ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက ထောင်ဒဏ်ချမှတ်

နိုဝင်ဘာ ၁၉

တစ်ချိန်တုန်းက ဒီမိုကရေစီထွန်းကားပြီး ရှင်သန်တက်ကြွခဲ့တဲ့ ဟောင်ကောင်မှာ တရားရုံးချုပ်က ဒီမိုကရေစီအ ရေးတက်ကြွလှုပ်ရှားသူ ၄၅ ဦးကို နိုဝင်ဘာ ၁၉ ရက်နေ့ (အင်္ဂါနေ့) က ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချ မှတ်လိုက်တဲ့အတွက် အမေရိကန်နဲ့ တခြားနိုင်ငံအသီးသီးက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဟောင်ကောင်မြို့ကြီးမှာ အဖျက်အမှောင့်လုပ်ငန်းဆောင်ရွက်ဖို့ ကြံစည်တယ်ဆိုတဲ့စွဲချက်နဲ့ တရုတ်အစိုးရက ပြ ဋ္ဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးပြီး စွဲချက်တင်ခဲ့ရာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်အထိ ကျခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါ တယ်။

တက်ကြွလှုပ်ရှားသူအဖွဲ့ကို စည်းရုံးစုစည်းသူအဖြစ် ဥပဒေပညာရှင်ဟောင်း (ဟောင်ကောင်တက္ကသိုလ် ဥပဒေ ပါမောက္ခဟောင်း) ဘန်နီထိုင်းကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တဲ့အတွက် ဒီကနေ့အချိန်အထိ ၂၀၂၀ ပြည့်နှစ် အမျိုးသားလုံခြုံရေးဥပဒေအရ ပြစ်ဒဏ်ချမှတ်ခဲ့သူတွေထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

တရားရုံးကြားနာစစ်ဆေးမှုဟာ နိုင်ငံရေးအရ ဆောင်ရွက်နေတာဖြစ်ကြောင်း အနောက်နိုင်ငံအစိုးရတချို့က ဝေ ဖန်လိုက်ပြီး ဒီမိုကရေစီလိုလားသူတွေဟာ နိုင်ငံရေးလုပ်ငန်းတွေမှာ ဥပဒေနဲ့အညီ ငြိမ်းချမ်းစွာပါဝင် ဆောင်ရွက် ခဲ့တာဖြစ်တဲ့အတွက် ၎င်းတို့ကို ပြန်လည်လွှတ်ပေးသင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

၂၀၁၉ ခုနှစ် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွာပြီးနောက် ငြိမ်ဝပ်ပိပြားရေးအတွက် အ မျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒီမိုကရေစီလိုလားသူတွေကို ဒေသတွင်း ဥပဒေတွေနဲ့အညီ ကိုင် တွယ်ဆက်ဆံခဲ့ကြောင်း တရုတ်နဲ့ ဟောင်ကောင်အစိုးရတွေက ပြောဆိုလိုက်ပါတယ်။

စွဲချက်တွေက ဥပဒေပြုရွေးကောက်ပွဲတစ်ခုအတွက် အကောင်းဆုံးအမတ်လောင်းတွေ ရွေးချယ်ဖို့ ၂၀၂၀ ပြည့် နှစ်မှာ တရားမဝင် အကြိုရွေးကောက်ပွဲတစ်ခု စီစဉ်ခဲ့မှုနဲ့ ဆက်စပ်နေပါတယ်။

အစိုးရရှေ့နေတွေရွေးချယ်ခံရရင် အနှောင့်အယှက်ပေးဖို့ ပြင်ဆင်ဆောင်ရွက်နေခြင်းအားဖြင့် အစိုးရလုပ်ငန်း တွေ ပုံမှန်အတိုင်းမလည်ပတ်နိုင်အောင် ဟန့်တားနှောင့်ယှက်ဖို့ ကြံစည်နေတယ်ဆိုတဲ့စွဲချက်နဲ့ တက်ကြွလှုပ် ရှားသူတွေကို စွဲချက်တင်ထားတာဖြစ်ပါတယ်။

တရားရုံးမှာ ၁၁၈ ရက်ကြာ ကြားနာစစ်ဆေးပြီးနောက် သြစတေးလျနိုင်ငံသား ဂေါ်ဒွန်ငါနဲ့ တက်ကြွလှုပ်ရှားသူ အိုဝန်ချောင်အပါအဝင် ဒီမိုကရေစီလိုလားသူ ၁၄ ဦးကို မေလက အပြစ်ရှိကြောင်း သတ်မှတ်ခဲ့ပါတယ်။

ကျန် ၃၁ ဦးကလည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်ဒဏ်ချမှတ်မှုနဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်း က ပြောကြားလိုက်ပြီး လွတ်လပ်စွာပြောဆိုခွင့်၊ စုဝေးလှည့်လည်ခွင့်၊ မီဒီယာနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ချုပ်ခြယ်နေတာတွေကို ရပ်ဆိုင်းဖို့ တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်အသီးသီးကတော့ ထောင်ဒဏ် ၄ နှစ်ကနေ ၁၀ နှစ်အထိ ဖြစ်ပါတယ်။

Ref: Hong Kong Jails 45 Democracy Activists in Landmark National Security Trial

#centralnewsnaypyitaw

imageimage

မြန်မာစီးပွားရေးသမားတွေအတွက် လန်ချန်း-မဲခေါင်ဗီဇာ တရုတ်ထုတ်ပေးမည်

နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တရုတ်နိုင်ငံမှာ ခြောက်လ အထိ နေထိုင်နိုင်မဲ့ “လန်ချန်း-မဲခေါင် ဗီဇာ”ကို နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး ထုတ်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာထားပါတယ်။ တရုတ်နိုင်ငံကို အကြိမ်ကြိမ် ဝင်ရောက်နိုင်မယ့်ဗီဇာမျိုးလည်း ဖြစ်ပါတယ်။

အဲဒီဗီဇာဟာ ငါးနှစ်သက်တမ်း ရှိမှာဖြစ်ပြီး တရုတ်နိုင်ငံကို အကြိမ်များစွာ လာရောက်နိုင်တဲ့ (Multiple Entry) အမျိုးအစားဖြစ်ပါတယ်။ ဒီကနေ့ကနေစတင် လျှောက်ထားနိုင်တာဖြစ်ပါတယ်။ တရုတ်သံရုံး ထုတ်ပြန်ချက်မှာတော့ဗီဇာ လျှောက်ထားရာမှာ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေသာ လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုထားပါတယ်။ အသေးစိတ်ကိုတော့ပြောဆိုထားတာမရှိပါဘူး။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီးမှာ ဒီဗီဇာကို စတင်မိတ်ဆက်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ စစ်ခေါင်းဆောင် ဟာ တရုတ်ပြည်ဖိတ်ကြားချက်အရ လန်ချန်း မဲခေါင် အစည်းအဝေးအပြင် တခြားအစည်းအဝေးတွေပါ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီခရီးစဉ်ဟာ အောင်မြင်ခဲ့တဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ ပြောဆိုထုတ်ပြန်ထားပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချန်းက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် “လန်ချန်း-မဲခေါင် ဗီဇာ”ကို ထုတ်ပေးမယ်လို့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရှစ်ကြိမ်မြောက် အစည်းအဝေးမှာ ကြေညာခဲ့ပြီးခုလို ဗီဇာပေးလာတာဖြစ်ပါတယ်။

ဗီဇာလျှောက်ထားလိုသူတွေဟာ တရုတ်နိုင်ငံဘက်က ကုမ္ပဏီ တခုခု ဒါမှမဟုတ် အစိုးရအဖွဲ့တခုခုနဲ့ပူးတွဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ဖို့လိုအပ်ပါတယ်။ လျှောက်ထားလိုသူတွေအတွက် တရုတ်နိုင်ငံဘက်က ကုမ္ပဏီ တခုခုဒါမှမဟုတ် အစိုးရအဖွဲ့တခုခုက သီးခြား ထောက်ခံပေးရမှာဖြစ်ပြီး အဲလိုထောက်ခံချက်ရသူမှာသာလျှောက်ထားခွင့်ပြုမှာဖြစ်ပါတယ်။

တခြားကတော့ တရုတ်သံရုံးကပေးတဲ့ ၁နှစ်နေထိုင်ခွင့် စီးပွားရေးဗီဇာ လျှောက်ထားတဲ့ အခါတင်ပြရတဲ့အချက်အလက်တွေ အတိုင်းတင်ပြရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံသားတွေကို အလည်ဗီဇာ၊ ကျောင်းသားဗီဇာ၊ စီးပွားရေးဗီဇာ၊ ဂျာနယ်လစ်ဗီဇာ ၂မျိုး စတဲ့ ဗီဇာအမျိုးအစား ၁၆မျိုးပေးတာရှိပြီး အခုဗီဇာနဲ့ဆို အမျိုးအစား ၁၇ မျိုးပေးဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ တရုတ်ဘက်က မြန်မာနဲ့ စီးပွားရေးကဏ္ဍ ပိုပြီးတိုးမြင့်စေချင်တာအပြင်၊ သူတို့ နိုင်ငံဘက်ကမဖွံဖြိုးသေးတဲ့နေရာတွေမှာ စီးပွားရေးအခွင့်အလမ်းပွင့်လာစေဖို့ လုပ်ဆောင်တာဖြစ်မယ်လို့ သူကသုံးသပ်ပါတယ်။

“အထူးသဖြင့် မြန်မာနိုင်ငံနဲ့ကပ်လျက် တိုးတက်မှုနိမ့်တဲ့ တရုတ်ပြည်သူတွေအတွက် မြန်မာပြည်နဲ့စီးပွားရေးလုပ်ဖို့က သူတို့အတွက်အရေးကြီးတယ်။ ဗီဇာပေးတာ မှာတခုသတိထားဖို့က လိုအပ်ချက်နဲ့ကိုက်ညီသောဆိုတာပါတယ် ဒါကမရှင်းလင်းဘူး လန်ချန်းမဲခေါင်ဗီဇာပေးတယ်ဆိုတာက သူတို့ဘက်ကလည်းဒီလိုဗီဇာ ရချင်တာလည်းဖြစ်နိုင်တယ်။ ဆိုလိုတာက အသားလိုလို့အရိုးပေးတာ။ တဖက်ကလည်း နစကခေါင်းဆောင်သွားတဲ့အခါ စီးပွားရေးလုပ်ဖို့ပြောတဲ့အပေါ်တုံ့ပြန် တာလည်းရှိမှာပေါ့ လိုအပ်ချက်ကတော့ ဒီဘက်ကပိုလိုတယ်လေ။ တနိုင်ငံလုံးနဲ့ချီလိုတာပေါ့ ဟိုဘက်ကတော့တရုတ်နိုင်ငံတောင်ပိုင်းအတွက်ပေါ့ နယ်စပ်အပါ အဝင်စီးပွားရေးအရဆက်စပ်မှုပေါ့ ဒါလဲဖြစ်နိုင်ပါတယ်။”

“လန်ချန်း-မဲခေါင် ဗီဇာ” ဟာ မြန်မာ အပါအဝင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း တို့လည်း ပေးသွားမှာဖြစ်ပါတယ်။

📷 မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၈ ကြိမ်မြောက် ခေါင်းဆောင်များအစည်းအဝေးမှတ်တမ်းပုံ (နိုဝင်ဘာ ၆၊ ၂၀၂၄)

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

အချမ်းပြေ 😁

image
Frankie shared a post  
1 y

1 y

ဒီ plan က အကောင်းဆုံး ကြွက်သားတက်စေမယ့် နည်းစနစ်ဆိုတာ ဟုတ်ပါသလား?
သင်ရော ဘယ်လို plan နဲ့ ကစားသလဲ။

ကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ Gym ဆော့ကစားခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်တာမို့ page လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like ပေးသွားဖို့မမေ့ကြပါနဲ့ နော်။

#ironvibes

image
1 y - Translate

ဒီ plan က အကောင်းဆုံး ကြွက်သားတက်စေမယ့် နည်းစနစ်ဆိုတာ ဟုတ်ပါသလား?
သင်ရော ဘယ်လို plan နဲ့ ကစားသလဲ။

ကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ Gym ဆော့ကစားခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်တာမို့ page လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like ပေးသွားဖို့မမေ့ကြပါနဲ့ နော်။

#ironvibes

image

သန်လျင် ကုလားဝဲတံတားအဆင်းမှာ ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်

နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ်(၂)လမ်းမကြီး၊ ကုလားဝဲတံတားအဆင်းမှာ ဆီဘောက်ဆာယာဉ်တစ်စီး ဒီနေ့ နိုဝင်ဘာ ၁၉ ရက် မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ညအိပ်ရပ်နားထားတဲ့ ဆီဘောက်ဆာယာဉ် ပြန်ထွက်ဖို့အလုပ် ကားစက်နှိုးရာက ဘတ္တရီငုတ်ကနေ မီးပွင့်ပြီး အဆိုပါ မီးပွင့်ရာနေရာနဲ့ ဆီထုတ်ပေါက်ဆီယိုစိမ့်ရာ‌နေရာ နီးရာက မီးလောင်ကျွမ်းဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့တာလို့ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းက ပြောပါတယ်။

ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် လူနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ဘဲ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60 ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60 ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီးတို့ဖြင့် Level 1 အဆင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၄ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ မီးငြိမ်းခဲ့ပြီး မိနစ် ၄၀ ခန့် ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးသတ်ဦးစီး အရာရှိ ဦးဇော်မျိုးဝင်းက ” အဓိက,ကတော့ ယာဉ်မောင်းတွေပေါ်မူတည်တာပေါ့။ သယ်ဆောင်မောင်းနှင်ရတာလည်း လောင်စာဆီ ဖြစ်နေတော့ ကားစက်ပိုင်းဆိုင်ရာတွေကို ချို့ယွင်းမှုမရှိအောင် အသေးစိတ် စစ်ဆေးဖို့လိုပါတယ်။ နောက်ပြီး အရက်သေစာ သောက်စားတာတွေရောပေါ့။ ယာဉ်တိမ်းမှောက်ရာက မီးလောင်မှုဖြစ်ပွားတဲ့ ဖြစ်စဉ်တွေလည်း ကြုံရပါတယ်။ နောက်တစ်ချက်က ယာဉ်ပေါ်မှာ မီးဘေးကြိုတင်ကာကွယ်ရေးအနေနဲ့ မီးသတ်ဆေးဗူးတွေ ဆောင်ထားတာ၊ သုံးတတ်အောင် လေ့ကျင်သင်ကြားတာ ဒါမျိုးတွေလည်း လိုအပ်တယ်ပါတယ် ခင်ဗျာ့”လို့ ပြောပါတယ်။

အခုဖြစ်စဉ်မှာ ဆီဘောက်ဆာယာဉ်ကို ပေါ့ဆစွာ မောင်းနှင်မှုအတွက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ဖြစ်သူကို ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်လှစ် စစ်ဆေးအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
image
image

image
image
image
1 y - Translate

အစားကောင်းကြိုက်သူတွေအတွတ် လက်တို့လိုက်ပြီနော်။မစားရသေးရင်ခေတ်နောက်ကျမယ်နော်။

image
image
image
image
Frankie shared a post  
1 y

1 y

Straw-Hat အဖွဲ့ဝင် ပျောက်ကြီး ( ခေါ် ) Zoro ရဲ့လူသိပ်မသိတဲ့ ၁၀ခုကို AniHuber တို့အတွက်တင်ပေးလိုက်ပီနော်...
နောက်လဲအခုလိုစိတ်ဝင်စားစရာ Anime Facts လေးတွေတင်ပေးဦးမှာမလို့ Page လေးကို Like လေးလုပ်ပေးသွားဖို့မမေ့နဲ့နော်

#anihub
#admin_hidan

imageimage
+8