Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
"မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ"
ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေးအတွက် ဆီအုန်းထုတ်လုပ်မှုနှင့် ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
ကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဆီကြမ်းစက်ရုံနှင့် ဆီသန့်စက်ရုံများ တည်ထောင်လည်ပတ်ခဲ့မှု၊ လက်ရှိဆီကြမ်းစက်ရုံများ၏ စက်စွမ်းအားအခြေအနေ၊ တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းဆီကြမ်းစက်ရုံများ၏ ဆောင်ရွက်နိုင်မှု၊ ဆီအုန်းဆီကြမ်းထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရရှိလာသည့် ဆီကြမ်းမှ ဆီသန့်ထုတ်လုပ်သည့်အဆင့်ဆင့်၊ ဆီသန့် စက်ရုံများ၏ထုတ်လုပ်မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်နှင့် တင်သွင်းနေရမှု၊ အထွက်ကောင်းမျိုးသန့် Tenera ဆီအုန်းမျိုးများ တင်သွင်းစိုက်ပျိုးမှု၊ မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ခင်းများ၏ အမှန်အထွက်နှင့် ထွက်နိုင်ခြေကွာခြားမှု၊ ဆီအုန်းသီးနှံနှင့်ပတ်သက်သည့် မူဝါဒများနှင့် သုတေသနလုပ်ငန်းများကို ပညာရှင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးများနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
"အီရန်သည် ရက်ပိုင်းအတွင်း အီရတ်ပိုင်နက်အတွင်းမှ အစ္စရေးကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း Axios news က ဖော်ပြ။"
အီရန်သည် နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ လာမည့်ရက်များအတွင်း အီရတ်နယ်မြေမှ အစ္စရေးကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အစ္စရေးထောက်လှမ်းရေးက သတိပေးထားကြောင်း အမည်မသိအစ္စရေးသတင်းရင်းမြစ်နှစ်ခုကို ကိုးကား၍ Axios သတင်းဌာနက ကြာသပတေးနေ့တွင်ဖော်ပြလိုက်သည်။
"အိန္ဒိယနှင့် တရုတ်တို့ တင်းမာသော ဆက်ဆံရေးအဆုံးသတ်။"
အိန္ဒိယနှင့် တရုတ်တို့သည် ဟိမဝန္တာမြောက်ပိုင်းရှိ အငြင်းပွားနေသော နယ်နိမိတ်မှ ဝေးလံခေါင်သီသော နယ်နိမိတ်အတွင်း ၎င်းတို့၏ ရှေ့တန်းတပ်များ အများစုကို ရွှေ့ပြောင်းလိုက်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားပြီး တင်းမာသော ဆက်ဆံရေးများကို အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Ladakh ရှိ လက်ရှိထိန်းချုပ်ရေးမျဉ်းအနီးရှိ အိန္ဒိယနှင့် တရုတ်တပ်များ တပ်များပြန်လည်ဆုပ်ခွါရေးလုပ်ငန်းစဉ်သည် ပြီးပြည့်စုံလုနီးပါးဖြစ်ကြောင်း Rajnath Singh က ပြောကြားခဲ့သည်။
ဝက်ဆီဖတ်ကြော်နည်း
ဝက်သားကို အသားတွေနဲနဲလှီးဖယ် (အသားနဲ့မှ ကြိုက်ရင်မဖယ်နဲ့/ ရောင်းတန်းတွေကဖယ်ကြတယ် အသားပါလေရာ သာပါတယ်)
ပြီး အဆီသီးသန့် အနေတော်တုံးထား၊ ကြက်သွန်ဖြူနံနံပင်အမြစ် အသားမှုန့် ငရုတ်ကောင်းမှုန့်ကို ရောထောင်းပြီး၊ ဇလုံတခုထဲမှာ ဝက်ဆီဖတ်တွေရယ်၊
ခရုဆီနည်းနည်းထည့်မယ်၊ ပဲငံပြာရည်အကြည်နည်းနည်းထည့်မယ်၊ ယိုးဒယားမယ် အကြော်မှုန့်နည်းနည်းရယ်၊ အပေါ်ကထောင်းထားတာတွေရယ် အကုန်လုံးထည့်နယ်ပြီး တစ်နာရီခန့် အဆီထဲစိမ့်ဝင်သွားအောင် နှပ်ထားမယ်။
ရပြီဆို မီးအလယ်အလတ်နဲ့ ဖြည်းဖြည်းချင်းကြော်မယ်။ မီးအားများရင် တူးမယ်။ ဆီပေါက်မယ်နော်။
သကြားထည့်ချင်လည်းရတယ်နော် သကြားထည့်ရင် သူကအသားမကျက်သေးဘဲမဲသွားတတ်တာမို့ မီးမပြင်းဖိုကို့ ဂရုစိုက်ရပါမယ်။
ပါဝင်အချိုးအစား အတိအကျမရေးပေးတာက ကိုယ်ကြော်ချင်တဲ့ ဝက်သားအချိန်အဆပေါ်မူတည်ပြီး ထည့်မယ့်အဆာပလာ လက်ဆမှန်းတတ်အောင်လို့ပါ။
Tom Cat
Delete Comment
Are you sure that you want to delete this comment ?