U.S Department of State က ပေးတဲ့ Free Certificate လည်းရ၊ U.S English ကိုလည်း လေ့လာခွင့်လည်းချင်တဲ့ဆို ဒီ Free Online English Courses တွေကို တက်သင့်ပါတယ်။
Certificate ရဖိုဆိုရင် 70 % အမှတ်နဲ့တော့ အောင်ဖို့လိုအပ်ပါတယ်။ ဒါဆိုရင်တော့ U.S Department of State က ပေးတဲ့ Free Certificate ကို လက်ခံရရှိမှာဖြစ်ပါတယ်။
Link: https://openenglishcommunity.o....rg/.../massive-open-

#crd

image

🌲ရှမ်းခေါက်ဆွဲ🌲

ကြက်ရိုး နဲ့ ကြက်သားတွေကို ဆား ဆနွင်း အရသာမှုန့်ဖြင့်နယ်ပြီး ရေအနေတော်ထည့်ကာ တစ်နာရီခွဲခန့် ပြုတ်ထားပေးပါ။ ဆန်ခေါက်ဆွဲကို ရေတစ်နာရီခန့်စိမ်ထားပေးပါ။

ကြက်သားပြုတ်ထားတာရရင် ကြက်သားတွေကိုဆယ်ပြီး အတုံးသေးသေးလေးတွေတုံးထားပါ။ ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်မြိတ် နဲ့ ခရမ်းချဉ်သီးပါးပါးလှီးထားပါ။ မြေပဲလှော်မညက်တညက်ထောင်းထားပါ။

ကြက်သွန်ဖြူနီထောင်းထားတာကိုဆီသပ်ပါ။ အနံမွှေးလာပြီဆို ငရုတ်အစိမ်းမှုန့်ထည့်ပြီးမွှေပါ။ ပြီးမှ ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး အဖုံးအုပ်လိုက်ပါ။ ခဏအကြာမှ ခရမ်းချဉ်သီးနွမ်းလောက်ပြီဆိုမှ ဇွန်းဖြင့်ကျေနေအောင် ချေပေးပါ။ ခရမ်းချဉ်သီးကျေပြီဆို ကြက်သားတုံး နဲ့ ရေအနည်းငယ် ကြက်သားမှုန့် ခရုဆီ ကြာညို့ထည့်ပြီး ဆီပြန်သည်အထိတည်ပါ။ ဒါကြက်သားအနှစ်ရပါပြီ။

အစပ်အတွက် ငရုတ်သီးမှုန့် နဲ့ ဆားကို ထောင်းပါ။ ပြီးမှ ဆီဆမ်းပြီး အသင့်ပြင်ထားပေးပါ။
ဆီချက်အတွက်က ကြက်သွန်ဖြူဆီချက်ကို တရုတ်မဆလာ နဲ့ ဆနွင်းအနည်းငယ်ထည့်ပြီးချက်ထားပါ။

ကြက်ပြုတ်ရည်အိုးထဲသို့ ဇကာထည့်ပြီး ရေစိမ်ထားသောဆန်ခေါက်ဆွဲများထည့်ကာ ဟင်းရည်ပူပူမှာခဏစိမ်ပေးထားပါ။ ဆန်ခေါက်ဆွဲ မပျော့မမာအနေတော်အနေထားရပြီဆိုမှ ပြန်ဆယ်ယူထားပေးပါ။

တစ်ပွဲစာပြင်ဆင်ပုံက ဆန်ခေါက်ဆွဲ ကြက်သားဟင်းအနှစ် ကြာညို့အနည်းငယ် ကြက်သွန်ဖြူဆီချက် ကြက်သွန်မြိတ် နဲ့ ငရုတ်သီးဆားထောင်း နှမ်း(မထည့်လည်းရ) မြေပဲလှော် ထည့်ပြီး နယ်ပါ။ အရသာပေါ့ရင် ကြက်သားမှုန့်အနည်းငယ်ထည့်ပါ။ တွဲဖက်အနေနဲ့ ဝက်ခေါက်ကြော် တို့ဟူးကြော် ရှမ်းချဉ် စသည်တို့နဲ့ သုံးဆောင်နိုင်ပါပြီနော်။ ကြက်သားပြုတ်ဟင်းရည်ကို ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်လေးထည့်ပြီး ဟင်းရည်ပူပူလေးနဲ့ မိုးအေးအေးလေးမှာ ရှမ်းခေါက်ဆွဲလုပ်စားကြရအောင်နော်။

#crd

image
1 y - Translate

The Deep House (2021)

ကိုစပ်စုစိန်နဲ့သူ့ရည်းစားတိုဟာ ထူးဆန်းပြီး ကြောက်ဖိုကောင်းတဲ့နေရာ တွေကို အတူသွားစူးစမ်းကြပြီး ဗီဒီယိုတွေတင်နေကြတဲ့နှစ်ယာက်ပေါ့။ဖော်လိုဝါးတွေအတွက်ဆွဲဆောင်မှုရှိပြီး ကြည့်ရှူသူများလာစေမဲ့အရာကို ဖန်တီးဖို အကြံရသွားပါတယ်။ဒီလိုနဲ့ သူတိုတိုင်ပင်ပြီး ဗြိတိန်ကနေ ပြင်သစ်အထိတကူးတကလာပြီး စပ်စုစိန်လုပ်ကြပါတော့တယ်။

ဒီလိုနဲ့ပြင်သစ်အနောက်တောင်ပိုင်းလေးက ရေအောက်မြုပ်သွားတဲ့ မြိုကလေး(သို) ဖရက်စ်ရေကန်လေးကို နှစ်ယောက်သားသွားစပ်စုစိန်လုပ်ကြတဲ့အခါမှာတော့.....၊လျှိဝှက်သည်းဖိုဇာတ်ကားတွေကိုကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်ကားလေးတစ်ကားပါလိုညွှန်းပါရစေ။
#horror

image

Me& my fri ☺

image
1 y - Translate

Kill Boksoon (2023)

လူသတ်ရတာက ကလေးပြုစုပျိုးထောင်ရတာထက် ပိုလွယ်တယ်ဆိုတဲ့ Gil Bok Soon...
သူမဟာ 100% အောင်မြင်မှုနှုန်းနဲ့ ရက်စက်တဲ့ စာချုပ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်ရဲ့အမေပါ။
Gil Bok Soon ဟာ M.K.Ent က Cha Min Kyu ရဲ့ လေ့ကျင့်ခံထားရတဲ့ killer တစ်ယောက်ဖြစ်ပြီး Cha Min Kyu ဆိုသူဟာ တစ်ချိန်ကျရင် သူမဆီကနေ အရာအားလုံးကို လုယူသွားနိုင်တဲ့ အန္တရာယ်ရှိတဲ့လူမှန်းတဖြည်းဖြည်းသိလာခဲ့ရပြီးနောက်
ကြေးစားလူသတ်သမား အလုပ်ကနေ အနားယူပြီး သမီးဖြစ်သူကိုပဲ အချိန်ပေးတော့မယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့လည်း
တစ်သက်လုံး ကျင်လည်လာခဲ့တဲ့ ဘဝကနေ ရုန်းထွက်ဖို့ဆိုတာ ထင်သလိုမလွယ်ကူတဲ့အရာမှန်းသိလာခဲ့ရတဲ့အခါ...
ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရှူ့ကြည့်လိုက်ပါအုံးဗျ။
#movie

image

ဇန်နဝါရီ ၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဇန်နဝါရီ ၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

မင်္ဂလာနံနက်ခင်းပါ

ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် အလုပ်အကိုင်များကို အောင်မြင်စွာ လုပ်ကိုင်နိုင်ကြပါစေ🌷🙏🙏🙏🌷

image
1 y - Translate

Cause I just a boy in a complicated world.

image