2 နှစ်များ - ဘာသာပြန်ပါ။

တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံ၏ GDP ကို ကျဆင်းစေကြောင်း နစကဒုဥက္ကဋ္ဌပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သောအခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP လည်း ကျဆင်းစေသည်ကိုတွေ့ရှိရကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်၏ အခွန်ငွေ ရရှိမှုလည်း များစွာဆုံးရှုံးနစ်နာရကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကြောင့် ကုန်ကျစရိတ်များလည်းရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုအပိုင်းအနေဖြင့် တရားမဝင်တင်သွင်းလာသော အရည်အသွေးမမီဘဲ ဈေးသက်သာသော ကုန်ကြမ်းပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များထုတ်လုပ် သည့် ထုတ်ကုန်ပစ္စည်းများတွင် အရည်အသွေးပြည့်မီခြင်းမရှိနိုင်သဖြင့် ပြည်တွင်းသုံးစွဲသူများကို ဘေးအန္တရာယ်ဖြစ်စေယုံသာမက ပြည်ပတင်ပို့မှုပိုင်းတွင်လည်း နိုင်ငံတကာဈေးကွက်၌ နှိုင်းယှဉ်ပါကလည်း အရည်အသွေးမမီသည့် ပို့ကုန်ပစ္စည်းများကြောင့် မိမိနိုင်ငံထုတ်ကုန်ပစ္စည်းများ ဈေးကွက်ဝေစုရရှိမှု များစွာထိခိုက်နစ်နာစေနိုင်ကြောင်း ပြောဆိုသည်။

အာမခံချက်မရှိဘဲ ဈေးပေါပေါဖြင့် တင်သွင်းလာသည့် အတု၊ အပ အရည်အသွေးမမီသည့် ကုန်ကြမ်း ပစ္စည်းများကြောင့် ပြည်တွင်းထုတ်လုပ်မှုတွင်လည်း အရည်အသွေးမမီခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ နစ်နာဆုံးရှုံးနိုင်ကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေသည့် တရားမဝင်ကုန်သွယ်မှုများသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နစ်နာရုံသာမက တရားမဝင်ကုန်သွယ်မှုကြောင့် ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်စသည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက် သောအခွန်အခများစွာ ဆုံးရှုံးနစ်နာစေပြီး နိုင်ငံ၏ GDP ကိုလည်း ကျဆင်းစေသည်ကိုတွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုး အနေဖြင့် ကုန်သွယ်မှု၏ နောက်ကွယ်တွင် လာဘ်ပေးလာဘ်ယူကိစ္စရပ်များကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းရည်နှင့် ဂုဏ်သိက္ခာကျဆင်းလာခြင်း၊ စာရိတ္တနှင့်စိတ်ဓါတ်များလျော့ကျလာခြင်းတို့ကြောင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း ထိခိုက်စေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမောင်းနှင် အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင် ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေး အရေးယူရန်လိုအပ်ကြောင်း ပြောဆိုသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အစည်းအဝေး (၁၆) ကြိမ်အထိ ဆုံးဖြတ်ချက် (၅၆၀) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ (၂) နှစ်နှင့် (၁၁) လ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲ (၁၇၂၅၈) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃၇၉ ဒသမ ၂၄၇) ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#centralnewsnaypyitae

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၁၁ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၀၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၈၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၆၀ ကျပ်
ဝယ်ဈေး - ၄၃၆၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၃၀ ကျပ်
ဝယ်ဈေး - ၄၆၁၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၀ ကျပ်
ဝယ်ဈေး - ၆၀၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၁ ကျပ်
ဝယ်ဈေး - ၂၈.၈၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၉၅ ကျပ်
ဝယ်ဈေး - ၅၁.၅၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၄ ကျပ်
ဝယ်ဈေး - ၃.၀၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၄၅ ကျပ်
ဝယ်ဈေး - ၅၅၉၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၅ ကျပ်
ဝယ်ဈေး - ၂၇၉၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၇၅ ကျပ်
ဝယ်ဈေး - ၃၀၉၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၅ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

2 နှစ်များ - ဘာသာပြန်ပါ။

အစဥ်အလာမပျက်ကျွေးမွေးမည့် ကန်ကြီးစတုဒိသာပွဲ

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ရှိ ကန်တော်မင်္ဂလာကန်ပတ်လည်၌ နှစ်စဥ်အစဥ်အလာမပျက်ကျွေးမွေးလှူဒါန်းသည့် ကန်ကြီးစတုဒိသာပွဲအား လာမည့် ဒီဇင်ဘာ ၁၅ ရက်(နတ်တော်လပြည့်နေ့)နေ့လည် ၃ နာရီမှစတင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန်ကြီးစတုဒိသာပွဲအား ဇင်းကျိုက် (အ.ထ.က)ကျောင်းသူ၊ကျောင်းသားများ၊ ဇင်းကျိုက်ကျောင်းသားဟောင်းများအဖွဲ့၊ ကိုမင်းမင်းကုန်မာဆိုင်အဖွဲ့၊ ရေလည်ဘုရားဂေါပကအ ဖွဲ့တို့မှ အမာခံပါဝင်လှူဒါန်းခြင်း၊ ရပ်ကွက်များမှစုပေါင်းပါဝင်လှူဒါန်းမှုများဖြင့် ကျွေးမွေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ စတုဒိသာပွဲဖြစ်မြောက်ရေးကော်မတီနှင့်အလှူရှင်အဖွဲ့များ တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘာလိုအပ်နေလဲ မေးတဲ့သူထက်
လိုတာလေး အလိုက်သိ လုပ်ပေးတဲ့သူကို
သဘောကျတာ မမှားပါဘူး

ချစ်တယ်လို့ ပြောတဲ့သူထက်
ချစ်ပြတဲ့သူကို သဘောကျ ချစ်မိတာလဲ မမှားပါဘူး

ဂရုစိုက်ပေးပါလို့ တောင်းဆိုစရာမလိုပဲ
ဂရုစိုက်ပေးတဲ့ အရိပ်ကို ခိုလှုံတာမမှားသလို

ကြင်နာပေးပါ လို့ ပြောစရာမလိုပဲ
ကြင်နာတတ်တဲ့ နှလုံးသားလေးတစုံမှာ ပျော်ဝင် နားခိုမိတာလဲ မမှားပါဘူးနော်

လိုအပ်နေတာက. ပြောစရာမလိုပဲ ချစ်ပေးနေတဲ့သူကိုပဲ
လိုတာပါနော်

image
2 နှစ်များ - ဘာသာပြန်ပါ။

10AM AT HOME: 7AM AT HOTEL:

image
2 နှစ်များ - ဘာသာပြန်ပါ။

Trouser Style 🤍✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Trouser Style 🤍✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Trouser Style 🤍✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Trouser Style 🤍✨

image
2 နှစ်များ - ဘာသာပြန်ပါ။

Trouser Style 🤍✨

image