1 y - Translate

ရဟတ်ယာဉ်ပေါ်က မြင်ရတဲ့ နယူးယော့ခ်မြို့မြင်ကွင်းကို အော်တစ်ဇင်ရှိသူ အနုပညာရှင် ရေးဆွဲထားတဲ့ ပန်းချီကား

ရဟတ်ယာဉ်စီးပြီး နယူးယော့ခ်မြို့ပေါ်ကနေ မိနစ် ၂၀ ကြာ ဖြတ်သန်းပြီးနောက် သူ့မှတ်ဉာဏ်ထဲ စွဲထင်နေတဲ့ မြင်ကွင်းကို ဗြိတိန်ဗိသုကာပညာရှင် စတီဖင်ဝှစ်ရှိုင်းယားက ရေးဆွဲထားတာပါ။ မှတ်ဉာဏ်ကောင်းလွန်းတဲ့ စတီဖင်ဝှစ်ရှိုင်းယားဟာ ငယ်စဉ်ကတည်းက အော်တစ်ဇင်အခြေအနေ ရှိသူပါ။

ကာရေဘီယံမျိုးနွယ်ဖွား မိဘနှစ်ပါးကနေ လန်ဒန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက စကားမပြောတတ်ပါဘူး။ ၃ နှစ်သားအရွယ်မှာ အော်တစ်ဇင်အခြေအနေ ဖြစ်နေတာ သိလိုက်ရပြီး အဲဒီနှစ်မှာပဲ ဆိုင်ကယ်တိုက်လို့ သူ့အဖေ ဆုံးပါးသွားခဲ့ပါတယ်။ ၅ နှစ်သားအရွယ်မှာ သူ့ကို ကျောင်းပို့တော့ ပုံဆွဲဝါသနာပါမှန်း သတိထားမိခဲ့ပြီး တိရစ္ဆာန်ပုံ၊ ကားပုံတွေကို စွဲစွဲမြဲမြဲ ရေးဆွဲလေ့ရှိပါတယ်။

သူဟာ မြို့ပြမြင်ကွင်းပုံတွေကို အသေးစိတ် ရေးဆွဲနိုင်စွမ်းရှိပြီး ၂၀၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ပေါ် ရဟတ်ယာဉ်စီးသွားရင်း အပေါ်စီးက မြင်ရတဲ့မြင်ကွင်းပုံကို ၇ ရက်အတွင်း ရေးဆွဲခဲ့ပါတယ်။ ၃၂.၈ ပေ အရှည်ရှိတဲ့ ကန်းဗတ်စပေါ်မှာ ရေးဆွဲခဲ့တာပါ။ အဲဒီနောက် ရောမ၊ ဟောင်ကောင်၊ ဖရန့်ဖတ်၊ မက်ဒရစ်၊ ဒူဘိုင်း၊ ဂျေရုစလမ်၊ လန်ဒန်မြို့ မြင်ကွင်းပုံတွေကိုလည်း ကြီးမားတဲ့ကန်းဗတ်စတွေပေါ်မှာ ရေးဆွဲခဲ့ပြန်ပါတယ်။

သူ့လက်ရာတွေက ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားပြီး ၂၀၀၆ ခုနှစ်မှာ ဗြိတိန်တော်ဝင်မိသားစုက ပေးအပ်တဲ့ MBE ဘွဲ့ ရရှိခဲ့ပါတယ်။

imageimage
1 y - Translate

မန်ယူနိုက်တက်အသင်းက ကျွန်တော်ကိုတန်ဟတ်လို အခွင့်အရေးမျိုးမပေးခဲ့ဘူး
(မန်ယူနိုက်တက်အသင်းက နည်းပြတန်ဟတ်ကို အသင်းတွင် ဆက်လက်ထားရှိခြင်းအတွက် မိမိ၏ဖြစ်ရပ်နှင့် နှိုင်းယှဉ်၍ မော်ရင်ညို၏ ရင်ဖွင့်ပြောဆိုချက်)

''မန်ယူနိုက်တက်အသင်းဟာ နည်းပြတန်ဟတ်ကိုတော့ အချိန်ပေးပြီး အသင်းမှာ ဆက်ရှိခွင့်ပေးထားပါတယ်။ကျွန်တော်ကတော့ ဒီလို အခွင့်အရေးမျိုးမရခဲ့ပါဘူး။ကျွန်တော့်အနေနဲ့ ဒီလို ထောက်ခံအားပေးမှုမျိုးလုံးဝမရခဲ့ပါဘူး။ဒီလို ယုံကြည်မှုပေးတာမျိုးမရခဲ့ပါဘူး။ဒါကြောင့် ကျွန်တော် ဝမ်းနည်းကြေကွဲစွာနဲ့ အသင်းက ထွက်ခွာခဲ့ရတာပါ။ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက အသင်းမှာ ကျွန်တော့်ရဲ့လုပ်ငန်းစဉ်တွေ စတင်နေတုန်းပဲ ရှိပါသေးတယ်။တစ်ခါတလေ ကျွန်တော်တွေးမိတယ်။တကယ်လို့သာ သူတို့ (မန်ယူနိုက်တက်အသင်း ဘုတ်အဖွဲ့တာဝန်ရှိသူများ)ကျွန်တော့်အပေါ် ယုံကြည်မှုထားခဲ့မယ်ဆိုရင် အခြေအနေတွေက တစ်မျိုးဖြစ်သွားနိုင်တယ်လို့ပါ။အဲဒီမှာ လွန်ခဲ့တဲ့(၅)နှစ်၊ (၆)နှစ်က ကျွန်တော်မလိုချင်ခဲ့တဲ့ ကစားသမားတချို့ရှိနေပါသေးတယ်။သူတို့က အသင်းအတွက် လိုအပ်တဲ့ ပရော်ဖက်ရှင်နယ်အနေအထားမျိုးအထိရောက်အောင် ကစားနိုင်ခဲ့ကြသူတွေ မဟုတ်ဘူးလို့ ကျွန်တော်တွေးမိပါတယ်။ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပါ။အချိန်က အမှန်တရားကို အမြဲပြောပါတယ်။ကျွန်တော့်အနေနဲ့ မန်ယူနိုက်တက်အသင်း တဖန်ပြန်ပြီး အောင်မြင်တာကို လိုချင်တာအမှန်ပါပဲ"

image
1 y - Translate

မန္တလာမြေရဲ့ တမာတန်းလမ်းလေး🌿☘️🚴

ထာဝရမန္တလေး🍀

📷 Than Myint Zaw(ဓာတ်ပုံ)

image
1 y - Translate

မန္တလာမြေရဲ့ တမာတန်းလမ်းလေး🌿☘️🚴

ထာဝရမန္တလေး🍀

📷 Than Myint Zaw(ဓာတ်ပုံ)

image
1 y - Translate

မန္တလာမြေရဲ့ တမာတန်းလမ်းလေး🌿☘️🚴

ထာဝရမန္တလေး🍀

📷 Than Myint Zaw(ဓာတ်ပုံ)

image
1 y - Translate

မန္တလာမြေရဲ့ တမာတန်းလမ်းလေး🌿☘️🚴

ထာဝရမန္တလေး🍀

📷 Than Myint Zaw(ဓာတ်ပုံ)

image
image
image
1 y - Translate

စိန်ပန်းပြာပြာ 💙💙💙

image
1 y - Translate

စိန်ပန်းပြာပြာ 💙💙💙

image
1 y - Translate

စိန်ပန်းပြာပြာ 💙💙💙

image
1 y - Translate

စိန်ပန်းပြာပြာ 💙💙💙

image
image
image