1 y - Translate

#ဟင်းသီးဟင်းရွက်အစုံအလင်မှတ်သားဖို့♥

#englisheverywhere

image
1 y - Translate

#ဟင်းသီးဟင်းရွက်အစုံအလင်မှတ်သားဖို့♥

#englisheverywhere

image
1 y - Translate

#ဟင်းသီးဟင်းရွက်အစုံအလင်မှတ်သားဖို့♥

#englisheverywhere

imageimage

ဗဟိုဘဏ်မှ ဒေါ်လာဆက်တိုက်ထုတ်ရောင်းမှုအပြင် တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်သူများကို အရေးယူနေသော် လည်း ဇန်နဝါရီလအတွင်း ဒေါ်လာဈေး ကျပ် ၃၀၀ ကျော် ပြန်မြင့်တက်လာ

ဇန်နဝါရီ ၁၅

ဗဟိုဘဏ်မှ ဒေါ်လာဆက်တိုက်ထုတ်ရောင်းပေးမှုအပြင် တရားမဝင်နိုင်ငံခြား‌ငွေ ရောင်းဝယ်သူများကို အရေးယူမှုများ ဆောင်ရွက်နေသော်လည်း ယခုဇန်နဝါရီလ နှစ်ပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၃၀၀ ကျော် မြင့်တက်လာခဲ့ကြောင်း နိုင်ငံခြား‌ငွေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် သွင်းကုန်လိုအပ်ချက်များကြောင့် ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ သန်းကျော်နှင့် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှစ်ပတ်အတွင်းမှာလည်း စက်သုံးဆီနှင့် သွင်းကုန်လုပ်ငန်းများအတွက် ဒေါ်လာ ၈၃ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။ ထို့အတူ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်းမှာလည်း ဒေါ်လာ ၃၃၅ သန်းကျော်အထိ ရောင်းချပေးထားပြီးဖြစ်သည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် ၂၆ ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး လူပုဂ္ဂိုလ် ၉ ဦးအား အမှုဖွင့် အရေးယူထားပြီးဖြစ်သကဲ့သို့ ၆ ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီးဖြစ်သလို နိုင်ငံခြားငွေ တရားမဝင်ရောင်းချသူများ အရေးယူနိုင်ရန် အရှိန်မြှင့် ဆောင်ရွက်နေပြီး လူ ၁ဝ ဦး၊ Group ၁၂ ခုနှင့် Page ၅ ခုပါ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဝိသမ လောဘသမားများ၏ တစ်ဒေါ်လာ ၁၀,၀၀၀ အထိ ဈေးနှုန်းဆွဲတင်ခဲ့မှုကြောင့် တစ်ဒေါ်လာကျပ် ၇၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက်စံချိန်တင် မြင့်တက်ခဲ့မှုအပေါ် ဗဟိုဘဏ်၏ အရေးယူမှုများကြောင့် စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ တစ်ဒေါ်လာ ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းခဲ့သလို အောက်တိုဘာလအလယ်မှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်ဖြင့် နှစ်လကျော် တည်ငြိမ်မှုရှိခဲ့သည်။

ယင်းကဲ့သို့ ပြန်လည်တည်ငြိမ်မှုရှိလာသည့် ဒေါ်လာဈေးနှုန်းသည် ဇန်နဝါရီ ၁ ရက်မှစတင်၍ ပိုကုန်/သွင်းကုန်များအပေါ် အခွန်ကြီးကြပ်ကောက်ခံခြင်းအား ရည်ညွှန်းငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၂,၁၀၀ အစား ဈေးကွက်ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ကျပ် ၃၅၈၀ ဝန်းကျင်ဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ကြေညာခဲ့ပြီးနောက် ပြန်လည်လှုပ်ခတ်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုဇန်နဝါရီလ ဒုတိယအပတ်တွင် ဒေါ်လာဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၇၅၀ သို့ ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ကျပ် ၄,၄၄၀ ဖြင့် နှိုင်းယှဉ်ပါက နှစ်ပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၃၁၀ ပြန်လည်မြင့်တက်လာခဲ့သည်။

ယခုရက်ပိုင်း ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီလ ၆ ရက်တွင် တစ်ဒေါ်လာ ၄,၄၇၀ ကျပ်၊ ဇန်နဝါရီလ ၇ ရက်တွင် တစ်ဒေါ်လာ ၄,၅၂၀ ကျပ်၊ ဇန်နဝါရီလ ၈ ရက်တွင် တစ်ဒေါ်လာ ၄,၅၆၀ ကျပ်၊ ဇန်နဝါရီလ ၉ ရက်တွင် တစ်ဒေါ်လာ ၄,၅၆၀ ကျပ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် တစ်ဒေါ်လာ ၄,၆၀၀ ကျပ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် တစ်ဒေါ်လာ ၄,၆၃၀ ကျပ်၊ ဇန်နဝါရီလ ၁၄ ရက်တွင် တစ်ဒေါ်လာ ၄,၆၈၀ ကျပ်၊ ဇန်နဝါရီလ ၁၅ ရက်(ယနေ့)တွင် တစ်ဒေါ်လာ ၄,၇၅၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

Dating Show တွေကို
စောင့်မျှော်နေတဲ့သူတွေ အကြိုက်တွေ့စေမဲ့အပြင် ရှေ့မှာလည်း season 3 ခုလောက်
ထွက်ထားပြီးပြီဖြစ်တဲ့ S-i-n-g-l-e Inferno ပဲဖြစ်ပါတယ်။
ပါဝင်သူ စင်ဂယ်သမား ၁၂ ယောက်ဟာ ကျွန်းပေါ်မှာ နေပြီး အချင်းချင်းရင်းနှီးမှုတွေ ရယူပြီးတော့
အချစ်သင်္ကေတလေးများပေါက်ဖွားလာမလားဆိုတာကို တခြား Dating Show တွေနဲ့ မတူဘဲ
စိန်ခေါ်မှုတွေမှာ ပါဝင်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း Paradise နဲ့ Inferno ဆိုတဲ့နေရာနှစ်နေရာ ပါဝင်တဲ့အပြင်
စိန်ခေါ်မှုတွေအလျောက် စုံတွဲတွဲကာ inferno ဆိုတဲ့နေရာကနေ ထွက်ပြီး Paradise ဆိုတဲ့
နေရာမှာနေရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ။
ဒီအတောအတွင်း ဘယ်သူတွေဆီမှာ အချစ်ပန်းပွင့်လေးတွေ ပေါက်ဖွားလာမလဲဆိုတာကိုတော့
ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Season 4 ရဲ့ Panelist တွေအနေနဲ့ အရင် season တွေကလို Hong Jin Kyung, Lee Da Hee,
Cho Kyu Hyun, Han Hae နဲ့ Dex တို့က ပါဝင်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။🌹🍒💕💕💔🥰😍👍🙅❤️💋😌😇

#crd

image
1 y - Translate

#ယုဇနပြာအလှ

#flower

image
1 y - Translate

#ယုဇနပြာအလှ

#flower

image
1 y - Translate

#ယုဇနပြာအလှ

#flower

image
1 y - Translate

#ယုဇနပြာအလှ

#flower

image
1 y - Translate

#ယုဇနပြာအလှ

#flower

image
image
image
image