1 နှစ် - ဘာသာပြန်ပါ။

ကြည့်ရှုရမှာ Deadline (2024)

Disaster ဇာတ်လမ်း အမျိုးအစားတွေကို ကြိုက်နှစ်သက်ပြီး ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့
ဇာတ်ကားကောင်း တစ်ကားကိုလည်း ရှာနေတယ်ဆိုရင်တော့ အခုတင်ဆက်ပေးမဲ့
ဇာတ်ကားလေးက ပရိသတ်ကြီးအတွက်ပါပဲ။

အားအပြင်းဆုံး မုန်တိုင်းအဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်လာခဲ့ပြီး ဖိုဟန်မြို့ကို
လွင်တီးခေါင်ဖြစ်အောင် မွှေနှောက်ခဲ့တဲ့ "ဟင်နမ်နို"တိုင်ဖွန်းကြောင့် ဖိုဟန်မြို့ရဲ့
သံမဏိ စက်ရုံ စက်ယန္တရား လည်ပတ်မှုဟာ ရပ်တန့်ဖို့ ဖြစ်လာခဲ့ပါတယ်။
စက်လည်ပတ်မှုကို အချိန်ကာလ တစ်ခုအထိ ရပ်တန့်ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ
အနေနဲ့ ဘီလီယံ ချီတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။
အကယ်၍ မရပ်တန့်ဘူး ဆိုရင်လည်း ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေနဲ့ အက်စစ်မိုး‌ရေ
ပေါင်းစပ်မိတဲ့အခါ မတွေးဝံ့စရာ ဘေးဒုက္ခကို ရင်ဆိုင်ရမှာပါ။
အားကောင်းလာတဲ့ မုန်တိုင်းကြားမှာ သံမဏိ စက်ရုံက စက်ယန္တရားတွေ အချိန်မီ
ပြန်လည်ပတ်နိုင်မလားဆိုတာကို စိတ်ဝင်တစား ဖြစ်လို့ တင်ဆက်ပေးလိုက်ပါရစေ။

image
image
image
1 နှစ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်း

ဇန်နဝါရီ ၇

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၂ ဒသမ ၈၇၁ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇန်နဝါရီ ၆ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ ဒသမ ၄၅၈ သန်းနှင့် တရုတ်ယွမ် ၆၈၀,၀၀၀ ခန့်၊ ဇန်နဝါရီ ၃ ရက်တွင် တရုတ်ယွမ် ၅၁၀,၀၀၀ ကျော်နှင့် ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဇန်နဝါရီလ ပထမအပတ်အတွင်း ဒေါ်လာသန်း ၅၀၊ ထိုင်းဘတ် ၅ ဒသမ ၃၂၉ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၂ သန်းနီးပါး ထုတ်ရောင်းပေးထားသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း၌လည်း ဗဟိုဘဏ်က ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ရာ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။

ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများနှင့် ရက်ရှည်ရုံးပိတ်ရက်များရှိခဲ့သော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၉၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၀ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၇ ကျပ်ဖြင့် နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။

#centralnewsnaypyitaw

image

ရပ်ထားတဲ့ ဆီဘောက်ဆာကို ကုန်အပြည့်နဲ့ တွဲကားက ဘီးပေါက်ပြီးဝင်တိုက်

ဇန်နဝါရီ ၇

ရပ်နားနေတဲ့ ဆီဘောက်ဆာယာဉ်ကို ကုန်အပြည့်တင်လာတဲ့ တွဲကားက ရှေ့ဘီးပေါက်ကာ ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက် ၇ နာရီ ၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်ကွက်၊ မြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ်(၅/၇)နဲ့ (၆)မိုင်ကြားမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်က‌နေ မန္တလေးကို မောင်းနှင်လာတဲ့ Sino Truck HOWO အမျိုးအစား ဆီဘောက်ဆာယာဉ်ရပ်ထားစဉ် သာစည်က‌နေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ကုန်အပြည့်တင်လာတဲ့ တွဲကားယာဉ်က ရှေ့ညာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ဆီဘောက်ဆာယာဉ်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါမတော်တဆမှုကြောင့် လူထိခိုက်မှု မရှိခဲ့ပေမယ့် ဆီဘောက်ဆာယာဉ် ဆီကန်ပေါက်ပြီး ဆီယိုစိမ့်မှု‌တွေဖြစ်ပွားခဲ့တဲ့အတွက် ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျောက်ဆည်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်း‌တွေ ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 နှစ် - ဘာသာပြန်ပါ။

သဲလေးနဲ့ စကားပြော 😂

image
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ် - ဘာသာပြန်ပါ။

လေလွင့်နေတယ်

1 နှစ်

funny

1 နှစ် - ဘာသာပြန်ပါ။

မြေပဲဆန်ချက်
============

ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ်တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါရှင်။

ပါဝင်ပစ္စည်းများ
မြေပဲဆံ(အစိမ်း) - ၅ ကျပ်သား
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူ - ၁ ဥ
ကိုင်းခရမ်းချဉ်သီး - ၄ လုံး
ဆီ - ၅ ကျပ်သား
ငရုတ်အရောင်တင်မှုန့် - စတီးဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
နနွင်း - အနည်းငယ်

ချက်နည်း
မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။ ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။
ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပါ။
#crd

image
1 နှစ် - ဘာသာပြန်ပါ။

အရမ်းချစ်ကြတဲ့ သူငယ်ချင်းလေးယောက် နော်ဖောအယ်ထား၊ ပိုးမမှီသာ၊ မေတိုးခိုင် နဲ့ ဖုန်းသီရိကျော် 🥰

#crd

image
1 နှစ် - ဘာသာပြန်ပါ။

အီတလီစူပါဖလားကို အေစီမီလန် ၈ ကြိမ်မြောက်ရရှိ

ဇန်နဝါရီ ၇

အေစီမီလန်အသင်းဟာ ၂၀၂၄ ခုနှစ် အီတလီစူပါဖလား ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၈ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ဒီပွဲမှာ အင်တာမီလန်အသင်းရဲ့ ၂ ဂိုးသွင်း ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် အနောက်ကနေ လိုက်ကာ ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။

အင်တာမီလန်အသင်းအတွက် ဂိုးတွေကို လောတရို မာတီနက်ဇ်နဲ့ တာရီမီတို့က သွင်းယူခဲ့ပြီး အေစီမီလန်အသင်း အတွက် ဂိုးတွေကို သီယိုဟာနန်ဒက်ဇ်၊ ပူလီဆစ်နဲ့ အေဘရာဟမ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အေစီမီလန်အသင်းဟာ အီတလီစူပါဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ အေစီမီလန်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ကွန်ဆီကာအိုဟာ အသင်းကို ၂ ပွဲ ကိုင်တွယ်အပြီးမှာ ဆုဖလားတစ်လုံး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ဆီကာအိုက အေစီမီလန်အသင်းဟာ ကြီးမားတဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့ပြီး အသင်းကြီး ၂ သင်းကို အနိုင်ရရှိခဲ့တယ်လို့ ပြောခဲ့တာပါ။

ကွန်ဆီကာအိုက “ဒါက မလွယ်ကူတာကြောင့် ကစားသမားတွေအတွက် ကျနော်ပျော်ရွှင်ပါတယ်။ ကျနော့် အတွက်လည်း အရေးကြီးတဲ့ အသေးစိတ် အချက်အလက်တွေကို လုပ်ဆောင်ဖို့ အချိန်အနည်းပဲ ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးပေမယ့် နှိမ့်ချမှုနဲ့အတူ ချန်ပီယံလိဂ်နဲ့ လိဂ်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။

အီတလီစူပါဖလားကို အေစီမီလန်အသင်း ရယူခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာ နည်းပြ ကွန်ဆီကာအိုဟာ ဆေးပြင်းလိပ်သောက်ပြီး ကခုန်အောင်ပွဲခံခဲ့တာပါ။

အေစီမီလန်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ၁၇ ပွဲ ကစားအပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ကွန်ဆီကာအိုဟာ အေစီမီလန်အသင်း နည်းပြဘဝ ပထမဆုံး စီးရီးအေပွဲစဉ်အဖြစ် ကာဂလီယာရီအသင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲစဉ်ကို စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ- အေစီမီလန်အောင်ပွဲခံနေစဉ်

#centralnewsnaypyitaw

image

ရွှေပြည်သာမြို့တွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီး (၁) ဦးသေဆုံး

နေပြည်တော်၊ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးနှင့်အိမ်မွေးခွေးတစ်ကောင်လည်း မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။


အဆိုပါမီးလောင်မှုကြောင့် လူနေအဆောင်ဖြစ်သည့် လိုင်ခန်း (၃) ခန်း၊ ပရင်းကျောက်ရောင်းသည့်စျေးဆိုင်နှင့် ဂိမ်းဆိုင်တို့ မီးလောင်သွားကြောင်း သိရသည်။


"မီးကဘယ်ကနေစပြီးလောင်တာလည်းတော့မသိဘူး။ လိုင်းခန်းအဆောင်မှာနေတဲ့ အသက် (၄၀) ခန့်အမျိုးသမီးတစ်ယောက်သေတယ်။ ခွေးတစ်ကောင်လည်းသေတယ်" လို့ မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။


ထိုမီးလောင်မှုမှာ ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၄ နာရီ ၅၀ အချိန်ခန့်တွင်စတင်ဖြစ်ပွားပြီး နံနက် ၄ နာရီ ၅၆ အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာပြီး ၆ နာရီတွင် မီးထိန်းနိုင်ပြီး ၆ နာရီ ၁၉ အချိန်တွင် မီးငြိမ်းသွားကြောင်း၊ သေဆုံးသည့် ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ We Love Care လူမှုဘဝစောင့်ရှောက်မှုယာဥ်ဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo -Credit

#သတင်းဟင်းလေးအိုးကြီး

image
image
image