ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မနက်ဖြန် (၁၁-၁-၂၀၂၅) ရက်နေ့မှာ YBS အစီးရေ ထွက်ရှိမှု လျော့နည်းမည်၊ အလုပ်ကနေ အိမ်ကို စောစောပြန်ကြပါ၊
(၁၁-၁-၂၀၂၅) ရက်နေ့ စနေနေ့မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ပြုပြင်မှာ ဖြစ်တာကြောင့် စီအန်ဂျီဆိုင်တချို့ ပိတ်မယ်လို့ သိရပါတယ်။ အဲဒါကြောင့် YBS များ အစီးရေထွက်ရှိမှု နည်းမှာ ဖြစ်ပါတယ်။ မှတ်တိုင်မှာ လူများ စုပုံနိုင်ချေ ရှိတာကြောင့် ရရာကားကို အချိန်မစောင့်ဘဲ စီးနင်းကြပါလို့ အသိပေးလိုက်ပါတယ်။ ညနေ ၆ နာရီနောက်ပိုင်း ကားမရှိသလောက် ဖြစ်နိုင်ပါတယ်။ အလုပ်ကနေ ဆင်းပြီးရင် အိမ်ကို တန်းပြန်ကြပါ။
#ybs
#cng
#crd
ခူဆာနော့ဗ်ကို ခေါ်ယူဖို့ လန်းစ်နဲ့ မန်စီးတီး သဘောတူညီမှုရရှိ
ဇန်နဝါရီ ၁၁
မန်စီးတီးအသင်းဟာ ဥဇဘတ်ကစ္စတန်နောက်ခံလူ ခူဆာနော့ဗ်ရဲ့ အပြောင်းအရွှေ့အတွက် လန်းစ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာကြောင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အသက် ၂၀ နှစ်အရွယ်ရှိ ခူဆာနော့ဗ်ကို ခေါ်ယူဖို့အတွက် လန်းစ်အသင်းကို ယူရိုသန်း ၄၀ ပေးချေဖို့ သဘောတူညီမှုရရှိခဲ့တာပါ။
ခူဆာနော့ဗ်ရဲ့ ကိုယ်စားလှယ်တွေဟာ နောက်ဆုံး အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးဖို့ မန်ချက်စတာ မှာရှိနေခဲ့ပြီး ဒီရက်သတ္တပတ်ထဲမှာ ဆေးစစ်မှု ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့ရင် ခူဆာနော့ဗ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းရဲ့ ပထမဆုံး ခေါ်ယူတဲ့သူဖြစ်လာမှာပါ။
မန်စီးတီးအသင်းဟာ အဓိက နောက်ခံလူတွေဖြစ်တဲ့ ရူဘင်ဒီယက်ဇ်နဲ့ ဂျွန်စတုန်းစ်တို့ရဲ့ ဒဏ်ရာတွေကြောင့် ခူဆာနော့ဗ်ကို ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်း ကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ရမှတ်တွေ အများကြီး ဆုံးရှုံးနေခဲ့ရတာပါ။
လန်းစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်ကမှ ခူဆာနော့ဗ်ကို ယူရို ၁ သိန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့ပေမယ့် အခု မန်စီးတီးအသင်းဆီကနေ ပြောင်းရွှေ့ကြေး အများအပြားရရှိတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အသက် ၁၈ နှစ်အရွယ်ရှိ ဘရာဇီးလ်နောက်ခံလူ ဗစ်တာရိုက်စ်ကို ခေါ်ယူဖို့လည်း စိတ်ဝင် စားနေတယ်လို့ ESPN က ဖော်ပြထားတာပါ။
မန်စီးတီးအသင်းဟာ ဗစ်တာရိုက်စ်ကို ခေါ်ယူဖို့ ပါလ်မီးရက်စ်အသင်းကို ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး ဘရာဇီးလ် ကလပ်ကတော့ သူ့ရဲ့ကစားသမားကို နွေရာသီအထိ သူတို့နဲ့အတူ ဆက်ပြီးရှိနေစေချင်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး အိုမာမာမော့ရှ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အီဂျစ်တိုက်စစ်မှူး အိုမာမာမော့ရှ်ဟာ ဒီရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၁၈ ဂိုး သွင်းယူကာ ခြေစွမ်းပြသနေတာဖြစ်ပါတယ်။
Source: ESPN
ပုံ - ခူဆာနော့ဗ်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
ငှက်ပျောသီးပူတင်း
ပါဝင်ပစ္စည်းတွေကဝယ်ရမခက်သလိုလုပ်နည်းလေးကလဲရိုးရှင်းလွယ်ကူပါတာကြောင့်
အိမ်မှာအပျင်းပြောလုပ်စားကြည့်လို့ရအောင် မျှဝေပေးလိုက်ပါတယ်ဗျ။
ငှက်ပျောသီး ၁လုံး
နွားနို့ 120 ml (ကြိုပြီးသား)
ကြက်ဥ ၁လုံး
ဆား အနည်းငယ်
သကြား အနည်းငယ်
ငှက်ပျောသီးကိုအူတိုင်ဖယ်ပါ။ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ ဆား၊ သကြားတို့ကို ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ပူတင်းလုပ်မယ့် ခွက်ထဲသို့ ကြိတ်ထားသောအရည်များ လောင်းထည့်၍ ၁၀မိနစ်ခန့်ပေါင်းပါ။ပြီးရင်သုံးဆောင်နိုင်ပါပြီဗျ။
#မြိန်မြိန်
ငါမျှဝေရတာကြိုက်တယ်
ငါ့မှာ အများကြီးရှိနေလို့တော့မဟုတ်ဘူး
ဒါပေမယ့် ဘာမှမရှိရတဲ့ခံစားချက်ကိုသိလို့
#စာတို