#ကြက်မောက်သီးအပင် စိုက်ပျိုးနည်း
**********************************
#ကြက်မောက်ကိုင်းကူး 1ပင် - 12000 / 18000 ကျပ် 💖
ဒူးရင်း၊မင်းဂွတ်သီးများကဲ့သို့ စားသုံးရာတွင်အရသာရှိ၍ ဒူးရင်း၊မင်းဂွတ်သီးများကဲ့သို့ပင်ပူအိုက်စွတ်စိုသောဒေသတွင် ပေါက်ရောက်သောနောက်အသီးတစ်မျိုးမှာကြက်မောက်သီးပင်ဖြစ်သည်။ သွေး၊သည်းခြေနှင့်သင့်သည်ဟု မြန်မာ့ဆေးကျမ်းတွင်ဆိုသည်။
စိုက်ပျိုးရန်ဒေသ
ကြက်မောက်ပင်သည်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းပူအိုက်စွတ်စိုသောရာသီဥတုကိုသာကြိုက်နှစ်သက်၍ပူပြင်းခြောက်သွေ့သောရာသီဥတုတွင် မဖြစ်ထွန်းပေ။အေးမြသောရာသီဥတုတွင်ပေါက်ရောက်ခြင်းမရှိပေ။ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ရခိုင်ပြည်နယ်များတွင်ဖြစ်ထွန်းသည်။အထူးသဖြင့်တနင်္သာရီ တိုင်းတွင်ကောင်းစွာပေါက်ရောက်ဖြစ်ထွန်းသည်။
စိုက်ပျိုးနည်း
ယခုစိုက်ပျိုးနေကြသောနည်းမှာအစေ့ကိုပျိုးထောင်၍ပြောင်းလဲရွေ့စိုက်ပျိုးခြင်းပင်ဖြစ်သည်။ထိုနည်းမှာမျိုးကောင်းမျိုးသန့်အပင်များမှမျိုးကိုယူ၍စိုက်ပျိုးသည့်တိုင်မျိုးကောင်းမျိုးသန့်အပင်များဖြစ်လာရန်စိတ်ချရသည့်နည်းမဟုတ်ပေ။မူလမျိုးယူသည့်အပင်၏အရသာအတိုင်းရရှိ၍အပင်နိမ့်နိမ့်အသက်ငယ်ငယ်နှင့် အသီးသီးရန်ကိုင်းဆက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသင့်သည်။
အရပ်ဒေသအလိုက်ပေါက်နေကျကြက်မောက်သီးများကိုပျိုးထောင်ထားပြီး နောက်၎င်းအပင်များကို မြေခံပင်ပြုလုပ်ကာအစေ့သေးသေးအသားထူထူ အရသာချိုသောအသီးများများအဆုံးသီးသည့်အပင်မှ ခဲတံချောင်းအရွယ် တစ်နှစ်ခွဲမှနှစ်နှစ်သားအတွင်းရှိအကိုင်းများနှင့်ကိုင်းဆက်စိုက်ပျိုးပါကအပင်ပုပုအသက်ငယ်ငယ်နှင့်မူလမျိုးအတိုင်းအရသာရှိသောအသီးများသီးမည်ဖြစ်သည်။
မြေအမျိုးအစား
ရေစီးရေလာကောင်းသောသဲနုန်းမြေပွတွင်ကောင်းစွာဖြစ်ထွန်းသည်။မြေစေးများတွင်စိုက်ပျိုးမည်ဆိုလျှင်ကျင်းများကိုအကျယ်ငါေးပ၊အနက်ငါးပေအထိတူး၍မြေဆွေး၃၀ရာခိုင်နှုန်း၊သဲ၃၀ရာခိုင်နှုန်းနှင့်အပေါ်ယံမြေသားကိုရောစပ်ပြီးကျင်းပြည့်အောင်ထည့်၍စိုက်ပျိုးပါ။
စိုက်ပျိုးပုံ
ကြက်မောက်ပင်စိုက်ပျိုးရန်အတွက်ကျင်းများကိုတစ်နှစ်ခန့်ကကြိုတင်တူးဖော်၍ပြင်ဆင်ထားသင့်သည်။ကျင်းများကိုသုံးပေအကျယ်သုံးပေအနက်တူး၍အမှိုက်သရိုက်များကိုကျင်းပြည့်အောင်ထည့်ပြီးမီရှို့ပါ။ထို့နောက်မြေဆွေးတစ်ဆအပေါ်ယံမြေသားတစ်ဆရောစပ်၍ကျင်းပြည့်အောင်ထည့်ထားပါ။ထို့နောက်အစေ့မှပျိုးထောင်ထားသောအပင်ကလေးများကိုအမြစ်မနာအောင်ချပြီးစိုက်ပါ။
စိုက်ပျိုးရာတွင်ကြက်မောက်ပင်များကိုမြေပြန့်ဖြစ်လျှင်တစ်ပင်နှင့်တစ်ပင်၂၄-ပေပတ်လည်ခွာ၍တောင် စောင်းများတွင်တစ်ပင်နှင့်တစ်ပင်ပေ၂၀-ပတ်လည် ခွာစိုက်ပါ။
အပင်များငယ်စဉ်တွင်အရိပ်များရရှိရန်ငှက်ပျောပင်များအရိပ်ပင်အဖြစ်စိုက်ပျိုးထားရမည်။အပင်ကြီးလာသည့်အခါတွင်အရိပ်ပင်များကိုတဖြည်းဖြည်းဖယ်ရှားပေးရမည်။
မြေသြဇာ
မြေဆွေး၊သစ်ဆွေးမြေသြဇာများမှာကြက်မောက်ပင်အတွင်ကောင်းလှသော မြေသြဇာများပင်ဖြစ်သည်။ဓာတ်မြေသြဇာကျွေးမည်ဆိုလျှင်သာကူစေ့ ဓာတ်မြေသြဇာငါးဆ၊ပိုတက်လေးဆရောစပ်ထားသောဓာတ်မြေသြဇာကို၂နှစ်သားတစ်ပတ်လျှင်လေးအောင်စမှရှစ်အောင်စအထိအပင်ကြီးထွားမှုကိုကြည့်၍ထည့်ပေးပါ။ငါးနှစ်သားမှစှုသုံးဆမှလေးဆအထိတိုး၍ထည့်ပေးပါ။ဓာတ်မြေ သြဇာများကိုနွားချေ၊မြေ ဆွေးများဖြင့်ရော၍ထည့်ပေးပါ။
မြေသြဇာကျွေးရန်ကာလ
ကြက်မောက်ပင်ကိုတစ်နှစ်လျှင်နှစ်ကြိမ်မြေသြဇာကျွေးပေးသင့်သည်။မိုးဦးကျချိန်တွင်တစ်ကြိမ်၊မိုးကုန်ခါနီးမိုးနှောင်းတွင်တစ်ကြိမ်မြေသြဇာကိုအပင်ရွက် အုပ်ပတ်လည်မြောင်းတူး၍ထည့်ပေးပြီးမြေဖြင့်ပြည့် အောင်ဖို့ထားပေးရမည်။
ပိုးမွှားရောဂါ
ကြက်မောက်ပင်မှာပင်စည်ပိုးများကျတတ်သည်။၎င်းပိုးများ၏အန္တရာယ်ကို ကာကွယ်ရန်မှာတစ်နှစ်လျှင်တစ်ကြိမ်ဗော်ဒိုဆေးရည်ခပ်ပျစ်ပျစ်ဖျော်၍ပင်စည်ကိုသုတ်လိမ်းပေးရမည်။
ပြုစုစောင့်ရှောက်ပုံ
ကြက်မောက်ပင်တွင်အထူးအကွေးအကိုင်းများကိုဖြတ်တောက်ပေးရန်မလို သော်လည်းအပေါ်သို့ ထောင်တက်လာသောအကိုင်းများကိုမငဖြတ်ပေးရ မည်။ကိုင်းခြောက်များကိုလည်းရှင်းလင်းပေးရမည်။အသီးများသီးလာသည့် အခါလင်းနို့၊လင်းဆွဲ၊ကျီးကန်းများနှင့်အခြားငှက်များ၏အန္တရာယ်ကို အထူး ကာကွယ်ပေးရန်လိုသည်။ပိုက်ကွန်များ၊ဆူးခက်တန်းများပြုလုပ်ကာကွယ်၍ ဂရုစိုက်ခြောက် လှန့်ပေးရန်လည်းလိုအပ်ပေသည်။
သက်တမ်း
ကြက်မောက်ပင်သည်ခြောက်နှစ်သားအရွယ်တွင်အသီးစသီးပြီးနှစ်ပေါင်း၅၀-အထိအသက်ရှည်ကာ တစ်နှစ်ထက်တစ်နှစ် အသီးပို၍ သီးတတ်သည်။

image

Holland Lop ကို ဒီလို အညိုနှစ်ရောင်စပ်လေး
ချစ်တဲ့သူတွေ ya ပြီနော် 🤎 Zay Cho ပါမယ်နော်
Age - 2 months Old 🤎 Boy

image

Holland Lop ကို ဒီလို အညိုနှစ်ရောင်စပ်လေး
ချစ်တဲ့သူတွေ ya ပြီနော် 🤎 Zay Cho ပါမယ်နော်
Age - 2 months Old 🤎 Boy

image

Holland Lop ကို ဒီလို အညိုနှစ်ရောင်စပ်လေး
ချစ်တဲ့သူတွေ ya ပြီနော် 🤎 Zay Cho ပါမယ်နော်
Age - 2 months Old 🤎 Boy

image

Holland Lop ကို ဒီလို အညိုနှစ်ရောင်စပ်လေး
ချစ်တဲ့သူတွေ ya ပြီနော် 🤎 Zay Cho ပါမယ်နော်
Age - 2 months Old 🤎 Boy

image
image
image

"ကမ္ဘာ့အနားက ဖြတ်သန်းသွားမယ့် ဥက္ကာခဲပျံ"
မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ 2025 QD8 လို့ အမည်ပေးထားတဲ့ ဥက္ကာခဲပျံတစ်စင်းဟာ ကမ္ဘာ့ရဲ့အနားကနေ လာမယ့် စက်တင်ဘာ ၃ရက်နေ့မှာ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။
ဒီဥက္ကာခဲပျံကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့မှာမှ အီတလီနိုင်ငံ အခြေစိုက် Virtual telescope network မှ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ အရွယ်အစားဟာ လေယာဉ်ပျံငယ် တစ်စီးစာခန့်သာရှိပါတယ်။
စတင်တွေ့ရှိခဲ့ချိန်မှာတော့ သူဟာ ကမ္ဘာနဲ့ မိုင် ၂.၅ သန်းခန့်အကွာမှာရှိနေခဲ့ပါတယ်။
ကနဦးတွက်ချက်မှုတွေအရ သူ့ရဲ့ အချင်းဟာ ၅၅ ပေခန့်လောက်သာရှိမယ်လို့ ခန့်မှန်းထားကြပါတယ်
ကမ္ဘာကိုဝင်တိုက်မိမယ့် အန္တရာယ် လုံးဝ(လုံးဝ) မရှိပဲ ကမ္ဘာ နဲ့ မိုင်ပေါင်း ၁၄၀၀၀၀ ခန့် အကွာကနေ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။
သူရဲ့ အလျင်ကတော့ တစ်နာရီကို မိုင် ၂၈၀၀၀ ခန့် နဲ့ ကမ္ဘာ့ကိုဖြတ်သန်းကျော်ဖြတ်သွားမယ်လို့ တွက်ချက်ထားကြပါတယ်။ဒီဥက္ကာခဲပျံကိုတော့ သူ့ဖြတ်သန်းသွားမယ့် စက်တင်ဘာလ ၃ ရက်နေ့ ည၇နာရီ အချ်ိန်မှ စတင်ပြီး နက္ခတ်တာရာပညာရှင်များမှ အနီးကပ်လေ့လာစောင့်ကြည့်ကြမှာဖြစ်ပါတယ်။
နာဆာအဖွဲ့နဲ့ အတူ မိတ်ဖက်အဖွဲ့အစည်းများမှ ခေတ်မီတယ်လီစကုတ်များအသုံးပြုထားတဲ့ လေ့လာဆန်းစစ်ချက်များအရ လာမယ့် နှစ် ၁၀၀ အတွင်း ကမ္ဘာကို အန္တရာယ်ရှိတဲ့ဥက္ကာခဲပျံတစ်ခု ဝင်တိုက်မိဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
~MASES / Soe pyae htat

image
20 w - Translate

ထိုင်းသဲထိတ်ရင်ဖို ဇာတ်လမ်းလေး 🔥

(( ချန်နယ်ကို အရင် Join ပေးဖို
လိုပါမယ်နော် 👇 ))

🚨 https://t.me/Filmandseriesworldshave

ကြည့်ရှုဖိုရန် ဒီလင့်ကို နှိပ်ပါ 👇

🚨 https://t.me/Filmandseriesworldshave/441

image
20 w - Translate

ဒီနာမည်လေးကြားတာနဲ့ကို မကြိုက်ဘဲနေနိုင်ဦးမလားခင်ဗျ။

Garfield (2004)


2004 ခုနှစ်ကထွက်ရှိခဲ့ပြီးကြည့်ဖူးသည့်သူတိုင်း ကလေးအစ လူကြီးအဆုံး အရမ်းကိုကြိုက်နှစ်သက်ခဲ့တဲ့ Animation နဲ့လူပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။

ဇာတ်လမ်းတစ်လျှောက်လုံး ရယ်မောဖွယ်ရာဟာသတွေနဲ့ Garfield လိုခေါ်တဲ့ အသိဉာဏ်အရမ်းကြွယ်ဝတဲ့ ကြောင်လေးတစ်ကောင်ရဲ့ သရုပ်ဆောင်မှုတွေဟာ အရမ်းကိုပြည့်စုံလွန်းတယ်ထင်ရပါတယ်။ သူ့သခင်နဲ့ သူ့ရဲ့စကားပြောဆိုဆက်ဆံမှုဟာ ကြောင်နဲ့မတူဘဲ လူတစ်ယောက်ရဲ့အသိဉာဏ်မျိုးနဲ့ပြောဆိုမှုတွေဟာ ဒီဇာတ်ကားနာမည်ကြီးတဲ့ အဓိကအကြောင်းရင်းထဲက တစ်ချက်ပါပဲ။

🌙💫ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

💫🌙ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1987

image
20 w - Translate

Mister Cosmopolitan Myanmar 🇲🇲 2025
သက်ဝေကို
ပြိုင်ပွဲကျင်းပမယ့် ထိုင်းနိုင်ငံသို့
ထွက်ခွါသွားပါပြီ💫
Mister Myanmar Organization ကထွက်တဲ့
အလှမောင်တစ်ယောက်အနေနဲ့
Placement ဘယ်လောက်ထိ တက်လှမ်းသွားနိုင်မလဲ

image
20 w - Translate

Mister Cosmopolitan Myanmar 🇲🇲 2025
သက်ဝေကို
ပြိုင်ပွဲကျင်းပမယ့် ထိုင်းနိုင်ငံသို့
ထွက်ခွါသွားပါပြီ💫
Mister Myanmar Organization ကထွက်တဲ့
အလှမောင်တစ်ယောက်အနေနဲ့
Placement ဘယ်လောက်ထိ တက်လှမ်းသွားနိုင်မလဲ

image