1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု မြို့တော် ပုဂံရဲ့
သာယာလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းများ 🙏❤️


#ancient
#history
#culture
#heritage
#photocrd
#frankiestories

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု မြို့တော် ပုဂံရဲ့
သာယာလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းများ 🙏❤️


#ancient
#history
#culture
#heritage
#photocrd
#frankiestories

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု မြို့တော် ပုဂံရဲ့
သာယာလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းများ 🙏❤️


#ancient
#history
#culture
#heritage
#photocrd
#frankiestories

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု မြို့တော် ပုဂံရဲ့
သာယာလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းများ 🙏❤️


#ancient
#history
#culture
#heritage
#photocrd
#frankiestories

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု မြို့တော် ပုဂံရဲ့
သာယာလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းများ 🙏❤️


#ancient
#history
#culture
#heritage
#photocrd
#frankiestories

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု မြို့တော် ပုဂံရဲ့
သာယာလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းများ 🙏❤️


#ancient
#history
#culture
#heritage
#photocrd
#frankiestories

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု မြို့တော် ပုဂံရဲ့
သာယာလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းများ 🙏❤️


#ancient
#history
#culture
#heritage
#photocrd
#frankiestories

imageimage
+6

ယူကရိန်းကိုပစ်မထားဖို့ ဘိုင်ဒန်က ထရမ့်ကို ပြောကြားနေစဉ်အတွင်း ထရမ့်နဲ့ ပူတင် ဖုန်းလိုင်းက စကားပြောခဲ့

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁

သမ္မတဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲနိုင်အကြိုသမ္မတဒေါ်နယ်ထရမ့်ကို ယူကရိန်းကို ပစ်မထားဖို့ ပြောကြားနေ စဉ်အတွင်းမှာ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ စကားပြောဆိုခဲ့စဉ် ယူကရိန်းစစ်ပွဲအရှိန်မြင့် တက်လာအောင် မလုပ်ဖို့ ပြောကြားလိုက်ပါတယ်။

ထရမ့်နဲ့ ပူတင်ဟာ မကြာသေးခင်ရက်ပိုင်းတွေက စကားပြောခဲ့ကြသလို ထရမ့်ဟာ ယူကရိန်းသမ္မတဗလာဒီမာ ဇီလန်စကီးနဲ့လည်း နိုဝင်ဘာ ၆ ရက်နေ့က စကားပြောခဲ့ပါတယ်။

အမေရိကန်က ယူကရိန်းကို ပေးနတဲ့ စစ်ရေးနဲ့ ဘဏ္ဍာရေး အထောက်အပံ့ ပမာဏကို ထရမ့်က ဝေဖန်ခဲ့ပြီး စစ် ပွဲကို အမြန်အဆုံးသတ်ဖို့ သံန္နိဋ္ဌာန်ချထားကြောင်း ပြောပါတယ်။

ထရမ့်နဲ့ ပူတင်တို့ကြား ပြောဆိုဆက်သွယ်တာကို ၎င်းတို့အနေနဲ့ ကြိုတင်သိရှိခြင်းမရှိကြောင်း ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“သမ္မတထရမ့်နဲ့ တခြားကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကြားမှာ သီးသန့်ဖုန်းပြောဆိုဆက်သွယ်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှ မှတ်ချက်ပြုပြောကြားခြင်းမရှိပါဘူး။” လို့ ဝါရှင်တန်ပို့စ်မှာ သတင်းပါလာပြီးနောက် မေးမြန်း ရာမှာ ထရမ့်ရဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူး စတီဗင်ချောင်က ပြောပါတယ်။

ဝါရှင်တန်မှာရှိတဲ့ ရုရှားသံရုံးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ နိုဝင်ဘာလ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်း ကမ္မလာဟားရစ်ကို အနိုင်ရပြီးနောက် ရီ ပတ်ဘလီကန်ပါတီဝင် ဒေါ်နယ်ထရမ့်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ စတင်အာဏာလွှဲယူမှယာဖြစ်ပါ တယ်။

သမ္မတဘိုင်ဒန်က နောက်တက်မယ့်သမ္မတထရမ့်ကို နိုဝင်ဘာလ ၆ ရက်နေ့က ဘဲဥပုံရုံးခန်း (သမ္မတရုံးခန်း) ကို ဖိတ်ကြားခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာပါတယ်။

ဘိုင်ဒန်က အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာဆောင်ရွက်သွားမှာဖြစ်ပြီး ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်း အရေးတွေကို ထရမ့်ကို ပြောပြသွားမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူ လီဗန်က တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၀ ရက်နေ့) က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းကို ပစ်မထားသင့်ကြောင်း၊ ယူကရိ်န်းကို ပစ်ထားလိုက်ရင် ဥရောပ မှာ မတည်ငြိမ်မှုတွေ ပိုမိုဖြစ်ပွားလာမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က လာမယ့်ရက်ပေါင်း ၇၀ အတွင်းမှာ ကွန်ဂရက်လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို တင်ပြသွားမှာဖြစ်ပါတယ်။” လို့ ဆူလီဗန်က CBS သတင်းဌာနကို ပြော ပါတယ်။

အမေရိကန်အစိုးရဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှား-ယူကရိန်း စစ်ပွဲစတင်ကတည်းက ယူကရိန်းကို ဒေါ် လာ ဘီလျံပေါင်းများစွာ ထောက်ပံ့ကူညီခဲ့သလို အဲဒီထောက်ပံ့မှုတွေအတွက် ထရမ့်က အကြိမ်ကြိမ်ဝေဖန်ခဲ့ ပါတယ်။

ထရမ့်က ၎င်းသာ အဲဒီအချိန်က သမ္မတဖြစ်ခဲ့ရင် ယူကရိန်းစစ်ပွဲဖြစ်ပွားလာမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့ ၎င်းတို့ပိုင်နယ်မြေကို စွန့်လွှတ်ကောင်း စွန့်လွှတ်ရနိုင် ကြောင်း ထရမ့်က ပြောခဲ့ပေမဲ့ ဘိုင်ဒန်က အဲဒီလို တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ယူကရိန်းကလည်း ထရမ့်ရဲ့ပြော ဆိုချက်ကို ပယ်ချခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ အမြန်ဆုံးရပ်တန့်ဖို့ ထရမ့်ရဲ့အစီအစဉ် အသေးစိတ်နဲ့ပတ်သက်ပြီး ၎င်းအနေနဲ့ မသိရှိကြောင်း ဇီလန်စကီးက နိုဝင်ဘာ ၇ ရက်နေ့က ပြောပါတယ်။

Ref: Trump, Putin Speak as Biden Plans to Lobby Trump to Stick with Ukraine

#သတင်းဟင်းလေးအိုးကြီး

image

image
1 နှစ် - ဘာသာပြန်ပါ။

ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်ဟောင်းများကို အင်တာပိုလ်က ဖမ်းပေးရန် တောင်းဆိုမည်

နိုဝင်ဘာ ၁၁

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ၏ ဖြုတ်ချခံခဲ့ရသည့် အစိုးရအဖွဲ့ထဲမှ ဝရမ်း ပြေး ခေါင်းဆောင်များကို ဖမ်းဆီးရန်အတွက် အနီရောင်အဆင့် ကြေညာချက် (red notice) ထုတ်ပြန်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ကို တောင်းဆိုသွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့ကြောင်း AFP မှ ဖော်ပြခဲ့သည်။

"ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွမှုတွေအတွင်း တရားဥပဒေ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ သူတွေအနေနဲ့ ဘယ်နေရာမှာပဲ ပုန်းနေပါစေ၊ သူတို့ကို ပြန်လည်ခေါ်သွားမှာပါ။ သူတို့ကို ဖမ်းပြီး တရားစီရင်သွားမှာပါ" ဟု ကြားဖြတ်အစိုးရအဖွဲ့၏ တရားရေးအကြံပေးပုဂ္ဂိုလ် အဆစ်ဖ် နာဇရူလ် (Asif Nazrul) က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ဟာစီနာ အစိုးရအဖွဲ့ ပြိုလဲခဲ့ပြီးနောက် ဟာစီနာ၏ ဒါဇင်နှင့်ချီသည့် မဟာမိတ်များသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွင်း လူပေါင်း ၇၀၀ ကျော် သေဆုံး ခဲ့သည့် ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည်။

ပြင်သစ်နိုင်ငံ အခြေစိုက် အင်တာပိုလ်သည် အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုချက်အရ ထိုနိုင်ငံများတွင် ဖမ်းဝရမ်း ထုတ်ခံထားရသူများကို အနီရောင်အဆင့် ကြေညာချက် ထုတ်ပြန်လေ့ရှိသည်။

ဘင်္ဂလားဒေ့ရှ်တွင် အသက် ၇၇ နှစ်အရွယ်ရှိ ဟာစီနာသည် ဖမ်းဝရမ်း ထုတ်ခံထားရပြီး သူသည် ဩဂုတ် ၅ ရက် က သမ္မတနန်းတော်မှ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးကာ အိန္ဒိယတွင် ခိုလှုံနေထိုင်ခဲ့သည်။

ဟာစီနာ၏ ၁၅ နှစ်ကြာ အာဏာသက်တမ်းအတွင်း လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းမှု၊ နိုင်ငံရေးပြိုင်ဘက် များကို ဥပဒေမဲ့ သတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲခံခဲ့ရသည်။

အင်တာပိုလ်က ထုတ်ပြန်သည့် အနီရောင်အဆင့် ကြေညာချက်များသည် ဝရမ်းပြေးများနှင့်ပတ်သက်ပြီး ကမ္ဘာ တစ်ဝန်းရှိ တရားဥပဒေစိုးမိုးရေးအေဂျင်စီများအတွက် သက်ဆိုင်ရာ နိုင်ငံများက ဖမ်းဆီးရန် အလိုရှိနေသူများကို ဖမ်းဆီးရန် တပ်လှန့်နှိုးဆောင်ချက်ဖြစ်သည်။

အိန္ဒိယသည် အင်တာပိုလ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သော်လည်း အနီရောင်ကြေညာချက် ထုတ်ပြန်မည်ဆိုသည့်တိုင် အိန္ဒိယအနေဖြင့် ဟာစီနာကို ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့မည့်ကိစ္စကို အိန္ဒိယအစိုးရက ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိသည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူတစ်ဦးကို ဖမ်းဆီးမည် ဟုတ်၊ မဟုတ်ကို မိမိတို့နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများအရ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း အဖွဲ့ဝင် ၁၉၆ နိုင်ငံပါဝင်သည့် အင်တာပိုလ်က ထုတ်ပြန်ထားသည်။

Source: AFP

ပုံ - ရှိတ်ဟာစီနာကို တွေ့ရစဉ်

#centralnewsnaypyitaw

image