ကညွတ်ရဲ့သဘောက ဤသို့ ဤပုံ)
ခေါင်းဟောင်းစိုက်ပြီး
၂ရက်မှ ၅ရက်အတွင်း
အစို့ထွက်တာမြင်ရပါမယ်
ပျိုးပင်စိုက်ပြီး ၅ရက်မှ ၇ရက်အတွင်း
အပင်ဟောင်းကျခါ အပင်သစ်
ထွက်ပါမည်...
အပင်သစ် အစို့သစ်ထွက်ပြီး
၁လကျော် ၂လလောက်မှ အပင်ကငြိမ်တာပါ ဒီကြားထဲအရမ်းကြီးမဆိုးရိမ်ကြပါနဲ့
ရေလိုရင်ရေပေး ပေါင်းထူရင် ပေါင်သင် မြေကျတ်ရင် မြေဆွ ၁လခွဲနောက်ပိုင်း
အစာလိုရင် အစာကျွေး ဒါတွေပဲပုံမှန်
လုပ်ပေးကြပါနော်...
အစာဆိုသည်ကား
နွားချေး သို့ ကြက်ချေး အဆင်ပြေရာနဲ့
စပါးခွံ စက်ဖွဲပြာ လွှစာမှုန့် ရှိရာနဲ့
EM သို့ ငါးမိုင်နို သို့ ရေစိမ်း ဖျန်းခါ
စတူရော၍သမအောင်မွှေပြီးနှပ်ထား
ချွန်ချွန်လေးပုံ အိတ်အကြည်
အိတ်အမည်း ရှိရာနဲ့ လေလုံအောင်
အုပ်ထားပြီး၁၅ရက်နောက်ပိုင်း
စကျွေးလို့ရပါပြီ...နှပ်ပြီးအစာသည်
ဆုပ်လုံး ထိုးကွဲ အနေအထားဖြစ်ရပါမည်
ဆိုလိုချင်တာက ဆုပ်လိုက်ရင် အလုံးလေးဖြစ်ရမည် လက်နဲ့ထိုးလိုက်ရင် ကွဲသွားရမည် အဓိက ကရေမများဖို့ပါ ရေများရင်
ပုတ်၍ လောက်ကျခါ အဆင်မပြေနိုင်ပါ
စိုက်ပြီးကညွတ်ကိုအထူးဂရုစိုက်ပါ
ရေပေးအစာကျွေး ပေါင်သင် လုပ်နိုင်ရင် လုပ်နိုင်သလို အထွက်တိုးမယ် အစို့လှမယ်
အဆင်မပြေတာ နားမလည်တာရှိက
အချိန်မရွေးဖုန်းဆက်မေးပါ
အထက်ဖော်ပြပါ အစာသည်
သီးနှံတိုင်းတွင် သဘာ၀မြေသြဇာအဖြစ်
ထည့်သုံးနိုင်ပါတယ်ခင်ဗျာ။
မှတ်ချက်/ကညွတ်ဆိုတာသူ့ကိုကျွေးရင်
ကိုယ့်ပြန်ကျွေးတယ်လို့သာ
မှတ်ထားပေးပါ ကညွတ်ချစ်သူတို့။
လိုအပ်သူများ လွတ်လပ်စွာ Shareထား Save ထားနိုင်ပါတယ်ခင်ဗျာ...?



