1 နှစ် - ဘာသာပြန်ပါ။

မီးများမီးနိုင်...
ရေများရေနိုင်...
အချစ်များတော့လဲ ဘယ်မုန်းနိုင်ပါ့မလဲ။
တိမ်တွေလိုပဲ ငေးရင်းဝေးသွားတာမျိုး.....
#စာရယ် ကဗျာ

1 နှစ် - ဘာသာပြန်ပါ။

ဝက်ပဲငပိ ချက်နည်း...😋😋😋
================

ပါဝင်ပစ္စည်း 👩‍🍳

-ဝက်သား (သုံးထပ်သား) - ၃၀သါး
-ပဲငပိ - ၁၀သါး
-ကြက်သွန်နီ - 5 လုံး
-ကြက်သွန်ဖြူ + ဂျင်း - အနည်းငယ်
-ငရုတ်သီးစိမ်း (ကုလားအော်သီး) - အနည်းငယ်

ပြင်ဆင်ပုံ 👩‍🍳

ဝက်သားကို ရေစင်အောင်ဆေးပြီး ဆားဆနွင်းနယ်ပြီးပြုတ်ထားပေးပါရှင်။ပြုတ်တဲ့အချိန် အရမ်းမနူးအိသွားဖို့သတိပြုပေးပါ...

ကြက်သွန်ဖြူဂျင်းထောင်းထားပါ။ကြက်သွန်နီကိုလေးစိပ်ထိုးထားပါရှင်။(ပဲငပိက ကုန်စုံဆိုင်တွေမှာ တရုတ်ပဲငပိလို့ မေးဝယ်လို့ရပါတယ်...

၁၀သါးမှ ၅၀၀ကျပ်ဝန်းကျင်ပါ)။ကျက်ပြီးသော ဝက်သားများကို အနေတော်တုံးထားပေးပါရှင်။

ချက်နည်း 👩‍🍳

ပထမဆုံး ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ဂျင်းကို ဆီသတ်ပါရှင်။အရောင်တင်မှုန့်၊ဆနွင်းမှုန့်မထည့်ပါဘူးနော်....
ဆီသတ်မွှေးလာလျှင် ပဲငပိထည့်ပြီး ဆီထပ်သတ်ပါ ပြီးလျှင် တုံးထားတဲ့ဝက်သားထည့်ပါ...

ဆား / ငံပြာရည် လုံးဝ မထည့်ရပါ။ အချိုမှုန့် ထည့်လို့ရပါတယ် မေကတော့ အချိုမှုန့်မသုံးလို့ သကြားထည့်ပါတယ်။

ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပေးပါရှင်။ရေခမ်းခါနီး ကြက်သွန်နီ လေးစိပ်ထိုးထားတာလေးထည့်ပါရှင် ငရုတ်သီးစိမ်းခွဲထည့်ပါရှင် ကြက်သွန်နီ နူးလာရင် ကျက်ပါပြီ 😉

စားကောင်းအဆင်ပြေကြပါစေရှင် 🤗

(ကြက်သားကိုလဲ ထိုနည်းအတိုင်းချက်ပါ)

image
1 နှစ် - ဘာသာပြန်ပါ။

ဩစတြေးလျအိုးပင်းတွင် ကာဂျီယော့စ် ပါရန်မသေချာ
--------------------
လက်ကောက်ဝတ်ဒဏ်ရာ နာကျင်နေဆဲဖြစ်တာကြောင့် ဩစတြေးလျအိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို့ မသေချာဘူးလို့ ဩစတြေးလျနိုင်ငံသား ကာဂျီယော့စ်က ပြောကြားလိုက်ပါတယ်။ ၁၈ လအတွင်း ပထမဆုံးအကြိမ် တစ်ဦးချင်း ပြိုင်ပွဲဝင်မှုအဖြစ် ဘရစ္စဘိန်း နိုင်ငံတကာပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ ကာဂျီယော့စ်ဟာ ပထမအဆင့်မှာပဲ ပြင်သစ် နိုင်ငံသား ပီရီကက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် ကာဂျီယော့စ်ဟာ ၂၀၂၂ နောက်ပိုင်း ဒူး၊ ခြေဖဝါးနဲ့ လက်ကောက်ဝတ်ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ဂရင်းစလမ်ပြိုင်ပွဲတွေနဲ့ ဝေးကွာ နေခဲ့ရတာ ဖြစ်ပါတယ်။ အခုနှစ်အစပိုင်းမှာ ကျင်းပမဲ့ ဩစတြေး လျအိုးပင်း ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် စိတ်အား ထက်သန်ခဲ့ပေမယ့် ၂၀၂၃ စက်တင်ဘာမှာ ခွဲစိတ်ကုသမှုခံယူ ခဲ့ရတဲ့ လက်ကောက်ဝတ်ဒဏ်ရာက အခုချိန်ထိ နာကျင်မှုကို ခံစားနေရဆဲဖြစ်လို့ ပြိုင်ပွဲနဲ့ လွဲချော်ရဖွယ်ရှိနေတာပါ။

ပထမအဆင့်ပွဲစဉ်အပြီးမှာ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပေမဲ့ နောက်ပိုင်းမှာ ဒဏ်ရာကနေ နာကျင်မှုကို ခံစားလာရပါတယ်လို့ ကာဂျီယော့စ်က ပြောသွားခဲ့ပါတယ်။ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁၂ ရက်မှာ စတင် ကျင်းပမှာဖြစ်ပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

💙💚💛🧡

image
1 နှစ် - ဘာသာပြန်ပါ။

💙💚💛🧡

image
1 နှစ် - ဘာသာပြန်ပါ။

💙💚💛🧡

image
1 နှစ် - ဘာသာပြန်ပါ။

💙💚💛🧡

image
1 နှစ် - ဘာသာပြန်ပါ။

💙💚💛🧡

image
1 နှစ် - ဘာသာပြန်ပါ။

💙💚💛🧡

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

ကမ္ဘောဒီးယား၌ ပလတ်စတစ်ကင်းစင်လမ်း လှုပ်ရှားမှုစတင်

ဖနောင်ပင်၊ဇန်နဝါရီ ၂

ကမ္ဘောဒီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံတွင်းရှိလမ်းများ၌ အမှိုက်များနှင့် ပလတ်စတစ်အမှိုက်များကင်းစင်စေရန်အတွက် "ပလပ်စတစ်အမှိုက်ကင်းစင်သောလမ်းများ" လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ကစတင်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံလမ်းများ၏ သန့်ရှင်းမှုနှင့်ဆွဲဆောင်မှုတို့ကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကပြောကြားခဲ့သည်။

"ဒီလှုပ်ရှားမှုက နိုင်ငံရှိလမ်းမကြီးတလျှောက်အပြင် မြို့ကြီးတွေရဲ့အလှအပတန်ဖိုးကိုပါ မြှင့်တင်ပေးမှာဖြစ်ပြီး ပိုမိုလှပသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကိုလည်း အထောက်အကူဖြစ်စေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုမျှမက လေကောင်းလေသန့်ရရှိမှုကိုမြှင့်တင်ပေးခြင်း၊ စည်းစနစ်ကျနမှု ကို ပိုမိုအားကောင်းလာစေခြင်းနှင့် ကမ္ဘောဒီးယားသို့ ခရီးသွားများနှင့်ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ပေးပြီး နိုင်ငံသားများအတွက်လည်း ပိုမိုသက်သောင့်သက်သာနေထိုင်နိုင်သည့် နေရာများကို ဖန်တီးပေးခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၌ ယခု လှုပ်ရှားမှုကို ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းကစတင်ခဲ့ခြင်းဖြစ်ပြီး ရလဒ်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပလပ်စတစ်တင်သွင်းမှု သည် ၈၀ ရာခိုင်နှုန်းအထိကျဆင်းသွားပြီး ပြည်နယ် ၁၁ ခုရှိ လမ်းများတွင်လည်း ပလပ်စတစ်အမှိုက်များသည် သိသိသာသာလျော့ကျသွားသည်ဟုလည်းသိရသည်။