ဘီစပ်ရွက်
​ဤအရွက်သည် အစာအိ'မ်အနာကို ထာဝရပျောက်ကင်းစေပါသည်။
​အရွက်ကို ဆားဖြင့်ဆေးကြောပါ။
ရေအနည်းငယ်နှင့်ရောပြီး ကြိတ်ပါ။
အရည်ကိုစစ်ယူပြီး ၂ မိနစ်ခန့်သာ ပွက်ပွတ်ဆူအောင် တည်ပါ။
ပြီးရင် အေးသွားအောင် အအေးခံထားပါ။
မနက်အိပ်ယာထတာနဲ့ ညအိပ်ယာမဝင်ခင် တစ်ဖန်ခွက်စီ သောက်ပါ။
​၎င်းသည် ဆီ:ချို၊
အကျိ၊တ်၊
သွေ:တိုး၊
ခန္ဓာကိုယ်ထဲရှိ ကိုလက်စထရော ပမာဏများခြင်း တို့ကို ကုသပေးနိုင်သည်။
၎င်းသည် နာကျင်မှုတွေကိုလည်း သက်သာစေသည်။
၎င်းသည် ပြတ်ရှဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုနည်းအဖြစ်လည်း အသုံးပြုနိုင်သည်။

image
11 ပတ် - ဘာသာပြန်ပါ။

Android ဖုန်းနဲ့ စာအုပ်ကို scan ဖတ်ပြီး PDF ဖိုင်အဖြစ်ပြောင်းလဲဖို့အတွက် အကောင်းဆုံး app များ။
📌 အကောင်းဆုံး Scan & PDF App များ (အခမဲ့နှင့် အခကြေးပေးဗားရှင်း)
1. Adobe Scan (အခမဲ့ + အရည်အသွေးအမြင့်ဆုံး)
✅ အားသာချက်များ
- OCR (စာသားများကို ဖတ်နိုင်ခြင်း) ပါဝင်
- PDF သို့ အလိုအလျောက် ပြောင်းပေးခြင်း။
- ဓာတ်ပုံအရည်အသွေး ကောင်းမွန်ခြင်း (အလင်းအမှောင် ညှိခြင်း၊ စာမျက်နှာဖြောင့်အောင် ပြုပြင်ခြင်း)
- Cloud (Adobe, Google Drive, Dropbox) နှင့် ချိတ်ဆက်နိုင်ခြင်း
❌ အားနည်းချက်
- အခမဲ့ဗားရှင်းတွင် PDF တစ်ဖိုင်လျှင် စာမျက်နှာ ၅၀ အထိသာ သိမ်းနိုင်
2. Microsoft Lens (Office Lens) (အခမဲ့ + Office နှင့်သဟဇာတရှိ)
✅ အားသာချက်များ
- စာရွက်ကို အလိုအလျောက် ခြမ်းဖြတ်ပြီး ဖြောင့်အောင်လုပ်ပေးခြင်း။
- PDF, Word, PowerPoint အဖြစ် export လုပ်နိုင်ခြင်း။
- OneNote/OneDrive နှင့် အလွယ်တကူ ချိတ်ဆက်နိုင်ခြင်း။
❌ အားနည်းချက်
- OCR က Adobe Scan ထက် အနည်းငယ်နိမ့်နိုင်ခြင်း။
3. CamScanner (အခမဲ့ + Pro ဗားရှင်းရှိ)
✅ အားသာချက်များ
- စာရွက်စာတမ်းများအတွက် အထူးကောင်းမွန်ခြင်း
- ရှုပ်ထွေးသော စာရွက်များကို scan ဖတ်ရာတွင် အထောက်အကူပြု
- Watermark မပါသော PDF သိမ်းလိုပါက Pro ဗားရှင်း လိုအပ်ခြင်း
❌ အားနည်းချက်
- အခမဲ့ဗားရှင်းတွင် ကန့်သတ်ချက်များစွာရှိခြင်း။
4. Google Drive (Scan Feature) (အခမဲ့ + ရိုးရှင်းသော)
✅ အားသာချက်များ
- Google Account ရှိပါက အလွယ်တကူသုံးနိုင်ခြင်း
- Scan လုပ်ပြီးတာနှင့် PDF/Image အဖြစ် Drive တွင် တိုက်ရိုက်သိမ်းခြင်း
❌ အားနည်းချက်
- OCR မပါဝင်ခြင်း (စာသားများကို ဖတ်၍မရပါ)
📥 အသုံးပြုနည်း → Google Drive App ဖွင့် ➝ "+" ကိုနှိပ် ➝ "Scan" ကိုရွေးပါ။
📌 Scan အရည်အသွေးကောင်းအောင် ဘယ်လိုလုပ်မလဲ?
1. အလင်းအမှောင် → နေရောင်ခြည်တိုက်ရိုက်ကျသော နေရာတွင် scan ဖတ်ပါ
2. ဖြောင့်အောင်ထား → ဖုန်းကို စာရွက်နှင့် တတ်နိုင်သမျှ ပြိုင်နေအောင်ထားပါ
3. အရိပ်ကင်းအောင် → လက်ဖြင့် အရိပ်မကျစေရန် သတိထားပါ
4. ဖိုင်အရွယ်အစား → PDF အရည်အသွေးကို "High Quality" သို့ ပြောင်းထားပါ။
🎯 ကိုယ်နှင့်သင့်တော်သော App ရွေးချယ်နည်း
- စာသားများကို ဖတ်လိုပါက (OCR) → Adobe Scan / Microsoft Lens
- ရိုးရှင်းသော Scan လိုပါက → Google Drive
- လုပ်ငန်းသုံးအတွက် Pro Features လိုပါက → CamScanner (Pro)
ဒီ app တွေကို အသုံးပြုပြီး စာအုပ်များ၊ စာရွက်စာတမ်းများကို အရည်အသွေးမပျက် PDF အဖြစ် အလွယ်တကူ ဖန်တီးနိုင်ပါတယ်! 📚📱
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image
11 ပတ် - ဘာသာပြန်ပါ။

အကောင်းစားတွေ စားရ ဝတ်ရနဲ့ အင်မတန်ဇိမ်ကျတဲ့ အာဝုကို ထိန်းပေးရသောအခါ 🥲

image
11 ပတ် - ဘာသာပြန်ပါ။

စက်ဘီးအခိုးခံရတဲ့ ဝန်ထမ်းအတွက် စက်ဘီးအသစ် ဝယ်ပေးခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင်
ကမ္ဘာမှာ အလှပဆုံးအရာက မေတ္တာတရားပါတဲ့။ မေတ္တာ လွမ်းခြုံတဲ့ အခိုက်အတန့်တွေကို မြင်တွေ့ခံစားခွင့်ရသူတွေတိုင်း ကြည်နူးချမ်းမြေ့ရစေပါတယ်။ အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်၊ ရိုချက်စတာမြို့မှ စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ လူငယ်လေးတစ်ယောက်ဟာ အလုပ်ဆင်းခါနီး စက်ဘီး ပျောက်သွားလို့ အခက်ကြုံခဲ့ရတယ်။ သူ့အတွက် အိမ်ကို ဘယ်လို ပြန်ရမလဲ ပင်ပန်းကြီးစွာ စဉ်းစားနေချိန်မှာပဲ မမျှော်လင့်တဲ့ အခိုက်အတန့်တစ်ခု ရောက်လာခဲ့တယ်။
တင်မ်နီလာ စက်ဘီးပျောက်သွားတဲ့အကြောင်း သိသွားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက ချက်ချင်းဆိုသလိုပဲ စက်ဘီးအသစ်တစ်စီး ဝယ်ပေးပြီး သူ့ကို အံ့အားသင့်စေခဲ့တာပါ။ ဒီကောင်လေးအတွက်တော့ မယုံနိုင်စရာဖြစ်ရပ်ပါပဲ။ အံ့သြ ပျော်ရွှင်လွန်းလို့ မျက်ရည်တောင် ကျတဲ့အထိပါပဲ။
လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဒီဗီဒီယိုဟာ ကြည့်ရှုသူတွေကို ကြည်နူးချမ်းမြေ့စေခဲ့တယ်။ တချို့ကတော့ ဒီဗီဒီယိုကို ကြည့်လိုက်ရတော့မှ လူ့အဖွဲ့အစည်းထဲမှာ လူသားချင်းစာနာမှု၊ မေတ္တာတရား ရှိနေပါသေးလားဆိုတာ လက်ခံနိုင်တော့တယ်လို့ မှတ်ချက်ပေးကြပါတယ်။

image
11 ပတ် - ဘာသာပြန်ပါ။

မလက်ကာမြို့ မှာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံခဲ့ရတဲ့ တရုတ်မင်းသမီး ဖန်ဘင်းဘင်း
နာမည်ကြီးတရုတ်မင်းသမီး ဖန်ဘင်းဘင်းဟာ Datuk(မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားမှာ အသုံးပြုလေ့ရှိတဲ့ မလေးဂုဏ်ထူးဆောင်ဆု)ဖြစ်တဲ့Darjah Pangkuan Seri Melakaဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်က မလေးရှားနိုင်ငံ၊မလက်ကာမြို့ရဲ့ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ အသက် ၄၃ နှစ်အရွယ် ဖန်ဘင်းဘင်းကို မလကာမြို့အုပ်ချုပ်ရေးမှူး T.Y.T Tun Seri Setia (Dr.) Haji Mohd Ali Bin Mohd Rustam က ဩဂုတ်လ ၂၄ ရက်နေ့မှာ ချီးမြှင့်ခဲ့တာပါ။ အခမ်းအနားပြီးတော့ ဖန်ဘင်းဘင်းက သတင်းထောက်တွေကို "ဒီလိုဂုဏ်ပြုခံရတဲ့အတွက် အရမ်းပျော်ပါတယ်။ မလက်ကာမြို့အတွက် နောက်ထပ်သတင်းကောင်းတွေယူဆောင်လာပေးဖို့ မျှော်လင့်ပါတယ်"လို့ ဖြေကြားခဲ့ပါတယ်။
စက်တင်ဘာလကျရင် နောက်ထပ်ပရောဂျက်တွေနဲ့ မလက်ကာမြို့ကို ပြန်လာဦးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ သူဟာ မြို့ရဲ့ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လက ၃ ရက်ကြာ အလည်အပတ်လာတဲ့အချိန် သူ့အကြောင်းနဲ့ မလက်ကာမြို့အကြောင်း ရှာဖွေမှုပေါင်း ၁.၂ ဘီလျံရှိခဲ့တာပါ။

image
11 ပတ် - ဘာသာပြန်ပါ။

၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဖရူတာမြို့က လယ်သမားတစ်ဦးဖြစ်တဲ့ လွိုက်အော်လ်ဆင် ဟာ ညစာအတွက် ကြက်တစ်ကောင်ကို ချက်စားဖို့ပြင်ဆင်နေခဲ့ပါတယ် သူဟာ ၅ လခွဲအရွယ် "မိုက်ခ်" လို့ခေါ်တဲ့ ကြက်ဖကြီးကို ရွေးချယ်ပြီး ပုဆိန်နဲ့ ခေါင်းကိုဖြxတ်လိုက်ပါတယ်
ဒါပေမဲ့ သူ့ပုဆိန်ချက်ဟာ လည်ပင်းက jugular vein (jugular vein) ကို မထိဘဲ brain stem (ဦးနှောက်အမြစ်) ရဲ့ အစိတ်အပိုင်းအများစုကို ကျန်ရှိစေခဲ့ပါတယ် ကြက်တွေရဲ့ အသက်ရှူခြင်း နဲ့ နှလုံးခုန်နှုန်းလိုမျိုး အခြေခံလုပ်ဆောင်ချက်တွေဟာ ဦးနှောက်အမြစ်ကနေ ထိန်းချုပ်ထားတာဖြစ်လို့ ကြက် ဟာ ခေါင်းပြxတ်သွားပေမယ့် အသက်ရှင်နေခဲ့တာပါ
ခေါင်းပြxတ်သွားပေမယ့် မ​ေxသဘဲ ရှိနေတဲ့သူ့ရဲ့ကြက်ကို တွေ့တော့
လွိုက်အော်လ်ဆင် ဟာ အဲ့ဒီကြက်ကို ဆက်ပြီး ဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် သူဟာ မျက်စဉ်းဆေးထည့်တဲ့ ပိုက်နဲ့ ပြောင်းဖူးမှုန့်ဖျော်ရည်ကို ကြက်ရဲ့ လည်ချောင်းထဲ တိုက်ကျွေးပြီး အသက်ရှူလမ်းကြောင်းတွေကို သန့်ရှင်းပေးခဲ့ပါတယ်
အဲ့တာကြောင့် ကြက်ဟာ အရင်လို ဟန်ချက်ညီညီနဲ့ လမ်းလျှောက်နိုင်ပြီး အမွှေးအတောင်တွေလည်း စိုပြေလာပါတယ် အသံတော့ မမြည်နိုင်ပေမယ့် လည်ချောင်းထဲကနေ အသံတွေ ထွက်အောင် ကြိုးစားတတ်ပါတယ် ဒီကြက်ရဲ့ ထူးခြားတဲ့ အဖြစ်အပျက်ကြောင့် "Miracle Mike" လို့ နာမည်ပြောင်ရလာပြီး Time နဲ့ Life မဂ္ဂဇင်းတွေမှာတောင် ဖော်ပြခံခဲ့ရပါတယ်
Miracle Mike ရဲ့ ပိုင်ရှင် အော်လ်ဆင်ဟာ သူ့ကို နိုင်ငံတစ်ဝှမ်းမှာ ပြသခဲ့ပြီး လူတစ်ဦးကို ၂၅ ဆင့်နဲ့ လက်မှတ်ရောင်းခဲ့ပါတယ် နာမည်အကြီးဆုံးအချိန်မှာ Mike ဟာ တစ်လကို ဒေါ်လာ ၄,၅၀၀ အထိ ဝင်ငွေရှာပေးနိုင်ခဲ့ပါတယ် နောက်ပြီး သူ့ကိုလည်း ဒေါ်လာ ၁၀,၀၀၀ အထိ အာမခံထားခဲ့ပါတယ်
ဒါပေမဲ့ ၁၉၄၇ ခုနှစ်၊ မတ်လမှာတော့ အိုအေစစ်ပြည်နယ်၊ ဖီးနစ်မြို့က ဟိုတယ်တစ်ခုမှာ နားနေတုန်း ကြက်ဖကြီး Mike ဟာ သူ့ရဲ့ လည်ချောင်းထဲမှာ ပိတ်မိနေတဲ့ အကျိအချွဲတွေကြောင့် အသက်ရှူကျပ်ပြီး ေxသဆုံးခဲ့ပါတယ် သူ့ကိုကယ်ဖို့ အသုံးပြုတဲ့ ဆေးထိုးပိုက်ဟာ အရင်ပြပွဲမှာ မေ့ကျန်ခဲ့တာကြောင့် အချိန်မမှီလိုက်ပါဘူး
Mike ခေါင်းပြxတ်ကြက်ဟာ အံ့ဩစရာကောင်းတဲ့ အသက်ရှင်မှုအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဖရူတာမှာလည်း "Mike the Headless Chicken Festival" ဆိုပြီး နှစ်စဉ်ပွဲတော်ကိုကျင်းပနေဆဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
11 ပတ် - ဘာသာပြန်ပါ။

ဒီ Winter Season မှာ Solo Leveling S2 ပြီးရင် လူတွေအမျှော်လင့်နေကြဆုံးဖြစ်တဲ့ Anime ထွက်ရှိလာခဲ့ပါပြီ။

Manga မှာကတည်းက နာမည်ကျော်ပြီး Anime ကိုလည်း Dr Stone တို့ TMS Entertainment က ထုတ်ပြီး Netflix ပေါ် တင်ပြတာပဲ ဖြစ်ပါတယ်။

သူက ပထမတစ်ကျော့ကို ၁၁ ပိုင်း လွှင့်ပြီး နောက်တစ်ကျော့ကို ဂျူလိုင်လမှ ထပ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Sakamoto ဆိုတဲ့ဘဲကြီးက မြေအောက်လောကမှာ ဆရာတစ်ဆူပါ။

ဂန္တဝင်တွင်ရတဲ့ ကြေးစားလူသတ်သမားကြီးတစ်ယောက်ပေါ့။

ဒါပေမဲ့ အချစ်စစ်နဲ့ တွေ့သွားတဲ့နောက် လူတွေလည်းမသတ်တော့ပဲ ကြေးစားဘဝကနေ စွန့်လွှတ်ပြီး မိသားစုဘဝလေးထူထောင် ဈေးရောင်းရင်း ဖတ်တီးပုတ်ကြီး ဖြစ်လို့နေပါပြီ။

လူသာဝတာပါ လက်ရည်ကတော့ တစ်စက်မှ မကျသေးတဲ့ ဝတုတ်ပေါ့ဗျာ။

အဲဒီမှာ Sakamoto ကို လေးစားအားကျပြီး သူများစိတ်ကို ဖတ်နိုင်တဲ့အစွမ်းရှိတဲ့ ဂိုဏ်းလူမိုက်လေး Shin ဆိုတာ ရှိပါတယ်။

သူက Sakamoto ကို အားကျနေပါတယ်ဆိုကာမှ သူ့ခေါင်းဆောင်က အဲဒီဖက်တီးက ဒီလောကထဲကနေ နုတ်ထွက်သွားတာကြောင့်

ဒီလိုမျိုး မရှိရဘူး သူ့ကိုသတ်ခဲ့ဆိုပြီး စေခိုင်းလိုက်တဲ့အချိန်ကနေ နောက်ထပ် ဘယ်လိုတွေဆက်ဖြစ်ရမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မင်းသားက ဝတုတ်ကြီးဆိုပေမဲ့ Action ခန်း အလန်းစားတွေကို မြင်ရမှာပါ။

ပြောရမယ်ဆို John Wick ကို ဂျပန်ကာတွန်းဖက်တီးဗားရှင်းပေါ့။

ဇာတ်လမ်းလေးက ပုံမှန်အတိုင်း သွားထားတယ်ဆိုပေမဲ့ နောက်ပိုင်းတွေ ဘာဆက်ဖြစ်လာမလဲ မျှော်လင့်ရပြီး တိုက်ခိုက်ခန်းတွေကတော့ ထူးခြားပြီး မိုက်ပါတယ်။

ဟာသလေးတွေလည်း ပါဝင်တာမို့ ကြည့်ပျော်ရှုပျော် ဖြစ်နေမှာ အမှန်ပဲ။ ခံစားလိုက်ကြပါဦး။

image
11 ပတ် - ဘာသာပြန်ပါ။

အချစ်နဲ့အတူခရီးသွားပါ
မယူခင် အတူခရီးသွားပါ။
လက်မထပ်ခင် သေချာပေါက် ခရီးအတူသွားကြည့်ပါ။
ဒါမှကိုယ့်အနွံနာဘယ်လောက်ခံနိုင်လည်း ပိုပြီးသိလာမှာပါ။ပုံမှန်နေ့တွေမှာတစ်နေ့ တစ်နာရီ နှစ်နာရီလောက်ပဲကိုယ့်ဒဏ် ခံချင်ခံမယ်။ ခရီးသွားတဲ့အခါ အချိန်အကြာကြီးအတူရှိနေတော့ အဲချိန်ကြမှ သေချာလေးလေ့လာနိုင်မှာလေ၊
ခရီးသွားတာက လူတိုင်းပျော်ချင်လို့ စိတ်အပန်းပြေချင်လို့သွားတာမို့ အဲချိန်စိတ်ရှုပ်ရရင် ဘယ်သူမှကြိုက်မှာမဟုတ်ဘူးနော်၊ ဒီချိန် ကိုယ့်ဘက်က နည်းနည်းဆိုးကြည့်လိုက်ပါ၊
ခရီးသွားရင် ဟိုဟာလေးစားချင်လို့ ဒါလေးစားချင်လို့ ၊ မိန်းမသဘာဝ မုန့်စားဖို့ပဲပူဆာပါ၊ လိုက်လုပ်ပေးမလားပေါ့
ရောက်တဲ့မြို့က စျေးလေးသွားချင်လို့၊ ဘာလေးဝယ်ချင်လို့ပါပေါ့ လိုက်ပို့ပေးမလားပေါ့၊ ခရီးသွားနေတာ စိတ်ရှုပ်ဖို့ကောင်းတယ်ပြောရင်တော့….
( အဲ့မြို့မှာဘာနာမည်ကြီးလဲတော့ ကြိုစုံစမ်းသွားဖို့တော့ လိုမယ်နော်)
အလှအပဓာတ်ပုံတွေ များများရိုက်ခိုင်းပါ။မိန်းကလေးအများစုကတော့ ခရီးသွားရင် လှလှရိုက်ချင်ကြတာပဲ၊ မေအပါအဝင်ပေါ့၊” ရိုက်လို့မပြီးတော့ဘူးလား၊ ဒီဓာတ်ပုံဆိုရင်တော့” ဒီလောက်ခဏတာလေးတောင် မစောင့်နိုင်ရင်……
ညီမလေးသာ အိုင်တင်ကောင်းရင် ကားပေါ်မှာမူးပြလိုက်လို့ရသေးတယ်။ တစ်ခါနှစ်ခါလောက် ပျို့ပြလိုက်၊ မူးပြလိုက်ပါ၊ ရွံ့တယ်ဆိုတဲ့ယောကျ်ားပဲဖြစ်ဦး၊ ချစ်ရင်တော့ အဲလောက်တော့ ပြုစုပေးတတ်ရမယ်၊ အဲလောက်မှ မဟုတ်ရင် လက်ထပ်ပြီး
ကလေးမွေးတဲ့အခါ…..တွေးကြည့်လိုက်တော့
ထပ်ပြောချင်တာ နှစ်ယောက်တည်းသွားပါလို့
မဆိုထားပါဘူးနော်
မြန်မာဓလေ့အတိုင်း မိဘတွေလည်း စိတ်ချမ်းသာအောင် သူငယ်ချင်းတွေနဲ့အတူ သွားစေချင်ပါတယ်။ မြန်မာမိန်းကလေးတိုင်း တန်ဖိုးရှိနေဖို့လိုတယ်။
သူငယ်ချင်းတွေနဲ့သွားရင် နောက်ထပ်လေ့လာနိုင်တာတစ်ခုက သူကအပေါင်းအသင်းတွေကြား
ကိုယ့်ကို ဘယ်လိုနေရာထားလဲဆိုတာပါ လေ့လာနိုင်မှာပါ၊ လူရှေ့သူရှေ့ အော်ရင်တော့ 😡
ဒီလောက်ပါပဲ ၊ မယူခင်ခရီးအတူသွားပါ
ချစ်တဲ့မေ❤️
#သွားမယ်&တည်းမယ်
#winthtetaung
#myanmartravel
Credit Zaw&Me-Japanese Blog

image

💁‍♀️ ငြီးငွေ့နေပြီလား? ခဏခဏနေမကောင်းဖြစ်၊ မောပန်းလွယ်၊ ခန္ဓာကိုယ်စနစ်တွေလည်း ပျက်ယွင်းနေပြီလား......?
👉 သင့်ထမင်းပန်းကန်ထဲက ခရမ်းကစော့သီး လေးတွေကို ကြည့်လိုက်ပါ...! ဒီသေးငယ်တဲ့အသီးလေးတွေက သင့်ကျန်းမာရေးစနစ်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။
✍️ အဆီဓာတ်များပြီး နှလုံးရောဂါဖြစ်မှာစိုးရိမ်ရလား....?
– ခရမ်းကစော့သီးကို ပုံမှန်စားပေးခြင်းဖြင့် အဆီတွေကို
ပျော်စေပြီး ဖြစ်နိုင်ခြေ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
✍️ သွေးတွင်းသကြားဓာတ်များပြီး မောပန်းလွယ်နေလား...?
– ခရမ်းကစော့သီးမှာ သကြားဓာတ်ကို ပုံမှန်ဖြစ်အောင်
ထိန်းညှိပေးတဲ့ အထူးဓာတ်တစ်မျိုး ပါဝင်ပါတယ်။
✍️ ဘာစားစား ဝမ်းချုပ်ပြီး အစာမကြေ ဗိုက်ပြည့်နေသလို
ခံစားရလား.?
– ခရမ်းကစော့သီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့်
အူလမ်းကြောင်းကို လှုပ်ရှားမှုကောင်းအောင်
လှုံ့ဆော်ပေးပါတယ်။
✍️ အစားအစာကနေ ဓာတုပစ္စည်းတွေကျန်မှာ စိုးရိမ်ရလား?
– ခရမ်းကစော့သီးက အညစ်အကြေးတွေကို ဖမ်းဆုပ်ပြီး
အူလမ်းကြောင်းကို သဘာဝအတိုင်း သန့်စင်ပေးပါတယ်။
✍️ ဆေးတွေအများကြီးသောက်လို့ အသည်းအားနည်းနေလား?
– အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားဖြည့်ပေးပြီး
ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးပါတယ်။
✍️ အက်ဆစ်ပြန်ဆန်တက်တာ ခဏခဏဖြစ်တတ်လား?
– ခရမ်းကစော့သီးပြုတ်ရည်နွေးနွေးလေးကို သောက်ပေး
ခြင်းက အစာအိမ်ကို အပေါ်ယံအလွှာဖုံးပေးပြီး
ပူစပ်တာမျိုး မဖြစ်စေပါဘူး။
✍️ မေ့လွယ်၊ သတိမေ့တတ်နေလာ...?
– ခရမ်းကစော့သီးက ဦးနှောက်ကို သွေးစီးဆင်းမှု ကောင်း
အောင် လှုံ့ဆော်ပေးပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။
✍️ သွေးပေါင်ချိန် တက်လိုက်ကျလိုက် ဖြစ်နေသလား...?
– သွေးပေါင်ချိန်ကို မျှတအောင် ထိန်းညှိပေးတဲ့ အာနိသင်
ရှိပါတယ်။
✍️ ချောင်းခြောက်ဆိုး၊ သလိပ်မထွက် ဖြစ်နေလား?
– ခရမ်းကစော့သီးက သလိပ်တွေကို ပျော်စေပြီး
လည်ချောင်းထဲက အချွဲတွေကို ဖယ်ရှားပေးပါတယ်။
✍️ ဘာမျိုချမျိုချ လည်ချောင်းနာနေလား. ..?
– ခရမ်းကစော့သီးပြုတ်ရည်နွေးနွေးလေးက လည်ချောင်းကို
စိုပြည်စေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။
✍️ ဗိုက်အောင့်၊ လေထိုးလေအောင့်ဖြစ်နေလား....?
– လေကိုကောင်းကောင်းထုတ်ပေးပါတယ်။ ခရမ်းကစော့သီး
လတ်လတ်ဆတ်ဆတ် စားပေးရုံနဲ့ ကူညီပေးနိုင်ပါတယ်။
✍️ မျက်လုံးမှုန်ပြီး ညဘက် ကောင်းကောင်းမမြင်ရဘူးလား.?
– ခရမ်းကစော့သီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့်
မျက်လုံးကို အားကောင်းစေပါပါတယ်။
✍️ အအေးမိလွယ်ပြီး ရာသီတု၊ပ်ကွေး ခဏခဏဖြစ်နေလား?
– သဘာဝအတိုင်း ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
ဖြည့်စွက်စာတွေ သောက်စရာမလိုပါဘူး။
✍️ မနက်နိုးရင် အဆစ်အမြစ်တွေနာ၊ ဖောယောင်နေလား..?
– ရောင်ရမ်းမှုကို ကောင်းစွာ တိုက်ဖျက်ပေးပြီး အဆစ်အ
မြစ်တွေကို ပြောင်းလွယ်ပြင်လွယ် ဖြစ်စေပါတယ်။
✍️ အစားအသောက်ကြောင့် ဝမ်းလျှောနေလား?
– ခရမ်းကစော့သီးက အူလမ်းကြောင်းထဲက ဘက်တီးရီး
ယားတွေကို 6သစေပြီး ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို
မြန်မြန်သက်သာစေပါတယ်။
✍️ သွားပိုးစားလွယ်၊ ခံတွင်းအနံ့ဆိုးနေလာ....?
– ခံတွင်းထဲက ဘတ်တီးရီးယားတွေကို လျှော့ချပေးပြီး သွား
တွေကို ခိုင်မာစေကာ သွားဖုံးတွေကို ကျန်းမာစေပါတယ်။
✍️ သားဖွားပြီးချိန် မိခင်တွေ မောပန်းလွယ်ပြီး ပြန်လည်
သက်သာဖို့ ခက်ခဲလား?
– သားအိမ်ကို အာဟာရဖြည့်ပေးပြီး အတွင်းပိုင်းကနေ
ခွန်အားပြန်လည်ရရှိစေပါတယ်။
✍️ လက်ဖျား၊ ခြေဖျားအေးပြီး သွေးခုန်နှုန်းနှေးနေလား. ?
– သွေးလည်ပတ်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်အပူချိန်ကို
ပြန်မှန်စေတယ်။
ဒီလေးနက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်
ခရမ်းကစော့သီးကို နေ့စဉ်စားသုံးဖို့ မမေ့ပါနဲ့နော်.....! 💚

image
11 ပတ် - ဘာသာပြန်ပါ။

ကညွတ်ရဲ့သ​ဘောက ဤသို့ ဤပုံ)
​ခေါင်း​ဟောင်းစိုက်ပြီး
၂ရက်မှ ၅ရက်အတွင်း
အစို့ထွက်တာမြင်ရပါမယ်
ပျိုးပင်စိုက်ပြီး ၅ရက်မှ ၇ရက်အတွင်း
အပင်​ဟောင်းကျခါ အပင်သစ်
ထွက်ပါမည်...
အပင်သစ် အစို့သစ်ထွက်ပြီး
၁​လ​ကျော် ၂လ​လောက်မှ အပင်ကငြိမ်တာပါ ဒီကြားထဲအရမ်းကြီးမဆိုးရိမ်ကြပါနဲ့ ​
ရေလို​ရင်ရေ​ပေး ​ပေါင်းထူရင်​ ပေါင်သင် ​မြေကျတ်ရင် ​မြေဆွ ၁လခွဲ​နောက်ပိုင်း
အစာလိုရင် အစာ​ကျွေး ဒါ​တွေပဲပုံမှန်
လုပ်​ပေး​ကြပါ​နော်...
အစာဆိုသည်ကား
နွား​ချေး သို့ ကြက်​​ချေး အဆင်​ပြေရာနဲ့
စပါးခွံ စက်ဖွဲပြာ လွှစာမှုန့် ရှိရာနဲ့
EM သို့ ငါးမိုင်နို သို့ ​ရေစိမ်း ဖျန်းခါ
စတူ​ရော၍သမ​​အောင်မွှေပြီးနှပ်ထား
ချွန်ချွန်​လေးပုံ အိတ်အကြည်
အိတ်အမည်း ရှိရာနဲ့ ​လေလုံ​အောင်
အုပ်ထားပြီး၁၅ရက်​နောက်ပိုင်း
စ​ကျွေးလို့ရပါပြီ...နှပ်ပြီးအစာသည်
ဆုပ်လုံး ထိုးကွဲ အ​နေအထားဖြစ်ရပါမည်
ဆိုလိုချင်တာက ဆုပ်လိုက်ရင် အလုံး​လေးဖြစ်ရမည် လက်နဲ့ထိုးလိုက်ရင် ကွဲသွားရမည် ​အဓိက ကရေမများဖို့ပါ ​ရေများရင်
ပုတ်၍ ​လောက်ကျခါ အဆင်မ​ပြေနိုင်ပါ
စိုက်ပြီးကညွတ်ကိုအထူးဂရုစိုက်ပါ
​​ရေ​ပေးအစာ​​ကျွေး ​ပေါင်သင် လုပ်နိုင်ရင် လုပ်နိုင်သလို အထွက်တိုးမယ် အစို့လှမယ်
အဆင်မ​ပြေတာ နားမလည်တာရှိက
အချိန်မ​ရွေးဖုန်းဆက်​မေးပါ
အထက်​ဖော်ပြပါ အစာသည်
သီးနှံတိုင်းတွင် သဘာ၀​မြေသြဇာအဖြစ်
ထည့်သုံးနိုင်ပါတယ်ခင်ဗျာ။
မှတ်ချက်/ကညွတ်ဆိုတာသူ့ကို​ကျွေးရင်
ကိုယ့်ပြန်​ကျွေးတယ်လို့သာ
မှတ်ထား​ပေးပါ ကညွတ်ချစ်သူတို့။
လိုအပ်သူများ လွတ်လပ်စွာ Shareထား Save ထားနိုင်ပါတယ်ခင်ဗျာ...?

image