Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရှမ်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် လမ်းများ ပြန်လည်ပျက်စီးပြန်
ရှမ်းပြည်နယ်တွင် ယမန်နေ့ ညနေပိုင်းအချိန်မှစတင်၍ ယမန်နေ့ နိုဝင်ဘာ (၇) ရက် ၊ နံနက်ပိုင်းအထိ မိုးသည်းထန်စွာအဆက် မပြတ်ရွာသွန်းနေခြင်းကြောင့် ရှမ်းတောင်နှင့် ရှမ်းမြောက်သွားလမ်းပိုင်းတွင် လမ်းများပြန်လည်ပျက်စီးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းမြောက်မှ ရှမ်းတောင်သို့ သွားရာလမ်းတစ်ခုဖြစ်သည့် ကျောက်ဂူ-နမ့်လန်လမ်းပိုင်း၊ သာစည်-ပင်ပိန်-ရဲရွာလမ်းပိုင်းတွင်ဗွက်ပြန်လည်ထကာ သွားလာရေးခက်ခဲနေကြောင်း ဆိုသည်။
"မိုးက မနေက ညနေပိုင်းလောက်ထဲက စရွာတာ အခုမနက်အထိဘဲ။ သွားနေတဲ့ကားသမားတွေကတော့ ဗွက်ပြန်ရုန်းနေတယ်လို့ ပြောတယ်။ ဒီလမ်းတွေက အရင် ခြောက်နေတာကို ပြန်ပြင်ထားတာဖုန်တောင်ထတယ်။ အခုမိုးနဲ့ဆိုတော့ ဗွက်ပြန်ပေါက်တာပေါ့။ လမ်းမှာပိတ်ဆို့တာမျိုးမရှိသေးဘူးကြားတယ် "ဟု အဆိုပါ ဒေသခံက ရှင်းပြသည်။
ထို့ကြောင့် ရှမ်းမြောက်မှ ရှမ်းတောင်သို့သွားရောက်မည့် ခရီးသွားများအကြား ရာသီဥတုအခြေ အနေအရ လမ်းကြောင်းများကို စုံစမ်း၍ သတိပြုသွားလာကြရန် အပြန်အလှန် တိုက်တွန်းထားကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင်း ယခုနှစ် ဩဂုတ်လတွင်တစ်ကြိမ်၊ စက်တင်ဘာလတွင်တစ်ကြိမ် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရှမ်းတောင်ဘက်မှ မြောက်ဘက်သို့ သွားရာလမ်းတစ်ခုဖြစ်သည့် တောင်ကြီး-ရပ်စောက်- အင်တော- ကျောက်ဂူ လမ်းပိုင်းအတွင်း ကားလမ်းမကြီးပေါ် ရေကျော်မှုဖြစ်ပေါ်ခဲ့ကာ ဒေသတွင်း ခရီးသွားယာဉ်များ ပိတ်ဆို့မှုများဖြစ် ပွားခဲ့ရသေးသည်။
အလားတူ ကျောက်ဂူ-နမ့်လန်လမ်းသည်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဗွက်ထကာ အိမ်စီးကားငယ်များ သွားလာရေးခက်ခဲခဲ့ကြရသည်။