☯အပုပ်နံ့ နံလျှင် သရဲ
☯အညှီနံ့ နံလျှင် စုန်း
☯စိမ်းရွှေရွှေနံ့ နံလျှင် အစိမ်း
☯နနွင်းနံ့ နံလျှင် မီးနေသည်အစိမ်း
☯ရေမွှေးနံ့ နံလျှင် နတ်
☯မိုင်းကိုင်စက္ကူ မီးရှို့နံ့ နံလျှင် အဖဘက်ရိုးရာ
☯ကရမက်နံ့ နံလျှင် အမိဘက်က ရိုးရာ
☯တောင်နံကတိုးနံ့ မွှေး၍ အပုပ်နံ့နံလျှင် တောင်အောက်သရဲ
☯စကားဝါ စကားဖြူ စကားစိမ်းနံ့ တစ်ခုခုမွေးလျှင် မြင်းဖြူရှင်
☯️ရေမွှေးနံ့မွှေး၍ အရက်နံ့ နံလျှင် မင်းကလေး ကိုမင်းကျော်နတ်
☯ပန်းနံ့မွေး၍ အစိမ်းစော်နံလျှင် ဥစ္စာစောင့်
☯မစင်ကျင်ငယ်နံ့ နံ၍ ညှီရင် ချီးစားစုန်း
☯ကောက်ညှင်း လက်ဖက် ထန်းလျှက် နံ့နံလျှင် ဦးရှင်ကြီး
☯ပေါင်ဒါသနပ်ခါးနံ့မွှေးလျှင် မင်းမဟာဂီရိ
☯အင်္ဂတေနံ့ နံလျှင် ဘုရားတိုက်
☯မြေပုပ် ရွှံပုပ်နံ့ နံလျှင် မြေဘုတ်ဘီလူး
☯အဝတ်မီးလောင်နံ့နံလျှင် လူနာအဝတ်စနှင့် နတ်စင်တိုက်
☯သွေးညှီနံ့ နံလျှင် ရာသီသွေးနဲ့နတ်စင်တိုက်
☯️အိုးမီးသွေးနံ့နံလျှင် အင်းတိုက်
(☯️ဘူကနဲအသံကြားပြီး သင်းပျံ့ပျံ့မွှေးဖြစ်လာရင် အဲ့ဒါ အီးအတိုက်ပါ )🤭

image
26 ပတ် - ဘာသာပြန်ပါ။

တစ်ကားလုံးသူအတန်ဆုံးပဲ

image

ပေါက်ပန်း ၄၀ ပါ

image
26 ပတ် - ဘာသာပြန်ပါ။

👑🍽️ Bon Appétit, Your Majesty | Official Teaser (2025) | Lee Chae Min | Im Yoon Ah
👉Ver una película: https://moviehot253.com/bon-appetit-your-majesty/
“💖 In the royal court, love is the rarest delicacy… and the sweetest temptation. 🌹”
Bon Appétit, Your Majesty serves up a delightful fusion of romance, comedy, and royal intrigue. The teaser introduces Im Yoon Ah as a graceful yet spirited queen, whose world is turned upside down when a humble young chef, played by Lee Chae Min, enters the palace kitchens. Between sumptuous feasts, witty banter, and secret glances, sparks ignite in a story where culinary passion becomes the language of forbidden love.
The teaser dazzles with vibrant costumes, lavish palace sets, and mouthwatering dishes that mirror the drama of the heart. Yoon Ah’s elegance pairs perfectly with Chae Min’s fresh charm, promising a dynamic duo full of warmth and chemistry. With lighthearted humor balanced by moments of heartfelt longing, the series feels like a feast for both the eyes and the soul.
⭐ Rating: 8.8/10 – A royal romance flavored with sweetness, charm, and irresistible energy.

image

အသက် ၆၇ နှစ်ရှိပြီးဖြစ်တဲ့ ဦးပြည့်ဖြိုးသည် သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ရတဲ့အတွက် ခါးနာ၊ ခါးရိုးနာ၊ အကြောတက်တာတွေ ခံစားနေရပါတယ်။ ဂေါက်ရောဂါလည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး အကြာကြီးလမ်းလျှောက်တာ ဒါမှမဟုတ် ထိုင်တာမျိုးလုပ်ရင် ကြွက်တက်တာနဲ့ ခြေထောက်နာတာတွေ ခဏခဏဖြစ်ပါတယ်။
သမီးဖြစ်သူက "အုန်းရည်ထဲ ငရုတ်ကောင်းမှုန့်ထည့်ပြီး" မနက်တိုင်း အစာမစားခင် သောက်ဖို့ အကြံပြုခဲ့ပါတယ်။ ဦးလေးက ၁ ပတ်တိတိ ဆက်တိုက်စမ်းသောက်ကြည့်တော့ ခန္ဓာကိုယ် ပေါ့ပါးလာတယ်၊ လမ်းလျှောက်ရတာ လွယ်ကူလာတယ်၊ ခါးနာတာ၊ အကြောတက်တာတွေ သက်သာလာတယ်၊ ဆီးသွားတာ ပိုကောင်းလာတယ်ပြီး ဂေါက်ရောဂါကြောင့် နာကျင်တာတွေလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ခံစားရပါတယ်။
အဲဒီနောက်ပိုင်းမှာလည်း ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို ၃-၄ ရက် ပုံမှန်ဆက်သောက်ခဲ့ရာ ခန္ဓာကိုယ် ပိုမိုသန်မာလာပြီး အရင်ကလို အကိုက်အခဲပျောက်ဆေးတွေ ခဏခဏ သောက်စရာ မလိုတော့ပါဘူး။
🥥 ပြုလုပ်နည်းနှင့် သောက်သုံးနည်း 👇
ပါဝင်ပစ္စည်းများ.......... 👇
* အုန်းရည် ၁ လုံး
* ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် (သို့မဟုတ်
ငရုတ်ကောင်းစေ့ ၇-၁၀ လုံးကို ညက်အောင်ထောင်းထားပါ)
ပြုလုပ်နည်း.......... 👇
၁။ အုန်းသီးကို ခွဲပြီး အုန်းရည်ကို ဖန်ခွက်ထဲထည့်ပါ။
၂။ ငရုတ်ကောင်းမှုန့်ကို ထည့်ပါ။
၃။ သမအောင် မွှေပြီး မနက်ခင်း ဒါမှမဟုတ် အစာမစားခင်
ဗိုက်ထဲ ဘာမှမရှိတဲ့အချိန်မှာ ချက်ချင်းသောက်ပါ။
🕒 သောက်သုံးရန် အကြိမ်ရေ ......... 👇
တစ်နေ့လျှင် ၁ ကြိမ် သောက်ပါ။
၅-၇ ရက် ဆက်တိုက်သောက်ပြီး ၂-၃ ရက်နားပြီးမှ ပြန်စသောက်ပါ။
🌴 အုန်းရည် + ငရုတ်ကောင်းမှုန့်
✨ ထူးခြားသော အစွမ်းသတ္တိများ......... 👇
🥥🥛 အုန်းရည်ကို ငရုတ်ကောင်းမှုန့်နှင့် ရောစပ်သောက်သုံးခြင်းသည် ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ကာလကြာရှည်စွာ အသုံးပြုခဲ့ကြပြီး ၎င်းတွင် အမျိုးမျိုးသော အစွမ်းသတ္တိများ ပါဝင်သည်။ 👇
✅ အကျိုးကျေးဇူးများ...........👇
၁။ ခါးနာခြင်းနှင့် ခါးရိုးနာခြင်းကို သက်သာစေသည်။
* ငရုတ်ကောင်းတွင် "ပိုက်ပီရင်း" (Piperine) ဟူသော ဓာတ်
ပါဝင်ပြီး သွေးလည်ပတ်မှုကို အားကောင်းစေကာ ခါးနှင့်
ခါးရိုးရှိ နာကျ'င်မှုနှင့် တင်းမာမှုကို လျှော့ချပေးသည်။
* အုန်းရည်တွင် ကြွက်သားများကို ပြေလျော့စေပြီး
အရွတ်များ တင်းမာမှုကို လျှော့ချပေးသည့် ဓာတ်ဆား
များ ပါဝင်သည်။
၂။ အကြောတက်ခြင်းနှင့် အကြောတင်းခြင်းကို လျှော့ချ
ပေးသည်။
* ငရုတ်ကောင်းသည် အာရုံကြောစနစ်နှင့် ကြွက်သားများ၏
လုပ်ဆောင်မှုကို လှုံ့ဆော်ပေးသည်။
* သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး အကြောတက်ခြင်း၊
အကြောတင်းခြင်းတို့ကို ပြေလျော့စေသည်။
၃။ ဂေါက်ရောဂါ လက္ခဏာများကို သက်သာစေသည်။
* အုန်းရည်တွင် အယ်လ်ကာလီဓာတ်ပါဝင်ပြီး သွေးတွင်း
ယူရစ်အက်ဆစ်ကို လျှော့ချပေးသည်။
* ငရုတ်ကောင်းသည် ခန္ဓာကိုယ်မှ အညစ်အကြေးများကို
ချွေးနှင့် ဆီးများမှတစ်ဆင့် စွန့်ထုတ် ဖယ်ရှားပေးသည်။
၄။ ကြွက်တက်ခြင်းနှင့် ကြွက်သားလှုပ်ခြင်းကို လျှော့ချ
ပေးသည်။
* အုန်းရည်ရှိ ပိုတက်စီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော
သတ္တုဓာတ်များသည် ကြွက်သားများကို ပုံမှန်အတိုင်း
လုပ်ဆောင်စေသည်။
* ငရုတ်ကောင်းသည် ရောင်ရမ်းမှုကို လျှော့ချပေးသည်။
၅။ အစာခြေစနစ်ကို ကူညီပေးသည်။
* ငရုတ်ကောင်းသည် အူလမ်းကြောင်းကို လှုံ့ဆော်ပေးသည်။
* အုန်းရည်သည် အူလမ်းကြောင်းကို ချောမွေ့စေပြီး ဆီးမှယ
တစ်ဆင့် အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။
၆။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည်။
* ငရုတ်ကောင်းတွင် အဆိပ်အတောက်ဖြစ်စေသောဓာတ်
များကို တိုက်ဖျက်ပေးနိုင်သည့် အင်တီအောက်ဆီးဒန့်
(Antioxidants) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များစွာ
ပါဝင်သည်။
* အုန်းရည်တွင် သဘာဝ ဗီတာမင် C ပါဝင်သည်။

image
26 ပတ် - ဘာသာပြန်ပါ။

လျော့မတွက်နဲ့နော် အနာဂါတ်ကလာတာ ဘာမှတ်နေလဲ 🙂‍↔️🔥

image
26 ပတ် - ဘာသာပြန်ပါ။

မိခင်က နို့မတိုက်လို့ လူသားတွေနဲ့နေထိုင်ကြီးပြင်းလာရတဲ့ ကျားသစ်နက်

ဆိုက်ဘေးရီးယားက တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ မွေးဖွားခဲ့တဲ့ ချစ်ဖို့ကောင်းတဲ့ ကျားသစ်နက်တစ်ကောင်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လူနာ ဆိုတဲ့ အဲဒီကျားသစ်နက်ကလေး မွေးဖွားပြီး ၇ ရက်မြောက်နေ့မှာ သူ့မိခင်က နို့တိုက်ကျွေးတာတွေမလုပ်ဘဲ ငြင်းဆန်နေခဲ့တဲ့အတွက် အသက်ရှင်သန်နိုင်မယ့်အခွင့်အရေးက အလွန်နည်းပါးခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ လူနာကို ကယ်တင်ဖို့ အမျိုးသမီးတစ်ဦး (အမည်ကိုဖော်ပြထားခြင်းမရှိပါ) ပေါ်လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးက တိရစ္ဆာန်တွေကို ဘယ်လိုပြုစုရမလဲဆိုတာသိတဲ့အတွက် လူနာ အသက်ရှင်နိုင်ဖို့အတွက် အကူအညီပေးခဲ့ပါတယ်။

အဲဒီအမျိုးသမီးက လူနာဘယ်လိုအစားအစာတွေစားလဲ၊ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးသင့်လဲ၊ ဘယ်လိုဗီတာမင်ဓာတ်တွေ တိုက်ကျွေးရမလဲဆိုတာ သိတဲ့သူတစ်ယောက်ပါ။ လူနာကို သေချာဂရုစိုက်ပေးခဲ့ပြီး လိုအပ်တဲ့ဗီတာမင်ဓာတ်တွေလည်း တိုက်ကျွေးပေးခဲ့ပါတယ်။ အဲဒီလိုပြုစုစောင့်ရှောက်ပေးရင်းနဲ့ လူနာလည်း အသက်ဘေးကနေလွှတ်မြောက်ခဲ့ပြီး မကြာခင်မှာပဲ အဲဒီအမျိုးသမီးက လူနာကို သံယောဇဉ်တွဲလာတဲ့အတွက် တိရစ္ဆာန်ဥယျာဉ်ကနေ ဝယ်ယူကာ မွေးစားခဲ့ပါတယ်။

လူနာလည်း အဲဒီအမျိုးသမီးရဲ့မိသားစုဝင်ဖြစ်လာခဲ့ပါတော့တယ်။ အဲဒီအိမ်မှာ ဗန်ဇာဆိုတဲ့ ခွေးလေးတစ်ကောင်လည်းရှိပါတယ်။ လူနာက ဗန်ဇာလို့ ခွေးမျိုးနဲ့ မတွေ့ဖူးခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတို့နှစ်ကောင် ရင်းနှီးသွားခဲ့ပြီး အကောင်းဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ကောင်ဟာ အတူတူပြေးလွှားကစားကြပြီး ခွဲထားလို့တောင်မရတော့ပါဘူး။

အခုဆိုရင် ပေါက်စလေးကတည်းက လူတွေနဲ့ကြီးပြင်းလာခဲ့တဲ့ လူနာဟာ အရွယ်ရောက်လာပြီး ကျန်းမာသန်စွမ်းကာ လှပတဲ့ကျားသစ်နက်ကြီးတစ်ကောင်ဖြစ်နေပါပြီ။ လူနာရဲ့ဗီဒီယိုတွေကို Luna_the_pantera ဆိုတဲ့ YouTube Channel မှာ ကြည့်ရှုလို့ရပါတယ်။

image
image
image

အေး

image
26 ပတ် - ဘာသာပြန်ပါ။

Microsoft Word မှာ Table ထည့်နည်း။

Table ထည့်နည်း (၄) မျိုး

1️⃣။ Insert Tab ကနေ ထည့်နည်း (အလွယ်ဆုံးနည်း)

1.Table ထည့်ချင်တဲ့ နေရာကို cursor ထားပါ။
2.အပေါ်ဆုံးမှာရှိတဲ့ Insert Tab ကို နှိပ်ပါ။
3.Table ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။
4.ပေါ်လာတဲ့ grid ပုံစံထဲမှာ ကိုယ်လိုချင်တဲ့ Row (အတန်း) နဲ့ Column (အတိုင်း) အရေအတွက်အထိ mouse ကို ရွှေ့ပါ (ဥပမာ - 4x4 လိုချင်ရင် 4x4 grid အထိ ရွှေ့ပါ)။
5.ရွေးပြီးတာနဲ့ mouse left click တစ်ချက်နှိပ်လိုက်ရင် Table က document ထဲကို ရောက်သွားပါပြီ။

2️⃣။ Insert Table Dialog Box သုံးပြီး ထည့်နည်း (အတိအကျထိန်းချုပ်ချင်ရင်)

ဒီနည်းက row နဲ့ column အရေအတွက်ကို နံပါတ်အတိအကျထည့်လို့ရပါတယ်။

1.Insert > Table ကိုနှိပ်ပါ။
2.Drop-down menu ထဲက Insert Table... ကို ရွေးပါ။
3.ပေါ်လာတဲ့ box ထဲမှာ ကိုယ်လိုချင်တဲ့ Number of columns (ဥပမာ - 4) နဲ့ Number of rows (ဥပမာ - 5) ကို ရိုက်ထည့်ပါ။
4.OK ကို နှိပ်လိုက်ရင် Table ကို အတိအကျ ရရှိမှာပါ။

3️⃣။ Draw Table Tool ကိုသုံးပြီး ဆွဲဆန်းထည့်နည်း (စိတ်ကြိုက်ပုံစံဆွဲချင်ရင်)

ဒီနည်းက စာရွက်ပေါ်မှာ ခဲတံနဲ့ ဆွဲသလို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း Table ဆွဲလို့ရပါတယ်။

1.Insert > Table ကိုနှိပ်ပါ။
2.Drop-down menu ထဲက Draw Table ကို ရွေးပါ။
3.Mouse cursor က ခဲတံပုံစံ ✏️ ပြောင်းသွားပါမယ်။
4.Table ရဲ့ အပြင်ဘက်အနားသတ် ကို ဆွဲချပါ (စတုဂံပုံဆွဲသလိုပေါ့)။
5.အထဲမှာ ကိုယ်လိုချင်တဲ့ အတန်းတွေ၊ အတိုင်းတွေကို ထပ်ဆွဲခွဲနိုင်ပါတယ်။
6.ရပ်ချင်ရင် Esc key ကို နှိပ်ပါ။

4️⃣။ Quick Table Templates သုံးနည်း (အဆင်သင့်ပုံစံတွေ ယူသုံးချင်ရင်)

Word မှာ အဆင်သင့် Table ပုံစံလေးတွေ (calendar, double table စသည်) built-in ပါပါတယ်။

1.Insert > Table ကိုနှိပ်ပါ။
2.Drop-down menu ထဲက Quick Tables ကို ရွေးပါ။
3.ကိုယ်ကြိုက်တဲ့ Template ပုံစံကို ရွေးလိုက်ရင် အဆင်သင့်ထည့်ပေးသွားမှာပါ။
4.ထည့်ပြီးရင် ကိုယ့်စာသားတွေကို ပြန်ပြီး overwrite ရေးနိုင်ပါတယ်။

Table ကို ပြင်ဆင်နည်း (အကြမ်းဖျဉ်း)

Table ထည့်ပြီးရင် အောက်ပါတို့ကို လုပ်လို့ရပါတယ်။

📌စာရိုက်ဖို့ : Cell (အခန်းငယ်) ထဲကို ကလစ် (click) နှိပ်ပြီး စာရိုက်ပါ။
*Row/Column ထပ်ထည့်ဖို့ : Table ထဲမှာ mouse cursor ကို နေရာရွှေ့ပါ၊ Right-click နှိပ်ပါ၊ Insert ထဲက Insert Rows Above/Below (သို့) Insert Columns to the Left/Right ကို ရွေးပါ။
*Row/Column အကျယ်ချဲ့ဖို့ : Row/Column ကြားမျဉ်းပေါ်မှာ mouse cursor နဲ့ ဆွဲချဲ့လို့ရပါတယ်။
*Design ပြင်ဖို့ : Table ကို ကလစ် (click) လိုက်တာနဲ့ အပေါ်မှာ Table Design Tab ပေါ်လာပါမယ်။ ဒီကနေ Table ရဲ့ အရောင်၊ စတိုင်တွေ ပြောင်းလို့ရပါတယ်။
* Layout ပြင်ဖို့ : Table Design Tab နဲ့အတူ Layout Tab လည်း ပေါ်လာပါမယ်။ ဒီကနေ Cell တွေကို ပေါင်းဖို့ (Merge Cells)၊ ခွဲဖို့ (Split Cells) စတာတွေ လုပ်လို့ရပါတယ်။

စတင်အသုံးပြုရန် အတွက် ပထမနည်းလမ်း (Insert Tab ကနေ Grid ရွေးတဲ့နည်း) ကို အရင်ဆုံး အကြံပြုပါတယ်။

image
26 ပတ် - ဘာသာပြန်ပါ။

ခွေး၊ ကြောင် လေး တွေကို လက်ဖက်ရည်တို့ ကော်ဖီတို့ တိုက်လို့ရလား❓

Comment များမှာ မကြာခဏတွေ့နေရတာ ကြောင့်ဖြေပေးပါမယ်။

​လက်ဖက်ရည်၊ ကော်ဖီ‌ စတာတွေက ခွေး၊ ကြောင်လေးတွေကို တိုက်ကျွေးရန် အဆင်မပြေပါဘူး။

သူတို့ထဲမှာပါဝင်တဲ့ ကဖင်း (caffeine) ဓာတ်က ခွေး၊ ကြောင်လေးများအတွက် အလွန်အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

​ကဖင်းဓာတ်၏ အကျိုးဆက်အနေနဲ့ ခွေး၊ ကြောင်လေးတွေက

- ​နှလုံးခုန်နှုန်းတက်ခြင်း
- အသက်ရှူမဝခြင်း
- တုန်ယင်ခြင်း
- အော့အန်ခြင်း
- ဝမ်းပျက်ခြင်း
- အလွန်အမင်း စိတ်လှုပ်ရှားခြင်းတို့အပြင်

ပြင်းထန်သော အခြေအနေများအထိ ဖြစ်နိုင်ပါသည်။ ​ဒါ့ကြောင့် ခွေး၊ ကြောင်လေးများအား လက်ဖက်ရည်၊ ကော်ဖီတို့ကို မတိုက်ကျွေးသင့်ပါ။

ရေအလုံအလောက်တိုက်ကျွေးရန်သာ အကြံပြုပါတယ်ခင်မျာ။

✨ အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်