1 နှစ် - ဘာသာပြန်ပါ။

လူမှုစီးပွား မြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ရ / ၂၀၂၄ ) ဖြင့် လူမှုစီးပွားမြှင့်တင်ရေးပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၁၈) ရက်မှ စတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

၎င်းပါတီမှာ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြိုနယ်၊ (၂၈) လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိပြီး ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၄) ဖြစ်ပါသည်။

အလားတူ နိုဝင်ဘာ (၁၂)ရက်ကလည်း ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

တရားမဝင် ဝင်ရောက်သူတွေကို အစုလိုက်အပြုံလိုက်နှင်ထုတ်မယ့်အစီအစဉ်မှာ အမေရိကန်စစ်တပ်ကို အသုံးပြုသွားမှာဖြစ်ကြောင်း ထရမ့် ထပ်လောင်းပြောကြား

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၉

အမျိုးသားအရေးပေါ်အခြေအနေတစ်ရပ် ကြေညာပြီး တရားမဝင်ရွှေ့ပြောင်းသူတွေကို နို်င်ငံတွင်းက နှင်ထုတ် သွားဖို့အတွက် အမေရိကန်စစ်တပ်ကို အသုံးပြုသွားမှာဖြစ်ကြောင်း ပြောဆိုရင်း တရားမဝင်ရွှေ့ပြောင်းသွားလာ သူတွေအရေး ကိုင်တွယ်ဆောင်ရွက်သွားဖို့ ၎င်းရဲ့ ကတိကဝတ်ကို ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့် က ထပ်လောင်းပြောကြားလိုက်ပါတယ်။

တရားမဝင်ရွှေ့ပြောင်းသူတွေကို နို်င်ငံတွင်းက အစုလိုက်အပြုံလိုက်နှင်ထုတ်ရာမှာ စစ်တပ်ကိုအသုံးပြုသင့် ကြောင်း အကြံပြုထားတဲ့ပို့စ်တစ်ခုကို ထောက်ခံရင်း ထရမ့်က ၎င်းရဲ့ Truth Social လူမှုကွန်ရက်ကတစ်ဆင့် တနင်္လာနေ့ (နိုဝင်ဘာ ၁၈ ရက်နေ့) က အခုလို ထပ်လောင်းပြောကြားလိုက်တာဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်အုပ်စုတစ်ခုဖြစ်ပြီး NGO အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Judicial Watch အဖွဲ့ရဲ့ ခေါင်းဆောင် တွမ်ဖစ်တန် ဖော်ပြထားတဲ့ အစီအစဉ်တွေကို ထရမ့်က လူမှုကွန်ရက်ကနေ အတည်ပြုထောက်ခံခဲ့တာဖြစ်ပါတယ်။

တရားမဝင်ဝင်ရောက်သူတွေ တိုင်းပြည်ကနှင်ထုတ်ဖို့အတွက် အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်ကို အသုံးပြုသင့်ကြောင်း ဖစ်တန်က အခုလအစောပိုင်းက ရေးသားခဲ့တာဖြစ်ပါတယ်။

ထရမ့် ပထမသက်တမ်းကာလတုန်းက နယ်စပ်ခြံစည်းရိုးခတ်ဖို့အတွက် စစ်ဘက်ဆိုင်ရာရန်ပုံငွေတွေကို ပြောင်း လဲအသုံးပြုခဲ့သလိုမျိုး အမေရိကန်သမ္မတရဲ့ အရေးပေါ်အခြေအနေကြေညာဆောင်ရွက်ခွင့်ထဲမှာ ရန်ပုံငွေတွေ ကို ခေါင်းစဉ်ပြောင်းလဲသုံးစွဲခွင့်နဲ့ စစ်ဘက်ဆိုင်ရာရင်းမြစ်တွေကို အသုံးပြုခွင့် သီးသန့်အခွင့်အာဏာ ပေးအပ် ထားပါတယ်။

ဒီတစ်ကြိမ်မှာတော့ နိုင်ငံတွင်းက နှင်ထုတ်မယ့် တရားမဝင်ဝင်ရောက်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားရမယ့် နေရာတွေအတွက် ရန်ပုံငွေတွေကို အဓိကသုံးစွဲသွားနိုင်ဖွယ်ရှိကြောင်း ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးအကြံပေး အရာရှိ စတီဗင်မယ်လာက ပြောပါတယ်။

ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက ကြီးကြပ်မယ့် အဆိုပါ ထိန်းသိမ်းထားမယ့်နေရာ/အဆာက်အဦတွေဟာ တရားမဝင်ဝင်ရောက်သူတွေ နိုင်ငံတွင်းကနှင်ထုတ်မှုအစီအစဉ်ကို ပိုမို လျင်မြန်စွာဆောင်ရွက်နိုင်အောင် အ ထောက်အကူပြုသွားမှာဖြစ်ကြောင်း မယ်လာက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တရားမဝင်ရွှေ့ပြောင်းသူတွေကို နို်င်ငံတွင်းက အစုလိုက်အပြုံလိုက်နှင်ထုတ်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနတွေမှာ နေရာ/အဆောက်အဦတွေ ကန့်သတ်မှုရှိနေတာက ကြီးမား တဲ့စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။

ဒီစိန်ခေါ်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် ထရမ့်အဖွဲ့ဟာ အလုပ်တွင်စေတဲ့ လုပ်ထုံးလုပ်နည်းများ ဖယ် ရှားရေး တိုးချဲ့ဆောင်ရွက်ဖို့နဲ့ အရေးပေါ်ပုန်ကုန်ထကြွမှုအက်ဥပဒေ (Insurrection Act) အရ ရဲတပ်ဖွဲ့တွေ၊ အမျိုးသားအစောင့်တပ်ဖွဲ့တွေနဲ့ တပ်မတော်သားတွေကို ယာယီပြန်လည်တာဝန်ချထားဖို့ စီစဉ်နေပါတယ်။

ဒါ့အပြင် ထရမ့်အဖွဲ့ဟာ တရားမဝင်ရွှေ့ပြောင်းမိဘတွေက မွေးဖွားလာတဲ့ကလေးတွေကို နိုင်ငံတွင်း မွေးဖွား တာနဲ့ နိုင်ငံသားအခွင့်အရေးပေးတဲ့အစီအစဉ်ကို ကန့်သတ်ထားပြီး လူမှုဖူလုံရေးကတ်လို တရားဝင်အထောက် အထားတွေ ထုတ်ပေးတာမျိုးကိုလည်း ရပ်တန့်ထားဖို့ ရည်ရွယ်ထားပါတယ်။

ထရမ့်အဖွဲ့ရဲ့ အစီအစဉ်တွေကို ရွှေ့ပြောင်းနေထိုင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ပြင်း ပြင်းထန်ထန် ပြစ်တင်ဝေဖန်နေကြပါတယ်။

“အကြိုသမ္မတထရမ့်ရဲ့ ဆိုးရွားလှတဲ့စိတ်ကူးယဉ်အိပ်မက်တွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်ဖြစ်စေ နိုင်ငံတွင်းမွေးဖွားတဲ့သူတွေအတွက်ဖြစ်စေ အလွန်ကြောက်စရာကောင်းအောင်လုပ်နေတဲ့ စိတ်ကူးယဉ်အိပ် မက်တွေဖြစ်ပါတယ်။” လို့ Justice Action Center ရဲ့ ညွှန်ကြားရေးမှူး ကရင်တမ်မလင်းက ပြောပါတယ်။

အဲဒီလို အပြုအမူဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ မညီဘဲ အမေရိကန်တန်ဖိုးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ ကြောင်း ၎င်းက ပြောပါတယ်။

အထက်လွှတ်တော်အမတ် တွမ်မီဆတူဘာဗေးလ်နဲ့ အောက်လွှတ်တော်အမတ်ချိပ်ရွိင်းတို့လို ထောက်ခံသူတွေ ရှိနေသလို ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ ပင်တဂွန်စစ်ဌာနချုပ်ကလည်း သတိပေးနေပါတယ်။

အခုအဆိုပြုချက်တွေဟာ အသေးစိတ် ထဲထဲဝင်ဝင် ဆန်းစစ်လေ့လာဖို့ လိုအပ်တဲ့ “စိတ်ကူးယဉ်အနုမာန အယူအဆတွေ” ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

Ref: Trump confirms plans to use the US military to help in mass deportations

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

BREAKING NEW‼️
Paul Pogba အနေနဲ့ အသင်းသစ်
ရှာမတွေ့သေးခင်အချိန်ထိ ယူနိုက်တက်အသင်းဆီမှာလေ့ကျင့်ခန်းအစီစဥ်တွေလာရောက်ပူးပေါင်း
လုပ်ဆောင်သွားပါမယ်

အသင်းဘက်က သဘောကျရင်တော့Jonny Evan တုန်းကလို စာချုပ်ချုပ်ပြီးကစားခိုင်းဖို့အခွင့်ရေးရှိနေပါတယ်

Source: [Sacha Tavolieri]

image
1 နှစ် - ဘာသာပြန်ပါ။

Grab ကနေ 5K နဲ့ ရခဲ့ပီ 😎

image
Picture

Content Creator

AniHub

WFH

1 နှစ်

အချိန်ပြည့်

တခြား

ရေတစ်ဗူးနဲ့ ပဲလှော်တစ်ထုတ်ပေးပါမယ် ( တစ်နှစ်ကို )

1 နှစ် - ဘာသာပြန်ပါ။

Page Intro လေး

1 နှစ်

Straw-Hat အဖွဲ့ဝင် ပျောက်ကြီး ( ခေါ် ) Zoro ရဲ့လူသိပ်မသိတဲ့ ၁၀ခုကို AniHuber တို့အတွက်တင်ပေးလိုက်ပီနော်...
နောက်လဲအခုလိုစိတ်ဝင်စားစရာ Anime Facts လေးတွေတင်ပေးဦးမှာမလို့ Page လေးကို Like လေးလုပ်ပေးသွားဖို့မမေ့နဲ့နော်

#anihub
#admin_hidan

imageimage
+8
1 နှစ် - ဘာသာပြန်ပါ။

🐖🍢 homemade ဝက်သား ဒုတ်ထိုး 🐖🍡

🔥🔥ပါဝင်ပစ္စည်းများ 🔥🔥

1..ဝက်သား(အူစုံ+နားရွက်+လျှာ+အသား)👉၅၀ကျပ်သား
2..သကြား 👉👉စာပွဲတင်ဇွန်း ၇ ဇွန်း
3..ကြက်သွန်ဖြူ 👉👉၁ လုံး
4..ပဲငံပြာရည် ကြည် 👉👉၁ခွက် (အကြမ်းပန်ကန်)
5..ပဲငံပြာရည်အနောက် 👉👉စားပွဲတင်ဇွန်း ၂ ဇွန်း
6..ဂျင်း 👉👉လက်နှစ်ဆစ်
7..ဆား 👉👉၅ကျပ်သား
8..ငရုတ်ကောင်း 👉👉စားပွဲတင်ဇွန်း ၁ ဇွန်း
9.နံနတ်ပွင့် 👉👉👉၃ ပွင့်
10..ဘဲဥ. 👉👉👉👉၅လုံး

✂✂ချက်ပြုတ်နည်း✂✂

--အူနှင့်အသားကို သန်စင်ပြီး အူများကိုဆားနဲ့ နယ်ထားပါ။ ရေနွေးအိုးတည်ထားပါ။ ဂျင်းနဲ့ ကြက်သွန်ဖြူ ကိုထောင်းထားပါ။ ဘဲဥတွေကို ပြုတ်ပြီးခွာထားပါ။

--ရေနွေးအိုးဆူလျှင် အူတွေကို ပြူတ်ပါ။ အူထဲက အရည်ဖြူ တွေထွက်လာပါလိမ်မယ် သွန်ပစ်ပါ။ ဒုတိယအကြိမ် ထပ်မံ ပြုတ်၍ သွန်ပစ်ပါ။ (အူနံ့ပျောက်ကင်းအောင်ပါ)

--ထို့နောက် အူနှင့် အသား တွေကို ပဲငံပြာရည်အကြည်၊ဆား အနည်းငယ်၊အသားမှုန့်၊သကြား တို့နဲ့ အသားကို နယ်ပြီ်း မိနစ် ၂၀ ခန့် နှပ်ထားပါ။

--ဒယ်အိုးကို အပူပေးပြီး ပူလာလျှင် သကြားနှင့်ငရုတ်ကောင်ထည့်ပြီး လှော်ပါ။ မွှေးလာပြီးဆိုရင် အူ၊အသား နှင့် ဘဲဥများကို ထည့်လှော်ပါ။ ဂျင်းနှင့်ကြက်သွန်ဖြူ ထောင်းထားတာ တွေပါ ထည့်လှော်ပါ။

--နီနီရဲရဲလေးဖြစ်လာရင် ပဲငံပြာရည်နောက်ကို နည်းနည်းလေးထည့်မွှေပါ။ မွှေတာအရမ်မကြာပါစေနဲ့ ကြာရင် ပဲငံပြာရည်က အိုးဖင်မှာကပ်ပြီး အရသာခါးသွားလိမ်မယ်။

--အသား များနဲ့ အရသာ နှံ့ပြီဆိုရင် ရေနွေးဆူဆူကို အသားများ မြှပ်တဲ့ အထိထည့်ပါ။နံနတ်ပွင့်ထည့်ပါ။

--၄၅ မိနစ် ခန့် တည့်ထားပါ။ အသားနူးပြီဆိုရင် အရည်အရသာ မြည်းကြည့်ပြီး အပေါ့အငံ ပြင်ထည့်ပါ။ ငံလျှင်ရေထိုးပါ။ 😬😬
အရသာရှိစွာ သုံးဆောင်ပါ။

🔥🔥အချဉ်ပြုလုပ်နည်း🔥🔥

1..ငရုတ်ဆီ�👉👉တစ်ထုတ်
2..ကြက်သွန်ဖြူ 👉၂ လုံး
3..ထန်းလျက် 👉👉၃ ခဲ
4.. မန်းကျည်သီး 👉ကွမ်းသီးလုံးခန့်
5..ဆား၊ငံပြာရည်၊သကြား👉တော်သင့်ရုံ
6..ငရုတ်သီး 👉👉၅ တောင့်

မန်ကျည်းသီး နှင့် ထန်းလျက်ကို ရေနွေးစိမ် ပြီး အရည်ယူပါ။ ကြက်သွန်ဖြူ နှင့် ငရုတ်သီး ထောင်းပြီး အရသာ အကုန်ထည့်ပါ။✌✌✌

😍😍၇၀၀၀ထောင်လောက်နဲ့ လူငါးယောက်လောက်စားလို့ရပါတယ်နော်😍😍😍

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၁၉ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၁၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၂၈၀၀၂၉ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၀၃၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၈၃၀၀၀၀ ကျပ်
ဝယ်ဈေး ၅၇၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၂၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၂၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၉၅ ကျပ်
ဝယ်ဈေး - ၄၆၇၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၆ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၈ ကျပ်
ဝယ်ဈေး - ၂၈.၅၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၆၀ ကျပ်
ဝယ်ဈေး - ၅၂.၂၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၄ ကျပ်
ဝယ်ဈေး - ၃.၁၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၄၀ ကျပ်
ဝယ်ဈေး - ၅၅၉၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၅၀ ကျပ်
ဝယ်ဈေး - ၂၈၇၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၃၀ ကျပ်
ဝယ်ဈေး - ၃၁၄၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၆၇ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၃၅ ကျပ်
ဝယ်ဈေး - ၁၂၀၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

Straw-Hat အဖွဲ့ဝင် ပျောက်ကြီး ( ခေါ် ) Zoro ရဲ့လူသိပ်မသိတဲ့ ၁၀ခုကို AniHuber တို့အတွက်တင်ပေးလိုက်ပီနော်...
နောက်လဲအခုလိုစိတ်ဝင်စားစရာ Anime Facts လေးတွေတင်ပေးဦးမှာမလို့ Page လေးကို Like လေးလုပ်ပေးသွားဖို့မမေ့နဲ့နော်

#anihub
#admin_hidan

image
1 နှစ် - ဘာသာပြန်ပါ။

Straw-Hat အဖွဲ့ဝင် ပျောက်ကြီး ( ခေါ် ) Zoro ရဲ့လူသိပ်မသိတဲ့ ၁၀ခုကို AniHuber တို့အတွက်တင်ပေးလိုက်ပီနော်...
နောက်လဲအခုလိုစိတ်ဝင်စားစရာ Anime Facts လေးတွေတင်ပေးဦးမှာမလို့ Page လေးကို Like လေးလုပ်ပေးသွားဖို့မမေ့နဲ့နော်

#anihub
#admin_hidan

image