Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အရေပြားဖောက်ထွင်း အလှဆင်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ
နားဖေါက်ခြင်း (သို့) မျက်နှာမှာ ဖေါက်ထွင်းပြီး အလှဆင်ခြင်းတွေ ပိုမိုခေတ်စားလာကြပါတယ်။
ဒါပေမယ့် သူတို့ဟာ လှပသလောက် အရေပြား ဖေါက်ထွင်းမှု အပြီးမှာတော့ ဂရုစိုက်ဖို့အထူး လိုအပ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ နာကျင်မှု သက်သာစေဖို့ နဲ့ ဂရုစိုက်ရမယ့် လမ်းညွှန်မှုတွေကို ဖေါ်ပြမှာ ဖြစ်တာမို့ ကိုယ်လုပ်နေတာ ဘာတွေမှားယွင်းနေလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။
ကာကွယ်ပါ။
ကာကွယ်တဲ့ နည်းလမ်းတစ်ခုအဖြစ် အရေပြားဖေါက်မယ့်သူကို သေနတ်အစား အပ်ကိုအသုံးပြုဖို့ စေခိုင်းပါ။ သေနတ်ဟာ ဖိအားနဲ့ နားဖေါက်တာဖြစ်တာမို့ တစ်ရှူးတွေကို မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ပြီးတော့ ပလပ်စတစ် အပိုင်းတွေ ပါတဲ့ သေနတ်တစ်ခုကို ပိုးသတ်ဖို့လည်း ခက်ခဲပါတယ်။ သို့ဖြစ်၍ အပ်နဲ့ဆိုရင်တော့ ပိုးသတ်လို့လည်းရ၊ တိကျမှုကိုလည်း ပိုမို ထိန်းချုပ်နိုင်ပါတယ်။ သူဟာ ခွဲစိတ်ဓါးလိုမျိုးပဲ တိကျတဲ့ ခွဲကြောင်းရာဖြစ်ပေါ်စေပြီး တစ်ရှူးထိခိုက်မှုကိုလည်း နည်းပါးစေပါတယ်။ သေနတ်ဟာ နာကျင်မှုပိုနည်းစေတယ်ဆိုတာဟာလည်း ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။ အပ်နဲ့ မှန်ကန်စွာ ဖေါက်နိုင်မယ်ဆိုရင်လည်း နာကျင်မှုနည်းပါးပါတယ်။
သန့်ရှင်းစွာထားပါ။
အရေပြားဖေါက်ခြင်းကို ဂရုစိုက်ဖို့အတွက် ဆပ်ပြာ၊ရေ၊ ဆားရည် saline အရည်တွေနဲ့ သန့်ရှုင်းရေးလုပ်သင့်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ အရက်ပြန်ကို မသုံးသင့်ပါဘူး။ ရေဓါတ်အလွန်ခမ်းခြောက်ရင် ကွဲပြီး သွေးထွက်လာနိုင်ကာ ဖေါက်ထားတဲ့နေရာဟာ အပေါက်ကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအကြောင်းရင်းတွေအတွက် အဆီကို အခြေခံထားတဲ့ ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။ သူတို့ဟာ အနာကို သန့်ရှင်းပေးပြီး အနာကျက်နေတဲ့ တစ်ရှူးကို အဆီဖြည့်ပေးပါတယ်။ နားကပ်တွေကို စိုစွတ်နေတဲ့ အချိန်မှာသာ လှည့်ပေးနိုင်ပါတယ်။
စိတ်ရှည်ပါ။
အရိုးနုကို ဖေါက်ခြင်းဟာ အသားကိုဖေါက်ခြင်းထက် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အရိုးနုဟာ အနာကျက်နေစဉ်အတွင်းမှာ ပိုထိခိုက်လွယ်ပါတယ်။ လုံးဝပြန်ကောင်းသွားစေဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုအပ်ပါတယ်။
အနာကျက်ဖို့ ဘယ်အရာတွေ လိုအပ်လဲဆိုတာနဲ့ ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ နားဖေါက်ခြင်းဟာ အနာကျက်စေဖို့ ပုံမှန်အားဖြင့် နှစ်လကနေ သုံးလထိ ကြာမြင့်တတ်ပြီး အရိုးနုဖေါက်ခြင်းကတော့ ဆယ်လအထိ ကြာမြင့်နိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေ၊ အရည်ထွက်ခြင်းတွေ၊ နီမြန်းမှုတွေ ရပ်သွားတဲ့အချိန်မှာတော့ အနာကျက်သွားပြီ ဖြစ်ပါတယ်။
သင်တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားဖို့ လိုအပ်ပါတယ်။ အနာလုံးဝကျက်စေဖို့အတွက်ဟာ လူနာရဲ့စိတ်ပေါ်လည်း မူတည်ပါတယ်။ သင့်ကိုယ်ခန္ဓာက ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကို စွန့်ထုတ်ပေးမှာဖြစ်တာမို့ စိတ်ကို တည်ကြည်အောင်ထားသင့်ပြီး ဂရုစိုက်သင့်ပါတယ်။ တခါတလေမှာတော့ ရိုးရှင်းတဲ့အရာတွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ သန့်ရှင်းလို့အတွက် ဆပ်ပြာနဲ့ ရေကို အသုံးပြုသင့်ပြီး အရောင်ကျဖို့ ရေခဲကို အသုံးပြုသင့်ပါတယ်။ သေချာစွာ ဂရိုစိုက်မယ်ဆိုရင်တော့ အရေပြား (သို့) အရိုးနုဖေါက်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ ဖေါက်ထားတဲ့နေရာက သင့်ကို စိတ်အနှောင့်အယှက်ပေးနေတယ်ဆိုရင် မကြောက်သွားပါနဲ့။ ပြင်းထန်တဲ့ ရောင်ရမ်းမှု၊ နီမြန်းမှု၊ အပူဖြာထွက်မှု၊ အရည်ထွက်မှုတွေ တွေ့ခဲ့ရင်လည်း မကြောက်သင့်ပါဘူး။ အတော်များများဟာ ရောဂါပိုးဝင်တာမဟုတ်ပဲ အရေပြား ယားယံခြင်းဟာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခြေအနေ ပိုဆိုးလာရင် အရေးပေါ် ကုသမှု ခံယူသင့်ပါတယ်။
Credit:ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.
ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓာတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ
လူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြသည်။
သို့သော်လည်းအမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓာကိုယ်က ပြုလုပ်သည်သာဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများ ဖြစ်ပါသည်။
(၁)မိနစ် ၂၀ အကြာ
နီကိုတင်းဓာတ်သည် ခန္ဓာကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း မြင့်တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသည်။
(၂) ၈ နာရီအကြာ
သင်ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓာတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ သင်နောက်ဆုံး ဆေးလိပ်သောက်ခဲ့ချိန်မှ ၈ နာရီခန့်ကြာမြင့်သောအခါ ခန္ဓာကိုယ်မှ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုဒ် ကိုစွန့်ထုတ်ပြီး ဖြစ်သည့်အတွက် သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏသည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။
(၃)၂၄ နာရီအကြာ
၁ရက်ခန့်ကြာပြီးသောအခါ သင်၏ အဆုတ်က သန့်ရှင်းရေး ပြုလုပ်သည့်အတွက် ချွဲနှင့် စွန့်ပစ်အပိုင်းအစများကို အပြင်သို့ရှင်းလင်း ဖယ်ထုတ်ပေးသည်။
(၄)၄၈ နာရီအကြာ
နီကိုတင်းသည် သင်၏ အနံ့ နှင့် အရသာ အာရုံခံခြင်းတို့ အပေါ်လည်း သက်ရောက်မှုရှိသည့်အတွက် ဆေးလိပ်ဖြတ်ပြီး သောအခါ နီကိုတင်းမရှိတော့သဖြင့် အာရုံခံစားမှုလည်း ပိုမိုကောင်းမွန်လာသည်။
(၅)ရက်သတ္တပတ် ၂ ပတ်မှ ၁၂ ပတ်ခန့်အကြာ
ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်သွေးလှည့်စနစ်ကို ထိခိုက်သည့်အတွက် ကိုယ်လက်လှုပ်ရှားမှု မပြုနိုင်ခြင်းမျိုး ကြုံရတတ်သည်။ ဆေးလိပ်ဖြတ်ပြီးသောအခါ ထိုပြဿနာ မရှိတော့သည့်အတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်သောအခါ အမောခံနိုင်လာသည်။
(၆)၃ လမှ ၉ လ အကြာ
နီကိုတင်းနှင့်ဝေးလေလေ သင့်ကျန်းမာရေးသည်လည်း ဆက်လက်တိုးတက်လေလေဖြစ်သည်။သင်၏ အဆုတ်သည် ပြန်လည်ကောင်းမွန်ရှင်သန်ရန် အချိန်ကောင်းစွာ ရပြီးသောအခါ ချောင်းဆိုးခြင်း၊လေပြွန်ကျဉ်းခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း တစ်စ တစ်စ သက်သာလာသည်။
(၇)၁ နှစ်အကြာ
သိပ္ပံပညာရှင်များက ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကို ကျဉ်းစေသော အဆီခဲများကို ဖြစ်တည်စေနိုင်ကြောင်း ယုံကြည်ကြသည်။ သွေးကြောကျဉ်းရာ မှတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ခံစားရစေနိုင်သည်။ ဆေးလိပ်ဖြတ်ပြီး ၁ နှစ်ခန့်အကြာတွင် သင့်အနေဖြင့် နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ ရပ်တန့်ပြီးဖြစ်သည်။
(၈)နီကိုတင်းဖြတ်ခြင်း၏ ဘေးထွက်ဆိုးကျိုးများ
နီကိုတင်းသည် စွဲလန်းစေတတ်သောကြောင့် နီကိုတင်းဖြတ်လိုက်လျှင် အောက်ပါလက္ခဏာတို့ကို ခံစားရနိုင်သည်။
အစာချေစနစ်ဆိုင်ရာပြဿနာများ
အစာမကြေခြင်း၊မူးဝေပျို့တက်ခြင်း၊ဝမ်းလျှောခြင်း။
နှာခေါင်းပိတ်ခြင်း၊ချောင်းဆိုးခြင်း၊အသံဝင်ခြင်း။
ခေါင်းမူးခြင်း။
ခြေချောင်း လက်ချောင်း ထိပ်များ ထုံကျဉ်ခြင်း။
အိပ်စက်မှု ပုံစံပြောင်းလဲလာခြင်း၊အိပ်မပျော်ခြင်း။
ထိုလက္ခဏာများသည် အလွန်အခံရခက်သည် မှန်သော်လည်း သင်ဆေးလိပ်ဖြတ်ပြီးသောအခါ ခန္ဓာကိုယ်က ပြန်လည် ကောင်းမွန်အောင် ပြုပြင်နေကြောင်း ပြသည့်ကောင်းသော လက္ခဏာ ဖြစ်ပါသည်။ ဆေးလိပ်ဖြတ်ရန် ပျက်ကွက်ပြီး ဆေးလိပ်ပြန်သောက်ပါက ယခင်အခြေအနေသို့ ပြန်ရောက်သွားလိမ့်မည်။ ဆေးလိပ်ဖြတ်ပြီး ထိုလက္ခဏာများသည် တစ်လခန့်အထိ ကြာတတ်သည်။ သင်ကိုယ်တိုင်အတွက် ထိုအချိန်ကို အကောင်းဆုံး ကြိုးစား ကျော်ဖြတ်သင့်သည်။ နီကိုတင်းဖြတ်ခြင်း ကာလကို ကျော်လွှားအောင်မြင်နိုင်ပါက သင့်ကျန်းမာရေး အတွက် သိသာသော တိုးတက်မှုများကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။
Credit: ရေးသားသူ Dr. Ye Pyae Hein ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
လေကြောင်းခရီးအကွာအဝေး မိုင်သန်း ၂၀ ကျော် သွားခဲ့သူ
၁၉၉၀ ပြည့်နှစ်မှာ တွမ်စတူကာလို့ အမည်ရတဲ့ ကားအကျိုးဆောင်တစ်ယောက်က ယူနိုက်တက်လေကြောင်းလိုင်းကနေ တစ်သက်တာလေယာဉ်စီးနင်းခွင့်ကို အမေရိကန်ဒေါ်လာ ၂၉၀၀၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီတုန်းက ကာလပေါက်ဈေး ငွေကြေးပမာဏနဲ့ဆိုရင် တော်တော်များတဲ့ပမာဏပါ။
ဒါပေမဲ့ တွမ်စတူကာက ယူနိုက်တက်လေကြောင်းလိုင်းရဲ့ ဘယ်ခရီးစဉ်မှာမဆို ပထမတန်းကနေ စီးနင်းလိုက်ပါခွင့်ရခဲ့ပြီး သူက နိုင်ငံပေါင်း ၁၀၀ ကျော်ကို သွားရောက်လည်ပတ်ခဲ့တယ်။ သူ စီးနင်းလိုက်ပါခဲ့တဲ့ ခရီးမိုင်အကွာအဝေးက မိုင်ပေါင်းသန်း ၂၀ ရှိပြီး လေကြောင်းလိုင်းသမိုင်းမှာ ခရီးမိုင်အများဆုံး စီးနင်းလိုက်ပါခဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း သူ လိုက်ပါခဲ့တဲ့ ခရီးစဉ်အကွာအဝေးက လကမ္ဘာခရီးစဉ် ၆ ခေါက် သွားတာထက် ပိုများပါတယ်။ တစ်သက်တာလေယာဉ်စီးနင်းခွင့် ဝယ်ယူခဲ့ပြီးနောက်ပိုင်း တွမ်စတူကာရဲ့ လေယာဉ်ခနဲ့ ခရီးဆောင်အိတ် တင်ဆောင်ခက အမေရိကန်ဒေါ်လာ ၂.၃၇ သန်းအထိ ရှိခဲ့ပြီး တစ်သက်တာစီးနင်းခွင့်လက်မှတ်ကြောင့် အကုန်အကျ တော်တော်သက်သာခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ဘဝတစ်လျှောက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုလို့ တွမ်စတူကာက ဆိုခဲ့တာပါ။
Ref: Tom Stuker
ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
(3.Sep.24) 12:15pm
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..
အမေရိကန်ဒေါ်လာ 5500 – 5650
စင်ကာပူဒေါ်လာ 4070 – 4220
ဥရောပယူရို 5900 – 6100
ဂျပန်ယန်း 36.28 – 37.44
တောင်ကိုရီးယားဝမ် 4.03 – 4.16
အိန္ဒိယရူပီး 62.04 – 64.00
မလေးရှားရင်းဂစ် 1190 – 1250
တရုတ်ယွမ် 745 – 775
ထိုင်းဘတ် 155.76 – 160.77
ပြင်ပ ရွှေဈေးကွက်မှာတော့..
၁၆ ပဲရည် မီးလင်း
ရောင်းစျေး 7,200,000
ဝယ်စျေး 7,150,000
၁၅ ပဲရည်
ရောင်းစျေး 6,750,000
ဝယ်စျေး 6,700,000
ရွှေကုန်သည်အသင်း (YGEA) သတ်မှတ်စျေးကတော့..
၁၆ ပဲရည် မီးလင်း - 5,028,000
၁၅ ပဲရည် - 4,714,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2494 ဒေါ်လာ ဖြစ်သည်။
#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး
အာလူးချဉ်စပ်ချက်နည်း
ထမင်းမြိန်စေမဲ့သတ်သတ်လွတ်အာလူးချဉ်စပ်ဟင်းလေးကချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုနှစ်သက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
အာလူး - ၅လုံး အနေတော်
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူ -တဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငရုပ်ချဉ် - တစ်ဇွန်း စားပွဲဇွန်း
(စျေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသောငရုတ်ချဉ်)
ခရမ်းချဉ်သီး -တစ်လုံး
ကြက်သွန်မိတ်/ရှမ်းနံနံ - နှစ်ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
သံပုရာသီး - တစ်ခြမ်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ဦးစွာပထမအာလူးကိုအခွံသင်ရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ပါ။
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးအမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ်ရှမ်းနံနံတစ်လက္မအရှ ည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၂)ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ငရုပ်ချဉ်နှင့်ဂျင်းကြက်သွန်ဖြူထည့်ကြော်ပါ။အာလူးလှီးထားသည်ကိုထည့်ပါ။
(၃)အာလူးအရောင်ပြောင်းရုံကြော်မိပြီးပါကဆားနှင့့်ဟင်းခပ်မှုန့်ထည့်ပါ။
ကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။အာလူးကျက်ရုံနည်းနည်ဆီထည့်ပါ။
(၄)အာလူးကျက်ပါကသံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခရမ်းချဉ်သီးကြက်သွန်မိတ်သို့မဟုတ်ရှမ်းနံနံထည့်ပြီးသမအောင်မွေကာမီးဖိုမှချတည်ခင်းသုံးဆောင်နိုင်ပါပြီ။(အရည်စပ်စပ်ဖြင့်ချပါ။တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်
`ကလော´မှာ တစ်ယောက်ကို(၁၀၀၀၀)ကျော်လေးနဲ့တည်းခိုလို့ရမည့်နေရာလေး🍀
ဟုတ်ပါတယ်ကလောမြို့မှာရှိတဲ့ဒီနေရာလေးမှာ ပိုက်ဆံတစ်သောင်းကျော်ကျော်ရှိရုံနဲ့တည်းခိုလို့ရမယ့် ချစ်စရာဘန်ဂလိုအိမ်လေး🏡
နာမည်လေးက Sweet Garden Kalaw Bungalowလို့ခေါ်တဲ့ဒီနေရာမှာ🏡
🏡ဒီဘန်ဂလိုအိမ်လေးက တောင်ကုန်းတောင်စောင်းပေါ်မှာရှိတာဖြစ်တဲ့အတွက်ကြောင့် ဗျုးလှလှလေးတွေလည်းမြင်ရတဲ့နေရာလေးပေါ့🍀
🏡တောင်ကုန်းတောင်စောင်းပေါ်မှာဆောက်ထားတဲ့ဘန်ဂလိုလေးဆိုပေမယ့် ဘန်ဂလိုရှိတဲ့နေရာကိုရောက်ပြီဆိုတာနဲ့ Viewအလှတွေ ကြည့်ပီအမောပြေသွားစေမှာအမှန်ပါ🏡
Sweet Garden Kalaw Bungalow
ရွေးချယ်စရာဘန်ဂလိုအိမ်လေးလုံးရှိတယ်🏡
🏠ဘန်ဂလို (၁)
(5ယောက် မိသားစု ၉၀၀၀၀ကျပ်)
(၅ယောက် မိသားစုဘန်ဂလို အတွင်းမှာ အိပ်ခန်း သီးသန့်ပါတာလေးက ၁၀၀၀၀၀ကျပ်)
🏠ဘန်ဂလို (၂)
(၃)ယောက် bungalow ၇၀၀၀၀ကျပ်)
🏠ဘန်ဂလို(၃)
(၂)ယောက် အတွက် Small ဘန်ဂလို ၃၅၀၀၀ကျပ်) အားလုံးတော့ မနက်စာ မပါဝင်ပါဘူးနော်🥰
သူငယ်ချင်းတွေနဲ့လာတည်းရင်တန်တာပေါ့နော် တစ်ယောက်ကိုမှ(၁)သောင်းကျော်လေးပဲကျမှာ😍
🏠အခန်းတွင်းမှာလဲချက်ပြုတ်စားသောက်လို့ရအောင် Menykittchen လေးတွဲထည့်ပေးထားလို့ကိုယ်တိုင်ချက်ပြုတ်စားသောက်လို့လည်းရပါတယ်
🏞️တောင်ကုန်းတောင်စောင်းပေါ်မှာဆောက်လုပ်ထားသောကြောင့်အတက်အဆင်းလေးတော့နည်းနည်းရှိပါတယ်
🏠ကလောမြို့အနောက်မြို့ပတ်လမ်းညောင်ပင်သာလမ်းသွယ်ချယ်ရီလမ်း Green Valley Hotel ဘေးချင်းကလျှက်မှာပါ
Garden Kalaw Bangalow🏠