12 w - Translate

တရုတ်အကူအညီဖြင့် ရေနံချက်စက်ရုံသစ်စီမံကိန်း အကောင်အထည်ဖော်ရန် ဆွေးနွေး

တရုတ်အစိုးရရဲ့ အကူအညီနဲ့ ရေနံချက်စက်ရုံသစ်စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ဇွန်လ ၉ ရက်နေ့မှာ တရုတ်သံအမတ်ကြီး မစ္စမာကျားနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရေနံချက်စက်ရုံအတွက် လိုအပ်မယ့် ရေနံစိမ်းတွေကို အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကနေ ရယူပြီး စီမံကိန်းကို အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။
ရေနံပိုက်လိုင်းကို ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC-SEAP) တို့က ပူးပေါင်းလုပ်ကိုင်နေပြီး အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီလီမီတတ်(South-East Asia Pipeline Company Limited-SEAOP) က ဦးစီးလုပ်ကိုင်နေတာပါ။
ရေနံပိုက်လိုင်းစီမံကိန်းဟာ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်ပြီး နှစ်စဉ်အများဆုံး ရေနံတန်ချိန် ၂၂ သန်းခန့် သယ်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။
နစကဝန်ကြီးနဲ့ တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံမှုအတွင်း စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူထားမှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအမံတွေကို ဆွေးနွေးခဲ့ပါတယ်။
ဆောင်ရွက်ဆဲ ကမ်းလွန်လုပ်ကွက်မှာ ဆက်လက်ဆောင်ရွက်မယ့် ရှာဖွေ၊ တူးဖော်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် တရုတ်ကုမ္ပဏီတွေကို တွန်းအားပေး ကူညီဆောင်ရွက်ဖို့လည်း နစကဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတဲ့ ကမ်းလွန်လုပ်ကွက်တွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းတို့အတွက် တရုတ်နိုင်ငံမှ ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့လည်း ဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို အရင်ကထက် ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမယ်လို့လည်း နှစ်ဖက်ဆွေးနွေးမှုအရ သိရပါတယ်။
သတင်း - BETV Business

image

မလေးရှား Scientex ကုမ္ပဏီ မြန်မာပြည်ရှိ ပလပ်စတစ်ထုတ်ပိုးမှုလုပ်ငန်းမှ နှုတ်ထွက်မည်
ရန်ကုန်၊ ဇွန် ၁၂
မလေးရှားနိုင်ငံအခြေစိုက် ပလပ်စတစ်ထုတ်ပိုးမှုကုမ္ပဏီ Seientex က ၎င်းရဲ့ မြန်မာပြည်လုပ်ငန်းခွဲ Daibochi Packaging Myanmar မှ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လာမယ့်ရက်များအတွင်း Daibochi Packaging မှာ တိုးတက်မှုအရိပ်အယောင်တွေ မတွေ့ရတာကြောင့် မြန်မာနိုင်ငံက လုပ်ငန်းတွေကို နှုတ်ထွက်မယ်လို့ ဆိုပါတယ်။
မလေးရှားကုမ္ပဏီအနေနဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာကုမ္ပဏီ Myanmar Smart Pack Industrial နဲ့ ပူးပေါင်းကာ Daibochi Packaging Myanmar ဖက်စပ်ကုမ္ပဏီကို ထူထောင်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့ပါတယ်။
ဖက်စပ်ကုမ္ပဏီမှာ Scientex က ရှယ်ယာ ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်ကာ အမေရိကန်ဒေါ်လာ ၆.၈ သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး မြန်မာကုမ္ပဏီက ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။
အဲ့ဒီနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုမိန်နဲ့ လှိုင်သာယာမြို့နယ်က စက်မှုဇုန်-၂ မှာ အစားအသောက်၊ လူသုံးကုန်ပစ္စည်းနဲ့ စက်မှုကုန်ပစ္စည်းများအတွက် ထုတ်ပိုးပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
Scientex ရဲ့ မြန်မာပြည်လုပ်ငန်းခွဲ ပလတ်စတစ်ထုတ်ပိုးမှုလုပ်ငန်းမှ ဝင်ငွေဟာ ၂၀၂၄ မှာ ကုမ္ပဏီစုစုပေါင်းဝင်ငွေရဲ့ ၃.၈ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မလေးရှားနိုင်ငံအခြေစိုက် ပလပ်စတစ်ထုတ်ပိုးသူအနေနဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုလိုရပ်ဆိုင်းမှုမှ လုပ်ငန်းလည်ပတ်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို လျှော့ချဖို့ လုပ်ဆောင်မှာဖြစ်ပြီး ၎င်းရဲ့ ကုန်ကျစရိတ်တွေကို ဂရုတစိုက်စီမံခန့်ခွဲခြင်းအပေါ် ဆက်လက်အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

image
12 w - Translate

ငလျင်ဒဏ်သင့် အများပြည်သူအတွက် Steel Structure နေအိမ်များ ဆောက်လုပ်လှူဒါန်းမည်
*******************
(ပြည်တွင်း) ဇွန်လ ၁၂
သဘာဝဘေးငလျင်ဒဏ်ခံစားခဲ့ရပြီး အိုးအိမ်ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် နေထိုင်နိုင်ရေးအဆင်ပြေမှု ရှိစေရန်အတွက် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)အနေနဲ့ Steel Structure နေအိမ် Modular house များ ဆောက်လုပ်လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

ဆောက်လုပ်လှူဒါန်းမည့် နေအိမ်အကျယ်အဝန်းမှာ (၁၆ ပေ x ၁၈ ပေ) နှင့် အမြင့် (၁၂ ပေ) ဖြစ်၍ အောက်ခြေ သံကျင်တွယ်ခုံ၊ ကျောက်ပြားကာနံရံ၊ သွပ်မိုး၊ သွပ်ခေါင်အုပ်တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး ပစ္စည်းတန်ဖိုး၊ အလုပ်သမားခ (ပန္နက်ရိုက်၊ မြေတူး၊ သံကျင်တွယ် စိုက်ထူ၊ သံထည်တည်ဆောက်ခ၊ တင်/ချလုပ်အားခ)နှင့် လှူဒါန်းမည့် နေရာအရောက် သယ်ပို့စရိတ်အပါ အဝင် ငွေကျပ် ၆၁ သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

အလှူရှင်များအနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဗြဟ္မစိုရ်လူမှုကူညီရေး အသင်း၊ ၆၂ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ မန္တလေး ဖုန်း ၀၉-၂၅၉၃၆ဝဝ၁၁၊ ဝ၉-၂၅၉၃၆ဝဝ၂၂ သို့ ဆက်သွယ်လှူဒါန်းနိုင်သလို မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်းအမှတ် SF-001683၊ KBZ ဘဏ် ငွေစာရင်းအမှတ် 04130404101481201 နှင့် AYA ဘဏ် ငွေစာရင်းအမှတ် 40028192239 တို့ထံ ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။

image
12 w - Translate

Pope Leo XIV made his first appointment of a Chinese bishop under the Vatican’s 2018 agreement with Beijing, signaling he is continuing one of Pope Francis’ most controversial foreign policy decisions.
https://abcnews.go.com/Interna....tional/wireStory/pop

image
12 w - Translate

Human activity has caused the amount of mercury being transported through rivers all over the world to increase up to three-fold since the Industrial Revolution, a new study found.
https://abcnews.go.com/US/tran....sport-mercury-rivers

image
12 w - Translate

LATEST: The Marines are expected to be serving alongside National Guard troops within the next 48 hours in Los Angeles, the command said.
https://abcnews.go.com/US/live....-updates/la-immigrat

image
12 w - Translate

LATEST: Demonstrations protesting the Trump administration's immigration enforcement operations took place in cities across the U.S. on Wednesday, including San Antonio, Texas.
https://abcnews.go.com/US/live....-updates/la-immigrat

image

မြေရှားသတ္ထု ပြန်လည်တင်ပို့ရေးနဲ့ တရုတ်ကျောင်းသားတွေ ဗီဇာကိစ္စ အမေရိကန်နဲ့ တရုတ်သဘောတူ
ဝါရှင်တန်၊ ဇွန်-၁၂-၂၀၂၅
ရတီ(VOM)
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုဖြေလျှော့ရေး ရည်ရွယ်တဲ့ ဆွေးနွေးပွဲဟာ သဘောတူညီချက်တရပ်နဲ့အတူ ပြီးဆုံးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်ကုမ္ပဏီတွေကို မြေရှားသတ္တုနဲ့ အခြားအရေးပါတဲ့ သတ္တုတွေ ပြန်လည်ရောင်းချပေးဖို့ သဘောတူခဲ့ပြီး အမေရိကန်ကလည်း တရုတ်ကျောင်းသားတွေကို ဗီဇာရုပ်သိမ်းမယ့် အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဒီသဘောတူညီချက်အတွက် သမ္မတရှီနဲ့အတူ ခွင့်ပြုသွားမယ်လို့ ထရန့်ကပြောပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုတွေကို ဖြေလျှော့ဖို့ ဂျီနီဗာဆွေးနွေးပွဲအပြီး သဘောတူညီချက်ရရှိခဲ့ပေမယ့် ချိုးဖောက်မှုများရှိတယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေပါတယ်။
အဲဒီနောက်မှာတော့ သမ္မတဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံထိပ်တန်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။
တင်းမာမှုတွေ ဖြေရှင်းဖို့ လန်ဒန်မှာ နှစ်ရက်ကြာဆွေးနွေးပြီးနောက် သဘောတူညီချက် ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ သဘောတူညီချက်ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာမျိုးမရှိသေးပါဘူး။
နှစ်ဖက်စလုံးအနေနဲ့ ဂျီနီဗာသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မူဘောင်တရပ်ကို ရရှိခဲ့ပြီး သမ္မတနှစ်ယောက် အတည်ပြုပြီးတာနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသွားမယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ်လပ်နစ်က ပြောပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ၂၀၂၅ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမျှော်မှန်းချက် ကမ္ဘာ့ဘဏ် ပြန်လည်လျှော့ချ
၂ဝ၂၅ ခုနှစ်အတွက်တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဖွံ့ဖြိုးမှုနှုန်းမျှော်မှန်းချက်ရာနှုန်းကို ကမ္ဘာ့ဘဏ်က ဇွန် ၁ဝ ရက်တွင် ၂ ဒသမ ၃ ရာခိုင်နှုန်းသို့ပြန်လည်လျှော့ချခဲ့ကြောင်း သိရသည်။
တစ်နှစ်နှစ်ကြိမ်ကမ္ဘာ့ဘဏ်ကထုတ်ပြန်မြဲဖြစ်သည့် ကမ္ဘာ့စီးပွားရေး အလားအလာများအစီရင်ခံစာတွင်၂ဝ၂၅ ခုနှစ်အတွက်တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို လျှော့ချထားသလို အမေရိကန်နှင့်တရုတ်အပါအဝင် စီးပွားရေးအင်အားကြီးနိုင်ငံအားလုံးနီးပါး၏ ၂ဝ၂၅ ခုနှစ် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကိုလည်းလျှော့ချထားသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကုန်သွယ်ရေးတင်းမာမှုများ ပိုမိုအားကောင်းလာချိန်တွင် ၂ဝ၂၅ ခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မျှော်မှန်းချက်များကို ကမ္ဘာ့ဘဏ်က ပြန်လည်လျှော့ချခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလတွင်အာဏာရရှိခဲ့ပြီးနောက် အမေရိကန် သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် ပြည်ပသွင်းကုန်များကိုနှစ်ပေါင်း ၁ဝဝ နီးပါးအတွင်း အမြင့်ဆုံးနှုန်းဖြင့် အခွန်စည်းကြပ်ထားသည်။
အမေရိကန်ပြည်ထောင်စု၏ အထက်ပါလုပ်ရပ်ကို တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများကလည်း အမေရိကန်သွင်းကုန်များအပေါ် တန်ပြန်အခွန် စည်းကြပ်မှုများဖြင့်တုံ့ပြန်ခဲ့ရာတစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး တင်းမာမှုများ အားကောင်းလာခဲ့ရသည်။
ယခုနှစ်တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်း အားအနည်းဆုံးစီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။
အလားတူကမ္ဘာ့ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုးမှုနှုန်းမှာလည်း ၂ဝ၂၅ ခုနှစ်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိနိုင်မည်ဖြစ်ရာ ၂ဝ၂၄ ခုနှစ်ကထက်ကျဆင်းမည့်သဘောဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်က ခန့်မှန်းထားသည်။
ရိုက်တာ

image