ဓွနိ

အိန္ဒိယရသစာပေအယူအဆတွင် ဓွနိ အယူအဆဆိုသော သဘောတရားတခုရှိသည်။ ဒါကို စကားပြေအရေးအသားဘက်မှာပါ စွာသော အဘိနဝဂုပ္တ ဆိုသည့်ဆရာကြီးက ဦးဆောင်လက်ခံသည်။

စာ သို့မဟုတ် အနုပညာ၏ တန်ဖိုးမှာ ဓွနိဖြစ်သည်။ ဓွနိသည် အလင်္ကာ (တဲခနိက)၊ ရသ (စာဖတ်သူ့အကျိုးရသ)၊ ဂုဏ် (အကြောင်းအရာနှင့် တင်ပြမှုအရည်အသွေး) စသည်တို့ထက် တန်ဖိုးပိုရှိသည်။ ဓွနိ ဆိုတာကမှ အနုပညာ၏ အနုပညာမြောက်စေသောအကြောင်းတရားဟု ဓွနိဂိုဏ်းက လက်ခံသည်။

ဓွနိကို ပါဠိပြန်လျှင် ဓနိ ဖြစ်ပါသည်။ ဓွန ဓာတ်သည် သဒ္ဒေ အသံကို ညွှန်းသည်။ အနုပညာရှင်၏ အသံ၊ ဟန်၊ လေ၊ စိတ်ဇောစေတနာ စသဖြင့် အကုန်ယူရမလိုဖြစ်နေပြီး ဘာသာပြန်ရခက်သည်၊ သူတို့ ခုပြန်ကြတာက Suggestion ဟု ဖြစ်ပါသည်။ poeticness ကဗျာဓာတ်လည်း suggestive power ဟု ယူလိုက ယူနိုင်သည်။ ဘာမှန်းမသိတာကိုက အသိဖြစ်ပါသည်။

ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

ဆရာပါရဂူ ပြောသော သရော်စကား၊ ထေ့ငေါ့မှု ဘာညာသည် ဓွနိမဟုတ်ပါ။ အဓိပ္ပါယ်အကောက် လွဲပါသည်။ ဆရာဇော်ဂျီပြောသည့် စာစေတနာ ဘာညာကလည်း ပလေတိုလိုလို ဘာလိုလိုနဲ့ ဆိုရှယ်လစ်အကြိုက် မာ့က္စ်စ်ဝါဒယိမ်းနေသည်။

ဓွနိ သည် ဓွနိ ဖြစ်ပါ၏။

image
Shanzayyyy <3 changed her profile picture
1 y

image

အၑ္ဋာဓျာယီ ခေါ် ပါဏိနီကျမ်း၌

၁.၄.၂ ဝိပြတိၑေဓေ ပရံ ကာရ်္ယမ်

ဟူသော ပရိဘာသာသုတ်တသုတ် ပါရှိသည်။ ဒီသုတ်၏အဆိုကို တိုက်ရိုက်ပြန်ဆိုလျှင် ဆိုလိုရင်းက အစီအရင်အပြအညွှန် ဆန့်ကျင်ဖက်နှစ်ခု တပြိုင်နက်ဖြစ်ဖို့ကြုံလာလျှင် နောက်ကိစ္စကို ဦးစားပေးဆောင်ရွက်ပါဟု ဖြစ်ပါသည်။

အစဉ်အလာဋီကာများအတိုင်း သက္ကတရော ပါဠိမှာရော ယူဆဖွင့်ဆိုကြသည်မှာ အားကောင်းမှုတူသော ရှေ့သုတ်အဆိုကို နောက်သုတ်အစီအရင်က ဆန့်ကျင်လာလျှင် နောက်သုတ်ကို အတည်ထပ်ယူဟုဖြစ်ပါသည်။

"တုလျဗလဝိရောဓော ဝိပြတိၑေဓး၊ ယတြ ဒွေါ် ပြသင်္ဂါဝနျာရ်္ထာဝေကသ္မိန် ယုဂပတ် ပြာပ္နုတး သ တုလျဗလဝိရောဓော ဝိပြတိၑေဓး၊ တသ္မိန် ဝိပြတိၑေဓေ ပရံ ကာရ်္ယံ ဘဝတိ၊ ဥတ္သရ်္ဂါပဝါဒနိတျာနိတျာန္တရင်္ဂဗဟိရင်္ဂေၑု တုလျဗလတာ နာသ္တီတိ နာယမသျ ယောဂသျ ဝိၑယး၊ ဗလဝတဲဝ တတြ ဘဝိတဝျမ်၊ အပြဝၖတ္တော် ပရ်္ယာယေဏ ဝါ ပြဝၖတ္တော် ပြာပ္တါယာံ ဝစနမာရဘျတေ၊ အတော ဒီရ်္ဃော ယဉိ ၇.၃.၁၀၁ သုပိ စ ၇.၃.၁၀၂ ဣတျသျာဝကာၐး — ဝၖက္ၑာဘျာမ်၊ ပ္လက္ၑာဘျာမ်၊ ဗဟုဝစနေ ဈလျေတ်၇.၃.၁၀၃ ဣတျသျာဝကာၐး — ဝၖက္ၑေၑု၊ ပ္လက္ၑေၑု၊ ဣဟောဘယံ ပြာပ္နေါတိဝၖက္ၑေဘျး, ပ္လက္ၑေဘျ ဣတိ၊ ပရံ ဘဝတိ ဝိပြတိၑေဓေန။"

ဒီလိုအတိုင်းယူဆမှုကြောင့် ကွန်ပြူတာကုဒ်သွင်းစနစ်၌ ဘယ်ရုပ်က ဘယ်ရုပ်၏ ရှေ့ကိစ္စလဲ ‌နောက်ကိစ္စလဲ၊ ဘယ်သုတ်က အားပိုကောင်းသလဲ စသဖြင့် ထပ်မှတ်သားဖို့ရှိနေပြီး ဒါတွေကို သတ်မှတ်ရခက်နေခဲ့သည်။ ဒါကို Rajpopat ဆိုသော Cambridge PhD ဘွဲ့ယူကျောင်းသားက ပြင်ဆင် အနက်ယူသည်။

သူ့အယူအဆ၌

ပါဏိနိ၏ ရှေ့နောက်ကိစ္စပရိဘာသာအမှာအမိန့် သည် သုတ်အစီအရင်ကို ဆိုလိုသည်မဟုတ်၊ ရှေ့ပုဒ်ရင်းနှင့် နောက်ပုဒ်ရင်း (ဥပမာ ဓာတ်နှင့် ပစ္စည်း အတွဲအဖက်တွင်) ဆိုင်ရာသုတ်အရ နှစ်ပုဒ်စလုံးကို ဝိဓိစီရင်ရမလိုဖြစ်လာလျှင် နောက်ပုဒ် (ဓာတ်၏ နောက်ကနေရာကျသော ပစ္စည်း) ကို စီရင်ရမည်ဖြစ်ကြောင်း ယူဆပါက နေရာများစွာ အဆင်ပြေကြောင်း တွေ့ရပါသတတတ်။

ဒါနဲ့ ၂၀၂၁ ကိုဗစ်အလွန် မှာ သူ့စာတမ်းကျမ်း ဖြစ်လာသည်။ မီဒီယာထုံးစံအတိုင်း နှစ်နှစ်ထောင့်ငါးရာ ပြဿနာကြီး ခုမှ ရှင်းသွားပြီ ဘာညာ မွှန်းကြသည်။ အဆိုးဆုံးက ဘီဘီစီ ပင်။

သူတို့လုပ်မှပဲ ကာတျာယနတို့ ပတဉ္ဇလိတို့ ခု‌ခေတ်ပညာရှင်ကြီးများထဲက Cardona တို့ Joshi တို့ ဒါလေးတောင် မသိဘူးလား ဖြစ်ကုန်သဖြင့် "ပါဏိနိကို ပါဏိနိအမြင်အတိုင်း နားလည်ခြင်း" ဆိုသော ခေါင်းစဉ်များဖြင့် တုံ့ပြန်စာတမ်းများ ထပ်ပေါ်လာသည်။

အမြင်သစ်အရ ပါဏိနီကို ပရိုဂရမ္မင်းမှာ တမျိုးသုံးကြည့်ဖို့ လမ်းစဆိုသော်လည်း သာမန်မှာတော့ နည်းဟောင်းများဖြင့်ပင် အလုပ်ဖြစ်နေခဲ့ကြတာကိုလည်း မငြင်းနိုင်။ ခုထိမပေါ်သေး‌သည့် လမ်းစကိုလည်း စောင့်မျှော်ကြည့်ပြီး ရင်ခုန်သင့်ပါသည်။ ဒါက ပညာရပ်ကို ချစ်သူတိုင်း ထားအပ်သည့် စိတ်သဘောထားဖြစ်သည်။

မီဒီယာလှော်တိုင်းလည်း တကယ်မဟုတ်နိုင်သဖြင့် ပရိယာယ်စကားမှန်သမျှကို ထထ ကြေညာစရာမလိုပေ။

ရာဇပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ။ ဆိုသလို

စာပရိယာယ်၊ ငတာ့နှယ်၊ နားဝယ်မလည်ရှာ ဟု အသစ်နိယာမ် အညွှန်းခံဖြစ်လာပေလိမ့်မည်။

ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

image
image
image
1 y - Translate

ကျွေးချင်လိုက်တာ။ ပင်ပင်ပန်းပန်းချက်ထားတာလေး။

image
1 y - Translate

" ကျတော်တို့ တစ်ခုခု ဖြစ်သွားမှာကို အရမ်းကြောက်တဲ့သူ ရှိရင် ကျတော်တို့ဘာဖြစ်ဖြစ် ကြောက်စရာမလိုတော့ဘူး " တဲ့ ....

သိပ်မှန်တာပေါ့ ....

ဒါပေမယ့် ကျတော်တို့နာကျင်သွားမှာကို ကြောက်တဲ့သူ ၊ စိုးရိမ်တဲ့သူမျိုး မရှိခဲ့ကြဘူး ။ ကျတော်တို့ကသာ Over Protection ဖြစ်ပေးခဲ့ကြတာလေ ။

ချစ်ခြင်းမေတ္တာမမျှတခဲ့တဲ့ ဆက်ဆံရေးတွေချည်းပါပဲ။

#elza

image

image

image

image

image
image
image
1 y - Translate

♥️ဂျပန်ကငွေရှာလို့ပဲကောင်းတာ
ကိုယ့်အတွက်တော့ တစ်သက်လုံးနေဖို့အဆင်မပြေဘူး။
ဂျပန်မှာအလုပ်ရှိရင်ငွေဝင်ပေမယ့် ကုမ္မဏီဝန်ထမ်း
ပုံမှန်လူ၁ယောက်ရဲ့ဝင်ငွေက (လူ၂ယောက်စာ)
ရေရှည်လူတန်းစေ့နေနိုင်ဖို့ခက်ခဲတယ်။
ဇနီးရဲ့လစာက (လူ၂ယောက်စာ)စားဝတ်နေရေးပြေလည်ရုံလောက်သာရှိပြီး၊ ဝင်ငွေပိုများတဲ့အမျိုးသားရဲ့လစာကို
စုနိုင်ကာမှ တော်ရာကျမယ်။
ဘာကြောင့်ဆိုရင် အသက်ကြီးလာတဲ့အခါ
ပင်စင်ငွေလေးရယ်၊ စုထားတဲ့ငွေလေးရယ် ပေါင်းမှသာ
အဖိုးအဖွား၂ယောက် ချောင်လည်နိုင်မယ်။
♥️ဂျပန်မှာက အိုမင်းလာတဲ့အခါ
သားသမီးကမိဘကို ပြန်ထောက်ပံ့နိုင်တာ ရှားတယ်။
ကိုယ့်အသိထဲ (အသက်၆၀)ကျော်မိဘက
သားသမီးကို ခုထိ စားစရာပို့ပေး၊ နှစ်သစ်မုန့်ဖိုးပေးတာပဲကြားဖူးတယ်။
မိဘကို လစဉ်ပြန်မထောက်ပံ့ကြဘူး။ မိဘအိမ်လာလည်တဲ့အခါမှ မုန့်ဝယ်လာတာက ဂျပန်ရိုးရာဖြစ်နေပြီ။
မိဘမှာပင်စင်ငွေနဲ့ စုငွေသာမရှိရင်
စားဝတ်နေရေးအဆင်ပြေဖို့တောင် ခက်ခဲတယ်။
ဆေးရုံဆေးခန်းကုန်ကျငွေဟာ
ကျန်းမာရေးအခွန်မဆောင်ထားရင် ရိုးရိုးဖျားတာတောင် မြန်မာငွေ ၃~၄သိန်းကုန်ကျနိုင်တယ်။
အိမ်နီးနားချင်း၊ ဘေးအိမ်အသိဆိုတာမျိုးမရှိဘူး။
အထီးကျန်စွာ တိတ်တိတ်လေးသေဆုံးနေတဲ့
အဖိုးအဖွားတွေအများဆုံးရှိတဲ့နိုင်ငံထဲပါတယ်။
♥️ကြိုးစားနေသရွေ့လစာတိုးတဲ့နိုင်ငံ
တစ်နေ့၄နာရီလုပ်ရုံနဲ့တောင် နေနိုင်စားနိုင်တဲ့နိုင်ငံဆိုပေမယ့်
“လမ်းဘေးမှာအိပ်နေတဲ့အိမ်ရာမဲ့တွေက
လက်မလှုပ်ရင် ပါးစပ်မလှုပ်နိုင်ဘူး”ဆိုတဲ့
အခြေခံအချက်ကိုပြနေတယ်။
အပြင်ပန်းကျော့ရှင်းနေပေမယ့်
ဖြစ်သလိုဘဝကိုရှင်သန်ရင်း
ကြွက်တွင်းလိုအခန်းလေးထဲနေတဲ့သူတွေရှိတယ်။
ငယ်တုန်းကျောင်းသေချာတက်၊ အလုပ်ကောင်းကောင်းဝင်
စာမေးပွဲတွေဖြေ၊ လစာတိုးအောင်လုပ်
ပင်စင်ငွေသွင်း၊ အရစ်ကျအိမ်ဖိုးသွင်း၊
တက္ကသိုလ်ဝင်ကြေးအရစ်ကျသွင်း…
ဒီလိုနဲ့အသက်၆၀ လောက်မှ အကြွေးကင်း၊
စုထားတဲ့ငွေ၊ အလုပ်ကပေးတဲ့ပင်စင်ကြေးငွေ၊
အသက်၆၅နှစ်မှ နိုင်ငံကလစဉ်ပြန်ပေးတဲ့ပင်စင်ငွေနဲ့ ကျန်တဲ့ဘဝကိုဖြတ်သန်းတာက ပုံမှန်ဂျပန်တစ်ယောက်ရဲ့ဘဝပါ။
♥️ယဉ်ကျေးပေမယ့် စိမ်းကားကြတယ်။
နွေးထွေးပျူဌာပေမယ့် နေနိုင်ကြတယ်။
ဂျပန်တိုင်းတက်ကြွပျော်ရွှင်ပုံဖမ်းနေကြပေမယ့်
အတွင်းထဲမှာ ပြိုကွဲနေကြတယ်…
အဖေအမေတို့က ဂျပန်မှာအိမ်ဝယ်ဖို့လို့ပြောပေမယ့်
ဒီမှာငွေရှာဖို့သာနေတာဖြစ်ပြီး ပင်စင်ယူပြီးတဲ့နေ့
အိမ်ပြန်ဖို့သာ နေ့တိုင်းတွေးနေတာပါ။
♥️ဒါ့ကြောင့်ခုထဲက သတ်သတ်မှတ်မှတ် ငွေစုတယ်
အနာဂတ်အတွက်အစီအစဉ်တွေချတယ်။
ရင်းနှီးမြှုပ်နှံတယ်။
♥️နှစ်၄၀နီးပါး Building and factory design
အတွေ့အကြုံတွေကို Juniors တွေဆီ
လက်ဆင့်ကမ်းပေးချင်တယ်။
ကိုယ်အသက်ကြီးတဲ့အခါ အားငယ်ဝမ်းမနည်းချင်ဘူး
အခန်းကျဉ်းလေးထဲ အထီးကျန်မနေချင်ဘူး
မြန်မာစကားပဲနေ့တိုင်းကြားချင်တယ်
ဆွေမျိုးမိတ်ဆွေသိုက်သိုက်ဝန်းဝန်းနဲ့ နေချင်တယ်
ပုဂံ၊အင်းလေး၊ကျိုက်ထီးရိုး၊ချောင်းသာ၊ပြင်ဦးလွင်
မြန်မာပြည်အနှံ့ ခနခနထပ်သွားမယ်။
♥️ခနလေးပဲပြန်ချင်တာမဟုတ်ဘူး
တစ်သက်လုံးပြန်နေမှာပါ….
စာသားလေးကကိုယ့်စိတ်နဲ့ထပ်တူကျလို့ ကူးယူဖော်ပြခြင်းသာ…
မူရင်းရေးသားသူအား Crd ပါ။

image