Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သဲဖြူမဟာမြိုင်ဆရာတော်ကြီး၏အလှူတော် မေတ္တာပေါင်းကူးတံတားကို ဆရာတော်ကြီးကိုယ်တိုင်ဖွင့်လှစ်ပေးတော်မူ
သဲဖြူမဟာမြိုင်တောရ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ထနောင်းစင်ကျေးရွာအနီးရှိ စတုံချောင်းအားဖြတ်၍ မေတ္တာပေါင်းကူးတံတားကြီးအားတည်ဆောက်လှူဒါန်းပေးခဲ့သည်။
ထိုသို့ တည်ဆောက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက ဆရာတော်ကြီးကိုယ်တိုင် မကွေးတိုင်းအစိုးရအဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ တံတားကမ္ပည်းမော်ကွန်းကျောက်စာကိုလည်း စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးခဲ့သည်။
သဲဖြူမဟာမြိုင်ဆရာတော်ကြီး လှူဒါန်းတည် ဆောက်ပေးတော်မူခဲ့သည့် မေတ္တာပေါင်းကူးတံတားသည် အရှည် ၁၈၀ ပေရှိပြီး တံတားဖွင့်လှစ်နိုင်ခဲ့သဖြင့် ဗိဿနိုးမြို့ဟောင်းအနီးတစ်ဝိုက်ရှိ ထနောင်းစင်၊ သဲကန်၊ အောင်ချမ်းသာ၊ သဖန်းကုန်း၊ လင်းလယ်ကျေးရွာများတွင်နေထိုင်သူ များအနေဖြင့် တောင်တွင်းကြီးမြို့နယ်ဘက်သို့ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်သည်။
အဆိုပါ မေတ္တာပေါင်းကူးတံတားဖွင့်ပွဲ၌ "ရာ သက်ပန်"ကုမ္ပဏီမှ လာရောက်သူများအား စတုဒိသာထမင်းဟင်းများ ကျွေးမွေးလှူဒါန်းခဲ့သည်။