ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၉)တွင် တိုက်ပွဲဖြစ်ပွား

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

ဒီဇင်ဘာလ (၁၂)ရက် နေ့က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၉) (၆)ဖာလုံနှင့် (၇)ဖာလုံကြားရှိ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို PDF အဖွဲ့ဝင်များမှ ဝင်တိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ (၁၂)ရက် မွန်းလွဲ (၃:၂၀) အချိန် ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၉) မိုင် (၆)ဖာလုံနှင့် (၇)ဖာလုံကြားရှိ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို PDF အဖွဲ့ဝင် အင်အား (၇၀)ခန့်မှ ဒရုန်းဖြင့် ဒရော့ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

PDF အဖွဲ့ဝင်များအနေဖြင့် တံတား၏ ပတ်ပတ်လည် မီတာ (၂၀၀)ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ (၃)နာရီ (၄၅)မိနစ်အချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းနှင့် လက်နက်၊ အဆောက်အဦးများလည်း ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage
Kyaw Kyaw Tun changed his profile picture
2 yrs

image
2 yrs - Translate

Simple Life is better

image

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၈ သန်းခွဲ ထပ်မံထုတ်ရောင်း၍ ယခုဒီဇင်ဘာလ နှစ်ပတ်အတွင်း ဒေါ်လာ ၈၁ သန်းခွဲအထိ ထုတ်ရောင်းထား

ဒီဇင်ဘာ ၁၃

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၈ သန်းခွဲ ထပ်မံထုတ်ရောင်း၍ ယခုဒီဇင်ဘာလ နှစ်ပတ်အတွင်း ‌ဒေါ်လာ ၈၁ သန်းခွဲအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၁၂ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များ အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံး အရင်းဖြင့် ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။

ယမန်နေ့တွင် ဗဟိုဘဏ်မှ ယခုထုတ်ပေးခဲ့သည့် ဒေါ်လာ ၂၈ သန်းခွဲအပြင် ထိုင်းဘတ် ၆ သိန်းကျော်ကိုလည်း ထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက်တွင်လည်း တရုတ်ယွမ် ၅ သိန်းကို ထပ်မံထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ယခုဒီဇင်ဘာလ ၂ ရက်မှ ၁၂ ရက်အထိ နှစ်ပတ်အတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေရောင်းပေးထားမှုမှာ ဒေါ်လာ ၈၁ သန်းခွဲ၊ ထိုင်းဘတ် ၃၀၈ ဒသမ ၀၆၉ သန်းနှင့် တရုတ်ယွမ် ၈ ဒသမ ၄၀၇ သန်းအထိ ရောင်းချပေးထားပြီးဖြစ်သည်။

ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၅၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၂ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၇ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
2 yrs - Translate

ငါး၊ ပုစွန် နဲ့ ပင်လယ်သတ္တဝါ ဝေါဟာရများ 🦞🐳🐙

#crd_photo

image
2 yrs - Translate

ငါး၊ ပုစွန် နဲ့ ပင်လယ်သတ္တဝါ ဝေါဟာရများ 🦞🐳🐙

#crd_photo

image
2 yrs - Translate

ငါး၊ ပုစွန် နဲ့ ပင်လယ်သတ္တဝါ ဝေါဟာရများ 🦞🐳🐙

#crd_photo

image
2 yrs - Translate

ငါး၊ ပုစွန် နဲ့ ပင်လယ်သတ္တဝါ ဝေါဟာရများ 🦞🐳🐙

#crd_photo

image
2 yrs - Translate

ငါး၊ ပုစွန် နဲ့ ပင်လယ်သတ္တဝါ ဝေါဟာရများ 🦞🐳🐙

#crd_photo

image
2 yrs - Translate

ငါး၊ ပုစွန် နဲ့ ပင်လယ်သတ္တဝါ ဝေါဟာရများ 🦞🐳🐙

#crd_photo

image
image
image
image
image