20 w - Translate

Minimalist tattoo

image
20 w - Translate

Minimalist tattoo

image
20 w - Translate

Minimalist tattoo

image
20 w - Translate

Minimalist tattoo

image
20 w - Translate

Minimalist tattoo

image
20 w - Translate

Minimalist tattoo

image
20 w - Translate

Minimalist tattoo

imageimage
+5
20 w - Translate

An 8-year-old boy was bitten by a shark while snorkeling off the coast of Key Largo, Florida, on Labor Day, officials said.
The victim was airlifted by Trauma Star to Jackson Memorial Hospital in Miami.
Read more: https://abcnews.go.com/.../sha....rk-bites-boy.../stor

image
20 w - Translate

ပြည်တွင်းရွှေဈေး ၇၈ နီးပါးအထိ ပြန်လည် မြင့်တက်လာ
စက်တင်ဘာ ၂ - ၂၀၂၅
SS (VOM)
ကမ္ဘာ့ရွှေဈေး ပြန်လည် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်လျက်ရှိတာမှာ ဒီကနေ့ စက်တင်ဘာ ၂ ရက်၊ မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၇၈ နီးပါးဝန်းကျင်နဲ့ ဈေးဖွင့်လာတာ တွေ့ရပါတယ်။
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်၊ နေ့လယ်ပိုင်းကစပြီး အကျဘက်ကို သုံးရက်တာ ရောက်ရှိခဲ့ပေမယ့် ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းကစလို့ ဆက်တိုက်ဆိုသလို ဈေးနှုန်း ပြန်လည် မြင့်တက်လာတာမှာ လက်ရှိမှာတော့ ခုနစ်ဆယ့်ခုနစ်သိန်း ရှစ်သောင်းဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
“‌အဓိက ကတော့ ကမ္ဘာ့ဈေးတက်လို့ ပြည်တွင်းဈေးလည်း ပြန်တက်လာတာပါ။ လက်ရှိ ဒေါ်လာဈေးကတော့ အကျဘက်မှာ ငြိမ်နေတယ်ပြောရမယ်။ ကျရင်လည်း ၂၀၊ ၃၀။ တက်ရင်လည်း အဲဒီ နှုန်းထားအတိုင်းပဲ ဆိုတော့ အတက်အကျမကြမ်းဘူး။ ငြိမ်နေတယ်ပဲပြောရမယ်။ ကမ္ဘာ့ရွှေစျေးကတော့ တရိပ်ရိပ်နဲ့ ပြန်တက်လာနေတာ အခုဆို ပြီးခဲ့တဲ့ ဧပြီလက စံချိန်တင်ထားတဲ့ သမိုင်းတလျှောက် အမြင့်ဆုံး စျေးတန်းဖြစ်ခဲ့တဲ့ တအောင်စ ဒေါ်လာ ၃၅၀၀ နှုန်းထားကို ကျော်သွားပြီ” လို့ ရွှေကုန်သည် တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တအောင်စ ၃၃၇၁ ဒေါ်လာဝန်းကျင်နဲ့ အတက်ဘက်ကို ပြန်လည် ရောက်ရှိလာတာဖြစ်ပြီး တောက်လျှောက် မြင့်တက်လာတာမှာ လက်ရှိ အချိန်မှာတော့ စံချိန်တင် အမြင့်ဆုံးဈေး တအောင်စ ၃၅၀၈ ဒေါ်လာဝန်းကျင်ကို ရောက်ရှိနေပါတယ်။
“ကမ္ဘာ့ဈေးက ပြီးခဲ့တဲ့ တပတ်တာ ဈေးကွက် အနေအထားအရ ဒေါ်လာ ၁၀၀ နီးပါးလောက် တက်အားကောင်းခဲ့တယ်။ လက်ရှိ ကာလကတော့ အရောင်းတွေ ဂရုစိုက်ရမယ့် အနေအထားပါ။ ကမ္ဘာ့ဈေး ၃၅၀၀ အထက်ဆို ၃၅၁၀ လည်း ဖြစ်နိုင်သလို ၃၅၂၀ လည်း ဖြစ်သွားနိုင်ပါတယ်။ အကယ်၍ ပြန်ဆင်းရင်တောင် လက်ရှိ အများဆုံး ၃၄၆၅-၆၀-၅၀ ကြားလောက်ပဲ မှန်းလို့ရပါဦးမယ်” လို့ ဈေးကွက် ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
နှစ်စဉ် စက်တင်ဘာလဟာ ကမ္ဘာ့ရွှေဈေး ကျလေ့ရှိတဲ့ လတလ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တက်အား ကောင်းခဲ့တာကြောင့် လက်ရှိ စက်တင်ဘာလအတွင်းကိုတော့ ဈေးဆက်တက်နိုင်ခြေ ရှိ၊ မရှိ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပြီး မမြင်ဖူးသေးတဲ့ ဈေးတန်းတွေကိုလည်း မြင်တွေ့ရနိုင်ခြေ ရှိနေတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်နေတာဟာ ဒေါ်လာဈေးတန်ဖိုး ချနေတဲ့အတွက် ကမ္ဘာ့ရွှေ စတော့ ဈေးကွက်ဆီ ပြောင်းလဲ ရင်းနှီးမြှုပ်နှံနေကြတာကြောင့် ဖြစ်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ဒါအပြင် လက်ရှိမှာ ရန်ကုန်တိုင်း ရွှေအသင်း (YGEA) ရဲ့ ရွှေရည်ညွှန်းဈေးလည်း မြင့်တက်နေတာ တွေ့ရပြီး အခေါက်ရွှေ တကျပ်သား ငါးဆယ့်ကိုးသိန်း သုံးသောင်းကျပ် ဝန်းကျင်ကို ရောက်ရှိနေပါတယ်။
YGEA ရည်ညွှန်းဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှစတင်ကာ အခေါက်ရွှေ တကျပ်သား ၅၉ သိန်းဝန်းကို ပြောင်းလဲ မြင့်တက်လာတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၂ ရက်အထိ ရှစ်ရက်တာ ကာလအတွင်း ကျပ် လေးသောင်းဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။
Photo - CJ

image

◼ လူထောင်ချီဆန္ဒပြနေသည့်ဂျကာတာမြို့တော်တွင် စစ်တပ်ချထား
လွှတ်တော်အမတ်များအတွက် အကျိုးခံစားခွင့်များအပေါ် မကျေနပ်မှုများမှ ရဲ တပ် ဖွဲ့ အပေါ်ပြင်းထန်သောအမျက်ဒေါသအဖြစ်ပြောင်းလဲသွားခဲ့သော နိုင်ငံနှင့်အဝန်း ဆန္ဒပြပွဲများတွင် အနည်းဆုံး လူ ခြောက်ဦးသေဆုံးခဲ့ပြီး‌နောက်ထောင်နှင့်ချီသောအင်ဒိုနီးရှားနိုင်ငံသားများ နိုင်ငံ အနှံ့ အပြားဆန္ဒပြနေကြပြီး ဂျကာတာမြို့တော်၌ယမန်နေ့တွင် စစ်တပ်ကို ချထားလိုက်ကြောင်း သိရသည်။
ဂျကာတာ မြို့တော်၊ လွှတ်တော်ပြင်ပတွင် အနည်းဆုံး ဆန္ဒပြသူ ၃၀၀ ခန့်စုဝေးခဲ့ကြပြီး တပ်ဖွဲ့များက ၎င်းတို့ကို စောင့်ကြည့်နေခဲ့ကြသည်။
ဆူမားတြားကျွန်းပေါ်မှ ပလမ်ဘန်းမြို့တွင် လူထောင်ချီ ဆန္ဒပြခဲ့ကြပြီး ဘော်နီယိုကျွန်းမှ ဘာဂျာမာဆင်မြို့တွင် ရာနှင့်ချီ၍ ချီတက်ခဲ့ကြသည်။
ဂျားဗားကျွန်းပေါ်မှ ယော့ယာကာတာမြို့တွင်လည်း လူရာချီ စုဝေးခဲ့ကြောင်း နိုင်ငံတစ်ဝန်းမှ အေအက်ဖ်ပီသတင်းထောက်များ၏ အဆိုအရ သိရသည်။
“ ကျွန်‌တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က ပါလီမန်ကို ပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။ ပါလီမန်က ထွက်လာပြီး ကျွန်တော်တို့နဲ့ တွေ့ပါ။ သူတို့နဲ့ တိုက်ရိုက်စကားပြောချင်ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေပါ။” ဟု ဆန္ဒပြသူတက္ကသိုလ်ကျောင်းသား နက်ဖ်တာကီမာလီယာ အသက် ၂၀ က အေအက်ဖ်ပီအား ပြောသည်။
“ စစ်အုပ်ချုပ်ရေးဥပ‌ဒေပြဌာန်းတဲ့အထိ သူတို့စောင့်ချင်ကြတာလား” ဟု ၎င်းက မေးခွန်းထုတ်သည်။
လွန်ခဲ့သော တစ်ပတ်က ဂျကာတာတွင် ဆန္ဒပြပွဲများစတင်ခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်းသို့ ကူး စက် သွားခဲ့သည်။
ရဲကားတစ်စီးက ဆိုင်ကယ်တက္ကစီဆွဲသူတစ်ဦးအား ဝင်တိုက်ခဲ့ကာ ၎င်းသေဆုံးသွားခဲ့ပြီးနောက် ဆန္ဒပြပွဲများ ပိုမိုပြင်းထန်ကျယ်ပြန့်လာခဲ့သည်။
နိုင်ငံနှင့်အဝန်းဆန္ဒပြပွဲများ ငြိမ်သက်သွားစေရန် ကြိုးပမ်းမှုအဖြစ် လွှတ်‌တော်အမတ်များ၏ အကျိုးခံစားခွင့်များအား ဖြတ်တောက်ရန် နိုင်ငံ‌ရေးပါတီများက သဘောတူခဲ့ကြကြောင်း သမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ယမန်နေ့တွင်ပြောကြားခဲ့သည်။
အစိုးရအ‌ဆောက်အဦးများနှင့် နိုင်ငံရေးပါတီဝင်များ၏ နေအိမ်များ လုယက် ၊ဖျက်ဆီး မီးရှို့ခံရမှုများ ရှိခဲ့ပြီးနောက် အဓိကရုဏ်းဖန်တီးသူများနှင့် လုယက်ရမ်းကားသူများအား ဖမ်းဆီးအရေးယူရန် သမ္မတပရာဘိုဝိုက ရဲတပ်ဖွဲ့နှင့် စစ်ဘက်အား အမိန့်ပေးခဲ့သည်။
ယမန်နေ့တွင် ရဲတပ်ဖွဲ့က ဂျကာတာမြို့တော်တစ်ဝန်းတွင် စစ်ဆေးရေးဂိတ်များ ထားပြီး မြို့တော်အနှံ့ ကင်းလှည့်ယာဉ်များဖြင့် ပတ်နေကာအရေးပါသော နေ ရာများတွင် စနိုက်ပါသမားများ ချထားသည်ကိုလည်း မြင်တွေ့သည်။
ဂျကာတာမြို့မှ စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် အွန်လိုင်းမှ ပို့ချသင်ကြားနေကြပြီး အစိုးရဝန်ထမ်းများကိုလည်း နေအိမ်မှ အလုပ်လုပ်ကြရန် ညွှန်ကြားထားသည်။
သတင်း-ရဲမင်း
ကိုးကား-Agencies
#နိုင်ငံတကာသတင်း

image