1 y - Translate

တွန်မီနေးကို ရောင်းထုတ်ခဲ့တာ မှားယွင်းဟု မန်ယူကစားသမားဟောင်း မာတစ် သုံးသပ်

မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား မက်တွန်မီနေးကို ရောင်းထုတ်ခဲ့တာ မှားယွင်းကြောင်း မန်ယူကစားသမားဟောင်း မာတစ်ကသုံးသပ်သွားပါတယ်။

ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှာ ကစားနေတဲ့ မာတစ်ဟာ မန်ယူအသင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ကစားခဲ့သူပါ။

မန်ယူအသင်းဟာ အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမား တွန်မီနေးကို အီတလီကလပ် နာပိုလီ အသင်းထံ ပေါင် ၂၅ သန်းကျော်နဲ့ ရောင်းချခဲ့တာပါ။

တွန်မီနေးကို ရောင်းချခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တွန်မီနေလို ကစားသမားတယောက်ရဲ့ နေရာဟာ အစားထိုးဖို့ခက်ခဲကြောင်း၊ တွန်မီနေးကို ခေါ်ယူခဲ့တဲ့ နာပိုလီနည်းပြ ကွန်တီက ပါးနပ်တဲ့ နည်းပြဖြစ်တယ်လို့ မာတစ်က ပြောပါတယ်။

မာတစ်ဟာ တွန်မီနေးနဲ့ ၅ နှစ်ကြာ တွဲဖက်ကစားခဲ့သူပါ။ မန်ယူအသင်းဘက်ကတော့ တွန်မီနေး နေရာအတွက် ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတီကို အစားထိုးဝယ်ယူအားဖြည့်ခဲ့ ပါတယ်။

DVB

image
1 y - Translate

"လွန်ခဲ့တဲ့ ၃ နှစ်လောက်က ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုချဲလ်ဆီးအသင်းက အဲဒီတုန်းကအသင်းနဲ့ မတူတော့ပါဘူး။

"တစ်ခါတစ်လေ ငါတို့အသင်းရှုံးရင်ရှုံးမယ် ၊ဒါကသာမန်ပါပဲ" မာရက်စကာ

image

image
1 y - Translate

အသက်ကြီးမှ အိမ်က လွတ်လပ်ခွင့်ရသောအခါ🥴😝😝
#life #funnymemes

image
1 y - Translate

အသက်ကြီးမှ အိမ်က လွတ်လပ်ခွင့်ရသောအခါ🥴😝😝
#life #funnymemes

image
1 y - Translate

အသက်ကြီးမှ အိမ်က လွတ်လပ်ခွင့်ရသောအခါ🥴😝😝
#life #funnymemes

imageimage
1 y - Translate

လစာကမနေ့ကမှထုတ်လာတာလေဟာ🥲

image
1 y - Translate

ငယ်ငယ်က ညအခါ လသာသာနဲ့
ကစားခဲ့တဲ့ အချိန်​တွေကို အရမ်းသတိရမိ...

image
1 y - Translate

" အကောင်းဆုံး ရှင်သန်နေထိုင်ပါ "
"""""""""""""""""""""""""""""""""""""""""""""""""""
✍✍✍✍✍✍✍✍✍✍✍✍✍

📚
ဘဝဆိုတာ
ရာသီဥတုဆန်တယ်။
အမြဲတမ်း သာယာမနေနိုင်သလို
အမြဲတမ်းလည်း ဆိုးရွားမနေနိုင်ပါဘူး။

📚
နေသာတဲ့အခါ ရှိမယ်။
မိုးအုံ့တဲ့အခါ ရှိမယ်။
မိုးရွာတဲ့အခါ ရှိမယ်။
အမြဲတမ်း မတည်မငြိမ်နဲ့
ပြောင်းလဲနေတယ်။

📚
ကြောက်စရာကောင်းတဲ့
မုန်တိုင်းထန် နေ့ရက်တွေ ရှိ သလို
စိတ်ချမ်းမြေ့စရာကောင်းတဲ့ ကြည်နူးစရာ
ဆောင်းဦးပေါက်
မနက်ခင်းလေးတွေလည်း ရှိတာပဲ။

📚
ကံဆိုးခြင်းဟာ
နွေ ရာ သီ ဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းမိုးရာသီဟာ
မကြာခင်ရောက်လာမှာပါ။
ဒီလိုပဲ ကံဆိုးခြင်းဟာ
မိုးရာသီဖြစ်ခဲ့မယ်ဆိုရင်
ကံကောင်းခြင်းဆောင်းရာသီဟာလည်း
မကြာခင်ရောက်လာဦးမှာပါ။

📚
အရာရာဟာ အခိုက်အတန့်တွေပါပဲ။
ရာသီအလိုက်ပွင့်နေတဲ့
ရောင်စုံပန်းကလေးတွေဟာ
ဘဝရဲ့အလှတရားတွေပဲ။
ဆင်းရဲဒုက္ခတွေကိုတွေးပြီး
အမြဲတမ်းညည်းညူနေရင်တော့
အဲဒီအလှတရားတွေကို
လက်လွတ်သွားလိမ့်မယ်။

📚
သဘာဝပန်းချီကားချပ်ကြီးကို ကြည့်ဖို့
သင့်မျက်လုံးတွေကို
သောကတွေနဲ့ ဖုံးမထားပါနဲ့။

အမြဲတမ်းစိတ်ပျက်ညည်းညူနေသူအတွက်
သူ့ဘဝတစ်လျှောက်လုံးဟာ နွေ ရာ သီ ပဲ
ခြောက်သွေ့မှုတွေနဲ့ပဲ ဘဝကို
ကုန်ဆုံးလွန်မြောက်ရလိမ့်မယ် ။

📚
ဘယ်လိုဆင်းရဲဒုက္ခတွေနဲ့ပဲ ကြုံတွေ့ရပါစေ
အပြုံးမပျက်
ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
ခံနိုင်ရည်ရှိဖို့
ကိုယ့်ကိုယ်ကို အမြဲအားပေးပါ ။

📚
သင်စိတ်ပျက်အားငယ်လာတဲ့အခါ
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။
ကြည်လင်တဲ့အခါလည်း ရှိမယ်။
မကြည်လင်တဲ့အခါလည်း ရှိမယ် ။

ဘဝဆိုတာလည်း ဒီလိုပါပဲ။
ဘာအတွက်ကြောင့်မှ
စိတ်ပျက်အားငယ်မနေပါနဲ့ ။

📚
ပန်းကလေးတွေဟာ
သူ့ရာသီရောက်ရင် ပွင့်ကြတာပဲ။
ဘာအတွက်မှ သောကမရောက်ဘူး။

ဒါ့ကြောင့် ပန်းကလေးတွေ လှကြတာ။
မုန်တိုင်းလာမှာလည်း မကြောက်ဘူး။
မိုးသည်းမှာလည်း မစိုး ရိမ် ဘူး။
နေလောင်မှာလည်း မ တွေး ကြောက်ဘူး။
အမြဲတမ်း ရဲရဲဝံ့ဝံ့နဲ့ ဖူးပွင့်ကြတယ်။

📚
ဘဝမှာ သတ္တိရှိရှိရှင်သန်ရဲဖို့ လိုတယ်။
သတ္တိမရှိရင် ဘဝက အလကားပဲ။
ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့
ပီပီသသရှင်သန်ချိန် မ ရ လိုက် ဘူး။

📚
မနေ့က ဘာဖြစ်ခဲ့လဲ ပြန်မတွေးနဲ့။
မနက်ဖြန် ဘာဖြစ်မလဲ
ကြို ပြီးလည်းမစိုးရိမ်နဲ့။
ဒီနေ့ကို အကောင်းဆုံးရှင်သန်ပါ ။

နေရတဲ့ခဏမှာ
ကိုယ့်ကိုယ်ကို ကျေနပ်ပါမှ
ရလာတဲ့ဘဝ နေသာထိုင်သာ ရှိ မှာ ပါ ။

📚
ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်နဲ့။
သူတစ်ပါးလည်း အပြစ်မပြောနဲ့။
အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားပြီး
ရှင်သန်နေထိုင်ပါ ...... ။
🖊🖊🖊🖊🖊🖊🖊🖊🖊🖊🖊🖊

အစဉ်လေးစား ချစ်ခင်နေလျှက် .....

image
1 y - Translate

အဲ့ ကြက်ကြော် ဘယ်ကရတာလဲ ပေးစမ်း ငါ့ကို🤠

image