Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Breaking News
ထိုင်းကုန်သွယ်ရေးအသင်း အရေးပေါ်သတင်းထုတ်ပြန်ချက်
အခြေခံအလုပ်သမားရှားပါးမှုပြဿာနာကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးကိုထိခိုက်နိုင်ကြောင်းထုတ်ပြန်သည်။
ဘန်ကောက် – ဩဂုတ်၊၂၆
ထိုင်းကုန်သွယ်ရေးအသင်းက ယနေ့ အရေးပေါ်သတိပေးချက် ထုတ်ပြန်ပြီး အလုပ်သမားအင်အားရှားပါးမှုကြောင့် စက်မှု၊ လယ်ယာနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုက်ရိုက်ထိခိုက်နေေသာကြောင့်အစိုးရအား အလျင်အမြန် ဖြေရှင်းေပးရန် တိုက်တွန်းလိုက်သည်။
နေရပ်ပြန်ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် အစားထိုးရန်သီရိလက်ာ၊နီပေါ စသောနိုင်ငံများမှအလုပ်သမားများအားတရားဝင်စနစ်ဖြစ် ခေါ်ယူပေးရန် တောင်းဆိုလိုက်သည်။
ကုန်သည်ကြီးများအသင်းက အစိုးရအား နိုင်ငံခြားသား အလုပ်သမားများကို MOU စနစ်အတိုင်း ခေါ်ယူခြင်း နှင့် လက်ရှိ သက်တမ်းကုန်သွားသည့် အလုပ်သမားများအတွက် နေထိုင်ခွင့် သက်တမ်းတိုးပေးရန် တိုက်တွန်းထားသည်။
“အလုပ်သမားအင်အားသည် ထိုင်းစီးပွားရေးအတွက် အခြေခံ အင်အားဖြစ်ပြီး ဖြေရှင်းမှုမရှိပါက စိုက်ပျိုးရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ စွာကိုထိခိုက်နိုင်သည်” ဟု ကုန်သွယ်ရေးအသင်းက အသိပေးခဲ့သည်။
#mouစနစ် #လုပ်သားအင်အားရှားပါးမှု
#ထိုင်း #နီပေါ #သီရိလက်ာ #crd

ဘဝဆိုတာ သင်ယူရတယ်
နေဖို့ သင်ယူရတယ်
သေဖို့ သင်ယူရတယ်
ရှင်ဖို့ သင်ယူရတယ်
ဘဝကို ခင်တွယ်ဖို့လည်း သင်ယူရတယ် ။ ။
#လှသန်း
ပထမဆုံးအကြိမ် မြင်တွေ့ရတယ်ဆိုတဲ့ ရွှေရောင်ငါးမန်း
သုတေသီတွေကတော့ ဒီလို ရွှေရောင်ငါးမန်းမျိုး မြင်တွေ့ရတာ ပထမဆုံးပဲလို့ ဆိုကြပါတယ်။ ကော်စတာရီကာနိုင်ငံ ကမ်းလွန်ဘက်မှာ မြင်တွေ့ရတဲ့ ငါးမန်းဟာ ၆ ပေအရှည်ရှိပြီး ရွှေရောင်ကိုယ်လုံး၊ အဖြူရောင်မျက်လုံးတွေ ရှိပါတယ်။ Xanthochromism လို့ ခေါ်တဲ့ အခြေအနေအရ အနီရောင် ရောင်ခြယ်နည်းပါးပြီး အဝါရောင်ရောင်ခြယ် အားကောင်းမှုကြောင့် အခုလို အရောင်မျိုး ဖြစ်နေတာလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ကော်စတာရီကာနိုင်ငံ တော်တူဂူရိုအမျိုးသားဥယျာဉ်အနီး ရေအောက်အနက် ၃၇ မီတာမှာ တွေ့ရှိခဲ့တဲ့ ရွှေရောင်ငါးမန်းကို ဓာတ်ပုံရိုက်ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြပါတယ်။ ပုံမှန်အားဖြင့်တော့ အခုလို အရောင်တောက်နေတာကြောင့် ( သူ့ထက် အင်အားကြီးတဲ့ သတ္တဝါတွေ ကိုက်ဖြတ် စားသောက်ခံရနိုင်ခြေ ပိုများလို့) ရှင်သန်နိုင်ခြေနည်းပါးပေမဲ့ ဒီငါးမန်းဟာ အရွယ်ရောက်ပြီးသား ငါးမန်းတစ်ကောင် ဖြစ်တယ်လို့ သုတေသီတွေက ကောက်ချက်ချကြပါတယ်။
🍽 ထမင်းစားပြီးနောက် မလုပ်သင့်သည့် ကျန်းမာရေး အန္တရာယ် (၈) ရပ်
🔹(၁) ဆေးလိပ် မသောက်ပါနှင့်။
ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။
🔹(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။
ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။
ထို့ကြောင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။
(ကျန်းမာရေး အမြင် ရှိသော ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် အချို့တွင် သစ်သီးအစား၊ ဥပမာ ဌက်ပျောသီးပေါင်း (သို့မဟုတ်) ရွှေဖရုံသီးပေါင်း စသည့် တို့ကို အချိုပွဲ အဖြစ်တည်ခင်း ဧည့်ခံလာကြသည်)
🔹(၃) လ္ဘက်ရည် မသောက်ပါနှင့်။
လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတို့က ထမင်း ဟင်းထဲတွင် ပါရှိသည့် ပရိုတင်း များကို အနှောင့်် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။
🔹(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။
ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်း က အူသိမ် အူမ တို့ကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆို့စေပါသည်။
🔹(၅) ရေ မချိုးပါနှင့်။
ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပေ။
🔹(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။
ရှေး လူကြီးမျာက ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား ဟု အဆို ရှိခဲ့ကြလေ၏။ ထို အဆိုမှာ တက် တက် စင် မှားယွင်းနေ ကြောင်း ယနေ့ဆေးသိပ္ပံပညာရှင် များက အတည်ပြုထားကြသည်။
အကြောင်းရင်း မှာ . ထမင်း စားပြီးချင်း ခပ် သွက်သွက် လမ်းလျှောက်ခြင်း က ဗိုက်အောင့်စေတတ်ပြီး၊ ထမင်း ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။
🔹(၇) မအိပ်ပါနှင့်။
ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေသည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ဝင်စေပါသည်။
🔹(၈) အားကစား မလုပ်ပါနှင့်။
အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ သို့မဟုတ် ပါက၊ အကြော ဆွဲခြင်း (သို့မဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သို့မဟုတ်) အသက်သေစေနိုင်သည်
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏