Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သန်လျင်မြို့တွင် အသက်(၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး
နေပြည်တော်၊ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ စက်ကန် ၄၊ ကန်နီတွင် ကလေးငယ်များရေဆင်းကူးရာမှ အသက်(၁၁) နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကလေးငယ်များရေဆင်းကူးရာမှ ကလေးတစ်ဦး ရေနစ်သွားကြောင်း သတင်းရရှိ သောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းမှ သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ရှိ ကြောင်း၊ ဒီဇင်ဘာလ ၂၅ ရက် နံနက်ခင်းအချိန်တွင် ရုပ်အလောင်းကို တူးထားသည့်ကန်နီရေကန်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
“ကလေးတွေက ရေဆင်းချိုးရင်းနဲ့ရေနစ်သွားတာ။ မိဘတွေက ရေနစ်သွားတယ်ဆိုတာ မသိဘူး။ အလောင်း တွေ့မှ မိဘတွေက သူ့တို့ကလေးမြန်းသိတာ” လို့ ရုပ်အလောင်းအား သွားရောက်သယ်ဆောင်သည့် ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုရေနစ်သေဆုံးသည့် ကလေးငယ်မှာ သန်လျင်မြို့၊ ဘုရားကုန်းအနီးတွင် နေထိုင်သူဖြစ်ပြီး၊ ရုပ်အလောင်းကို သန်လျင်ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo - Credit
#centralnewsnaypyitaw
စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှုးအားသေနတ်ဖြင့်ပစ်ခတ်ခဲ့သူနှစ်ဦးကို ဖမ်းမိ
ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၃၅)၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအုပ်ချုပ်ရေးမှုးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူနှစ်ဦး ဖမ်းမိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက စုံစမ်းသိရှိရသည်။
သေနတ်ဒဏ်ရာရခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေသည် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနတွင် ကုသမှုခံယူနေစဉ်ကွယ်လွန်ရှာပြီဖြစ်ကြောင်းလည်း သိရသည်။
“အခု နှစ်ယောက်ဖမ်းမိထားတယ်။ စစ်ဆေးတာတွေလုပ်နေတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်က အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက် (-)၊အမှတ် (-) အဆောင်တွင်လွန်ခဲ့သည့်ရက်အနည်းငယ်မှ ဒီဇင်ဘာလ ၁၅ ရက်ထိ ငှားရမ်းနေထိုင်သူ၊ လှိုင်သာယာမြို့နယ်၊ (-) ရပ်ကွက်၊ သိင်္ဂီ (-) လမ်း၊အမှတ် ၉၁၄/၉၁၅ တွင်လည်းနေထိုင်ခဲ့သူ အသက် ၂၉ နှစ်အရွယ် ဇော်ဇော်ဘို (ဘ) ဦးသိန်းဇော်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၇/ပခန (နိုင်)၄၄၂၁၃၀ နှင့် အသက် ၂၅ နှစ်အရွယ် နွေးနွေးအိ (ဘ)ဦးတင့်လွင်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် ၁၂/ ဥကမ(နိုင်)၂၇၀၆၇၈ တို့ကို သတင်းအရ သက်ဆိုင်ရာက သေနက်တစ်ချက်ပစ်ဖောက်၍ ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၄င်းတို့ထံမှ သေနတ်အတိုတစ်လက်(အမျိုးအစားမသိ)နှင့်ကျည်ဆံအချို့ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်သမားများထွက်ဆိုချက်အရ ဒီဇင်ဘာလ၂၄ ရက် နံနက်ပိုင်းက စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့ဟု ဝန်ခံထွက်ထားကြကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီ မိနစ်၂၀ ခန့်အချိန်က ရုံးလုပ်ငန်းများလုပ်ဆောင်နေသည့် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး
လေကြောင်းရ-န်ကြောင့် လှိုဏ်ဂူထဲမှာ ကျင်းပရသည့် ကယားပြည်နယ် ကရင်နီပြည် ခရစ္စမတ်အိဗ် မြင်ကွင်း
Dec 25 2024
#crd_photo