2 yrs - Translate

တစ်ရက်လျှင် ဆီတန်ချိန် (၅၀) ကြိတ်ခွဲနိုင်ပြီး ထုတ်လုပ်နိုင်မည့် စံချိန်ဆီစက်ရုံကို ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ (၂၄)ရက်က ဖွင့်လှစ်လိုက်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံမှ တစ်ရက်လျှင် ဆီတန်ချိန် (၅၀) ကြိတ်ခွဲနိုင်ပြီး တစ်လလျှင် ဆီတန်ချိန် (၁၅၀၀) ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် ၊ အမှတ် (၆၂) ၊ ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့် စက်မှုဇုန်(၂)၌ Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၂၄)ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း စသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားအတွင်း စံချိန်ဆီစက်ရုံအတွင်း ထုတ်လုပ်ထားသည့် ဆီများ ပြသထားမှု၊ ဆီထုတ်လုပ်ပြီး ကုန်ကြမ်းများ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ဆီထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြကြောင်း သိရသည်။

အဆိုပါ ဖွင့်လှစ်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant)သည် မြန်မာနိုင်ငံတွင် မြေပဲနှင့် နေကြာဆီထွက်သီးနှံကို စတင်ကြိတ်ခွဲ ထုတ်လုပ်သော စက်ရုံကြီးတစ်ခုဖြစ်ကြောင်း ၎င်းအခမ်းအနားမှ သိရသည်။

အဆိုပါ စက်ရုံမှ တစ်လလျှင် ဆီတန်ချိန် (၁၅၀၀)အထိ ထုတ်လုပ်နိုင်သည့်အတွက် ပြည်ပဆီတင်သွင်းမှုကို လျော့စေပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေးတို့တွင် အထောက်အကူပြုနိုင်ကြောင်း တာဝန်ရှိသူတို့၏ ပြောဆိုချက်အရ သိရသည်။

2 yrs - Translate

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉) မိုင်အကွာတွင် တည်ရှိသည့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်စခန်းတစ်ခုလည်း ဖြစ်သည်။

ပြခန်းငယ်တွင် ဆင်တစ်ကောင်လုံး၏ အရိုးစုနှင့်အတူ ဆင်များ၏ သဘာဝ၊ အမူအကျင့်များအကြောင်း၊ ဆင်များကို မည်ကဲ့သို့ ထိန်းသိမ်းကြောင်းကိုလည်းကောင်း၊ သစ်ခုတ်သည့်နေရာတွင် ဆင်များ၏ လုပ်အားအသုံးပြုပုံကိုလည်းကောင်း စသည်ဖြင့် ဆင်များ၏ သဘာဝဖြစ်စဉ်များကို လေ့လာနိုင်ရန် ဓာတ်ပုံဗီနိုင်းများဖြင့် ရှင်းလင်းပြသထားပြီး ဆင်ကျန်းမာရေးအတွက် ဆေးကျွေးခြင်းများမှအစ ဗဟု သုတရစေရန် စီစဉ်ပြသထားကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းအတွင်း ဆင် (၉) ကောင်ရှိပြီး လာရောက်လေ့လာအပန်းဖြေသူများအတွက် ဆင်သရုပ်ပြပွဲနှင့် တောတွင်းဆင်စီးခရီးစဉ် (ခရီးတို/ ခရီးရှည်) စသည်တို့ကိုလည်း ထည့်သွင်းစီစဉ်ပေးထားကြောင်း သိရသည်။

image
2 yrs - Translate

Beach night

image
2 yrs - Translate

Mom : နင်ဘယ်နေရာ s သုံး ကျ- လို့လဲ*
Me :

image
2 yrs - Translate

“ငယ်ရွယ်သေးတဲ့သူတစ်ယောက်အတွက် အရမ်းနာကျင်ရတယ်။ ”.

image
2 yrs - Translate

လူတစ်ယောက်ကို ချစ်ရတာ
ပင်ပန်းလိုက်တာလို့ တွေးနေရင်းကနေ
အဲဒီလူတစ်ယောက် မရှိတော့ရင်လည်း
ဘဝဟာ အဓိပ္ပာယ်မဲ့ သွားနိုင်တယ်လို့
တွေးမိသွားတာမျိုးပေါ့။
မရင်းနှီး မမြှုပ်နှံ သင့်တဲ့အထဲမှာ
ချစ်ခြင်းမေတ္တာလည်း ပါတယ်။
အဆုံးအရှုံး ကြီးမားလွန်းပါတယ်။

image
2 yrs - Translate

မျှော်လင့်စရာရယ်လို့
မယ်မယ်ရရမကျန်တော့တဲ့အခါ
လူတွေ ဘာကိုဆုံးဖြတ်တတ်ကြပါသလဲ အစ်ကို.... ။

အစ်ကိုကတော့ပြောဦးတော့မယ်
တစ်ရက်ရက်ကျရင်
အသက်ဆက်ချင်တဲ့ အကြောင်းပြချက်
ရှာတွေ့သွားမှာပါလို့..... ။

တကယ်တော့
နေရာတစ်ခုခုကိုစွန့်လွှတ်ဖို့ဆိုတာဟာ
တစ်ထိုင်တည်းနဲ့တော့ လွယ်ပါ့မလား အစ်ကိုရဲ့ ..... ။

အကြိမ်ကြိမ် ဖက်တွယ်ကြည့်ပြီးမှ
အကြိမ်ကြိမ် တောင့်ခံကြည့်ပြီးမှ
အကြိမ်ကြိမ် ဆွဲထားပြီးကာမှပဲ
ဘယ်လိုမှ မတတ်နိုင်တော့တဲ့အခါ....
ဪ....
ဒါဟာ.... ငါ့အတွက်မဟုတ်ဘူးကိုး..... လို့
သဘောပေါက်ပြီး နောက်ဆုတ်ရတာမျိုးလေ.... ။

ခုတစ်လော
လက်လျှော့လိုက်ချင်တဲ့အရာတစ်ခု ရှိထားတယ်အစ်ကို
ကော်ဖီအပြင်းတွေနဲ့ ဖြေသိမ့်ကြည့်တယ်
ဆေးလိပ်အငွေ့တွေနဲ့ နေကြည့်ကြည့်တယ်
သက်ပြင်းတစ်ချချနဲ့
ဒီတစ်ဘဝတော့ တောင့်ခံကြည့်ရဦးမလားလည်းတွေးသလို
နောက်တစ်ဘဝမှပဲ အစကပြန်စရမလားလည်း တွေးကြည့်တယ်.... ။

တကယ်လို့များလေ....
တကယ်လို့များ....
အစကိုသာ ပြန်ရနိုင်ရင်
နည်းနည်းတော့နောက်ကျခဲ့ပြီဆိုပေမယ့်
ဘဝကိုသာပြန်စနိုင်ရင်.....
ဒီတစ်ခေါက်တော့
အစ်ကိုရှိမယ့်ကမ်းနဲ့
ဝေးသထက်ဝေးနိုင်အောင်ကူးမယ်
မျှော်လင့်ချက်တွေမရှိမယ့်လမ်းနဲ့
ခရီးမဆက်ဖြစ်ဖို့ ပြေးနိုင်သလောက်ဆက်ပြေးမယ်....တွေးထားတယ်။

အဲဒီအခါ
အဲဒီနေရာမှာ
အနည်းဆုံးတော့
သက်တောင့်သက်သာနဲ့ နေနိုင်သေနိုင်မလားပေါ့..... ။

#ညတာရာလင်း

image
2 yrs - Translate

အချိန်ကာလ အပိုင်းအခြားတစ်ခုကို
ဖြတ်ကျော်ခဲ့ပြီးနောက်မှာ

ကိုယ့်ကို ဖိအားပေးမယ့်အရာတွေ အလုပ်တွေဆို
ရှောင်မိလာတယ်...။
ကိုယ်စကားပြောရတာ
သက်တောင့်သက်သာ မဖြစ်တော့ဘူးဆိုရင်
ဘယ်သူ့ကိုမဆို စကားမပြောဘဲနေပစ်လိုက်ဖို့
အဆင်သင့် ဖြစ်လာတယ်...။

ဒါဟာ တချို့နေရာ တချို့လူတွေအတွက်
အတ္တဆန်တဲ့လုပ်ရပ်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်မနည်းဖန်တီးယူနေရတဲ့ အချိန်တွေမှာ ကိုယ့်ကို စိတ်ထိခိုက်စေမယ့်
အရာတွေနဲ့ ဝေးအောင်နေခြင်းနဲ့ပဲ
လူသားဆန်လိုက်ပါတယ်..

—💛🌼
#crd

image
2 yrs - Translate

Dream to have a personal library like this 。・˚ᡣ𐭩

image
2 yrs - Translate

Dream to have a personal library like this 。・˚ᡣ𐭩

image