1 y - Translate

အစွဲအလန်းကြီးလိုက်တာ
လူတွေရယ်💔😓

image
1 y - Translate

နော်....😥

#poem

image
1 y - Translate

❛⁠ မင်းနဲ့လွဲပြီးကတည်းက
တစ်ကမ္ဘာလုံးနဲ့လွဲချော်လာခဲ့တာ

#ဂန္ဓမာ

❛⁠ တစ်ခါလွဲရင် နှစ်ပေါင်း
ဘယ်လောက်ကြာတတ်လဲ

#အောင်ချိမ့်

image
1 y - Translate

ပန်းတွေနဲ့ နှိုင်းရင် ကျွန်တော်က နေကြာ

ကျွန်တော်ချစ်ရင် ပူမှန်းသိလည်း ဖြစ််တယ်။

#ဒဿ

image
1 y - Translate

ငါ့ရဲ့ခွင့်လွှတ်မှုက အမြဲတမ်းအလကားပဲ ဒါပေမယ့် ငါ့ရဲ့ယုံကြည်မှုက မတည်ရှိတော့ဘူး

image
1 y - Translate

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။

အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။

အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...

ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...

နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။

လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....

ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။

#admin-AT

#credit_to_the_original_uploader

image
1 y - Translate

မလိုအပ်တော့ဘူးဆိုတာ တိတိကျကျသိရတဲ့နေ့

မင်းပိုစ့်အောက်က love react တွေ ပြန်ဖြုတ်ပေးမယ်။
စာတသီတတန်းကြီးပို့တာတွေ ရပ်တန့်ပေးမယ်။
ဖုန်းအခေါ်တွေ ရပ်ပေးမယ်။

မင်းအတွက်အရေးမပါတော့ဘူးဆိုတာ
တိတိကျကျသိရတဲ့နေ့..
နေရာတကားမေးမြန်ခြင်းတွေကို နှုတ်ပိတ်ပေးမယ်။
"နေကောင်းရဲ့လား" မေးခွန်းတွေ အပြီးချုပ်ငြိမ်းပေးမယ်။
"ဟိုဟာမစားနဲ့ ဒီဟာမလုပ်နဲ့" တားမြစ်ခြင်းတွေ
အလုံးစုံ ရပ်တန့်ပေးမယ်။

မင်းအတွက် အသုံးမဝင်တော့ဘူးဆိုတာ
တိတိကျကျသိရတဲ့နေ့..
အရာရာစိတ်ပူခြင်းတွေ ဖယ်ရှားပေးမယ်။
သဝန်တိုခြင်းတွေ ရုတ်သိမ်းပေးမယ်။
ပြီးတော့..

မင်းမချစ်တော့ဘူးဆိုတာ တိတိကျကျသိရပြီဆိုတဲ့နေ့
မင်းမြင်သာတဲ့အရပ်ကနေ ထွက်ခွာပေးမယ်။
နောက်ပေါ်မလာတော့ဘူးဆိုတာ ကတိပေးမယ်။
စိတ်ရော ကိုယ်ပါ
အလုံးစုံ မင်းကိုလွတ်လပ်ခွင့်ပေးခဲ့မယ်။
မင်းပျော်စေရမယ်။

တကယ်ပါ အချစ်ရယ်
မင်းပျော်စေရပါမယ်။
😊😊😊😔
#ရဲသူလွင် (အင်ပင်မြို့)
#credit

image
1 y - Translate

ကျွန်တော့်ရင်ထဲက လက်သုံးစကားကတော့
အသည်းကွဲတယ်ဆိုတာ သူမချစ်တော့တာမဟုတ်ဘူး
သူတခြားတစ်ယောက်ကို ချစ်သွားတာ......

#ဘုန်းမင်းနွေ

image
1 y - Translate

"အိမ်မှာ မနေချင်တဲ့ အချိန် သွားစရာ နေရာရှိရင် ကောင်းမှာပဲ။ """.

image
1 y - Translate

Rolling In the field...

image