နောက် ၁ဝ နှစ်ကြာရင်
ကိုယ်နဲ့ အတူရှိနေမယ့်လူဟာ
အခုချိန် ကျနော်ချစ်နေတဲ့လူပဲဖြစ်ချင်တယ်
အဲ့ဒီလူဟာ မင်းပါပဲ။
🍂🌻❤️
#ᗩᒪoᑎᗴ

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နောက် ၁ဝ နှစ်ကြာရင်
ကိုယ်နဲ့ အတူရှိနေမယ့်လူဟာ
အခုချိန် ကျနော်ချစ်နေတဲ့လူပဲဖြစ်ချင်တယ်
အဲ့ဒီလူဟာ မင်းပါပဲ။
🍂🌻❤️
#ᗩᒪoᑎᗴ
"အပြန်"
ဘာမှ မဆွတ်ခူးနိုင်တဲ့ လက်နှစ်ဖက်က
လက်အုပ်မချီဖြစ်တာလည်း
လက်နှစ်ဖက်စာ နှစ်များကြာ
အမျှော်တွေ လမ်းမတဆုံး ထားခဲ့နိုင်တာပဲရှိတယ်
ကိုယ်အညွန့်လေး တလူလူအတွက်
အမေ့အခက်အလက်လေးတွေ ချိုးချိုးပေးရ
"ဒီလောက်တောင်ပဲလား သားရယ် ... ပြန်ခဲ့ပါ" တဲ့
"အမေ ...
ယုံကြည်ချက်နဲ့မာနတရားဆိုတာ ဒီလိုရှိပါတယ်" ဆိုပြီး
ရသမျှဒုက္ခတွေ
အမေ့ဆီ ခဏခဏ ပြန်ရောင်းခဲ့
အမေပေးခဲ့သမျှတွေ
ဟောင်းနွမ်း ပျောက်ရှ ပျက်စီး ဆွေးမြေ့ပြီး
ကိုယ်ပေးခဲ့တဲ့ အမျှော်တွေသာ
ညနေတိုင်ရင် လမ်းမထွက်တဲ့ မျက်ရည်တွေဖြစ်
အခုတော့ စိတ်ညစ်ညစ်ရှိတိုင်း
အမေပုခက်နဲ့ လွှဲသိပ်သလို
မူးပြီးမှ အိပ်ပျော်တတ်လာတယ်
တကယ်တော့ ဘာမှမဟုတ်တဲ့မာနနဲ့
ဘာမှမယူနိုင်လည်း နေပါစေ
အမေကြိုက်တတ်တဲ့ ဆံပင်ပုံလေးညှပ်ပြီး
သပ်သပ်ရပ်ရပ် ပြန်လာတယ်ဆိုရင်ပဲ
ရင်ဘတ်ကလေး လက်နဲ့ဖိပြီး
ပြုံးပြုံးကြီး ကြည့်နေမယ်ဆိုတာ
သားသိပါတယ် အမေ ။
#သစ္စာပိုင်စိုး
အခုနောက်ပိုင်း "ချစ်တယ်"ဆိုတဲ့
စကားတွေထက် "တန်ဖိုးထားတယ်"ဆိုတဲ့ စကားလုံးလေးတွေကို ပိုပြီး သဘောကျလာမိတယ်။
"တန်ဖိုးထားတယ်"ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို
နားလည်တဲ့ ရပ်ဝန်းလေးမှာပဲ ရှင်သန်ချင်မိတယ်။
တန်ဖိုးထားတယ်ဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ နွေးထွေးမှုတွေ၊ ကြင်နာ မှုတွေ၊လေးစားမှုတွေနဲ့အတူ ထာဝရမြတ်နိုးသွားမယ်ဆိုတဲ့ အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားမိတယ်။
ဒါကြောင့် အခုနောက်ပိုင်းမှာ "ချစ်ပေးဖို့"ထက် "တန်ဖိုးထားပေးဖို့" ပိုပြီး မက်မောမိတယ်။
🤍🌻
ငါက နင့်ကိုချစ်တယ်
နင်က ငါမဟုတ်တဲ့
တစ်ခြားတစ်ယောက်ကို ချစ်တယ်
သဘာဝကျပါတယ်
ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့။
#စန်းသော်တာလင်း
ပုံလေးမြင်ရုံနဲ့ချစ်တာ
စာကြောင်းတွေနဲ့ chat ဖူးရုံနဲ့ချစ်မိတာ
အပြင်မှာခဏတာမြင်ဖူးရုံနဲ့ချစ်မိတာ
သူများတွေရဲ့ မှတ်ချက်ကောင်းတွေကြောင့်
ချစ်မိတာ
သင်လိုချင်တစ်ခုခုပိုင်ဆိုင်ထားလို့
ချစ်နေတာ...စတာတွေဟာ
တကယ့်အချစ်မဟုတ်ပါဘူး။
ဒါတွေကို"အချစ်"လို့ယူဆပြီး
Relationship တစ္ခုခုကို
ခပ်မြန်မြန်တည်ဆောက်ခြင်းဟာ
နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည်မှာပြဿနာတွေတက်လာနိုင်ပါတယ်
ဒါကြောင့် မချစ်ခင်အရင်စဉ်းစားသင့်ပါတယ်
ချစ်နေတုန်းမှာလည်း လေ့လာသင့်ပါတယ်
(ချစ်ရတာလွယ်ပါတယ်
တည်ဆောက်ရတာခက်ခဲလွန်းတယ်)
မှန်ပါတယ်
ဘယ်လိုပဲချစ်ချစ်
ဘယ်သူ့ကိုပဲချစ်ချစ်
ချစ်ရတာလွယ်ပါတယ်
ဒါပေမယ့်
အဲဒီအချစ်၆လသက်တမ်းရဖို့
တစ်နှစ်သက်တမ်းရဖို့
၃နှစ်သက်တမ်းရောက်ဖို့ကသာမလွယ်ကူတာပါ
ပြဿနာပေါင်းမြောက်များစွာကို
ကျော်ဖြတ်ပြီးမှ ရောက်ကြတာပါ
ဒီလိုမှမဟုတ်ရင်
သွေးပူတုန်းချစ်ကြပြီး
သွေးအေးသွားတဲ့အခါ
နောက်တစ်ယောက်ပေါ်လာတဲ့အခါ
တည်ဆောက်ထားတဲ့အချစ်တွေဟာ
မိနစ်ပိုင်းအတွင်းပျက်စီးသွားနိုင်ပါတယ်
ဒါ့ကြောင့် ခဲယဉ်းစွာတည်ဆောက်ကြပါ
အမြဲတမ်းလည်းချစ်နေနိုင်ကြပါစေ...
#feeling #justkidding