2 yrs - Translate

Donald Trump ၏Anthony Fauci အပေါ် ကလေးကလားဆန်သောစစ်ပွဲသည်အန္တရာယ်ရှိလာခဲ့သည်။

image
2 yrs - Translate

နိုင်ငံတကာသတင်းများ

၁။သမ္မတထရမ့်သည်ကိုယ်ဝန်ဖျက်ချမှုကိုဆန့်ကျင်ဆန္ဒပြသူ၂၃ဦးအားပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်​ပေးလိုက်သည်။

၂။အလုပ်သမားများ၏ဆန္ဒပြမှု​ကြောင့်ဘိုးအင်း​လေယာဥ်ကုမ္ပဏီ၏၂၀၂၄ခုနှစ်စတုတ္ထသုံးလပတ်အရှုးသည်​မျှော်မှန်းသည်ထက်ပိုများခဲ့သည်။

၃။ရာ​ပေါင်းများစွာ​သောတရားမဝင်ခိုးဝင်သူများကိုပြည်နှင်ဒဏ်​ပေးရန်ဖမ်းဆီးထား​ပြီးစတင်ပြည်နှင်ဒဏ်​ပေး​နေ​ကြောင်းအ​မေရိကန်အစိုးရက​ကြေညာသည်။

၄။အ​မေရိကန်နှင့်အစ္စ​ရေးအစိုးရတာဝန်ရှိသူများကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးICCကဖမ်းဆီးသင့်​ကြောင်းအာဖဂန်နစ္စတန်တာလီဘန်အစိုးရဝန်ကြီးက​ပြောသည်။

၅။ရုရှားသမ္မတပူတင်ကယူကရိန်းပဋိပက္ခကိုအ​မေရိကန်သမ္မတထရမ့်နှင့်​ဆွေး​နွေးရန်အသင့်ရှိ​ကြောင်း​ပြောလိုက်သည်။

NOM

image
2 yrs - Translate

မယုံလုပ်ကြည့်

image
2 yrs - Translate

အငယ်ဆုံးလေးအာ: ငါးကြော်ခိုင်းလိုက်သောအခါ...🥹

image
2 yrs - Translate

အပေါ်ထပ်ကတော့ မင်္ဂလာမောင်နှံ
အောက်ထပ်က မင်္ဂလာဆောင်မှာပန်းကြဲဖို့

image
2 yrs - Translate

White Hair To Black Permanently in 30 Minutes Naturally | Coffee For Jet Black At Home | 100% Works👇

image
2 yrs - Translate

ဗီနီ နဲ့ ဆော်ဒီရဲ့ သတင်းများအပေါ် နည်းပြကြီးအန်ဆလော့တီရဲ့ ပြောကြားချက်

" ငါသေချာသိထားပြီးသားပါ။ ဗီနီက ရီးရဲလ်မက်ဒရစ်မှာအရမ်းပျော်ရွှင်နေပြီး အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူမဲ့သူပါ'

image
2 yrs - Translate

(၂၂-၁-၂၀၂၅) ရက်နေ့ထိ နောက်ဆုံးရောက်ရှိနံပါတ်များ

၂၂ ရက်နေ့မှာတော့ ယမန်နေ့ကထက် အိမ်စီးကားအစီးရေ (၈၀) စီး တိုးလာခဲ့ပါတယ်။

#licensed
#number

image

ပဲကြာဇံကြော်

ပါဝင်ပစ္စည်းများ

ပဲကြာဇံ - တစ်ပွဲစာ (လက်တစ်ဆုပ်စာ)
ကြက်သွန်နီ - တစ်လုံး
ကြက်ဥ - တစ်လုံး
ကြက်ရင်ပုံသား - ခပ်သေးသေး တစ်ခု
ဘရော့ကိုလီ - ၅ခက်ခန့်
မုန်လာဥနီ - အနည်းငယ်
ဘေဘီပြောင်းဖူး - ငါးဖူး
ဂေါ်ဖီ - တစ်စိတ်
ကိုက်လန် - နှစ်ပင်
ကြက်သွန်မိတ် - နှစ်ပင်
ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ဆား - အနည်းငယ်
ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ဟင်းခပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
ဆီ - စားပွဲတင်ဇွန်းကြီး တစ်၀က်သာသာ
နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၅ပုံတစ်ပုံ

ပြင်ဆင်ပုံ

ပဲကြာဇံက်ို ရေမြုပ်အောင်ထည့်ပြီး နာရီ၀က်လောက် ရေစိမ်ထားပါ
ကြက်သွန်နီကို ခပ်ကြီးကြီး အနေအထား တုံးထားပါ
ဘရော့ကလီကို ရေဆေးပြီး အနေတော် လှီးထားပါ
ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အမြှောင်းလေးတွေ လှီးပေးပါ
ကြက်သွန်မိတ်ကို လက်တစ်ဆစ်ခန့် လှီးထားပါ
ကြက်သားကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ ပြုပ်ပေးထားပါ
ပြုပ်ထားသော ကြက်သားကို အနေတော် အသားတုံးလေးများရအောင် မွှပေးထားပါ
ကြဥကို ခလောက်ထားပါ
ရေစိမ်ထားသော ပဲကြာဇံ ပျော့လာပါကဆယ်ပြီး ရေစစ်ထားပါ
ဒယ်အိုးကို အပူပေးပြီး ဆီကိုထည့်ပါ
ပူလာပါက ကြက်သွန်နီနှင့် အသီးအရွက်များကို တစ်မိနစ်လောက် ထည့်ကြော်ပါ
ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
ကြက်ဥကျက်တာနဲ့ အသားမွှထားသော ကြက်သား ပဲကြာဇံထည့်ပြီး ငံပြာရည် ဆား ဟင်းခတ်မှုန့် ခရုဆီ ပဲငံပြာရည် တို့ထည့်ကာ သမအောင် မွှေပေးပါ
အသီးအရွက်ကြော်စဉ် ထွက်လာသော အရည်ဖြင့် ပဲကြာဇံ ပျော့သွားအောင် ခနထားပေးပါ
ပဲကြာဇံ ပျော့လာပါက အရသာမြည်းကာ လိုသလို ပြင်ပေးပါ
ပြီးတာနဲ့နှမ်းဆီ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်ထည့်ပြီး အရသာနှံ့အောင် မွှေပေးကာ ထိုင်းစတိုင်လ် ပဲကြာဇံကြော်ကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

image