8 ပတ် - ဘာသာပြန်ပါ။

Clayface ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ပြန်ရေးနေတယ်လို့ သိရ
လက်ရှိမှာ Clayface ရုပ်ရှင်အတွက် The Haunting of Hill House ရဲ့ Mike Flanagan ရေးထားတဲ့ ဇာတ်ညွှန်းကို အခုတစ်ခါ အခြားစာရေးဆရာတစ်ယောက်ကို လွှဲပေးပြီး အသစ်ပြန်ရေးခိုင်းနေပြီလို့သိရပါတယ်။
TheWrap ရဲ့ ဖော်ပြချက်အရ Screenwriter တစ်ယောက်ဖြစ်တဲ့ Hossein Amini က အခု DC Studios အတွက် Clayface ဇာတ်ညွှန်းကို ပြန်ရေးမယ်လို့ သိရပါတယ်။ Amini ကတော့ 2011 မှာ Ryan Gosling သရုပ်ဆောင်တဲ့ ဂန္တဝင်ရုပ်ရှင် Drive ရဲ့ ဇာတ်ညွှန်းနဲ့ လူသိများပြီး၊ 1997 မှာ The Wings of the Dove ရုပ်ရှင်အတွက် အကောင်းဆုံး Adapted Screenplay ဆုအတွက် အော်စကာဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒီသတင်းက တော်တော်လေး အံ့အားသင့်စရာပါ။ ပြီးခဲ့တဲ့နှစ်က Horror ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Flanagan က Clayface အတွက် ဇာတ်ညွန်းရေးသားနေတယ်လို့ Twitter ကနေ ကြေညာခဲ့ပါတယ်။
ဒီ ရုပ်ရှင်က Horror၊ thriller နဲ့ Drama ဆန်ဆန် ဖြစ်လာမယ်လို့ သိထားပေမယ့်၊ အခု ဇာတ်ညွှန်းအသစ် အစက ပြန်ရေးမယ့် သတင်းအရတော့ Flanagan အတိုင်း ဆက်သွားမလား၊ သူကလည်း ဒီ ထုတ်လုပ်မှုမှာပါဝင်နေသေးလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
DC Comic ထဲမှာ Clayface ဆိုတဲ့ ဇာတ်ကောင်ကို 1940 ဇွန်လမှာ စတင်မိတ်ဆက်ခဲ့ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ရူးသွပ်ခဲ့ရာကနေ နောက်ဆုံး ရာဇဝတ်သားဘဝကိုရောက်သွားတဲ့သူတစ်ယောက်က ထူးဆန်းတဲ့ ရွှံ့စေးလိုမျိုး ပစ္စည်းနဲ့ ဖွဲ့စည်းထားတဲ့အရာနဲ့ ထိမိပြီး Batman ရဲ့ အဓိက Villain တစ်ယောက်ဘဝကိုရောက်လာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Clayfaceရုပ်ရှင်ကိုတော့ အောက်တိုဘာလမှာ ယူကေမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
DC Studios ကတော့ Clayface ရုပ်ရှင်ကို 2026 စက်တင်ဘာ 11 မှာ DCU Chapter One: Gods and Monsters ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုံတင်ပြသမှာ ဖြစ်ပါတယ်။

image
8 ပတ် - ဘာသာပြန်ပါ။

ဗုဒ္ဓသည် ရှေးအကျဆုံးစီမံခန့်ခွဲသူ ခေါင်းဆောင်တစ်ဦးဖြစ်သည် ။ လူသားတစ်ယောက်၏ ဖြစ်တည်ခြင်း၊ လွတ်လပ်မှုနှင့်စီမံခန့်ခွဲမှုကို ရှေးအကျဆုံး ကိုယ်တိုင်နားလည် တည်ဆောက်ခဲ့သူဖြစ်သည် ။
ဗုဒ္ဓသည် စီမံခန့်ခွဲမှုနည်းစနစ်များကို ကိုယ်တိုင်ဖော်ထုတ်ခဲ့ရုံသာမက ကိုယ်တိုင်ကျင့်သုံးအောင်မြင်သူလည်း ဖြစ်သည်။
ဗုဒ္ဓစီမံခန့်ခွဲကို လေ့လာသည့်အခါ လူအဖွဲ့အစည်းနှင့်ထိခိုက်မှု အနည်းဆုံးကို အကြိမ်ကြိမ်ကျင့်သုံးခဲ့သည့် စီမံခန့်ခွဲမှုများအဖြစ် မြင်တွေ့ရပါသည် ။
လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ကျော် ကာလက သံဃာ့အဖွဲ့အစည်း၏ ခေါင်းဆောင်မှာ ပရိနဗ္ဗာန်ပြုသွားသည့်တိုင် ယနေ့အထိ သံဃာ့အဖွဲ့အစည်း ပြိုကွဲမသွားရခြင်းမှာ ဗုဒ္ဓ၏ စီမံခန့်ခွဲမှု ကျွမ်းကျင်မှုကို ဖော်ပြနေခြင်းဖြစ်သည် ။
📙ဗုဒ္ဓ၏ အာရှတန်ဖိုး

image
8 ပတ် - ဘာသာပြန်ပါ။

Return to Silent Hill ဆိုတဲ့ Silent Hill 2 ဂိမ်းကို အခြေခံထားတဲ့ ရုပ်ရှင်အသစ်ကို ရုံတင်ပြသဖို့ ပြင်ဆင်နေပါပြီ။
Cineverse ကုမ္ပဏီက ဒီရုပ်ရှင်ရဲ့ ဖြန့်ချိပိုင်ခွင့်ကို ရယူထားပြီး၊ ရုံတင်မယ့်ရက်ကို မကြာခင် ကြေညာမယ်လို့ပြောထားပါတယ်။ 2006 ခုနှစ်က Silent Hill ရုပ်ရှင်ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Christophe Gans က ဒီရုပ်ရှင်ကို ပြန်လည်ရိုက်ကူးမှာဖြစ်ပြီး၊ Jeremy Irvine နဲ့ Hannah Emily Anderson တို့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ Cineverse က ဒီရုပ်ရှင်ဟာ Konami ရဲ့ဂန္တဝင်ဂိမ်း Silent Hill 2 ကို “ပြန်လည်ရိုက်ကူးထားတဲ့” လက်ရာဖြစ်မယ်လို့ ပြောပြထားပါတယ်။
ရုပ်ရှင်ရဲ့အကျဉ်းချုပ်ကတော့ - “ဂျိမ်းစ်ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ ချစ်သူ မေရီနဲ့ အဆက်အသွယ် ပြတ်သွားလို့ စိတ်ဓာတ်ကျနေသူပါ။ ဒါပေမယ့် တစ်ရက်မှာ မေရီ ဆီက ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာခဲ့ပြီး သူ့ကို Silent Hill ဆီ ပြန်လာဖို့ခေါ်တဲ့အခါ အရင်က သူသိခဲ့တဲ့ မြို့လေးဟာ မကောင်းဆိုးဝါးတစ်ကောင်ကြောင့် ပြောင်းလဲနေတာကို တွေ့ရပါတယ်။ ဂျိမ်းစ်ဟာ မေရီကို အသည်းအသန် ရှာရင်း ကြောက်စရာ သတ္တဝါတွေနဲ့ ရင်ဆိုင်ရပြီး၊ မြို့မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတဲ့ အရာတွေကို ဖော်ထုတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် သူရှာဖို့ကြိုးစားလေလေ ဆိုးရွားတဲ့ အမှန်တရားတွေကို သိလာရပြီး၊ သူ့ရဲ့ တစ်ဦးတည်းသော ချစ်သူကို ကယ်ဖို့ ကြိုးစားရပါတော့တယ်။
Cineverse ရဲ့ အကြီးတန်း အရာရှိ Yolanda Macias က “ဒီရုပ်ရှင်ဟာ ဒေါ်လာ ဘီလီယံတန်ဖိုးရှိတဲ့ franchises တစ်ခုဖြစ်ပြီး၊ ပထမရုပ်ရှင် နှစ်ကားကလည်း ကမ္ဘာတစ်ဝှမ်း ရုံတင်ဝင်ငွေ ဒေါ်လာ ၁၅၆ သန်းရရှိခဲ့ကြပါတယ်။
ဒါရိုက်တာ Gans ကလည်း “Cineverse နဲ့ ပူးပေါင်းရတာ ဝမ်းသာပါတယ်။ သူတို့က ပရိသတ်တွေရဲ့ ခံစားချက်ကို တကယ်နားလည်တယ်။ Return to Silent Hill ဟာ Konami ရဲ့ ဂန္တဝင်လက်ရာ Silent Hill 2 ကို အခြေခံပြီး ရိုက်ကူးထားမှာဖြစ်ပါတယ်။ ပရိသတ်တွေ ဒီရုပ်ရှင်ကို သဘောကျပြီး ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ဒီလိုမျိုး ဂိမ်းနဲ့ နီးစပ်တဲ့ ရုပ်ရှင်ကို ရုံမှာ မြင်ရမှာမို့ တကယ်ကို စိတ်လှုပ်ရှားစရာပါပဲ။

image
8 ပတ် - ဘာသာပြန်ပါ။

🏠💞 တချို့အချစ်တွေက ခဏတာဆိုပေမဲ့တချို့အချစ်
တွေကတစ်ဘဝစာလို့.. တချို့လူတွေကိုနှုတ်ဆက်လိုက်
လို့ရပေမဲ့ တချို့လူတွေကိုတော့ ကိုယ်ဘယ်တော့မှနှုတ်
ဆက်မှာမဟုတ်ဘူး... ဒါဟာ ကိုယ့်ဘဝရဲ့တစ်စိတ်တစ်
ပိုင်းမို့လို့ပေါ့.. ရန်တွေဖြစ်တာလည်းချစ်ခြင်းမေတ္တာပဲ
ထမင်းအတူတူစားကြတာလည်းချစ်ခြင်းမေတ္တာပဲ
အရွယ်ရောက်လာတဲ့အခါ အိမ်ရဲ့ပူပူညံညံအသံတွေကို
လွမ်းတတ်လာလိမ့်မယ်..
အချစ်ဆိုတာ အိမ်ကလေးပါ.. ဘာပဲဖြစ်ဖြစ် အချိန်တန်
ရင် လူတွေဟာအိမ်ပြန်လာကြရမှာပဲလေ ...
📕 အချစ်ဟာ... အိမ်

image
8 ပတ် - ဘာသာပြန်ပါ။

AI ဖွံ့ဖြိုးရေးအတွက် Google ဝန်ထမ်း ၂၀၀ ကျော် အလုပ်မဲ့ဖြစ်ဦးမယ်
ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေ အလုပ်သမားလျှော့ချရေးတွေ လုပ်ကြပြီဆို။ ဘာကြောင့်လဲ သိပ်တွေးစရာတော့မလိုဘူး။ AI ကြောင့်ပဲ အဓိကဖြစ်နေပြီး။ အဲ့လို AI ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြီး အလုပ်သမားလျှော့ချရေးတွေလုပ်လာတဲ့ ကုမ္ပဏီတွေထဲမှာ Google က ထိပ်ဆုံးကလို့တောင် ပြောလို့ရနေပြီ။
2023 ခုနှစ်တုန်းက အလုပ်သမား 12,000 ကျော် အလုပ်ဖြုတ်ခဲ့ပြီးနောက်ပိုင်း ခဏခဏဆိုသလို အလုပ်သမားလျှော့ချရေးတွေ လုပ်ဆောင်လာတာပါ။ အခုဆို တစ်လထဲမှာတင် ဒုတိယအကြိမ်မြောက် အလုပ်သမားလျှော့ချမှုလို့ ဆိုထားကြပါတယ်။
ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Google ရုံးခွဲတွေရဲ့ အရေးမကြီးတဲ့ဌာနတွေက အလုပ်သမား ၂၀၀ ကျော် လျှော့ချသွားမှာပါ။ အရင်လတွေတုန်းကတော့ Android, Chrome, Pixel တို့ရဲ့ ဌာနတွေက အလုပ်သမားအချို့ကို ဖြုတ်ချခဲ့တာပါ။

imageimage
8 ပတ် - ဘာသာပြန်ပါ။

Neon က ထုတ်မယ့် Horror ရုပ်ရှင်အသစ်ကတော့လက်ရှိမှာ သုံးသပ်ချက် ၄၆ ခုနဲ့ Rotten Tomatoes မှာ ၁၀၀% ရမှတ်ရရှိထားပါတယ်။
ရုံတင်မည့်ရက် - သြဂုတ် ၁ ရက်

image
8 ပတ် - ဘာသာပြန်ပါ။

အင်းလျားဟာ ငါတို့အတွက်တော့
စော်ပင့်တဲ့နေရာပဲ။ သမိုင်းတွေ၊
အချစ်တွေ လာမပြောနဲ့။ ဗီဒီယိုတွေထဲမှာ
မဖွင့်တဲ့ ကျောင်းကြီးကို နောက်ခံထားပြီး
နှင်းဆီပန်းတွေ၊ ဘာတွေနဲ့
စောက်ရူး အချစ်ဇာတ်တွေရိုက်ထားတာ
တွေ့တော့ အော်ရယ်ချင်တယ်။
တကယ့် စောက်ပေါရုပ်ရှင်တွေ။
reality တစ်ခုမှ မပါဘူး။
ရုပ်ရှင်ထဲမှာ အပြစ် ကင်းမဲ့ပုံနဲ့မင်းသမီးတွေ။ တက္ကသိုလ်အထိအမေက လာကြိုတာတို့၊
ဘာတို့။ တကယ့် ဟာသတွေ။
ဟိုဘက် အင်းလျားဘေးက
ပန်းခြံထဲကိုပဲကြည့်လိုက်။ လူမြင်ကွင်းမှာပဲ
နမ်းနေတာ၊ နှိုက်နေတာ။ အဲဒါ reality ပဲ ။
[ အောင်ခင်မြင့် ]
▪️တကယ်မရှိသောနှစ်များ▪️

8 ပတ် - ဘာသာပြန်ပါ။

Tattoo ideas

image