1 y - Translate

ပေါ်တူဂီ ဝါရင့်တိုက်စစ်မှူးကြီး ရော်နယ်ဒိုကို ပေါ်တူဂီဂျာစီနဲ့ ဘောလုံးမြက်ခင်းစိမ်းပေါ်မှာ ထပ်မံ မြင်တွေ့ရဦးမယ်ဆိုတာ သေချာ နေပါပြီ ။

ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ You Tube Channel က အစီအစဉ်မှာ သူ့အနေနဲ့ လက်ရှိမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ ပေါ်တူဂီ အသင်းမှာ ဆက်ကစားသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ် ။

ဒါပေမယ့် အနားယူရမယ့် အချိန် ရောက်လာရင်တော့ ခက်ခက်ခဲခဲ ဆုံးဖြတ်စရာ မရှိဘူးလို့လဲ ထပ်လောင်း ပြောဆိုခဲ့ပါတယ် ။

ပေါ်တူဂီ စူပါစတား ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က ပေါ်တူဂီနဲ့ ကာဇတ်စတန်တို့ပွဲမှာပဲ သူရဲ့ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဘဝရဲ့ ပထမဦးဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့် ရခဲ့တာပါ ။

အဲ့ဒီအချိန်တုန်းကတော့ ရော်နယ်ဒိုဟာ အသက် ၁၈ နှစ်အရွယ်သာ ရှိခဲ့ပါတယ်။

အခုတော့ အသက် ၃၉ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်းနဲ့အတူ ၂၁၂ ပွဲအထိ ကစားထားခဲ့ပြီဖြစ်ပါတယ် ။

ဒါဟာ ကမ္ဘာ့ဘောလုံးလောကအတွင်း နိုင်ငံတကာ ပွဲစဉ်တွေ အများဆုံး ကစားထားနိုင်ခဲ့တဲ့ စံချိန်ပါ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကိုပါ ပါဝင်ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားနိုင်သူ အဖြစ်လည်း စံချိန်တင်ခဲ့ပါတယ် ။

လက်ရှိမှာလည်း လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ် မရှိသေးပဲ ဆက်လက် ကစားသွားဖို့သာ ဆန္ဒရှိနေတဲ့ အကြောင်းကို သူ့ရဲ့ YouTube Channel မှာ ပြောဆိုခဲ့ပါတယ် ။

“အချိန်ကျလာတဲ့ အခါကျရင်တော့ ကျွန်တော် အနားယူသွားပါမယ်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒီအသင်းအတွက် ကျွန်တော်် ဘာမှ မကူညီပေးနိုင်တော့ဘူးလို့ ခံစားမိလာရပြီဆိုရင်တော့ ကျွန်တော် ပထမဆုံး ထွက်ခွာသွားမှာပါ။” လို့ ရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီသမိုင်းရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောရမယ့် ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့အတူ ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတွေ ရယူထားခဲ့ပါတယ် ။

ရော်နယ်ဒိုဟာ အမေရိကန် မက္ကဆီကိုနဲ့ ကနေဒါတို့ ၃ နိုင်ငံ ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုလည်း ပါဝင် ဆင်နွဲသွားဖို့ ရည်ရွယ်ချက်လည်း ရှိနေတယ်လို့ သိရပါတယ် ။

image

image
1 y - Translate

ရွှေတောင်ခေါက်ဆွဲ လုပ်နည်း 🍝🍝🍝

ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန်အတွက်

ပါ၀င်ပစ္စည်းများ

ဂျုံခေါက်ဆွဲ – ၂၅ကျပ်သား
ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
နံနံပင် – ၁စည်း (ပါးပါးလှီးပါ)

သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
အုန်းသီး – ၁လုံး (ခြစ်တံဖြင့်ခြစ်ပြီ အရည်ညှစ်ပေးပါ) (အုန်းဆီနှစ် ချက်ရန်)
ပဲအကျက်မှုန့် – ၄၀ ဂရမ်
ငရုတ်သီးအကြမ်းမှုန့်ကြော် – စားပွဲတင်ဇွန်း ၃ဇွန်း

ကြက်သားဟင်း ချက်ရန် ပါ၀င်ပစ္စည်းများ

ကြက်ရင်ဗုံသား – ၂ခု (၂၅၀ ဂရမ်) (အတုံးသေးများ တုံးပါ)
ကြက်သွန်နီ – ၄လုံး (ဥသေး(သို့) ဥကြီးထက်ခြမ်းခြမ်းပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ပြင်ဆင်နည်း

၁။ အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ပါမည်။

၂။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီတော်တော်ပူလာမှ ဂျုံခေါက်ဆွဲဖတ် လက်တဆုပ်စာကို ၂ခါခွဲပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၃။ ပြီလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။

၄။ ပြီနောက် အုန်းဆီနှစ်ချက် လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်ထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည် အထိ တည်ထားပေးပါ။

၅။ ဆီပြန်လျှင် မီးပိတ်လိုက်ပြီ ပန်းကန်ထဲပြောင်းထည့်ထားပါ။

ချက်နည်း

၁။ အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီ ဆူပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၃။ ထို့နောက် ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။

၄။ ရေ (၂ခွက်)စာ ကျန်လျှင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ…

၅။ ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်ပြီ ပြင်ပေးပါ။

၆။ ထို့နောက် အပေါ်မှ ကြက်သားဟင်းရည်(ယောက်ချို ၂ဇွန်း) လောင်းချလိုက်ပါ။

ရ။ အရသာရှိသော ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ…

မှတ်ချက်။ ။ ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ကြက်ပြုတ်ရည်အတွက် ကြက်ရိုးများကို ပြုတ်ပြီ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များ ဖြူး ပေးပါ။

image
1 y - Translate

အကျဘက် ဦးတည်လာသည့် ငွေလဲနှုန်း အခြေအနေ ✍

ဗဟိုဘဏ်က သြဂုတ်လအတွင်း ဒေါ်လာ ၁၉၃ သန်းကျော် ထုတ်ရောင်းခဲ့သည်။ ဗဟိုဘဏ်က ရက်အလိုက် ဒေါ်လာထုတ်ရောင်းခဲ့သဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် အတွင်း တစ်ဒေါ်လာ ကျပ် ၆၀၀၀ ကျော်ရှိခဲ့ သည့် ဒေါ်လာဈေး တဖြည်းဖြည်းကျဆင်းလာခဲ့ရာ သြဂုတ် ၃၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၅၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။
Crd : gdbprice

1 y - Translate

What is the difference between -
I like you, I love you.

Beautifully answered by Someone:
“When you like a flower, you just pluck it. But when you love a flower, you water it daily.”

One who understand this, understand life! 💗

image
1 y - Translate

Having one supportive person is more powerful than you think.

image
1 y - Translate

အရေပြားဖောက်ထွင်း အလှဆင်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ

နားဖေါက်ခြင်း (သို့) မျက်နှာမှာ ဖေါက်ထွင်းပြီး အလှဆင်ခြင်းတွေ ပိုမိုခေတ်စားလာကြပါတယ်။
ဒါပေမယ့် သူတို့ဟာ လှပသလောက် အရေပြား ဖေါက်ထွင်းမှု အပြီးမှာတော့ ဂရုစိုက်ဖို့အထူး လိုအပ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ နာကျင်မှု သက်သာစေဖို့ နဲ့ ဂရုစိုက်ရမယ့် လမ်းညွှန်မှုတွေကို ဖေါ်ပြမှာ ဖြစ်တာမို့ ကိုယ်လုပ်နေတာ ဘာတွေမှားယွင်းနေလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

ကာကွယ်ပါ။

ကာကွယ်တဲ့ နည်းလမ်းတစ်ခုအဖြစ် အရေပြားဖေါက်မယ့်သူကို သေနတ်အစား အပ်ကိုအသုံးပြုဖို့ စေခိုင်းပါ။ သေနတ်ဟာ ဖိအားနဲ့ နားဖေါက်တာဖြစ်တာမို့ တစ်ရှူးတွေကို မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ပြီးတော့ ပလပ်စတစ် အပိုင်းတွေ ပါတဲ့ သေနတ်တစ်ခုကို ပိုးသတ်ဖို့လည်း ခက်ခဲပါတယ်။ သို့ဖြစ်၍ အပ်နဲ့ဆိုရင်တော့ ပိုးသတ်လို့လည်းရ၊ တိကျမှုကိုလည်း ပိုမို ထိန်းချုပ်နိုင်ပါတယ်။ သူဟာ ခွဲစိတ်ဓါးလိုမျိုးပဲ တိကျတဲ့ ခွဲကြောင်းရာဖြစ်ပေါ်စေပြီး တစ်ရှူးထိခိုက်မှုကိုလည်း နည်းပါးစေပါတယ်။ သေနတ်ဟာ နာကျင်မှုပိုနည်းစေတယ်ဆိုတာဟာလည်း ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။ အပ်နဲ့ မှန်ကန်စွာ ဖေါက်နိုင်မယ်ဆိုရင်လည်း နာကျင်မှုနည်းပါးပါတယ်။

သန့်ရှင်းစွာထားပါ။

အရေပြားဖေါက်ခြင်းကို ဂရုစိုက်ဖို့အတွက် ဆပ်ပြာ၊ရေ၊ ဆားရည် saline အရည်တွေနဲ့ သန့်ရှုင်းရေးလုပ်သင့်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ အရက်ပြန်ကို မသုံးသင့်ပါဘူး။ ရေဓါတ်အလွန်ခမ်းခြောက်ရင် ကွဲပြီး သွေးထွက်လာနိုင်ကာ ဖေါက်ထားတဲ့နေရာဟာ အပေါက်ကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအကြောင်းရင်းတွေအတွက် အဆီကို အခြေခံထားတဲ့ ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။ သူတို့ဟာ အနာကို သန့်ရှင်းပေးပြီး အနာကျက်နေတဲ့ တစ်ရှူးကို အဆီဖြည့်ပေးပါတယ်။ နားကပ်တွေကို စိုစွတ်နေတဲ့ အချိန်မှာသာ လှည့်ပေးနိုင်ပါတယ်။

စိတ်ရှည်ပါ။

အရိုးနုကို ဖေါက်ခြင်းဟာ အသားကိုဖေါက်ခြင်းထက် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အရိုးနုဟာ အနာကျက်နေစဉ်အတွင်းမှာ ပိုထိခိုက်လွယ်ပါတယ်။ လုံးဝပြန်ကောင်းသွားစေဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုအပ်ပါတယ်။
အနာကျက်ဖို့ ဘယ်အရာတွေ လိုအပ်လဲဆိုတာနဲ့ ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ နားဖေါက်ခြင်းဟာ အနာကျက်စေဖို့ ပုံမှန်အားဖြင့် နှစ်လကနေ သုံးလထိ ကြာမြင့်တတ်ပြီး အရိုးနုဖေါက်ခြင်းကတော့ ဆယ်လအထိ ကြာမြင့်နိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေ၊ အရည်ထွက်ခြင်းတွေ၊ နီမြန်းမှုတွေ ရပ်သွားတဲ့အချိန်မှာတော့ အနာကျက်သွားပြီ ဖြစ်ပါတယ်။
သင်တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားဖို့ လိုအပ်ပါတယ်။ အနာလုံးဝကျက်စေဖို့အတွက်ဟာ လူနာရဲ့စိတ်ပေါ်လည်း မူတည်ပါတယ်။ သင့်ကိုယ်ခန္ဓာက ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကို စွန့်ထုတ်ပေးမှာဖြစ်တာမို့ စိတ်ကို တည်ကြည်အောင်ထားသင့်ပြီး ဂရုစိုက်သင့်ပါတယ်။ တခါတလေမှာတော့ ရိုးရှင်းတဲ့အရာတွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ သန့်ရှင်းလို့အတွက် ဆပ်ပြာနဲ့ ရေကို အသုံးပြုသင့်ပြီး အရောင်ကျဖို့ ရေခဲကို အသုံးပြုသင့်ပါတယ်။ သေချာစွာ ဂရိုစိုက်မယ်ဆိုရင်တော့ အရေပြား (သို့) အရိုးနုဖေါက်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ ဖေါက်ထားတဲ့နေရာက သင့်ကို စိတ်အနှောင့်အယှက်ပေးနေတယ်ဆိုရင် မကြောက်သွားပါနဲ့။ ပြင်းထန်တဲ့ ရောင်ရမ်းမှု၊ နီမြန်းမှု၊ အပူဖြာထွက်မှု၊ အရည်ထွက်မှုတွေ တွေ့ခဲ့ရင်လည်း မကြောက်သင့်ပါဘူး။ အတော်များများဟာ ရောဂါပိုးဝင်တာမဟုတ်ပဲ အရေပြား ယားယံခြင်းဟာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခြေအနေ ပိုဆိုးလာရင် အရေးပေါ် ကုသမှု ခံယူသင့်ပါတယ်။

Credit:ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

image
1 y - Translate

ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓာတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ

လူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြသည်။

သို့သော်လည်းအမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓာကိုယ်က ပြုလုပ်သည်သာဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများ ဖြစ်ပါသည်။

(၁)မိနစ် ၂၀ အကြာ

နီကိုတင်းဓာတ်သည် ခန္ဓာကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း မြင့်တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသည်။

(၂) ၈ နာရီအကြာ

သင်ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓာတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ သင်နောက်ဆုံး ဆေးလိပ်သောက်ခဲ့ချိန်မှ ၈ နာရီခန့်ကြာမြင့်သောအခါ ခန္ဓာကိုယ်မှ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုဒ် ကိုစွန့်ထုတ်ပြီး ဖြစ်သည့်အတွက် သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏသည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။

(၃)၂၄ နာရီအကြာ

၁ရက်ခန့်ကြာပြီးသောအခါ သင်၏ အဆုတ်က သန့်ရှင်းရေး ပြုလုပ်သည့်အတွက် ချွဲနှင့် စွန့်ပစ်အပိုင်းအစများကို အပြင်သို့ရှင်းလင်း ဖယ်ထုတ်ပေးသည်။

(၄)၄၈ နာရီအကြာ

နီကိုတင်းသည် သင်၏ အနံ့ နှင့် အရသာ အာရုံခံခြင်းတို့ အပေါ်လည်း သက်ရောက်မှုရှိသည့်အတွက် ဆေးလိပ်ဖြတ်ပြီး သောအခါ နီကိုတင်းမရှိတော့သဖြင့် အာရုံခံစားမှုလည်း ပိုမိုကောင်းမွန်လာသည်။

(၅)ရက်သတ္တပတ် ၂ ပတ်မှ ၁၂ ပတ်ခန့်အကြာ

ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်သွေးလှည့်စနစ်ကို ထိခိုက်သည့်အတွက် ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ခြင်းမျိုး ကြုံရတတ်သည်။ ဆေးလိပ်ဖြတ်ပြီးသောအခါ ထိုပြဿနာ မရှိတော့သည့်အတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်သောအခါ အမောခံနိုင်လာသည်။

(၆)၃ လမှ ၉ လ အကြာ

နီကိုတင်းနှင့်ဝေးလေလေ သင့်ကျန်းမာရေးသည်လည်း ဆက်လက်တိုးတက်လေလေဖြစ်သည်။သင်၏ အဆုတ်သည် ပြန်လည်ကောင်းမွန်ရှင်သန်ရန် အချိန်ကောင်းစွာ ရပြီးသောအခါ ချောင်းဆိုးခြင်း၊လေပြွန်ကျဉ်းခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း တစ်စ တစ်စ သက်သာလာသည်။

(၇)၁ နှစ်အကြာ

သိပ္ပံပညာရှင်များက ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကို ကျဉ်းစေသော အဆီခဲများကို ဖြစ်တည်စေနိုင်ကြောင်း ယုံကြည်ကြသည်။ သွေးကြောကျဉ်းရာ မှတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ခံစားရစေနိုင်သည်။ ဆေးလိပ်ဖြတ်ပြီး ၁ နှစ်ခန့်အကြာတွင် သင့်အနေဖြင့် နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ ရပ်တန့်ပြီးဖြစ်သည်။

(၈)နီကိုတင်းဖြတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ

နီကိုတင်းသည် စွဲလန်းစေတတ်သောကြောင့် နီကိုတင်းဖြတ်လိုက်လျှင် အောက်ပါလက္ခဏာတို့ကို ခံစားရနိုင်သည်။

အစာချေစနစ်ဆိုင်ရာပြဿနာများ
အစာမကြေခြင်း၊မူးဝေပျို့တက်ခြင်း၊ဝမ်းလျှောခြင်း။
နှာခေါင်းပိတ်ခြင်း၊ချောင်းဆိုးခြင်း၊အသံဝင်ခြင်း။
ခေါင်းမူးခြင်း။
ခြေချောင်း လက်ချောင်း ထိပ်များ ထုံကျဉ်ခြင်း။
အိပ်စက်မှု ပုံစံပြောင်းလဲလာခြင်း၊အိပ်မပျော်ခြင်း။

ထိုလက္ခဏာများသည် အလွန်အခံရခက်သည် မှန်သော်လည်း သင်ဆေးလိပ်ဖြတ်ပြီးသောအခါ ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်အောင် ပြုပြင်နေကြောင်း ပြသည့်ကောင်းသော လက္ခဏာ ဖြစ်ပါသည်။ ဆေးလိပ်ဖြတ်ရန် ပျက်ကွက်ပြီး ဆေးလိပ်ပြန်သောက်ပါက ယခင်အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။ ဆေးလိပ်ဖြတ်ပြီး ထိုလက္ခဏာများသည် တစ်လခန့်အထိ ကြာတတ်သည်။ သင်ကိုယ်တိုင်အတွက် ထိုအချိန်ကို အကောင်းဆုံး ကြိုးစား ကျော်ဖြတ်သင့်သည်။ နီကိုတင်းဖြတ်ခြင်း ကာလကို ကျော်လွှားအောင်မြင်နိုင်ပါက သင့်ကျန်းမာရေး အတွက် သိသာသော တိုးတက်မှုများကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။

Credit: ရေးသားသူ Dr. Ye Pyae Hein ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

image
1 y - Translate

လေကြောင်းခရီးအကွာအဝေး မိုင်သန်း ၂၀ ကျော် သွားခဲ့သူ

၁၉၉၀ ပြည့်နှစ်မှာ တွမ်စတူကာလို့ အမည်ရတဲ့ ကားအကျိုးဆောင်တစ်ယောက်က ယူနိုက်တက်လေကြောင်းလိုင်းကနေ တစ်သက်တာလေယာဉ်စီးနင်းခွင့်ကို အမေရိကန်ဒေါ်လာ ၂၉၀၀၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီတုန်းက ကာလပေါက်ဈေး ငွေကြေးပမာဏနဲ့ဆိုရင် တော်တော်များတဲ့ပမာဏပါ။

ဒါပေမဲ့ တွမ်စတူကာက ယူနိုက်တက်လေကြောင်းလိုင်းရဲ့ ဘယ်ခရီးစဉ်မှာမဆို ပထမတန်းကနေ စီးနင်းလိုက်ပါခွင့်ရခဲ့ပြီး သူက နိုင်ငံပေါင်း ၁၀၀ ကျော်ကို သွားရောက်လည်ပတ်ခဲ့တယ်။ သူ စီးနင်းလိုက်ပါခဲ့တဲ့ ခရီးမိုင်အကွာအဝေးက မိုင်ပေါင်းသန်း ၂၀ ရှိပြီး လေကြောင်းလိုင်းသမိုင်းမှာ ခရီးမိုင်အများဆုံး စီးနင်းလိုက်ပါခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း သူ လိုက်ပါခဲ့တဲ့ ခရီးစဉ်အကွာအဝေးက လကမ္ဘာခရီးစဉ် ၆ ခေါက် သွားတာထက် ပိုများပါတယ်။ တစ်သက်တာလေယာဉ်စီးနင်းခွင့် ဝယ်ယူခဲ့ပြီးနောက်ပိုင်း တွမ်စတူကာရဲ့ လေယာဉ်ခနဲ့ ခရီးဆောင်အိတ် တင်ဆောင်ခက အမေရိကန်ဒေါ်လာ ၂.၃၇ သန်းအထိ ရှိခဲ့ပြီး တစ်သက်တာစီးနင်းခွင့်လက်မှတ်ကြောင့် အကုန်အကျ တော်တော်သက်သာခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ဘဝတစ်လျှောက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလို့ တွမ်စတူကာက ဆိုခဲ့တာပါ။

Ref: Tom Stuker

image
1 y - Translate

မိမိအား အမေဆေးခိုင်းထားတဲ့ ပန်းကန်တွေ
အမေကိုယ်တိုင်ဆေးနေတာ တွေ့ရသောအခါ

image