မဲဆောက်တွင် တရားမဝင် ဈေးရောင်းသည့် မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးခံရ
အောက်တိုဘာ ၉
ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ဈေးရောင်းချသည့် မြန်မာနိုင်ငံသား (၇) ဦးအား ဖမ်းဆီးခဲ့ကြောင်း တာ့က်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၇ ရက် နံနက် ၁၁ နာရီအချိန်က မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအတွင်း မြန်မာနိုင်ငံသားများ ဈေးရောင်းချနေကြောင်း ဒေသခံများက တိုင်ကြားသောကြောင့် ထိုင်းနိုင်ငံ လဝကနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ရာမှ အထက်ပါအတိုင်း အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ အဖမ်းခံရသူများ မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ လဝက ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo - Tak Immigration
Credit - Myanmar Transparency News Agency
#centralnewsnaypyitaw


+8





