ပုဂံရှေးဟောင်းနယ်မြေအတွင်း ရေမြောင်းဖောက်လုပ်စဉ် တူးဖော်ရရှိသည့် ရှေးဟောင်း‌ရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူ တရားခံများကို ဖမ်းဆီးအရေးယူ

ဒီဇင်ဘာ ၂၆

ပုဂံရှေးဟောင်းနယ်မြေအတွင်း ရေမြောင်းဖောက်လုပ်စဉ် တူးဖော်ရရှိသည့် မြေအိုးအတွင်းမှ ရှေးဟောင်း‌ ရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ အပ်နှံခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် ထုခွဲရောင်းချခဲ့သူများကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်‌ရေးအဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများအား လုပ်ကိုင်ခွင့်ရရှိထားသူ ဦးညို(ခ) ကိုကိုညို(စိစစ်ဆဲ)သည် ပန်းရံအလုပ်သမားများဖြစ်ကြသော အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး၊ ဇေယျာဖြိုး၊ ဝင်းဇော်၊ ကျော်စိုးနိုင်၊ ဇွဲမာန်၊ ကိုငယ်၊ သန်းထွန်းအေး၊ အောင်သူဖြိုး၊ အောင်ကျော်မိုး၊ ဟန်ဝင်းသူ၊ မောင်တိုးတို့ ၁၃ ဦးနှင့်အတူ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ရှေးဟောင်းမြေအိုး ၁ လုံး တူးဖော်ရရှိခဲ့သည်။

အဆိုပါမြေအိုးအတွင်းမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု၊ ရွှေဘယက်အချို့အား တူးဖော်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနိုင်ရန် အောင်ဖြိုးမှ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခုတို့ကို ယူဆောင်ပြီး ကျန်ရွှေဘယက်နှင့် အခြားရွှေထည် ပစ္စည်းများကို ဦးညို(ခ )ကိုကိုညိုမှ အသီးသီးခွဲဝေယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ် သိရှိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နိုဝင်ဘာလ ၉ ရက်နေ့တွင် ရှေးဟောင်းရွှေထည်ပစ္စည်းများ တူးဖော်ရရှိခဲ့သူ အောင်ဖြိုး၊ စိန်ထွန်းနှင့် အောင်မိုးတို့ ၃ ဦးအား ၎င်းတို့၏နေအိမ်အသီးသီးမှ သက်ဆိုင်ရာနယ်မြေ ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးခဲ့ရာ တရားခံအောင်ဖြိုးက မန္တလေးမြို့ရှိ ဦးတင်မောင်ဆွေ (စိစစ်ဆဲ)၏ နေအိမ်တွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား ငွေကျပ်သိန်း ၅၄၀ ဖြင့် ရောင်းချခဲ့ကြောင်း ဆက်လက်ဖော်ထုတ်နိုင်ခဲ့သည်။

ဦးညို(ခ)ကိုကိုညိုမှ ၎င်းခွဲဝေရရှိထားသည့်ရွှေထည်ပစ္စည်းအချို့အား သိန်း ၉၄၀ ကျပ်ဖြင့် ရောင်းချခဲ့ကာ အဆိုပါရရှိငွေများထဲမှ အလုပ်သမားများဖြစ်သူ စိန်ထွန်းပါ ၁၂ ဦးအား တစ်ဦးလျှင် ၅၂ သိန်းခွဲနှုန်းဖြင့် ခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး တရားခံအောင်မိုးထံမှ သက်သေခံ ရှေးဟောင်းရွှေထည်ပစ္စည်း ရွှေလက်ကောက်အကွေး ၅ ခုအား လည်းကောင်း၊ တရားခံအောင်ဖြိုးထံမှ သက်သေခံရှေးဟောင်းရွှေထည်ပစ္စည်း ရွှေခဲ ၃ ခု၊ ရွှေထည် ပစ္စည်းမျိုးစုံ ၄ ကျပ်၊ ၁ဝ၊ ပဲ ၃ ရွေးနှင့် ရွှေထည်ပစ္စည်းအပိုင်းအစ ၁၆ ခု၊ ၁၃ ကျပ်၊ ၆ ပဲ၊ ၂ ရွေး တို့အား အသီးသီး ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

ရှေးဟောင်းရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်း မရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချခဲ့သူ အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုးတို့ ၃ ဦးနှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်ကြသည့် ဦးညို(ခ)ကိုကိုညိုပါ ၁၁ ဦးတို့အား ပုဂံနယ်မြေရဲစခန်း(ပ) ၂၅/၂၀၂၄၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇/၁၉ ဖြင့် အမှုရေးဖွင့်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

1 နှစ် - ဘာသာပြန်ပါ။

By1 နိုင်ရင် လေဘယ်လိုတိုက်လည်း
ကြိုက်ပြီလေ,,,,😎

1 နှစ် - ဘာသာပြန်ပါ။

တစ်နှစ်ပတ်လုံးလုံးအတင်းပြောလာတာ မောနေရောပေါ့ ??
ငါ့အမေသူငယ်ချင်းတွေနဲ့ ရပ်ကွက်ထဲက CCTV အဒေါ်ကြီးတွေကိုတောင် သတိရသွားတယ်

1 နှစ် - ဘာသာပြန်ပါ။

ဖြစ်တတ်ပါတယ်bro
Spurring မို့လို့ပဲ တကယ့်ပွဲသာဆို သေပြီ..

1 နှစ် - ဘာသာပြန်ပါ။

Wind chill
အထက်မြန်မာနိုင်ငံဒေသတွေအားလုံးသို့ ဆောင်းလေညှင်းလေးရောက်ရှိခဲ့ပြီဖြစ်ပြီး အောက်မြန်မာနိုင်ငံတွေကိုတော့ ပဲခူးတိုင်း ဧရာဝီတိုင်း ဒေသတွေအထိရောက်ရှိနေခဲ့ပြီဖြစ်ပြီးနောက်၃ရက်အတွင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်ဒေသကြီးတွေအထိရောက်ရှိလာတော့မှာဖြစ်ပါတယ်
ISSUED TIME
26/12/2024 73am(MMT)
တိကျမှန်ကန်
Su Su San
မင်း ဂွတ် သီး
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

image
1 နှစ် - ဘာသာပြန်ပါ။

၂၀၂၅ ကစပြီး

မေတ္တာ ထားတော့မယ်
ငါ နဲ့ တည့် ရင် ပေါ့ 🙁

1 နှစ် - ဘာသာပြန်ပါ။

26 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,380
USD Sell - MMK 4,450
EUR Buy - MMK 4,565
EUR Sell - MMK 4,655
SGD Buy - MMK 3,255
SGD Sell - MMK 3,315
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 27.87
JPY Sell - MMK 28.42
MYR Buy - MMK 982
MYR Sell - MMK 1,001
CNY Buy - MMK 601
CNY Sell - MMK 613

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,740,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,100,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
1 နှစ် - ဘာသာပြန်ပါ။

#photo_news

ဒီဇင်ဘာလ ၂၅ ရက်တွင် ခရစ္စမတ်ပွဲတော် ဆင်နွှဲခဲ့သည့် နာမည်ကျော်ဘောလုံးသမားအချို့ကို တွေ့ရစဉ်။

image
1 နှစ် - ဘာသာပြန်ပါ။

#photo_news

ဒီဇင်ဘာလ ၂၅ ရက်တွင် ခရစ္စမတ်ပွဲတော် ဆင်နွှဲခဲ့သည့် နာမည်ကျော်ဘောလုံးသမားအချို့ကို တွေ့ရစဉ်။

image