1 နှစ် - ဘာသာပြန်ပါ။

ကြက်အစာဈေးနှုန်း မြင့်မားမှုကြောင့် ကြက်ဥဈေးများ မြင့်လာ

နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံတွင် လတ်တလော ကြက်အစာဈေးနှုန်းများ မြင့်မားနေမှုကြောင့် ကြက်ဥ ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ကြောင်း ကြက်ခြံများနှင့် ကုန်စည်ဒိုင်များထံမှ သိရသည်။

ကြက်အစာများကို ပြည်ပမှ တင်သွင်းနေရခြင်းကြောင့် လက်ရှိတွင် ကြက်အစာဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း၊ ထို့နောက် ကြက်မွေးမြူရာတွင် ဆုံးရှုံးမှုများ ရှိနေသည့်အတွက် တချို့သော ကြက်မွေးမြူ ရေးခြံများ ရပ်နားခဲ့ရသည့်အတွက် ဈေးကွက်အတွင်း ကြက်ဥ လိုအပ်ချက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကြက်ဥဈေးနှုန်း မြင့်တက်လာသည့် အခြေအနေကို ရောက်ရှိလာကြောင်း ကြက်မွေးမြူသူများက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ကြက်ဥတစ်လုံးလျှင် ၅၀၀ ကျပ် ဖြစ်ပေါ်နေသော်လည်း ကြက်ခြံများတွင် ၃၈၀ ကျပ်သာ ရရှိသေးကြောင်း၊ ယခင်က ကြက်ဥ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်သာ ရှိသော်လည်း လက်ရှိတွင် ၁၀,၀၀၀ ကျပ် ဖြစ်ပေါ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်မှ ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးထွန်းငွေက ပြောသည်။

၎င်းက “ကြက်အစာဈေးတွေ ရယ်ဒီမိတ်အစာတွေ ဝယ်ပါတယ်။ ဝယ်တဲ့အခါကျတော့ အဆမတန် ဈေးတက် တယ်။ အဆမတန် ဈေးတက်တဲ့အခါကျတော့ ကြက်မွေးတဲ့သူတွေက အစာဈေးတက်တော့ သူတို့မှာ အရှုံးပေါ်နေ ကြတယ်။ အခု ကြက်တွေ မမွေးနိုင်တဲ့သူတွေ ရှိမယ်။ ခြံပြုတ်သွားတဲ့သူတွေ ရှိမယ်။ အဲဒီအချိန်မှာ ကြက်ဥနည်း နည်း ရှားလာတဲ့အခါကျတော့ ကြက်ဥဈေးက မြန်မာပြည်မှာ သိတဲ့အတိုင်းပဲ ပစ္စည်းရှားရင် ဈေးက ခုန်တက် တယ်။ အဲဒီတက်တဲ့ဟာလောက်မှ ကြက်သမားတွေ အမြတ်လောက်နဲ့ ကွက်တိ သွားကျတာ။ ဒီအတိုင်းဆိုရင် အများကြီး တက်တာတော့ မဟုတ်သေးဘူး။ ကြက်ဥတစ်လုံးကို ၄၀၀ ဝန်းကျင်တောင် ခြံသမားတွေ မရသေးဘူး။ ၃၈၀ လောက်ပဲ ရသေးတယ်။ အဲဒါကြောင့်မို့လို့ ကြက်ဥဈေး တက်လာတာ မဟုတ်ဘူး။တခြားဟာတွေ အကုန် လုံး တက်နေတဲ့အတွက် ကြက်ဥဈေးက တက်တာ နောက်ကျနေတာ အဲဒီသဘောပဲ ပြောလို့ရတယ်။ ကြက်ဥဈေး ကလည်း အခုဆိုရင် ၁၀,၀၀၀ ဈေး ခေါ်တာပေါ့။ ကြက်ဥ ၁ ပိဿာကို ၁၀,၀၀၀ ပေါ့၊ ၁ ပိဿာမှာ ၂၇ လုံးလောက် ဆံ့ပါတယ်။ အရင်တုန်းကဆို ၇၀၀၀ လောက်ပဲ ရပါတယ်။ အရင်ဆိုတာက လွန်ခဲ့တဲ့ ၁ လကျော်ကျော်လောက် ၇၀၀၀ လောက်ပဲ ရတယ်။ အဲဒါကျတော့ အရမ်းနည်းတယ်။ အဆင်မပြေဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းတွင် ကြက်ဥ တစ်လုံး ကျပ်(၄၅၀)အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး စက်တင်ဘာလတွင် တစ်လုံး ကျပ် ၃၀၀ အထိ ကျဆင်းသွားခဲ့သည်။

ထိုကာလတွင် ဥစားကြက် မွေးမြူသူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်သို့ ပြန်လည် မြင့်တက်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် ဈေးနှုန်းများအရ ကြက်မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးအမြတ် ကျန်ရှိသည့် အတိုင်းအတာ ဖြစ်လာသည်ဟု ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင် ကိုမင်းက ပြောသည်။

“အခု ရှုံးတဲ့အနေအထား မရှိတော့ဘူး။ အခုဆိုရင် အကျိုးအမြတ် အတိုင်းအတာလေးတစ်ခုတော့ ကျန်တယ်။ ကြက်ဆိုတဲ့အမျိုးက အသက်နဲ့ သတ္တဝါတွေ ကျန်းမာရေးစောင့်ရှောက်မှု ဘာညာ အကုန်လုံးပေါ့ လုပ်ရတဲ့အခါ ကျတော့ အမြတ်က ၁၀ ရာခိုင်နှုန်း၊ တခြားကုန်တွေလို ၅ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းဆိုပြီး အဲဒီလိုမျိုး တွက်လို့ မရဘူး။ သူက အနည်းဆုံးက ၂၀ ရာခိုင်နှုန်းလောက် မြတ်နေမှ သူတို့ အရှုံးနဲ့ အလုပ်သမားစရိတ်တွေ ကာမိမှာ လေ။ အခုက အဲဒီဟာလောက်တောင် မကျန်ချင်ဘူး အရင်တုန်းက။ အရင်းသာသာလောက် အဲဒီလိုပဲ သွားကြ တယ်။ သွားကြတဲ့အခါကျတော့ သူတို့က ရှုံးတယ်။ အခု အနေအထားဆိုရင်တော့ ကြက်ဥတစ်လုံးကို ၃၈၀ လောက် ရရင်တော့ သူတို့က အကျိုးအမြတ် နည်းနည်း ရှိတယ်ပေါ့နော်။ အလုပ်သမားအတွက်လည်း ကာမိတယ်။ ကိုယ့်အတွက်လည်း ကျန်တယ်ပေါ့။ မွေးမြူလို့ နည်းနည်း မွေးမြူလို့ ကောင်းတဲ့ အနေအထား ရှိတာပေါ့” ဟု ပြောသည်။

ကြက်အစာဈေး မြင့်တက်မှုကြောင့် ကြက်ဥဈေး မြင့်တက်လာသည့်အတွက် စားသုံးနေသူများအပေါ်တွင် ထိခိုက်မှုရှိလာပြီး ကြက်အစာဈေးနှင့် ကုန်ကြမ်းများကို ဈေးချပေးနိုင်မည်ဆိုပါက ကြက်ဥဈေးနှုန်းများလည်း ကျဆင်းလာမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက လုပ်ဆောင်ပေးရန်အတွက် လိုအပ်သည်ဟု ကြက်မွေးမြူရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများက သုံးသပ်ပြောဆိုသည်။


ပုံ - ကြက်မွေးမြူရေးလုပ်ငန်းတစ်ခု

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

အဆိုတော် ရော်ရွက်ရဲ့ သမီ:လေးမွေးပါပြီ 🥰
Congratulations ရော်ရွက် 🥰❤️

#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ဘော့ပင်လဲထည့်တော့ဘူး
ဘာမှလဲထည့်တော့ဘူး နိုနဲ့တော့နော်
တစ်တစ်...😑

image
1 နှစ် - ဘာသာပြန်ပါ။

ဘော့ပင်လဲထည့်တော့ဘူး
ဘာမှလဲထည့်တော့ဘူး နိုနဲ့တော့နော်
တစ်တစ်...😑

image
1 နှစ် - ဘာသာပြန်ပါ။

ဘော့ပင်လဲထည့်တော့ဘူး
ဘာမှလဲထည့်တော့ဘူး နိုနဲ့တော့နော်
တစ်တစ်...😑

imageimage
1 နှစ် - ဘာသာပြန်ပါ။

စိတ်ချမ်းသာစေချင်တယ်။
ပြီးတော့ ပျော်ရွှင်စေချင်တယ်။
နွေးထွေး စေချင်တယ်။
ယုံကြည်မှု ရှိစေချင်တယ်။
ငါ့ကိုယ်ငါ့ဆို ဖြစ်သလိုပါပဲ။
မင်းကိုတော့ဖြင့် ကောင်းတာလေးတွေပဲ ရစေချင်တယ်။

🌻🤍

image
1 နှစ် - ဘာသာပြန်ပါ။

ငါသဘောကျမိလိုက်တာနဲ့ တစ်ဖက်လူဟာ ပင်ပန်းရတော့တာပဲ။
မဆိုင်ဘဲ ဝင်စွက်ဖက်ချင်ရတာနဲ့
ပိုပိုသာသာလေး ဂရုစိုက်ချင်ရတာနဲ့
ကြိုက်လား မသိ၊ မကြိုက်လား မသိ
အသေးအမွှားလေးတွေကအစ ပြောပြချင်ရတာနဲ့
ကပ်ဘေးတစ်ခုလို အတင်းတွယ်ငြိ။
အဆိုးဆုံးကတော့ အလိုက်ကမ်းဆိုး မသိချင်ယောင် ဆောင်တာပဲ။
တစ်ဖက်လူက စိတ်မရှိတာ တောင်
ငါက သူ့ပုခုံးတွေကို အတင်းကုပ်တွယ်
“ချစ်ပါတယ်” လို့ မကြာခဏ ပြောနေမိတယ်။

#tarmhyuunge

💭 || 9.11.2024

image

မြောက်ကိုရီးယားရဲ့ GPS jamming တိုက်ခိုက်မှု တောင်ကိုရီးယားနိုင်ငံက သင်္ဘောတွေနဲ့ လေယာဉ်တွေ အပေါ် ထိခိုက်မှုရှိကြောင်း တောင်ကိုရီးယားစစ်တပ်ပြော

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁

မြောက်ကိုရီးယားနိုင်ငံက နိုဝင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာ GPS jamming တိုက်ခိုက်ခဲ့တဲ့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ သင်္ဘောလေးငါးစီးနဲ့ အရပ်ဘက်လေယာဉ်အများအပြား ထိခိုက်ခဲ့ကြောင်း တောင်ကို ရီးယားစစ်တပ်က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့ရဲ့ ခေတ်အမီဆုံး လောင်စာခဲသုံး တိုက်ချင်းပစ်ဒုံးကျည် ICBM ကို စမ်းသပ်ပစ် လွှတ်လိုက်ပြီးနောက် တစ်ပတ်ဝန်းကျင်အကြာမှာ အခုလို GPS jamming တိုက်ခိုက်မှု သတင်းထွက်ပေါ်လာခဲ့ တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကလည်း မြောက်ကိုရီးယားက ရန်စကျူးကျော်လာခဲ့ရင် ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့ အ သင့်ရှိနေကြောင်း ပြသတဲ့အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ၎င်းတို့နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်ကို ပင်လယ်ထဲကို ပစ်ခတ်ခဲ့ပါတယ်။

“မနေ့က ဟေဂျူးနဲ့ ခေးဆောင်မြို့တွေမှာ မြောက်ကိုရီးယားက GPS jamming တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက် မှုကြောင့် သင်္ဘောလေးငါးစီးနဲ့ အရပ်ဘက်လေယာဉ်အများအပြား လုပ်ငန်းလည်ပတ်မှုတွေ ကမောက်ကမဖြစ် ခဲ့ပါတယ်။” လို့ စနေနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအကြီးအကဲ က ပြောပါတယ်။

အလားတူ တိုက်ခိုက်မှုမျိုးကို သတိပြုဖို့ ပင်လယ်ဝါထဲမှာ လည်ပတ်သွားလာနေတဲ့ သင်္ဘောတွေနဲ့ လေယာဉ် တွေကို တောင်ကိုရီးယားစစ်တပ်က သတိပေးထားပါတယ်။

“အခုလို GPS ကျူးကျော်တိုက်ခိုက်မှုကို ချက်ချင်းရပ်တပ်ဖို့ မြောက်ကိုရီးယားနိုင်ငံကို ပြင်းပြင်းထန်ထန် သတိ ပေးတိုက်တွန်းလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကနေ ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေအတွက် မြောက်ကိုရီးယားနိုင်ငံက တာဝန်ယူရမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။” လို့ တောင်ကိုရီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပြီး တောက် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြားက ဆက်ဆံရေးဟာ မကြာခင်နှစ်တွေအတွင်း အနိမ့် ဆုံးအခြေအနေအထိ ထိုးဆင်းရောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေက မြောက်ကိုရီးယားနိုင်ငံဘက်ကို ဝါဒဖြန့်စာရွက်တွေ ကြဲချ ခဲ့တာကို လက်တုံ့ပြန်တယ်ဆိုပြီး မြောက်ကိုရီးယားအစိုးရကလည်း မေလကစပြီး တောင်ကိုရီးယားနိုင်ငံဘက် ကို အမှိုက်တွေထည့်သွင်းထားတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်ခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ မေလအတွင်းကလည်း GPS jamming တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ အဲဒီအချိန် က တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို နှောက်ယှက်နိုင်စွမ်းမရှိကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။

သောကြာနေ့ (နိုဝင်ဘာ ၈ ရက်နေ့) က စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားနိုင်ငံက Hyunmoo မြေပြင်- မြေပြင်ပစ် ဒုံးကျည်တစ်စင်းကို အနောက်ပင်လယ်ထဲကို ပစ်ခတ်ခဲ့ပြီး ဒီပစ်ခတ်မှုဟာ မြောက်ကိုရီးယားဘက်က ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို ပြတ်ပြတ်သားသား လက်တုံ့ပြန်တိုက်ခိုက်သွားမယ့် တောင်ကိုရီးယားနိုင်ငံရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ကြောင်း ကိုရီးယားစစ်တပ်က ပြောပါတယ်။

Ref: N. Korea Jams GPS Signals, Affecting Ships, Aircraft in South

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့ ပင်လယ်ပြင်မှာ ကျားဖောင်ပျက်ပြီး မျောပါနေတဲ့ လုပ်သား (၁၂) ဦးကို ကယ်ဆယ်နိုင်ခဲ့

နိုဝင်ဘာ ၁၁

မြန်မာ့ ပင်လယ်ပြင်မှာ ကျားဖောင်ပျက်ပြီး မျောပါနေတဲ့ ကျားဖောင် လုပ်သား (၁၂) ဦးကို ငါးဖမ်းရေယာဉ်နဲ့ စစ်ရေယာဉ်တို့က ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လုပ်သားတွေကို ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ မော်တင်စွန်းတောင်ဘက် ရေမိုင် (၂၅) မိုင်လောက် အကွာမှာ ပင်လယ်ပြင်အတွင်း မျောပါနေတာကို ငါးဖမ်းရေယာဉ်က နိုဝင်ဘာ (၉)ရက်နေ့မှာ မနက်ပိုင်းမှာတွေ့ရှိပြီး ကူညီကယ်ဆယ်ပေးထားခဲ့တယ်လို့ သိရပါတယ်။

ညနေပိုင်းမှတော့ စစ်ရေယာဉ် နဲ့ သွားရောက်ပြီး လွှဲပြောင်းတင်ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပြုလုပ်ပေးခဲ့ပြီး သက်ဆိုင်ရာကို ပြန်လည်လွှဲအပ်ပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့တွေဟာ ဖျာပုံ မြစ်ဝမှ (၁၀) မိုင်‌လောက် အကွာမှာ ကျားဖောင်လုပ်ငန်း လုပ်ကိုင်နေကျတဲ့အချိန် နိုဝင်ဘာ (၆) ရက်နေ့ ည (၁၀) နာရီလောက်က ရာသီဥတုဆိုးရွာကာ လှိုင်လေဒဏ်ကြောင့် ကျားဖောင်များပျက်စီးပြီး ‌ပင်လယ်ပြင်ထဲမျောပါနေခဲ့ရတာလို့ ပြောပါတယ်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

ငါးချိုချဉ်ကြော်ကို အရင်က မတူတဲ့ ပုံစံတစ်မျိုးနဲ့ တင်ထားပြီးသားရှိပါတယ်။ အခုကြော်ထားတာက ယိုးဒယားချိုချဉ်ကြော် ပုံစံလေးပါ။ အရသာမတူဘဲ ထူးခြားတဲ့အရသာလေးမို့ ချိုချိုချဉ်ချဉ်ကြိုက်သူများအတွက် လွယ်ကူတဲ့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
နှစ်သက်ရာ ငါး - ၂ ကောင် (၂၀ ကျပ်သားခန့်)
ကော်မှုန့်/ ပြောင်းဖူးမှုန့် - စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၃ မွှာ
ချယ်ရီခရမ်းချဉ်သီး - ၁၀ လုံး
ခရမ်းချဉ်သီးဆော့စ် - ၂ ဇွန်း
Apple Cider - ၂ ဇွန်း (ရှာလကာရည်၊ သံပုရာသီး)
သကြား - ၂ ဇွန်း
ယိုးဒယားသံပုရာရည်- ၁ ဇွန်း
ရေ - အနည်းငယ်
ကြက်သွန်မြိတ်/ နံနံပင် - အနည်းငယ်
ချင်း - အနည်းငယ်
ပြုလုပ်နည်း
၁။ ငါးကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။ ကော်မှုန့် ၂ ဇွန်းဖြင့် ငါးတစ်ကောင်လုံးနှံ့အောင် လူးပေးပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းကို ပါးပါးစိတ်ထားပါ။
၃။ အိုးထဲ ဆီထည့်၍ အပူပေးပြီး ကော်မှုန့်လူးထားသော ငါးကို အရောင်အနည်းငယ် ရသည်အထိ နှစ်ဖက်လှန်ကြော်ပြီး ဆယ်ယူ၍ ဆီစစ်ထားပါ။
၄။ ငါးကြော်သည့်အိုးထဲမှ ဆီများကို ဖယ်ထုတ်ပြီး လက်ကျန်ဆီအနည်းငယ်ဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ဆီသတ်ပါ။
၅။ အရောင်ရလာပါက ခရမ်းချဉ်သီး အလုံးလိုက် ထည့်ကြော်ပါ။
၆။ ခရမ်းချဉ်သီးလေးများ နွမ်းသွားပါက ခရမ်းချဉ်သီးဆော့စ် Apple Cider (သို့) သံပုရာရည်၊ သကြားနှင့် ငံပြာရည်တို့ကို ထည့်ပြီးမွှေပါ။
၇။ လက်ကျန်ကော်မှုန့် ၁ ဇွန်းကို ရေအနည်းငယ်ဖြင့် ဖျော်ပြီး ဟင်းအိုးထဲထည့်ကာ ခပ်ပျစ်ပျစ်အနေအထားရအောင် မွှေပါ။
၈။ အရသာပေါ့အငန် မြည်းကာ ဆီစစ်ထားသောငါးကို ပန်းကန်မှာ တည်ခင်းပြီး အပေါ်မှ ချက်ထားသောဆော့စ်များ လောင်း၍ ကြက်သွန်နီ၊ နံနံပင်တို့ဖြငိ့ တည်ခင်းသုံးဆောင်နိုင်ပါပြီ

image