နေ့စဉ်မိုးလေဝသသတင်း
-----------------------------
(၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
============================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

image
8 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်ဒေသများသို့လည်ပတ်နိုင်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကြေညာ
ငလျင်ဒဏ်သင့်ဒေသများရှိ ဒေသနေပြည်သူများနှင့်ခရီးသွားလုပ်ငန်းအား အထောက်အပံ့ဖြစ်စေရန် ငလျင်ဒဏ်သင့်ဒေသများသို့သွားရောက်လည်ပတ်နိုင်ကြောင်း နစက၏ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့(မေ ၈ ရက်) နေ့စွဲဖြင့်အကြံပြုထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့်နေပြည်တော်တို့တွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ အဆိုပါဒေသများသို့ ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပခရီးသည်များမှ သွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့် ငလျင်နှင့်ပတ်သက်သည့်ဗဟုသုတများ ရရှိစေနိုင်သည့်အပြင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများတိုးပွားရရှိစေနိုင်ရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့ပြင် နစက၏ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ငလျင်ဒဏ်သင့်ဒေသများတွင်ငလျင် ကြောင့်ထိခိုက်ပျက်စီးမှုမရှိသော ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များအနေဖြင့် ပုံမှန်ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် ငလျင်ဘေးသင့်ဒေသများနှင့် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများသို့ ယခင်ပုံမှန် အတိုင်း သွားလာလည်ပတ်နိုင်သည်ဟုဆိုထားသေးသည်။
လက်ရှိတွင် ငလျင်ကြောင့် သေဆုံးသူ ၄၀၀၀ နီးပါးရှိလာပြီး ထိခိုက်ပျက်စီးမှုများမှာ မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်းတိုင်း၊ မင်းကွန်း ဒေသများရှိ ရှေးဟောင်းအဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ၎င်းတို့အနက်ရှေးဟောင်း အဆောက်အအုံ ၉၆၁ ခုရှိသည့် အင်းဝဒေသတွင် ရှေးဟောင်းအဆောက်အအုံ ၆၁၄ ခုထိခိုက်ပျက်စီး ခဲ့ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
သတင်း - အင်ကြင်း

image
8 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ သာစည်၌ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်
ယနေ့ (မေ ၉ ရက်) မွန်းလွဲ ၃ နာရီ၊ ၇ မိနစ်၊ ၃၀ စက္ကန့်တွင် အင်အားရစ်ခ်ျ ၄ ဒသမ ၇ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ယင်းငလျင်မှာ မန္တလေးတိုင်း၊ သာစည်မြို့၏ တောင်-အရှေ့တောင်ဘက်နှစ်မိုင်ခန့် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယနေ့နံနက် ၇ နာရီ၊ ၁၈ မိနစ်၊ ၁ စက္ကန့်တွင်လည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အနက် ၁၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၂ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
ယခုမေလပထမ ၁၀ ရက်အတွင်း မန္တလေးမြို့၊ ပုသိမ်ကြီးမြို့၊ မတ္တရာမြို့၊ ပျော်ဘွယ်မြို့နှင့် ပဲခူးတိုင်းရှိ ဖြူးမြို့၊ ကျောက်တံခါးမြို့တို့တွင် ငလျင်လှုပ်ခတ်မှုစုစုပေါင်းခုနစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်သည့် စာရင်းများအရသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image
8 ပတ် - ဘာသာပြန်ပါ။

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋🚨🔴
ဝက်စ်ဟမ်းညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာ ဟာ အင်္ဂလန်လက်ရွေးစင်အဖြစ်မှ ကွန်ဂိုလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြောင်းလဲ ကစားပေးဖို့ရွေးချယ်လိုက်ပြီဖြစ်ပြီး ကွန်ဂိုအသင်းရဲ့ လာမယ့်ပွဲစဉ်တွေမှာ စကစားပေးတော့မှာဖြစ်ပါတယ် 🇨🇩

image
8 ပတ် - ဘာသာပြန်ပါ။

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋🚨🔴
ဝက်စ်ဟမ်းညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာ ဟာ အင်္ဂလန်လက်ရွေးစင်အဖြစ်မှ ကွန်ဂိုလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြောင်းလဲ ကစားပေးဖို့ရွေးချယ်လိုက်ပြီဖြစ်ပြီး ကွန်ဂိုအသင်းရဲ့ လာမယ့်ပွဲစဉ်တွေမှာ စကစားပေးတော့မှာဖြစ်ပါတယ် 🇨🇩

image
8 ပတ် - ဘာသာပြန်ပါ။

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋🚨🔴
ဝက်စ်ဟမ်းညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာ ဟာ အင်္ဂလန်လက်ရွေးစင်အဖြစ်မှ ကွန်ဂိုလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြောင်းလဲ ကစားပေးဖို့ရွေးချယ်လိုက်ပြီဖြစ်ပြီး ကွန်ဂိုအသင်းရဲ့ လာမယ့်ပွဲစဉ်တွေမှာ စကစားပေးတော့မှာဖြစ်ပါတယ် 🇨🇩

imageimage
8 ပတ် - ဘာသာပြန်ပါ။

စက်သေနတ် တပ် Cybertruck ကို အီလွန်မတ်စ် အဝေးက ပိတ်ချ
Tesla ဆီက Cybertruck ကားဝယ်ပြီး ကားပေါ် စက်သေနတ်ဆင်ခဲ့တဲ့ ချာချင်ညာခေါင်းဆောင်တော့ အီလွန်မတ်စ်ကို ဒေါသထွက်နေပါတယ်။
သူ့ကားကို အဝေးကနေ သုံးမရအောင် လုပ်လိုက်လို့ပါ။ ၂၀၀၇ ကတည်းက ချာချင်ညာမှာ အာဏာရလာတဲ့ ရမ်ဇန်ကတ်ဒရော့ဗ်က X ပေါ်မှာ အခုလို ပြောပါတယ်။
"အီလွန်မတ်စ်လုပ်တာ အတော်ဆိုးတယ်။ နှလုံးသားထဲက တန်ဖိုးကြီးလက်ဆောင်တွေ သူပေးပြီး အဝေးကနေ ပိတ်ပစ်တယ်" တဲ့။
ဆက်ပြောတာ ရှိပါတယ်။ "ဒါကြီးက ယောင်္ကျားမဆန်ဘူး။ အဲ့ဒါ ခင်ဗျားဘယ်လိုလုပ်မလဲ အီလွန် " ဆိုပြီး ပြောပါတယ်။ Tesla ဘက်က သူ့ကားကို ပိတ်ချလိုက်တာမို့ ကားကို ကြိုးနဲ့ဆွဲရတော့မယ်လို့လည်း ကတ်ဒရော့ဗ်က ထပ်ပြောထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့မိတ်ဆွေကြီး ဖြစ်တဲ့ ကတ်ဒရော့ဗ်ဟာ သူ့ Cybertruck မှာ စစ်သေနတ်တပ်ထားတဲ့ ဗွီဒီယိုတင်ခဲ့လို့ ပွဲဆူစေခဲ့သူပါ။ အဲ့ဒီကားကလည်း အီလွန်မတ်စ်ဆီက လက်ဆောင်ရထားတာလို့ ဆိုပါတယ်။
အီလွန်မတ်စ်ကတော့ ကတ်ဒရော့ဗ်ကို ကားလက်ဆောင်ပေးတယ်ဆိုတဲ့သတင်းကို ငြင်းဖူးပါတယ်။ Tesla ရဲ့ ကားတွေက အဝေးကနေ ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့်နည်းပညာတွေ ပါတာဖြစ်လို့ အခုလို ပိတ်ချလိုက်ရင် သုံးမရတော့တာတွေ ဖြစ်နိုင်ပါတယ်။
ကတ်ဒရော့ဗ်ပြောသလို အီလွန်မတ်စ်သာ လော့ဖြည်မပေးရင် Cybertruck ကြီးကို ကြိုးနဲ့ဆွဲရမယ့်ကိန်း ဆိုက်နေပါပြီ။

image
8 ပတ် - ဘာသာပြန်ပါ။

🚨💰 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋
စပါး နဲ့ ယူနိုက်တက်တို့ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်သလို ဒီရာသီ ပရီးမီးယားလိဂ်မှ 5 သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့် တိုးပေးခဲ့ပြီမို့ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်အသင်း 6 သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာဖြစ်ပါတယ် ။

image
8 ပတ် - ဘာသာပြန်ပါ။

https://www.databridgemarketre....search.com/reports/m

Middle East and Africa Rehabilitation Therapy Services Market Report – Industry Trends and Forecast to 2030 | Data Bridge Market Research

The Middle East and Africa Rehabilitation Therapy Services market was valued at USD 8,127.52 million in 2022 and is expected to reach USD 17,289.95 million by 2030, growing at a CAGR of 13.5% (2023-2030). Get insights on trends, segmentation, and key

image