1 နှစ် - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(နိုဝင်ဘာ - ၁၁ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၇၄ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၄၈၀၁၈ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၉၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၅၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၉၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၅၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၂၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၁၀ ကျပ်
ဝယ်ဈေး - ၃၃၄၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၃၀ ကျပ်
ဝယ်ဈေး - ၄၇၀၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၁.၂၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၅ ကျပ်
ဝယ်ဈေး - ၉၉၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၀ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၄ ကျပ်
ဝယ်ဈေး - ၂၈.၅၉ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၉ ကျပ်
ဝယ်ဈေး - ၅၁.၉၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၄ ကျပ်
ဝယ်ဈေး - ၃.၁၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၂၅ ကျပ်
ဝယ်ဈေး - ၅၆၇၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၇၀ ကျပ်
ဝယ်ဈေး - ၂၈၉၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၃၅ ကျပ်
ဝယ်ဈေး - ၃၁၅၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၀ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၅ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

သနားလိုက်တာ

image
1 နှစ် - ဘာသာပြန်ပါ။

😂

image
1 နှစ် - ဘာသာပြန်ပါ။

စားပြီးမှဓာတ်ပုံရိုက်ဖို့မေ့သွားလို့😁😁

image
image
image
Frankie မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

စေတီမုဒ်ဦး ရှေ့ရှိ ခြင်္သေ့ရုပ် နှစ်ရုပ်

"ခြင်္သေ့ နှစ်ကောင် ခေါင်းမော့
ထောင် ထောင်တဲ့ခြင်္သေ့
ဆုတောင်းပြည့်" စာဆိုနှင့်အတူ စေတီပုထိုးနှင့် ဘုရားကျောင်းကန်များရဲ့ မုဒ်ဦးများမှာ ခြင်္သေ့ ရုပ်ဘာကြောင့်ထားရလဲ ဆိုတာကို ဓမ္မမိတ်ဆွေတို့လဲ သိချင်နေကြလိမ့်မယ်လို့ ထင်ပါတယ်။

ဇာတ်တော်မှာ ၂ မျိုးကွဲပြားနေသော်လည်း စာဖတ်သူတို့အတွက် ယခုဇာတ်တော်ရင်းကိုသာ လေ့လာမှတ်သားဖို့ မျှဝေလိုက်ရပါတယ်။

ဂေါတမမြတ်စွာဘုရားအလောင်းတော်ဟာ ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တော်မှာ ကေသရာဇာခြင်္သေ့မင်းဖြစ်ခဲ့ပါတယ်။ တနေ့တော့ အလောင်းတော်ခြင်္သေ့မင်းအစာရှာထွက်လာစဉ်တောအုပ်အလယ်မှာပဒုမုတ္တရမြတ်စွာဘုရားရှင်ဟာ နိရောဓသမ္မာပတ်ဝင်စားနေတာကို ဖူးမြင်ခဲ့ရပါတယ်။ထိုအခါ ခြင်္သေ့မင်းရဲ့ စိတ်ဇောအဟုန်မှာ ဘုရားရှင်ကို ကြည်ညို၍
ခုနှစ်ရက်ပတ်လုံးအစာရှာ မသွားတော့ပဲ ရိုသေဝတ်တွားပူဇော်နေခဲ့ပါတယ်။ပဒုမုတ္တရဘုရားရှင်က နောက်အခါငါကဲ့သို့ပင် "ဘုရားစင်စစ် ဧကန်ဖြစ်လတ္တံ့ "ဟု ဗြာဒိတ်တော်ထားခဲ့ပါတယ်။

ထိုဖြစ်ရပ်ကို မူတည်ကာ ယခုလိုအချိန်တွင် ခြင်္သေ့ရုပ်ထုကို မြန်မာပြည်ဝယ် အထိမ်းအမှတ်တစ်ခုသဖွယ် သတ်မှတ်၍
သွန်းလုပ်ကြပြီး ပန်းချီပညာဖြင့်လည်းကောင်းသစ်သား၊ကြေး၊သံ၊ဘိလပ်မြေကို ပန်းပုပညာများဖြင့် တန်ဆာဆင်ပုံဖော်နေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ရှေးကျလှတဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ သမိုင်းယဉ်ကျေးမှုကို မြတ်စွာဘုရားဟောကြားခဲ့တဲ့ လမ်းစဉ်နဲ့အတူ သိရှိနိုင်စေဖို့ ရည်ရွယ်တင်ဆက်လိုက်ရပါတယ်။

စာကြွင်း- ဂေါတမမြတ်စွာဘုရားအလောင်းတော် ခြင်္သေ့မင်းကိုအကြောင်းပြု၍ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်များက အဆင့်ဆင့် အမွေကမ်း ပူဇော်ခဲ့ကြသည်။

#ဓမ္မဒါန
#frankiestories

မိတ္ထီလာမြို့ရှိ စစ်ဘက်၊ အရပ်ဘက် အဆောက်အဦးများကို လက်လုပ်ဒရုန်း ၁၃ စီးဖြင့် တိုက်ခိုက်၊ ထိခိုက်ပျက်စီးမှု မရှိ

မိတ္ထီလာ၊ နိုဝင်ဘာ ၁၁။

ယနေ့ နံနက်အစောပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စစ်ဘက်၊ အရပ်ဘက် အဆောက်အဦးများကို ဒရုန်း ၁၃ စီးနဲ့ တိုက်ခိုက်ရာ အဆောက်အဦး၊ လူနှင့် အရာဝတ္တုများ ထိခိုက်ပျက်စီးမှု မရှိကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ပြောဆိုနိုင်သူတစ်ဦးက “လက်လုပ်ဒရုန်း ၁၃ စီးနဲ့ တိုက်တာပါ။ အရပ်ဘက်ကို ၇ စီး၊ စစ်ဘက်ကို ၈ စီး အားလုံး ၁၃ စီးပါ။ ၃ စီးက အကောင်းအတိုင်း သိမ်းဆည်းနိုင်ခဲ့တယ်။ အပျက်အစီး ဘာမှ မရှိပါဘူး။ ဒရုန်းက နေပြည်တော်ဧရိယာကို ပြီးခဲ့တဲ့ရက်က တိုက်ခိုက်ခဲ့တဲ့ ဒရုန်းနဲ့ ဆင်တူပါတယ်” လို့ ပြောဆိုသည်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နေပြည်တော်ဧလာလေဆိပ်ကို အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သော်လည်း အဆိုပါ ဒရုန်းများကို လုံခြုံရေးအဖွဲ့များက ရှင်းလင်းနိုင်ခဲ့သည်။

Photo - နေပြည်တော် ဧရိယာကို တိုက်ခိုက်ခဲ့သော အသေခံ ဒရုန်း

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ လာမည့်နှစ်ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပမည်

နေပြည်တော်၊ နိုဝင်ဘာ ၁၁

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရန် စီမံထားရှိကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ဆုများအကဲဖြတ်စိစစ်ရေး အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးရန်လိုကြောင်း၊ အဆိုပါစိစစ်ရေးအဖွဲ့တွင် အတ္တကင်းကင်း၊ ပုဂ္ဂိုလ်စွဲ ကင်းကင်းဖြင့် ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များအား တာဝန်ပေးအပ်ရန်လိုကြောင်း၊ ပြောသည်။

အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူး ချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို အစကတည်းကပင် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ရန် မပြုသင့်ကြောင်း၊ ၎င်းတို့အား အကဲဖြတ်စိစစ်ရေးအဖွဲ့ တာဝန်ပေးအပ်ပါက မလိုလားအပ် သည့် အထင်အမြင်လွဲမှားမှုများ ကြုံတွေ့ရနိုင်ကြောင်း၊ ယခုကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က တာဝန်ယူ၊ တာဝန်ခံ စိတ်ဖြင့် အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

သွားဖြစ်ခဲ့တဲ့ဆိုင်လေး။

imageimage
+5
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

မြန်မာ့ရှေးဟောင်းအမွေအနှစ်ယဉ်ကျေးမှု မြို့တော် ပုဂံရဲ့
သာယာလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းများ 🙏❤️

#ancient
#history
#culture
#heritage
#photocrd
#frankiestories

imageimage
+6