1 y - Translate

Beauty of Autumn 😍🍂

image
1 y - Translate

Beauty of Autumn 😍🍂

image
1 y - Translate

Beauty of Autumn 😍🍂

image
1 y - Translate

Beauty of Autumn 😍🍂

image
1 y - Translate

Beauty of Autumn 😍🍂

image
1 y - Translate

Beauty of Autumn 😍🍂

image
1 y - Translate

Beauty of Autumn 😍🍂

image
1 y - Translate

Beauty of Autumn 😍🍂

imageimage
+5
1 y - Translate

အိမ်ကြော်ကြာဆံကြော်နည်းလေး ပြောပြမယ်
20 မိနစ်

4 ဦးစာ

မွေးနေ့လုပ်ရင်ဖြစ်ဖြစ်၊ အလှုလုပ်ရင်ဖြစ်ဖြစ်၊ အိမ်မှာ နေရင်း မိသားစုစုံစုံညီညီနဲ့အရသာရှိရှိကြော်စားဖို့ စျေးအသက်သာဆုံးနဲ့ အာဟာရအရှိဆုံး အရာကို ညွှန်ပါဆိုတာနဲ့ ကြာဆံကြော်ပဲ ရွေးရမှာပါ။ ကြော်ရလွယ်တဲ့အပြင် အလုပ်လည်း မရှုပ်တဲ့ ကြာဆံကြော်ကောင်းကောင်းလေးတစ်အိုးကို တစ်မိသားစုလုံးစားဖို့ ဒီနည်းလေးအတိုင်း ကြော်ကြည့်ပါဦး။

ပါဝင်ပစ္စည်းများ
ဆန်ကြာဆံ ၅၀ ကျပ်သား
ကြက်သွန်ဖြူ ၄ မြွှာ (ထောင်းထားပါ)
ဂေါ်ဖီတစ်ခြမ်း (အနေတော်လှီးထားပါ)
မုန်လာဥနီ ၂ တောင့် (ခပ်ပါးပါးလှီးထားပါ)
တရုတ်နံနံ ၁၀ ပင် (လှီးထားပါ)
ကြက်သွန်မြိတ် လက်နှစ်ဆစ်ခန့် (လှီးထားပါ)
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၅ ဇွန်း
ပဲငံပြာရည်အနောက် ထမင်းစားဇွန်း ၁ ဇွန်း
သကြား ထမင်းစားဇွန်း ၁ ဇွန်း
ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ကွကျဥ ၃ လုံး
ဆီ ၁၀ ကျပ်သား
ရေ ထမင်းစားဇွန်း ၁၀ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
ပထမဆုံးဆန်ကြာဆံကို မိနစ် ၃၀ ခန့် ရေစိမ်ပြီး ကတ်ကြေးနဲ့ ကြော်ရလွယ်အောင် ပိုင်းဖြတ်ထားပါမယ်။

အိုးထဲ ဆီပူအောင်တည်ကာ ဆီပူလာရင် ကြက်ဥ ၃ လုံးခလောက်ထားတာ ထည့်မွှေကြော်ပြီး ပန်းကန်တစ်ခုထဲ ထည့်ထားပါ။

ကျန်တဲ့ ဆီထဲ ကြက်သွန်ဖြူထောင်းထားတာထည့် ဆီသတ်ပြီး ဂေါ်ဖီ၊ မုန်လာဥနီ၊ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်တို့ကို ထည့်ကြော်ပါ။

၂ မိနစ်လောက်ကြာတာနဲ့ ကြာဇံနယ်ထားတာကို ထည့်ကြော်ပြီး ၄ မိနစ်လောက်မွှေပြီး အဆုံးမှ ကြက်ဥမွှေကြော် ထပ်ထည့်မွှေပါ။

ဒီနည်းနဲ့သာ ကြော်မယ်ဆိုရင် အရသာရှိပြီး အိမ်မှာနေရင်း တစ်အိမ်သားလုံး သုံးဆောင်နိုင်မယ့် ကြာဇံကြော်ပူပူမွှေးမွှေးလေးရရှိမှာ ဖြစ်ပါတယ်

image
1 y - Translate

ဟင်း(ခရမ်သီး၊ဗူသီး၊သခွတ်ပွင့်) ခြောက်ချက်
ငြုပ်သီးစိမ်းစပ်စပ်အုပ်ဆီလည်ရည်လည်ဟင်း

အသားဟင်းနဲ့မလဲနိုင်တဲ့ထမင်းမြိန်တဲ့ဟင်းလေးတခွက်ဆိုတာအမှန်ပါ။
အမကိုယ်တိုင် ပထမဦးဆုံးချက်စားဖူးတာပါ
မကြာခဏချက်စားဖြစ်မဲ့ဟင်းတခွက်ပါ
ချက်ရတာလဲလွယ် ငွေကုန်သက်သာပြီး
နေမကောင်းလို့ ပါးစပ်ပျက်နေသူတွေထမင်းထပ်တောင်းမဲ့ဟင်းလေးပါ ချက်စားကြည့်ကြပါ ချစ်တဲ့သူတွေချက်ကျွေးကြည့်ပါ
ဟင်းတခွက် လူ၂ယောက် တနပ်စာ ပါဝင်ပစ္စည်း
၁) ခရမ်းသီးခြောက် လက်တဆုပ်
၂) ဗူးသီးခြောက် လက်ဆုပ်တဝက်
၃) သခွတ်ပွင့်ခြောက် လက်ဆုပ်တဝက်
အထက်ပါ အခြောက်တွေကို သဲတွေအမှုန်တွေကုန်စင်အောင် ရေအငြိမ်ခဏစိမ်လိုက် ရေဆေးလိုက် ၃ခါလောက်လုပ်ပြီး နောက်ဆုံးရေသန့်စိမ်ထားပါ
၄) ခရမ်းချဉ်သီး အရွယ်တော်တလုံး ၁၆ စိပ် စီပ်ထားပါ
၅) ကြက်သွန်နီတခြမ်း ခပ်ကြမ်းကြမ်းလှီးထား
၆) ကြက်သွန်ဖြူ ၂တက် ဓါးပြားရိုက်ပြီး ပြန်လှီးထား
၇) ငပိ လက်မတဆစ်လောက် ပုဇွန်ခြောက်မှုန့် ဇွန်းတကော် ငြုပ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်းတဝက် ဆီ ဟင်းစားဇွန်း ၁ဇွန်း
၈) ဆား ဆနွမ်း သင့်ရုံစီ (အရသာမှုန့်သုံးရင်လဲသင့်ရုံပေါ့ အမကတော့ ပုဇွန်ခြောက်မှုန့်ပါလို့မသုံး)
၉) ရေနွေးပူ သင့်ရုံ
၁၀) နံနံပင် ၃-၄ ပင်ကိုက်ထား ငြုပ်သီးစိမ်း ၅-၆တောင့် ခြမ်းထား လှီးထား

ဒီလိုလေးချက်
၁) အမှတ်စဉ် ၁ ကနေ ၈ အားလုံးကို ဟင်းချက်မဲ့ဒယ်အိုးထဲမှာ အကုန်ရောပြီး မီးအလည်အလတ်နဲ့ လုံးချက်ချက်
ငပိကြေ ခရမ်းချဉ်သီး ကြက်သွန်ဖြူ နီတွေနွမ်းပြီး ငပိစိမ်းနံ့ ပျောက်အောင်း ဟင်းကိုသေချာလုံးချက်
၂) ဟင်းအိုးအလုံးနာပြီးစိတ်ကြိုက်ဖြစ်ပြီဆိုတော့မှ ဟင်းခြောက်တွေနူးလောက်မဲ့ ရေနွေးပူလေးထည့်ပြီး ဆီပြန်ရေကျန် အရည်စပ်စပ်လေးမှာမီးပိတ်ချ မီးမပိတ်ခင် ငြုပ်သီးစိမ်းနဲ့ နံနံပင်အုပ်
အရမ်းစားကောင်း
ပိုစားကောင်းချင်ရင် ဒီလိုချက်စရာတွေအကုန်အသင့်ပြင်ထား မိသားစု ထမင်းပွဲမပြင်ခင် ၁၀မိနစ်လောက်မှချက် အိုးချတာနဲ့ ထမင်းပူပူနဲ့စား
အိမ်သားတွေ အိုးပြောင်ရှင်းမဲ့ဟင်းတခွက်ဆိုတာအမှန်ပါ..😋😋😋
Enjoy! ကျန်းမာကြပါစေ
နေမကောင်းသူတွေအမြန်ပျောက်ကင်းကျန်းမာကြပါစေ

#ခရမ်သီးဗူသီးသခွတ်ပွင့်ခြောက်ချက်နည်း

image