1 y - Translate

Part-2
*အဖွင့်များ

ဒုတိယသမ္မတအယ်လ်ဂိုးလ်ကို ရုပ်မြင်သံကြား၌ တွေ့ ရသည့်အခါ တင်းတင်းမာမာရှိသည်ဟု မြင်ကြသည်။ ကျွန်တော်ကမူ ထိုသို့မမြင်ပေ။ သူ့ကိုတက်ကြွ စိတ်အားထက်သန်သည့်သူဟု မြင်သည်။ သူ့ကိုတင်းမာခက် ထန်သည်ဟု မြင်သူများပင်လျှင် သူငယ်ငယ် ကျောင်းသားဘဝက အကြောင်းများ၊ သူ့အဖေ တက်နက်ဆီပြည်နယ်က ဆီနိတ်တာအမတ် ဖြစ်စဉ်က အကြောင်းများကို ပြန်မေးကြည့်လျှင် သူသည် တက်ကြွ စိတ်အား ထက်သန်သည့် သူတစ်ယောက်အဖြစ် မြင်ကြလိမ့်မည်။ သူကလေးများအကြောင်းကို ပြောကြည့်ပါ။ ထိုအခါ သူသည် ရင်းနှီးနွေးထွေးစွာရှိပြီး အလွန်လူသားဆန်သည့် အယ်လ်ဂိုးဖြစ်နေသည်ကို တွေ့ ရမည် ။ ထိုအကြောင်းအရာများကို ပြောခြင်းဖြင့် ဒုတိယသမ္မတနှင့် အောင် အောင်မြင်မြင် စကားစတင်နိုင်သည်။ သူနှင့် စကားပြောဆိုရာတွင် အချိ အများကြီးပြောနိုင်သည့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများရှိသည်။ သို့သော် သူနှင့်အရင်းနှီးဆုံး အကြောင်းအရာက စတင်ပြောဆိုခြင်းအားဖြင့် သူသည် ပို၍ရင်းရင်းနှီးနှီးဖြစ်လာမည်။ အခြားသူများလည်း ထို့အတူပင် ဖြစ်သည်။
သင်သည် ပါတီပွဲတစ်ခု၌ ရောက်နေသည့်အခါ ထိုပါတီပွဲကပင်လျှင် စကားပြောစရာ အကြောင်းတစ်ခုဖြစ်သည်။ ကျွန်တော့်မိတ်ဆွေ သူငယ်ချင်း များ ကျွန်တော့်အတွက် အသက် ၆ဝ ပြည့် မွေးနေ့အခမ်းအနား ကျင်းပသည့် အခါ သူတို့က ထိုမွေးနေ့ကို လယ်ရီကင်း၏ ၁၀ နှစ်မြောက်မွေးနေ့ အကြိမ် ၅ဝ မြောက်ဟုခေါ်ပြီး ၁၉၄၀ ပြည့်လွန်နှစ်များက ဘရုကလင်းအကြောင်း ရေးဖွဲ့ထားသည့် သီချင်းတစ်ပုဒ်ကို ဆိုကြသည်။ ထိုညက စကားဝိုင်းတွင် လွမ်းစရာအကြောင်းများကို ပြောကြသည်။ တစ်ခါတစ်ရံ၌ နောက်ခံ အခြေ အနေက စကားပြော၍ကောင်းသော အခြေအနေမျိုးကို ဖြစ်စေနိုင်သည်။ ထိုညက ပါတီပွဲကို အိမ်ဖြူတော်၏တစ်ဖက်ရှိ သမိုင်းဝင်ဒီကေတာ ဟောက်(စ်)၌ ကျင်းပရာ ထိုအကြောင်းအရာကိုလည်း လူအများက စိတ်ဝင် စားစွာ ဆွေးနွေးနေသည်ကိုလည်း တွေ့ ရသည်။
အကယ်၍သင်သည် အခြားတစ်ယောက်၏အိမ်၌ သို့မဟုတ် ရုံး၌ ပါတီပွဲသွား၍တက်ခဲ့လျှင် ပရိဘောဂများ၊ အမှတ်တရပစ္စည်းများ အကြောင်း ကို အိမ်ရှင်က စိတ်လိုလက်ရ ပြောပြလိမ့်မည်။ ရင်ပြင်နီ၌ ရိုက်ထားခဲ့သော ဓာတ်ပုံတစ်ပုံရှိကောင်းရှိမည်။ ထိုသို့တွေ့လျှင် ရုရှားသို့သွားသည့် ခရီး အကြောင်းမေးပါ။ နံရံပေါ်၌ မင်ဖြင့်ရေးဆွဲထားသော ပန်းချီကားတစ်ချပ် ရှိကောင်းရှိမည်။ ထိုပန်းချီကားကို သူ၏သားသမီး သို့မဟုတ် သူ၏မိသားစု ထဲက တစ်ယောက်ယောက် မည်သူရေးဆွဲသည်ကို မေးကြည့်နိုင်သည်။

#ဆက်ရန်ရှိ

image
1 y - Translate

ရေသေချာလျှင် နွေနှမ်းစိုက်ပျိုးကြပါ

နွေနှမ်းမှာ နှမ်းစိုက်ချိန်ကာလသုံးပါးတွင် ရေရာသေချာဆုံး ရေသွင်းနှမ်းဖြစ်သည်။တချို့အရပ်ဒေသတွင် မိုးကြိုနှမ်းဟုလည်းခေါ်ကြသည်။ ရေသွင်းနှမ်းဟုလည်းခေါ်သည်။ နှမ်းပင်သည်ရေပေးသွင်းစိုက်ပျိုးနိုင်လျှင် အထွက်နှုန်းကောင်းပါသည်။
နှမ်းပင်သည်ရေငတ်သည့်ဒဏ်ကိုမခံနိုင်ပါ။ နှမ်းပင်သည်မိုးများသည့်ဒဏ်၊ ရေများသည့် ဒဏ်ကိုလည်း မခံနိုင်ပါ။ နှမ်းပင်အပင်ကြီးလာလျှင်ပင်စည်ရိုး၌ ဖော့သားကပ်လာပြီး ပင်စည်အတွင်းသား အပိတ်မဟုတ်ဘဲ အခေါင်းပွဖြစ်သွားသည်။ နှမ်းမျိုးစေ့သည် ရေအနည်းငယ်ရှိသော မြေအစိုဓာတ်နှင့် အပင်ပေါက်နိုင်သည်။ မိုးများလျှင်လည်းအပင်ငယ်များ ရေဝပ်၍သေနိုင်သည်။ ဆင်းရတနာ(၅)နှမ်းမျိုးသည် နွေရာသီမိုးကြိုကာလ ရေသွင်းနှမ်းစိုက်ပျိုးရန် သင့်လျှော်ပြီး ပူပြင်းမှုဒဏ်ခံနိုင်၍ အထွက်ကောင်းသော ရက်(၈၀)ဝန်းကျင်ရှိသည့် နှမ်းမျိုးဖြစ်သည်။
ပူပြင်းသောနွေရာသီ၌ သက်လျှင်နွေနှမ်းသည် နှမ်းပင်၏အမြစ်များ ရေသောက်မြစ်ရှည်ရှည်မြေကြီးထဲ တိုးဝင်ပြီး ဘေးမြစ်များလည်းဖြာထွက်သည်။ မြေပေါ်၌အစိုဓာတ်နည်းချိန် မြေအောက်ရှိမြေတွင်းရေကို ရရှိအောင်ထိုးဖောက်ဆင်းရခြင်းဖြစ်သည်။ နှမ်းရွက်ရှိရေငွေ့ပျံနိုင်သောအပေါက်များသည် သေးငယ်တတ်ပါသည်။
မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်း စိုက်ကြရာတွင် စိုက်ပျိုးရေသေချာလျှင် နှမ်းထွက်သေချာပြီး အထွက်ကောင်းသောနွေနှမ်းကို မျိုးကောင်းမျိုးသန့် ရွေးချယ်၍ စိုက်ပျိုးသင့်ပါသည်။ နှမ်းစေ့သည်သေးငယ်သဖြင့် ထွန်ရေးမှုန့်ညက်မှအညှောင့် လွယ်ကူစွာ ပေါက်ရောက်နိုင်သည်။ ဆည်ရေသောက်ဒေသရှိနှမ်းစိုက်သူများသည် နွေနှမ်းကိုအားထားစိုက်ပျိုးကြသည်။ မိုးနှမ်းစိုက်ပျိုးမှုသည် မိုးရွာမှုမရှိလျှင် နှမ်းမထွက်၊ နှမ်းပျက်သည်။ ထိုအခါဆောင်းနှမ်းကိုအားပြုစိုက်ကြရသည်။
နွေနှမ်းမှာ နှမ်းစိုက်ချိန်ကာလသုံးပါးတွင် ရေရာသေချာဆုံး ရေသွင်းနှမ်းဖြစ်သည်။တချို့အရပ်ဒေသတွင် မိုးကြိုနှမ်းဟုလည်းခေါ်ကြသည်။ ရေသွင်းနှမ်းဟုလည်းခေါ်သည်။ နှမ်းပင်သည်ရေပေးသွင်းစိုက်ပျိုးနိုင်လျှင် အထွက်နှုန်းကောင်းပါသည်။ နှမ်းစိုက်ဒေသအများစုသည် မိုးရေကိုမျှော်ကိုးစိုက်ကြရသဖြင့်မိုးရွာမှုပုံမှန်မဖြစ်လျှင်နှမ်းအထွက်နည်းကြရခြင်းဖြစ်သည်။ ‌နွေနှမ်းသည်အလင်းရောင်လုံလောက်အောင်ရရှိပြီး နှမ်းပင်ရေလိုအပ်ချိန်၌ရေသွင်းပေးသဖြင့် နှမ်းထွက်ကောင်းခြင်းဖြစ်သည်။ မိုးစိုက် ဆောင်းစိုက်ထက်နှမ်းပိုထွက်သည်။ နွေနှမ်းတွင် စနစ်တကျရေပေးသွင်းရန်လိုသည်။ နှမ်းပင်အခြေရေမဝပ်ရန် စိမ့်ရေဖြင့်ရရှိအောင် ရေပေးမြောင်းစနစ်ဖြင့် ရေသွင်းရသည်။
ဘောင်ကြီးတင်(ဘောင်တင်)ခြင်း၊ ဘောင်သုံးတန်းတွင်ရေသွင်းမြောင်းထားရှိခြင်း၊ ဘောင်တစ်ဘောင် ရေမြောင်းတစ်ခုထားရှိခြင်း စသည့်ရေသွင်းနည်းစနစ်ဖြင့် နှမ်းစေ့မှအညှောင့်ပေါက်ချိန်(စိုက်ရေ) ၊ ပွင့်ဖူးပေါ်ချိန်၊ အပွင့်များ ဖြိုင်ဖြိုင်ပွင့်ချိန်တို့တွင်သင့်တင့်မျှတသော ရေကိုမဖြစ်မနေပေးသွင်းရသည်။ ဤအချိန်ကာလသုံးကြိမ်တွင် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် ရေအလိုအပ်ဆုံးဖြစ်သည်။ ရေပြတ်လျှင်သီးတောင့် နည်း၍ နှမ်းစေ့မအောင်မြင်အဖျင်းများသည်။ ရေသွင်းမြောင်းမှရေသည်စိုက်ခင်းရှိစိုက်ဘောင်များထိပ်ပိုင်းရှိ မြေသားစိမ့်ရေရရှိသည်အထိ ပေးသွင်းရသည်။ ဘောင်များထိရောက်အောင်မသွင်းရပါ။ ရေများသွားနိုင်သည်။ ရေပေးရမည့်အကြိမ်သည်စိုက်ခင်းရှိမြေအမျိုးအစားပေါ်မူတည်သည်။ ပူခြင်း၊အေးခြင်းရာသီဥတု အပေါ် မူတည်သည်။ ရေသွင်းရမည့်အစီအစဉ်ကို တစ်ထစ်ချသတ်မှတ်၍မရနိုင်ပါ။
ရေသွင်းနှမ်းစိုက်ရာတွင် စိုက်ချိန်စောလွန်းလျှင်အအေးဓာတ်ကြောင့် အပင်ပေါက်မကောင်းနိုင်သလို စိုက်ချိန်နောက်ကျလွန်းပါကလည်း စိုက်ပျိုးသည့်မျိုး၏သက်တမ်းအလိုက် ရိတ်သိမ်းချိန်တွင် မိုးလွတ်နိုင်ရန် ချင့်ချိန်တွက်ချက်ရပါမည်။ ထို့ကြောင့်နှမ်းကောင်းရလိုလျှင် ရေသွင်းနှမ်းကို မိုးကြိုကာလ‌နွေရာသီ ဖေဖေါ်ဝါရီလလယ်မှ မတ်လဆန်းအတွင်း စိုက်ပျိုးကြရပါမည်။
Sources: မြန်မာ‌တောင်သူကြီးများဂျာနယ်။
----------------
#crd
#greengarden

image
1 y - Translate

Lovely nail art collection

#nailgallery

image
1 y - Translate

Lovely nail art collection

#nailgallery

image
1 y - Translate

Lovely nail art collection

#nailgallery

image
1 y - Translate

Lovely nail art collection

#nailgallery

image
1 y - Translate

Lovely nail art collection

#nailgallery

image
1 y - Translate

Lovely nail art collection

#nailgallery

image
1 y - Translate

Lovely nail art collection

#nailgallery

image
1 y - Translate

Lovely nail art collection

#nailgallery

imageimage
+5