1 y - Translate

Bad Bunny is your 2026 Super Bowl LX Apple Music Super Bowl Halftime Show performer.
This year's Super Bowl, the 60th of its kind, will be hosted at the home of the San Francisco 49ers, Levi's Stadium, located in Santa Clara, California.
Read more: https://www.goodmorningamerica.....com/.../bad-bunny..

image

⚜️ကောင်းကျိုးချမ်းသာကို ရည်ရွယ်လျင်...⚜️
လူတစ်ယောက်ဟာ ကျန်းရေးကောင်းမွန်တယ် ၊ အကျင့်သီလကောင်းမွန်တယ်၊ အလုပ်ကို တက်တက်ကြွကြွနဲ့ ကြိုးစားလုပ်ကိုင်တယ် ၊ ဓမ္မနဲ့ လျော်ညီစွာ ပြုမူနေထိုင်တယ်ဆို ကောင်းကျိုးချမ်းသာနဲ့ ပြည့်စုံတဲ့ဘဝကို ရနိုင်ပါတယ်။
⚜️တစ်ဖန် လောကီရေးရာ စီးပွားကိစ္စတွေမှာ ကောင်းကျိုးရဖို့ဆို နံ့သာပူဇော်မှုပြုဖို့လည်း မေ့မထားစေချင်ပါဘူး ။ နတ်တို့ရဲ့ သံတမန်တို့ တင်စားကြသည်အထိ အမွှေးနံ့သာဟာ နတ်ကောင်းနတ်မြတ်တို့ မြတ်နိုးတဲ့အရာ ဖြစ်ပါတယ်။
မနက်ခင်း ညခင်းအချိန်များမှာ အမွှေးနံ့သာပူဇော်ခြင်းဟာ ပင်ပန်းမှုတွေ ပြေပျောက်ပြီး စိတ်ကြည်နူးမှုရသလို အိမ်ကျက်သရေ ၊ ဆိုင်ကျက်သ‌‌‌ရေကို တိုးစေတာမို့ စီပွား‌လမ်း ဖြောင့်တန်းပြီး လုပ်ဆောင်သမျှ အောင်မြင်စေမှာပါ ။ 🙏

image
1 y - Translate

🐢 အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒေသမှာ မူရင်းပေါက်ရောက်တဲ့ ဒီရေချိုမျိုးစိတ်ဟာ တောထဲမှာ ခွံဖြူလေးတွေ မွေးဖွားတာ အလွန်ရှားပါတယ်။ ပင်လယ်မှာနေတဲ့ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲတွေနဲ့ မတူဘဲ၊ ဒီလိပ်တွေဟာ အရွယ်အစားသေးငယ်ပြီး မြစ်တွေနဲ့ ရေကန်တွေမှာ နေထိုင်ကြပါတယ်။ အဲဒီလိုနေရာတွေမှာ အဖြူရောင်ဖြစ်နေတာဟာ သားရဲတိရစ္ဆာန်တွေကို မီးပြတိုက်လိုမျိုး ထင်ရှားပေါ်လွင်စေပါတယ်။
ဒါကြောင့် ဒီနေ့ခေတ်မှာ ခွံဖြူ ရေချိုလိပ် (Razorback Musk Turtle) ကို မြင်တွေ့ရတာ အားလုံးနီးပါးဟာ သဘာဝကနေမဟုတ်ဘဲ ဖမ်းယူမွေးမြူခြင်း ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်ရေးကနေ လာတာဖြစ်ပါတယ်။ တောထဲမှာဆိုရင် သူတို့ရဲ့ အသက်ရှင်ရပ်တည်နိုင်ခြေဟာ အလွန်နည်းပါးတာကြောင့် သဘာဝအတိုင်း ပေါက်ဖွားလာတာကို မကြားဖူးလောက်အောင်ပါပဲ။
တစ်ခါတစ်ရံမှာ အထင်ရှားဆုံးသော သတ္တဝါတွေဟာ အထိခိုက်အလွယ်ဆုံးဆိုတာကို သတိရစေပါတယ်။

image

image

နတ်မောက်မှာ နှစ် ၆၀အတွင်းဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားနေပြီး မိသားစု ခြောက်ယောက်ရေစီးနဲ့မျောပါသေဆုံးခဲ့ရ

စက်တင်ဘာ ၂၈

မကွေးတိုင်းနတ်မောက်မြို့နယ်မှာ မိုးများပြီး ဆည်ကျိုးသွားတဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးသောရေကြီးမှု ဖြစ်ပွားနေပြီး နေအိမ်အချို့ရေစီးနဲ့မျောပါကာ မိသားစုလိုက် ခြောက်ယောက်စလုံး သေဆုံးတဲ့အထိ ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နတ်မောက်မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် လေးအိမ်ရွာ ၊ မယ်ဇလီပင်ရွာ စတဲ့ နတ်မောက် ယင်းချောင်းတလျှောက်ရှိ အနိမ့်ပိုင်းနေရာတွေအားလုံးမှာ ရေကြီးနေမြုပ်မှုဖြစ်ပွားနေတာဖြစ်ပြီး မိသားစုလိုက် သေဆုံးမှုကတော့ မယ်ဇလီပင်ရွာမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မယ်ဇလီပင်ရွာနားမှာရှိတဲ့ အောင်ပန်းကျွန်းဆည်ကျိုးကျခဲ့တာကြောင့် ဆည်ရေတွေစီးဆင်းပြီး ဒီနေ့စ က်တင်ဘာ ၂၈ ရက်နေ့မနက်အစော ၂ နာရီကျော်လောက်မှာ မယ်ဇလီပင်ချောင်းဘေးရှိနေအိမ်နှစ်လုံးရေထဲမျောပါကာ မိသားစု ခြောက်ယောက်စလုံး ရေနစ်မြုပ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ မယ်ဇလီပင်ရွာမှ ဆရာတော် အရှင်ဂန္နမာက မိန့်ပါတယ်။

"ရေထဲ ပါသွားတာ ခုနှစ်ယောက်ကို ဒကာတယောက်က သစ်ကိုင်းဆွဲထားတော့ အသက်ရှင်တယ်။ကျန်တဲ့မိသားစုခြောက်ယောက်လုံးကအသေပျောက်ပါဘဲ။ အခုရှာနေတာတွေ့ပြီလို့ပြောတယ်။ သေတဲ့အထဲ ကလေးတယောက်ပါတယ်။ ဆည်အလယ်ကနေကိုကျိုးကျတာလို့သိရတယ်။ ခုလိုမတွေ့ဘူးသေးဘူး။ တခါမှမဖြစ်ဖူးဘူး။ ဆည်နဲ့ရွာကတမိုင်ကျော်ကျော်လောက်ပဲဝေးတယ်။" လို့ ဆရာတော်ကမိန့်ပါတယ်။

နတ်မောက်မြို့ပေါ်မှာဆိုရင်လည်း စျေးရပ်ကွက်နဲ့ အောင်ဆန်းရပ်ကွက်တွေမှာ လူတရပ်နီးပါးအထိ ရေနစ်မြုပ်နေတာကြောင့် ဒေသလူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ က အရေးပေါ်ကူညီရွှေ့ပြောင်းမှုတွေလုပ်ပေးနေတယ်လို့သိရပါတယ်။

"ကျွန်တော့အသက် ၆၀ လောက်ရှိပြီ။ ဒီတကြိမ်ပဲ ခုလောက်ကြီးတာ ကြုံဘူးတယ်။ ဆည်ကျိုးတာကြောင့်ရော ၊ နတ်မောက်မြောက်ဘက်ခြောက်မိုင်အကွာမှာလေးအိမ်ဆိုတာ ရှိတယ်။လေးအိမ်ချောင်းကလည်း ရေလျှံပြီး အိမ်တွေဆိုရင် ပျဉ်ထိအောင်ကို ရေတက်တာ။ မိုးများလို့ပေါ့။လေးအိမ်ချောင်းရေလျှံတာပေါ့။ မြို့ပေါ်မှာက မယ်ဇလီပင်ကဖောက်လိုက်တဲ့ဆည်ရေက မြောက်ဘက်ကျွဲမကျချောင်းကိုဆုံတယ်။ လေးအိမ်ချောင်းကလည်း ကျွဲမကျချောင်းထဲဆုံတယ်။ ပြီးတော့နတ်မောက်ယင်းထဲဆုံတာပေါ့။ယင်းတလျှောက်စီးတာပေါ့။ နတ်မောက်တမံဆည်ထားတဲ့ချောင်းပေါ့။ မြို့ပေါ်ကစျေးရပ်၊အောင်ဆန်းရပ်ကွက်၊ ကံကြီး၊ရန်အောင်မြင် အဲဒီနေရာတွေက အနိမ့်ပိုင်းနေရာတွေဖြစ်တယ်။ ရေမြောင်းတွေတော့ဖောက်ထားပေမယ့်လည်း မိုးကြီးချိန်ကျတော့ ရေလျှံတက်တာပေါ့။" လို့ နတ်မောက်မြို့ခံ ကဗျာဆရာကြီး ဦးမောင်ကြိုင်ကပြောပါတယ်။

နတ်မောက်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေတာဟာ ယနေ့အထိဆိုရင် လေးရက်မြောက်အထိရှိပြီဖြစ်ကြောင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ကျိုးကျပြီး ချောင်းရေတွေလျှံကာ ရေကြီးမှုဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် နတ်မောက်မြို့နယ်အတွင်းစိုက်ပျိုးထားတဲ့ စပါးစိုက်ခင်း ၊ဝါ ၊ နှမ်းကြီး ၊နေကြာ၊ ပဲနောက် စတဲ့နောက်ကျစိုက်ပျိုးတဲ့ သီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုရှိနေတယ်လို့သိရပါတယ်။

ဓာတ်ပုံ - အရှင်ဂန္နမာ /မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Credit - Voice of Myanmar News Agency

#centralnewsnaypyitaw

image
image
image
image

ရေးမြို့နယ် လမိုင်းမှာ ဆွမ်းကြီးလောင်းပြန်လာတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ပစ်ခတ်ခံရလို့ တယောက်သေပြီး တယောက်ဒဏ်ရာရ

စက်တင်ဘာ ၂၉

မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ လမိုင်းမြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ် ရေးမှူး သေဆုံးကာ ရာအိမ်မှူး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူက လမိုင်းမြို့၊အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကတော့ ရာအိမ်မှူးဖြစ်သူ ဦးသန်းဝင်ဖြစ်ကြောင်း သိရပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတို့နှစ်ယောက်က လမိုင်းမြို့ဆွမ်းလောင်းပွဲကနေပြန်လာပြီး နေအိမ်အရှေ့ရောက်ချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

"ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ သူတို့ဆွမ်းကြီးလောင်းပွဲကနေ ကားနဲ့ပြန်လာတာကို အိမ်ရှေ့အဝင်ဝမှာပစ်ခံရတာ။ရာအိမ်မှူးဆိုသူက ခေါင်းထိပြီးနေရာမှာပဲသေတယ်။ သူနဲ့ပါတဲ့ရာအိမ်မှူးက လည်ပင်းကိုရှပ်ထိတယ်။ လာပစ်တဲ့သူတွေကဆိုင်ကယ်နဲ့လို့သိရတယ်။ ဘယ်အဖွဲ့လည်းမသိပါဘူး။ " လို့ ဒေသခံကပြောပါတယ်။

ရာအိမ်မှူး ဦးသန်းဝင်းက လက်ရှိ ဆေးရုံမှာကုသမှုခံယူနေကြောင်း အုပ်ချုပ်ရေးမှူး အလောင်းကိုလည်းဆေးရုံပို့ထားတယ်လို့ သိရပါတယ်။ ပစ်ခတ်သွားသူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ကနဦးသိရပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ရေးမြို့နယ်က အံဒင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ရှိန် နဲ့ရာအိမ်မှူး ဦးသောင်းစိန်ဆိုသူတို့ နေအိမ်မှာပဲ ပစ်သတ်ခံခဲ့ရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ရေးကို ရွေးကောက်ပွဲကိစ္စအတွက်သွားရောက်ခဲ့တဲ့ PPP ပါတီမွ မွန်ပြည်နယ်ဥက္ကဋ္ဌဖြစ်အပါအဝင် လေးယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ရေး - သံဖြူဇရပ် လမ်းပိုင်းမှာ ဖမ်းဆီးမှုဖြစ်စဉ်ရှိခဲ့ပါတယ်။

Photo: CJ

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

တ်မောက်တွင် အိမ်တက်ပြုလုပ်ရန် ရန်ကုန်မှရောက်ရှိနေသူများအပါအဝင် မိသားစု ၆ဦးလုံး ရေ.ထဲ.မျော.ပါ thay ဆုံ:
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ရှိ ရပ်ကွက်အချို့တွင် စက်တင်ဘာ ၂၇ရက်နေ့ညမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေ.လျံ.ကာ နေအိမ် ၂လုံး မျော.ပါ.မှုဖြစ်ပွာ:ခဲ့တယ်လို့ သိရပါတယ်.
ရေနဲ့.မျော.ပါ.ခဲ့တဲ့ နေအိမ်တစ်လုံးက လူတွေကို က.ယ်တ.င်နိုင်ခဲ့ပေမယ့် ကျန်တစ်လုံးက မိသားစုဝင် ၆ဦးကိုတော့ က.ယ်တ.င်နိုင်ခြင်း မရှိခဲ့ပါဘူးတဲ့.
အဆိုပါ မိသားစုဝင် ၆ဦးဟာ မကြာသေးခင်ကမှ အိမ်အသစ် ပြင်ဆင်ဆောက်လုပ်ထားတာဖြစ်ပြီး အိမ်တက်ပွဲကျင်းပရန်အတွက် ရန်ကုန်မှာရှိတဲ့ သားသမီးမြေးတွေကို ပြန်ခေါ်ထားခဲ့ချိန်မှာ ဖြ.စ်သွာ:ခဲ့တာလို့ သိရပါတယ်. ရွာကအိမ်ကို မနက်မှာရောက် ညနေမှာ ရေ.တ.က်ပြီး ခုလိုဖြ.စ်တာလို့ ဆိုထားပါတယ်.
မိသားစုဝင် ၆ဦးထဲမှာ အမေ သားသမီး ၃ဦး သမီးဖြစ်သူရဲ့အမျိုးသား(သမက်ဖြစ်သူ) နဲ့ မြေးလေး ၁ဦး တို့ ပါဝင်သွားတာဖြစ်ပြီး အိမ်တို.င်ပါမကျန် ပါ.သွားခဲ့တာပါတဲ့.
မိသားစုဝင် ၄ဦးရဲ့ d.b ပြန်ရပြီဖြစ်ပြီး ကျန် ၂ဦးရဲ့ d.b ကိုတော့ ရှာဖွေနေတုန်းလို့ သိရပါတယ်.

image

image
1 y - Translate

မိတ္တီလာမြို့ မိတ္တီလာရေကန်ထဲမှာ တက္ကသိုလ်ကျောင်းသားတယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိ
28.September , 2025
မန္တလေးတိုင်း၊ မိတ္တီလာမြို့၊ မိတ္တီလာရေကန်ထဲမှာ တက္ကသိုလ်ကျောင်းသားတယောက်ရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိတ္တီလာမြို့၊ မြောက်ကန် ဓမ္မာသုခရွှေစည်းခုံ (ခ) ဉီးသိန်းစိန်ဘုရားရေကျော်မှာ ရေပေါ် ပေါ်လာတဲ့ အမျိုးသားရုပ်အလောင်းကို ဒေသခံတွေက စတင်တွေ့ရှိတာဖြစ်ပြီး အလောင်းဟာ ပေါက်ချောင်းရပ်ကွက်၊ နယ်မြေ ၁၁ မှာနေတဲ့ အသက် ၂၂ နှစ်အရွယ် သမိုင်းတတိယနှစ် ကျောင်းသား မောင်အောင်ခန့်မိုး ဖြစ်တယ်လို့ သိရပါတယ်။
မျက်မြင်တွေ့ရှိတဲ့သူ တယောက်က “ဒေသခံတွေက အလောင်းပေါ်လာတာကိုအရင်တွေ့တာ။ အလောင်းမှာက ညိုမဲနေတဲ့ဒဏ်ရာတွေတွေ့ရတယ်။ အလောင်းကို ပရဟိတအဖွဲ့က လာကောက်ယူသွားတယ်။ နယ်မြေ ၁၁ ဘက်မှာနေတဲ့ တက္ကသိုလ်ကျောင်းသားလို့သိရတယ်” လို့ပြောပါတယ်။
အလောင်းရဲ့နေရာအနှံ့အပြားမှာ ညိုမဲဒဏ်ရာတွေတွေ့ရှိတာကြောင့် သာမာန်ရေနစ်​ေ-သဆုံးတာ မဖြစ်နိုင်ဘူးလို့ မျက်မြင်တွေ့ရှိတဲ့သူ တွေက ဆိုပါတယ်။
​ေ-သဆုံးသူ ကျောင်းသား ရုပ်အလောင်းကို မိတ္တီလာဆေးရုံကြီး ရင်ခွဲရုံဆီကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ် မြတ်ပါရမီအသင်း(မိတ္ထီလာ)အဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတယောက်ကတော့ ​ေ-သဆုံးသူနဲ့ပတ်သက်လို့ ရဲက စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပေမဲ့ အကြောင်းရင်းအသေးစိတ်တော့မသိရသေးဘူးလို့ပြောပါတယ်။
မိတ္ထီလာမြို့မှာ စက်တင်ဘာ ၁၅ ရက်ကလည်း စောင်နဲ့ထုပ်ထားတဲ့ စွန့်ပစ်အလောင်းတလောင်းကို နန်းတော်ကုန်းရပ်ကွက်နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်းဘေးမှာ တွေ့ရှိခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

image
1 y - Translate

ဇာတ်လမ်းတွဲပြီးရင် အဲ့ နှစ်ယောက်ကို မြန်မာနိုင်ငံ ပို့ပေးကြစမ်းပါ--
ဒီရောက်ရင် ဘယ်ကို အရင်ပို့ပေးရမလဲ!!

image