အိန္ဒိယက ပြည်တွင်းလုပ် ဟိုက်ပါဆိုးနစ်ဒုံးကျည် စမ်းသပ်မှုအောင်မြင်

နိုဝင်ဘာ ၁၈၊ နိုင်ငံတကာ။

အိန္ဒိယနိုင်ငံသည် ပြည်တွင်းလုပ် အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ် တာဝေးပစ်ဒုံးကျည် တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုစမ်းသပ်မှုကြောင့် အိန္ဒိယသည် ခေတ်မီနည်းပညာများကို ပိုင်ဆိုင်သည့် နိုင်ငံများထဲတွင် ပါဝင်လာခဲ့ပြီး အိန္ဒိယစစ်တပ်အတွက် အထင်ကရ အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် အသံထက် ၅ ဆကျော် မြန်ဆန်သည့် ဟိုက်ပါဆိုးနစ် အမျိုးအစားဒုံးကျည်များ ကို ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း၊ အိန္ဒိယသည်လည်း တရုတ်၊ ရုရှားနှင့် အမေရိကန်တို့နည်းတူ ဟိုက်ပါဆိုး နစ် တာဝေးပစ်ဒုံးကျည်များ ပိုင်ဆိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေသည်။

အိန္ဒိယက စမ်းသပ်ခဲ့သည့် ဒုံးကျည်ကို နိုင်ငံပိုင် ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က မိတ်ဖက် ကုမ္ပဏီများနှင့်အတူ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီတာ ၁၅၀၀ (မိုင် ၉၃၀) အကွာအဝေးအထိ ပျံသန်းနိုင်စေရန် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

"ဒုံးကျည်ပျံသန်းမှု မှတ်တမ်းအရ တိကျမှုမြင့်မားစွာနဲ့ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုဒုံးကျည်ကို Dr APJ Abdul Kalam ကျွန်းပေါ်မှ အိုဒစ်ရှာ (Odisha) ပြည်နယ် ကမ်းလွန်ရေပြင် အတွင်းသို့ နိုဝင်ဘာ ၁၆ ရက်က ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ရာဂျ်နက် ဆင်း (Rajnath Singh) က ထိုစမ်းသပ်မှုကို သမိုင်းဝင် အောင်မြင်မှုအဖြစ် X လူမှု မီဒီယာတွင် ရေးသားဖော်ပြခဲ့ပြီး အိန္ဒိယသည် ထိုကဲ့သို့ ခေတ်မီဆန်းပြားသည့် နည်းပညာများကို ပိုင်ဆိုင်သည့် နိုင်ငံအနည်းစုတွင် ပါဝင်လာပြီဖြစ်ကြောင်း ရေးသားခဲ့သည်။

Source: ရိုက်တာ

ပုံ - အိန္ဒိယဒုံးကျည် စမ်းသပ် ပစ်လွှတ်နေစဉ်

Credit - Myanmar International News

#သတင်းဟင်းလေးအိုးကြီး

image

ထိုင်းဘုရင်နှင့်မိဖုရား တရုတ်သွားမည်

နိုဝင်ဘာ ၁၈၊ နိုင်ငံတကာ။

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း (Maha Vajiralongkorn) နှင့် မိဖုရား သုသီတာ (Suthida) တို့သည် တရုတ် အစိုးရ၏ ဖိတ်ကြားချက်ဖြင့် လာမည့်နှစ်တွင် တရုတ်သို့ သွားရောက်လည်ပတ်မည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

၂ နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၅၀ ပြည့် နှစ်ပတ်လည် အထိန်းအမှတ်အဖြစ် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ပြောကြားခဲ့သည်။

ပေတုန်တန်သည် နိုဝင်ဘာ ၁၆ ရက်က ပီရူးနိုင်ငံ၊ လီမာ (Lima) မြို့တော်တွင် ပြုလုပ်သည့် ၃၁ ကြိမ်မြောက် Apec စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping)နှင့် တွေ့ဆုံချိန် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယု ဟောင်ဆပ် (Jirayu Houngsub) က ပြောကြားခဲ့သည်။

"ဘုန်းတော်ကြီးမားတဲ့ ဘုရင်ကြီးနဲ့ မိဖုရားတို့ဟာ ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး တရုတ်ကို တရားဝင် ခရီးစဉ်အနေနဲ့ သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်ဟာ ထိုင်း-တရုတ် ဆက်ဆံရေးမှာ သမိုင်းဝင်ဖြစ်စဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု ပေတုန်တန်က ပြောကြားခဲ့သည်ကို ထိုင်းနိုင်ငံပိုင် MCOT Plc ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်သမ္မတ ရှီနှင့် သမ္မတကတော်တို့သည်လည်း လာမည့်နှစ်တွင် ၂ နိုင်ငံဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၅၀ ပြည့် နှစ်ပတ်လည်အတွက် ထိုင်းသို့ လာရောက်လည်ပတ်ရန် အစိုးရက မျှော်လင့်ထားကြောင်း ပေတုန်တန်က ပြောသည်။

"တရုတ်သမ္မတနဲ့ သမ္မတကတော်ကို ကြိုဆိုဖို့ အခွင့်အရေး ရှိလာလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ နောက်နှစ်ဟာ ထိုင်းနဲ့ တရုတ်အကြား မိတ်ဖက်ဆက်ဆံရေးအတွက် ရွှေနှစ် ဖြစ်လာပါလိမ့်မယ်" ဟု ပေတုန်တန်က ပြောသည်။

ပေတုန်တန်သည် ရှီနှင့် တွေ့ဆုံချိန်တွင် Apec မူဘောင်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးများကို မြှင့်တင်ရန် ထိုင်းနိုင်ငံဘက်က အသင့်ရှိနေမှုကို အတည်ပြုပြောကြားခဲ့သည်။

ထို့ပြင် ပေတုန်တန်က ဆန်းသစ်တီထွင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို တွန်းအားပေး လုပ်ဆောင်မှုကဲ့သို့ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ချီးကျူးခဲ့သည်ဟုလည်း ဂျီရာယုက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ရှီနဲ့ ထိုင်းဘုရင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

Miss Grand India ရဲ့ ND က MGI အဖွဲ့အစည်းနှင့် ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
ကြေညာချက်မှာ MGI သည် Miss Grand India အဖွဲ့အစည်း၏ အမြင်နှင့်ရည်မှန်းချက်များမှ သွေဖည် နေသဖြင့် ဒီဆုံးဖြတ်ချက်ကို ချ-ဖြစ်ရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။
#myanmarcelechannel #myanmarcelenews #missgrandinternational #missgrandindia #အနုပညာ

image
Apu Lay shared a post  
1 y

1 y

စကားဝါ ကို အဝါရောင်ပဲ ရှိတယ်ထင်ခဲ့တာ ဒီလို ရောင်စုံ ရှိမှန်း မသိခဲ့ဘူး ခုမှ မြင်ဖူးတယ် ဘဝတူတွေလဲ အတူမြင်ဖူးရအောင် ပြန်တင်ပေးလိုက်ပါတယ်ရှင့်
Photo crd

imageimage
+5