ့ပြီး ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ကယ်ထုတ်ရန် လူနာတင်ယာဉ်နှင့် ကယ်ဆယ်ရေးသမားများ ရောက်လာချိန်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

image
image
image
11 w - Translate

အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနဲ့၊
ဖြူတာချင်းတူပေမယ့် သကြားကပဲချိုတာ
ဆားကမချိုဘူး၊ တချို့ကအတွင်းကောက်တွေ။
ခါးတာချင်း တူပေမယ့် အသွားအလာချင်းက
မတူဘူး၊ ကော်ဖီဆိုတာ နဂိုကတည်းက
"ခါးတာ" လူတစ်ချို့က မလိုတော့မှ "ခါးတာ"
ရေရှိတိုင်းလည်း ငါးမရှိနိုင်သလို
လူဖြစ်တိုင်းလည်း စိတ်ကောင်းမရှိနိုင်ပါဘူး။
ထို့ကြောင့် လူတွေနဲ့ဆက်ဆံတဲ့အခါ
အရာရာမှာသတိရှိပါ။
ခင်မင်လှပါတယ် ယုံကြည်ရပါတယ်
ဆိုပြီး၊ ဘယ်သူ့ကိုမှ စကားအကုန်မပြောမိစေနဲ့
မှတ်ထား သစ္စာဖောက်တယ်ဆိုတာ
လူရင်းတွေကပဲ သစ္စာဖောက်ကြတာပါ။
သူစိမ်းတွေ ပေးတဲ့ ဒဏ်ရာထက်
လူရင်းတွေ ပေးတဲ့ ဒဏ်ရာက ပိုနာကျင်ရပါတယ်။

11 w - Translate

နေ့တိုင်းမဖြစ်မနေလုပ်ရမယ့်အရာတွေ
Fast 12–16 hrs
တစ်နေ့ကို ၁၂ နာရီကနေ ၁၆ နာရီအထိ အစာမစားဘဲ နေပါ။
No အပြာ
အပြာစာပေနဲ့ ရုပ်ပုံတွေကို ရှောင်ရှားပါ။
2 scoops protein
protein နှစ်ဇွန်းစားပါ။
2–4L water
ရေ ၂ လီတာကနေ ၄ လီတာအထိ သောက်ပါ။
6–8 hrs sleep
၆ နာရီကနေ ၈ နာရီအထိ အိပ်ပါ။
10,000+ steps
ခြေလှမ်းပေါင်း ၁၀,၀၀၀ ကျော် လျှောက်ပါ။
Lift/workout or physical activity
ဝိတ်မပါ။ လေ့ကျင့်ခန်းလုပ်ပါ သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
Read 10 pages (self-dev)
self-development စာအုပ် ၁၀ မျက်နှာဖတ်ပါ။
Cold shower (AM)
မနက်ပိုင်း ရေအေးနဲ့ချိုးပါ။
Record & document then post
မှတ်တမ်းတင်ပြီး post တင်ပါ။Write 3 wins
အောင်မြင်မှု ၃ ခု ရေးချမှတ်ပါ။
ဒီအချက်တွေကို ရက်ပေါင်း ၉၀ လုံးလုံးလုပ်ကြည့်ပါ။ သင့်ဘဝတိုးတက်ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်ဆိုတဲ့ နည်းပြတယောက်ပြောထားတာလေး သိပ်လည်းမခက်လို့ မျှဝေလိုက်ပါတယ်။
ဒီနေ့ပဲ စလိုက်ပါစို့🤝
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ #crd

11 w - Translate

New KDrama Alert |•
Drowning in a sea of KDramas? Let's dive into another one! It's D-Day for 'Bon Appetit, Your Majesty', TVN and Netflix's latest offering!
Plot Synopsis:
Yeon Ji-Young (Lim Yoon-A) is a French chef with a cheerful and determined personality. One day, she wins a French cooking competition, but she somehow finds herself transported to the Joseon era. She happens to serve her food to King Lee Heon (Lee Chae-Min) of Joseon. He is the worst tyrant who wields absolute power. He does have an extraordinary sense of taste. He is able to taste differences of food when even the weather changes. He happens to try Yeon Ji-Young's food and likes what she makes. He decides to take her to the royal palace and have her cook for him. Yeon Ji-Young, who was offered work at a Michelin 3-star rated restaurant in Paris, finds herself working for the tyrant King Lee Heon and presents fusion royal cuisine just for him.
Meanwhile, Kang Mok-Ju (Kang Han-Na) is King Lee Heon's concubine. She is greedy and hides her endless ambition for power. Prince Jesan (Choi Gwi-Hwa) is a member of the royal family. He is the most powerful political enemy of King Lee Heon.

image

AirAsia ရဲ့ ခရီးသည်တင်လေယာဉ် ပျံသန်းနေစဉ် အင်ဂျင်မီးလောင်လို့ အရေးပေါ်ဆင်းသက်ခဲ့ရ
အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းကိုသွားမယ့် AirAsia လေယာဉ်တစ်စင်းဟာ ဩစတြေးလျနိုင်ငံ Perth ကနေ ထွက်ခွာပြီး မကြာခင်မှာပဲ အင်ဂျင်ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။
လေယာဉ်ခရီးစဉ် QZ545 ဟာ တနင်္ဂနွေနေ့ (ဩဂုတ်လ ၂၄ ရက်)ညနေ ၆ နာရီခွဲမှာ Perth ကနေ ဘာလီကျွန်းကို ထွက်ခွာခဲ့တာဖြစ်ပေမဲ့ အင်ဂျင် မီးလောင်တဲ့အတွက် အိန္ဒိယသမုဒ္ဒရာပေါ်မှာ လမ်းကြောင်းလွှဲခဲ့ပြီး Rottnest ကျွန်းပေါ်မှာ ပတ်ဝဲခဲ့ပါတယ်။ လေယာဉ်ကို ဘေးကင်းတဲ့အလေးချိန်နဲ့ ဆင်းသက်နိုင်ဖို့အတွက် ဆီတွေကို လောင်ကျွမ်းစေခဲ့ပြီးနောက် တစ်နာရီအကြာမှာပဲ မူလ Perth လေဆိပ်ကို ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ လေယာဉ်ရဲ့ ခရီးသည်ခန်းထဲက မီးတွေအားလုံး ပိတ်သွားခဲ့ပါတယ်။
လေယာဉ်ပျံသန်းနေစဉ် အင်ဂျင်ကနေ မီးတောက်တွေ ထွက်လာတာကို မြင်တွေ့ခဲ့ရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။ “ပထမတော့ လျှပ်စီးလက်တယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်တို့က အရေးပေါ်ထွက်ပေါက်တန်းမှာ ထိုင်နေတာဆိုတော့ အကုန်လုံးကို သေချာမြင်ခဲ့ရတယ်။ ပေါက်ကွဲသံလိုမျိုး ‘ဘောင်း’ ဆိုပြီး ကြားလိုက်ရတယ်၊ ပြီးတော့ ပေါက်ကွဲမှုပုံစံနဲ့ မီးတောက်တွေကိုပါ မြင်ခဲ့ရတယ်။” လို့ ခရီးသည်တစ်ဦးက 9News ကို ပြောပါတယ်။
လေယာဉ်ဟာ Perth လေဆိပ်ကို ဆင်းသက်ချိန်မှာ မီးသတ်ကားတွေက အသင့်စောင့်ကြိုနေခဲ့ပါတယ်။ Perth လေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ခရီးသည်တွေ အတွက် ခရီးစဉ်တွေ ပြန်လည်စီစဉ်ပေးခဲ့ပါတယ်။” လို့ ပြောပါတယ်။
#crd

image

သကြားမထည့်ဘဲ ကော်ဖီအရသာကို ပိုကောင်းအောင်လုပ်နည်း! 🌿
​ကော်ဖီထဲကို ဆားအနည်းငယ်ထည့်လိုက်ရုံနဲ့ အရသာ ပိုကောင်းလာနိုင်တယ်ဆိုတာ ဘယ်သူကများ ထင်မိမှာလဲ။ ပုံမှန်အားဖြင့် ကော်ဖီမှာ တန်နင်နဲ့ ကက်ဖိန်းဓာတ်တို့ကြောင့် သဘာဝအတိုင်း ခါးတဲ့အရသာ ရှိပါတယ်။ အဲဒီအရသာကို ဆားက လျော့ချပေးနိုင်ပြီး ကော်ဖီမှာပါတဲ့ သဘာဝအရသာကို ပိုမိုပေါ်လွင်စေပါတယ်။ ဒါကြောင့် သကြားလုံးဝမပါဘဲနဲ့ ကော်ဖီက ပိုချိုလာသလို ခံစားရမှာ ဖြစ်ပါတယ်။
​ဒါ့အပြင် ဆားက ကော်ဖီအရသာကို သာမန်ထက်ပိုပြီး ချောမွေ့စေကာ အနံ့ကိုပါ ပိုမိုမွှေးပျံ့စေပါတယ်။ ဒါကတော့ ကော်ဖီသောက်တဲ့အခါ သကြားမထည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
​ပြုလုပ်ရလွယ်ကူတဲ့ အဆင့် (၃) ဆင့်
​၁။ ပုံမှန်အတိုင်း ကော်ဖီဖျော်ပါ။
၂။ ဆားကို လက်ညှိုးနဲ့ လက်မကြား အနည်းငယ် သို့မဟုတ် လက်ဖက်ရည်ဇွန်းရဲ့ ၈ ပုံ ၁ ပုံလောက် ထည့်ပါ။
၃။ ကော်ဖီနဲ့ ဆားကို သေချာမွှေပြီး အရသာမြည်းကြည့်ပါ။ ပုံမှန်ထက် ပိုမို ချိုမြိန်ပြီး အရသာရှိတဲ့ ကော်ဖီကို ရရှိပါလိမ့်မယ်။
​စမ်းကြည့်လိုက်ပါ၊ ဒီနည်းလမ်းကို သိသွားပြီဆိုရင် သကြားထပ်မထည့်ချင်တော့ဘဲ ဒီနည်းလမ်းလေးအတိုင်းပဲ အမြဲသောက်ချင်နေမှာ အမှန်ပါပဲ။
crd

image
11 w - Translate

တောင်တန်းတွေရှိရာ အရပ်မှာ နံနက်ခင်းရဲ့ အလှဟာ ခံစားရင်း နေထိုင်ရတာလောက် အေးချမ်းသာယာတဲ့ ခံစားမှုမျိုး ရှိမယ်မထင်။ သဘာဝတရားကတော့ သဘာဝအတိုင်း အလှတရားတွေ ပေးစွမ်းနေလေရဲ့။

image

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
===========================
(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
===========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်း နေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံအထက်ပိုင်း ဒေသများကို ဖြတ်ကျော်လျက်ရှိသော အပူပိုင်းမုန်တိုင်း “ကဂျိကိ” (KAJIKI) သည် အနောက်ဘက်သို့ ရွေ့လျားလျက် ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း “ကဂျိကိ” သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၆ နာရီ အတွင်း လာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများတွင် အပူပိုင်းမုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ နောက် ၁၂ နာရီအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများတွင် လေဖိအားနည်းဆဲလ်အဖြစ်သို့လည်းကောင်း အသီးသီးအားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
--------------------------------------------------------------
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
---------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ ၁၀ ပေမှ ၁၂ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
--------------------------------------------------------------------
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------------
မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၈ ပေမှ ၁၀ ပေခန့်။

Mom: အိမ်ကအတင်းပေးစားလို့သာယူလိုက်ရတာ ညည်းအဖေကို ချစ်တာမဟုတ်ဘူး
Also Mom:

image