စတီဗင်ဂျရတ်အား ပြန်လည် ခန့်အပ်နိုင်ရေး ရိန်းဂျား ဆွေးနွေးနေ
အောက်တိုဘာ ၉
ရိန်းဂျားဟာ စတီဗင်ဂျရတ်အား နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရေး ဆွေးနွေးနေပါတယ်။
စကော့တလန်ပရီးမီးယားလိဂ်ကလပ်ဟာ တနင်္ဂနွေနေ့တုန်းက ရပ်ဆဲလ်မာတင်အား ထုတ်ပယ်လိုက်ပြီးနောက် လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် နည်းပြဟောင်းဂျရတ်ကို ခန့်အပ်ရေး ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
လီဗာပူးနှင့် အင်္ဂလန်ဂန္ထဝင်ကစားသမားဘက်ကလည်း အသင်းဟောင်းရိန်းဂျားကို ပြန်လည် ကိုင်တွယ်လိုနေမှုနှင့်အတူ ဆွေးနွေးမှု အဆင်ပြေလာဖို့တော့ ရှိပါတယ်။
စတီဗင်ဂျရတ်ဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ရိန်းဂျားကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ဆယ်နှစ်အတွင်း ပထမဆုံးပြည်တွင်းအမှတ်ပေးဖလား ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ရိန်းဂျားဟာ ၂၀၂၁ ခုနှစ်တွင် ဗီလာကို ကိုင်တွယ်ရန် ဂျရတ် ထွက်ခွာသွားပြီးနောက်ပိုင်းတွင် အမှတ်ပေးဖလား ရရှိလာခဲ့ခြင်း မရှိပါဘူး။
ဂျရတ်ဟာ ဗီလာကို ကိုင်တွယ်တဲ့ ပထမဆုံးရာသီတွင် အဆင့် ၁၄ နေရာမှာသာ ရပ်တည်ခဲ့ပြီး နောက်တစ်ရာသီတွင် ၁၂ ပွဲတည်းသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဆော်ဒီကလပ် Al-Ettifaq ကို ကိုင်တွယ်ခဲ့ပေမ့ယ့်လည်း ဇန်နဝါရီလတွင် နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ