Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
8 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,450
USD Sell - MMK 4,520
EUR Buy - MMK 4,605
EUR Sell - MMK 4,700
SGD Buy - MMK 3,245
SGD Sell - MMK 3,305
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 28.01
JPY Sell - MMK 28.56
MYR Buy - MMK 982
MYR Sell - MMK 1001
CNY Buy - MMK 605
CNY Sell - MMK 617
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,960,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,330,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
🎈ကြက်ဥ၊ ကိုင်းခရမ်းချဉ်သီးငါးပိချက် 🥰😋😍
🌟လွယ်ကူပြီးစားလို့ကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။
🌟 ကြက်ဥကို ပြုတ်ထားပါ။ ခရမ်းချဉ်သီးရေဆေးပြီး လေးစိတ်စိတ် ထားပါ။ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်ဖြူ၊ နီ ပါးပါးလှီးထားပါ။
🌟 ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာရင် ဆနွင်းထည့်ပါ။ ကြက်သွန်ဖြူ၊နီ လှီးထားတာထည့်ပါ။ ကြက်သွန်နွမ်းရင် အရောင်တင်မှုန့်ထည့်ပါ။
🌟 ထို့နောက် ခရမ်းချဉ်သီးထည့်ဆီသတ်ပါ။ ခရမ်းချဉ်သီးအစိမ်းနံ့ပျောက်အောင် ကျွန်တော်ကတော့ ဆီသေချာသတ်ပါတယ်။
🌟 ဆီသတ်ပြီးရင် ငရုတ်သီးခွဲခြမ်းထည့်ပြီး ငရုတ်သီးခွဲခြမ်းကျက်အောင် ခဏမွှေပါ။ ထို့နောက် ဆား၊ ရေညှိမှုန့်ထည့်ပါ။ ပြီး မျှင်ငါးပိအနည်းငယ်ထည့်ပြီး မျှင်ငါးပိလည်းအနံ့ပျောက်အောင် ဆီသတ်ပါမယ်။
🌟 နည်းနည်းကြာလျှင် ကြက်ဥထည့်ပြီး ကြက်ဥထဲအရသာဝင်အောင်မွှေပြီးမှ ရေအနည်းငယ်ထည့်ပါ။ ရေခမ်းလျှင်ငရုတ်သီးစိမ်းထည့်ပါ။ ငရုတ်သီးနွမ်းရင် နံနံပင်အုပ်ပါ။
🌟 ပေါ့ရင် ဆားအနည်းငယ်ထည့်ပါ။ရေနည်းနည်းချင်းထည့်ပြီး ရေခမ်းလို့ ခရမ်းချဉ်သီးမကြေရင် ရေထပ်ထည့်ပြီး ခရမ်းချဉ်သီးကြေအောင်အထိထားပြီး ချက်ပါ။
🌟 ရေခမ်းလာပြီး ရေအနည်းငယ်ကျန်လျှင် အရသာလည်းအနေတော်ဖြစ်လျှင် မီးပိတ်လိုက်ပါ။ အရမ်းကိုစားကောင်းတဲ့ ကြက်ဥ ကိုင်းခရမ်းချဉ်သီးငါးပိချက်ဟင်းတစ်ခွက်ရပါပြီခင်ဗျာ။
မန်ယူနိုက်တက်မှထွက်ခွာရန် ရွေးချယ်ထားသော ရက်ရှ်ဖို့ဒ်၏ဆုံးဖြတ်ချက် နောက်ကွယ်ကအကြောင်းရင်းမှန် ထွက်ပေါ်လာ
မန်ချက်စတာယူနိုက်တက် မန်နေဂျာ ရူဘင်အာမိုရင်က တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ကို ၎င်း၏ကစားသမားစာရင်းမှ ထုတ်ပယ်ထားသည့် အကြောင်းရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
ရက်ရှ်ဖို့ဒ်သည် အဲဗာတန်နှင့်ပွဲတွင် သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ထိုပွဲပြီးကတည်းက ပွဲထွက်ကစားခွင့် နေရာကို ဆုံးရှုးခဲ့ရခြင်းဖြစ်ကာ ပွဲအချိုတွင် လူစားလဲကစားသမားအဖြစ်သာ အခွင့်အရေးရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ၌ ရူဘင်အာမိုရင်က အင်္ဂလန်တိုက်စစ်မှူးကို ပစ်ပယ်ရသည့် အကြောင်းရင်းမှာ စည်းကမ်းပိုင်းဆိုင်ရာနှင့်ပတ်သက်ကြောင်း သတင်းများက အခိုင်အမာဖော်ပြခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် ရူဘင်အာမိုရင်သည် မန်ယူနိုက်တက်ကစားသမားများကို ပွဲစဉ်များနှင့် နီးကပ်သောကာလများတွင် ဘားများသိုသွားရောက်ခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်သော်လည်း တိုက်စစ်မှူးရက်ရှ်ဖို့ဒ်မှာ ဒီဇင်ဘာ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ရသည့် အဲဗာတန်ကို အနိုင်ရရှိခဲ့ပွဲစဉ်မတိုင်မီ နိုဝင်ဘာ ၂၉ ရက်ည၌ ယင်းစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် ရူဘင်အာမိုရင်မှာ စိတ်ပျက်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါပွဲတွင် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်တိုင် နောက်ပိုင်းပွဲစဉ်များ၌ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ၎င်း၏ ပွဲထွက်ကစားသမားစာရင်းမှ ချန်လှပ်ကာ အရန်ခုံသို့ ပို့ဆောင်၍ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း The Athletic ၏ဖော်ပြချက်အရ သိရသည်။
ရက်ရှ်ဖို့ဒ်နှင့် နီးစပ်သော အသိုင်းအဝိုင်းကမူ အဆိုပါကိစ္စရပ်မျိုးမှာ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း အတိအလင်း ငြင်းဆိုထားခဲ့သော်လည်း အင်္ဂလန်တိုက်စစ်မှူးကိုယ်တိုင်ကမူ ထိုပွဲပြီးနောက်ပိုင်းတွင် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လိုကြောင်း အခိုင်အမာထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သလို ၎င်း၏နုတ်ထွက်စကား၌ "အခြေအနေက ဆိုးနေပြီ။ ဒီထက် ပိုဆိုးမှာမဟုတ်တော့ဘူး" ဟူသည့် ဖွင့်ဟမှုပါရှိခဲ့ခြင်းဖြစ်သည်။
Credit
ဒေါ်လာနှင့် ထိုင်းဘတ်များကို ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ တတိယအကြိမ် ဒေါ်လာနှင့် ထိုင်းဘတ်များကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဇန်နဝါရီ (၆) ရက်တွင် ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၈၇၁) သန်းကို ထပ်မံထုတ်ရောင်းပေးခဲ့ပြီး ယခုတစ်ကြိမ် ထုတ်ရောင်းပေးမှုအပါအဝင် ဒေါ်လာသန်း (၅၀)၊ ထိုင်းဘတ် (၅ ဒသမ ၃၂၉) သန်းနှင့် တရုတ်ယွမ် (၁ ဒသမ ၂) သန်းနီးပါး ထုတ်ရောင်းပေးထားကြောင်း သိရသည်။
ထိုကဲ့သို့ ရောင်းချပေးမှု အနေဖြင့် ဇန်နဝါရီ (၂) ရက်တွင် ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ် (၂ ဒသမ ၄၅၈)သန်းနှင့် တရုတ်ယွမ် (၆၈၀,၀၀၀) ခန့်၊ ဇန်နဝါရီ (၃) ရက်တွင် တရုတ်ယွမ် (၅၁၀,၀၀၀) ကျော်ထုတ်ရောင်းပေးထားကြောင်း သိရသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သလို ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားချက်အရ သိရသည်။
တိဘက်တွင် ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်
တိဘက်ဒေသ၏ ဒုတိယအကြီးဆုံးမြို့တွင် ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းက ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာက ပြောခဲ့ပြီး Shigatse မြို့ ပတ်ဝန်းကျင်ဧရိယာတွင် နံနက် ၉း၀၅ ခန့်က လှုပ်ခါမှုဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။
ငလျင်ဗဟိုချက် အနက် ၆ ဒဿမ ၂ မိုင်ခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ငလျင်ဗဟိုချက်နှင့် မိုင် ၂၅၀ အကွာရှိ နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူအထိ တုန်ခါမှုကို ခံစားခဲ့ရပြီး ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများသည် နေအိမ်များအတွင်းမှ ထွက်ပြေးခဲ့ကြသည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။
၆ ဒဿမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုမျိုးကို အင်အားပြင်းငလျင်အဖြစ် သတ်မှတ်ပြီး ထိခိုက်ပျက်စီးမှု ကြီးမားနိုင်သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသများသည် ငလျင်လှုပ်ခတ်မှုများကို မကြာခဏကြုံရလေ့ရှိပြီး ၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်ကြီးကြောင့် လူပေါင်း ၇၀၀၀၀ နီးပါး ေ-သဆုံးခဲ့သည်။
တရုတ်နိုင်ငံပိုင် ရုပ်သံဌာန စီစီတီဗီ၏ အဆိုအရ လွန်ခဲ့သည့် ငါးနှစ်အတွင်းက Shigatse ငလျင်၏ ကီလိုမီတာ ၂၀၀ အတွင်းနယ်မြေတွင် ပြင်းအား ၃ နှင့် အထက်ရှိသော ငလျင်ပေါင်း ၂၉ ကြိမ်လှုပ်ခတ်ခဲ့သော်လည်း အဆိုပါငလျင်အားလုံးသည် အင်္ဂါနေ့တွင် လှုပ်ခတ်ခဲ့သော ယခုငလျင်ထက် ပြင်းအားပိုနည်းသည်ဟု ဆိုခဲ့သည်။
၂၀၁၅ ခုနှစ်က အိမ်နီးချင်း နီပေါနိုင်ငံ ခတ္တမန္ဒူအနီးတွင် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ ၉၀၀၀ ခန့်ေ-သဆုံးကာ ထောင်နှင့်ချီ၍ ဒဏ်ရာရခဲ့ပြီး နိုင်ငံ၏ အဆိုးဝါးဆုံး ငလျင်ဘေးဖြစ်ခဲ့သည်။
အင်ဒိုနီးရှားက Brics အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာ
အင်ဒိုနီးရှားနိုင်ငံသည် Brics အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက ဇန်နဝါရီ ၆ ရက်နေ့ကသတင်း ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့ပြီး ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့လည်းပါဝင်သော ထွန်းသစ်စစီးပွားရေးနိုင်ငံများအုပ်စုကို ပိုမိုတိုးချဲ့လိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံသည် ထွန်းသစ်စနိုင်ငံများ အားကောင်းစေရေးနှင့် တောင်ကမ္ဘာခြမ်းဟုခေါ်တွင်သော ဒေသ၏ အကျိုးစီးပွားများ ပိုမိုတိုးတက်ရေးအတွက် အဖွဲ့သို့ ပါဝင်လိုသည်ဟု ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားခဲ့သည်။
၂၀၂၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၌ ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေး၌ အဖွဲ့ကို တိုးချဲ့ရေးတွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဖွဲ့ဝင်နိုင်ငံများသည် အင်ဒိုနီးရှားနိုင်ငံကို ဝင်ရောက်ခွင့်ပြုရန် ကနဦးအတည်ပြုခဲ့ကြသည်ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ် ဥက္ကဌနေရာကို ရယူထားသည့် ဘရာဇီးက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ကမ်းလှမ်းမှုကို ၂၀၂၃ ခုနှစ်တွင် အဖွဲ့က မီးစိမ်းပြခဲ့သော်လည်း အာရှနိုင်ငံသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီးမှသာ ပူးပေါင်းရန် တောင်းဆိုခဲ့သည်ဟု ဘရာဇီးအစိုးရက ပြောဆိုသည်။
အောက်တိုဘာလတွင် ပရာဘိုဝို ဆူဘီယန်တို အင်ဒိုနီးရှားသမ္မတအဖြစ် တက်လာခဲ့သည်။
Brics အဖွဲ့တွင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံများလည်း ပါဝင်သည်။