"Game of Thrones" ထဲက ဒိုင်းယားဝံပုလွေတွေကို ပြန်လည်အသက်သွင်းလိုက်ပါပြီ။
ဧပြီလ ၈ ၊ ၂၀၂၅
ဇီဝနည်းပညာနဲ့ မျိုးရိုးဗီဇအင်ဂျင်နီယာကုမ္ပဏီ Colossal Biosciences က "Game of Thrones" ထဲမှာ လူသိများခဲ့တဲ့ ဒိုင်းယားဝံပုလွေကို ပြန်လည်အသက်သွင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဒီအောင်မြင်မှုကို ကုမ္ပဏီက ဒီအန်အေ (၁၃,၀၀၀ နှစ်သက်တမ်းရှိ သွားတစ်ချောင်းနဲ့ ၇၂,၀၀၀ နှစ်သက်တမ်းရှိ ဦးခေါင်းခွံ) နဲ့ မီးခိုးရောင်ဝံပုလွေတစ်ကောင်ရဲ့ ပြင်ဆင်ထားတဲ့ မျိုးဗီဇကုဒ်ကို အသုံးပြုပြီး ရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
CRISPR နည်းပညာ (clustered regularly interspaced short palindromic repeats) ကို အသုံးပြုပြီး ကုမ္ပဏီက အဖြူရောင်အမွေးရှိတဲ့ ဒိုင်းယားဝံပုလွေ သုံးကောင်ကို မွေးဖွားခဲ့ပါတယ်။ ဒါဟာ "Game of Thrones" ဇာတ်ကောင် Jon Snow ရဲ့ ဒိုင်းယားဝံပုလွေဖြစ်တဲ့ Ghost နဲ့ ဆင်တူပါတယ်။
"နည်းပညာတစ်ခု တိုးတက်လာတဲ့အခါ မှော်ပညာနဲ့ ခွဲခြားလို့မရအောင် ဖြစ်သွားတယ်" လို့ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင်ချုပ် Ben Lamm က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဝံပုလွေအထီး နှစ်ကောင်ကို ရောမမြို့ကို တည်ထောင်ခဲ့တယ်လို့ ဒဏ္ဍာရီမှာ ပြောထားတဲ့ Romulus နဲ့ Remus လို့ အမည်ပေးခဲ့ပါတယ်။ သူတို့ကို ဝံပုလွေမ တစ်ကောင်က ပြုစုပျိုးထောင်ခဲ့တယ်လို့ ဆိုပါတယ်။
တတိယမြောက် ဝံပုလွေက အမခွေးပေါက်လေးဖြစ်ပြီး သူ့ကို Khaleesi လို့ အမည်ပေးခဲ့ပါတယ်။ ဒါဟာ "Game of Thrones" ထဲက Daenerys Targaryen ကို ရည်ညွန်းတဲ့ နာမည်တစ်ခုပေးခဲ့တာဖြစ်ပါတယ်။
အခုလောလောဆယ် ဒီသုံးကောင်လုံးဟာ ဧက ၂,၀၀၀ ကျယ်ဝန်းတဲ့ လျှို့ဝှက်ထိန်းသိမ်းရေးနယ်မြေတစ်ခုမှာ နေထိုင်နေပြီး ဒီနယ်မြေကို အမေရိကန် တိရစ္ဆာန်ကာကွယ်ရေးအသင်းက အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အရွယ်ရောက်တဲ့အခါ အလေးချိန် ၆၀ ကီလိုဂရမ်ခန့် ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ မီးခိုးရောင်ဝံပုလွေတစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်က ၉၀ ကီလိုဂရမ်အထိရှိပါတယ်။
"Game of Thrones" ဖန်တီးသူ George R.R. Martin ဒီပရောဂျက်မှာ ယဉ်ကျေးမှုအကြံပေးနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်ခဲ့ပြီး ထိန်းသိမ်းရေးနယ်မြေမှာ အထီး ဝံပုလွေ နှစ်ကောင်ကို သွားရောက်ကြည့်ရှုခဲ့ပြီးပါပြီ။
"လူအများက ဒိုင်းယားဝံပုလွေတွေကို စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတွေလို့ မြင်ကြပေမယ့် တကယ်တမ်းမှာ သူတို့ဟာ အမေရိကန် ဂေဟစနစ်မှာ အထောက်အကူဖြစ်စေတဲ့ သမိုင်းကြောင်းရှည်လျားလှတဲ့သတ္တဝါတွေဖြစ်တယ်" လို့ စာရေးဆရာက သူ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

image
1 y - Translate

ဘဝဆိုတာ အချစ်အကြောင်းချည်းပဲ မဟုတ်ပါဘူး
တစ်ခါတစ်လေမှာ ငါတိုကို နားလည်ပေးနိုင်တဲ့
လူတစ်ယောက်ပဲ လိုအပ်တာပါ 🫶🏻

image

မှာချင်တာ မှာစာ: ပီးနောက် ဘေ ရှင်: သောအခါ...
me & my fri be like :

image

ထာဝရမပြောနဲ့ မနက်ဖြန်မှာတောင်
ဘာဖြစ်မလဲ ဘယ်သူမှ သေချာမသိဘူး။

ဒီတော့ လက်ရှိအချိန်လေးကိုသာ အာရုံစိုက်၊
မိသားစုတွေနဲ့ စကားများများပြော၊
သူငယ်ချင်းတွေနဲ့ အချိန်ပေးလျှောက်လည်၊
မေတ္တာရှိရသူကိုလည်း
တန်ဖိုးထားချစ်ရကြောင်းတွေ သိအောင်ထုတ်ပြ။

ဒီနေ့ဟာ နောက်‌ဆုံးဆိုရင်တောင်
မနက်ဖြန်မှာ နောင်တမကျန်ချင်ရင်
ကျွန်တော်တို ချစ်ရသူတွေကို
ရင်ထဲကအတိုင်း ပြုမူဆက်ဆံဖိုလိုပါတယ်။

image
1 y - Translate

အင်ဒိုနီးရှားနိုင်ငံအာ‌ချေပြည်နယ်တွင်ရစ်ခ်တာစ‌ကေး၅.၉ ငလျင်လှုပ်
ဂျာကာတာ၊ ဧပြီ ၈
အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာ‌ချေပြည်နယ်တွင် အင်္ဂါနေ့(ယနေ့မနက်)အစောပိုင်းက ရစ်ခ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီက ပြောကြားခဲ့သည်။
ကနဦးတွင် အေဂျင်စီက ငလျင်၏ပြင်းအားကို ၆.၂ အဖြစ် ဖေါ်ပြခဲ့ပြီး ပြင်းအား ကို ပြန်လည်ပြင်ဆင်ကာ လျှော့ချခဲ့ခြင်းဖြစ်သည်။
ငလျင်သည် အင်္ဂါနေ့ နံနက် ၂ နာရီ ၄၈ မိနစ်တွင် ဂျကာတာစံတော်ချိန် (၁၉:၄၈ ဂရင်းနစ်စံတော်ချိန် တနင်္လာနေ့) တွင် ငလျင်ဗဟိုချက်ဖြစ်သော စီမီယူလူး ခရိုင် ရှိ စီနာဘန် မြို့ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် အနက် ကီလိုမီတာ ၃၀ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ငလျင်သည် ကြီးမားသော လှိုင်းလုံးများ ကို ဖြစ်ပေါ်‌စေမည်ဟု မထင်ရသဖြင့် ဆူနာမီသတိပေးချက် ကို မထုတ်ပြန်ခြင်း ဖြစ်သည်။
"ငလျင်ဒဏ်သင့်ဒေသများ အထူးသဖြင့် စီမီယူလူး ခရိုင် တွင် ပြင်းထန်သော ထိခိုက်ပျက်စီးမှု သို့မဟုတ် အသေအပျောက်မှု သတင်း မရရှိကြောင်း" ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လျော့ပါးရေးအေဂျင်စီမှ အကြီးတန်းအရာရှိ ဇိုပါန် အေ က ရှင်းဟွာသို့ ပြောကြားခဲ့သည်။
ကျွန်းစုနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ငလျင်လှုပ်ခတ်မှုရှိသော ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိနေ‌သောကြောင့် ငလျင်လှုပ်ခတ်နိုင်သည်။ အဆိုပါနိုင်ငံတွင် မီးတောင်ရှင် ၁၂၇ လုံးရှိပြီး မြေငလျင် လှုပ်ရှားမှုများလည်း မကြာခဏဖြစ်ပေါ်လေ့ ရှိသည်။
Ref: ရှင်းဟွာ

image

"ဝမ်းသာလို့ငိုမိသွားတယ်`😑🤣

image
1 y - Translate

မနက်ဖြန်က ရောက်မလာ‌တော့တာလဲ ဖြစ်နိုင်တယ်။
ဒါကြောင့် သေချာနေသေးတဲ့ လက်ရှိအချိန်လေးမှာ
အပျော်ရွှင်ဆုံးနဲ့ အကောင်းဆုံး ဖြတ်သန်းပါ။
#စာတို

1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ငလျင်ဒဏ်ကြောင့် ​ဗန်ကောက်အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူများအတွက် နစ်နာကြေး ဘတ်နှစ်သန်းပေးမည်
ထိုင်းနိုင်ငံ ငလျင်ဒဏ်ကြောင့်ဗန်ကောက်မြို့၌ အဆောက်အအုံ ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့သော မြန်မာအပါအဝင် အလုပ်သမားများအတွက် နစ်နာကြေးဘတ်နှစ်သန်းအထိ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။
နစ်နာကြေးများကို ထိုင်း၊ မြန်မာ၊ ရွှေ့ပြောင်းအလုပ်သမားဟု မခွဲခြားဘဲ တန်းတူပေးအပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boon song Thapchaiyuth ကကူညီရေးစင်တာသို့ ရောက်ရှိလာသည့် အချိန်ပြောကြားခဲ့ခြင်းဖြစ်ပြီး နစ်နာကြေးသည် ဘတ်တစ်သန်းမှ နှစ်သန်းအထိ ရှိမည်ဖြစ်ကာ ပြိုကျမှုကြောင့်သေဆုံးသွားသော ရွှေ့ပြောင်းအလုပ်သမားများအတွက်လည်း ထိုင်းနိုင်ငံသားများနှင့် တန်းတူ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အသက်ဆုံးရှုံးသွားခဲ့သူများ၏ မိသားစုဝင်များက နစ်နာကြေးကို လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားချိန် မှစ၍ ၁၅ ရက်အတွင်း စိစစ်ပြီးပေးအပ်သွားမည်ဖြစ်ပြီး အလုပ်သမားများ၏ နစ်နာကြေးများအား လူမှုဖူလုံရေးရန်ပုံငွေအောက်မှ ရရှိနိုင်ရေး အလုပ်ရှင်ဘက်က တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်ငလျင်ကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်ကို အလုပ်သမားဝန်ကြီးဌာနက တွက်ချက်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ အဆောက်အအုံပြိုကျမှုကြောင့်သေဆုံးသူ ၁၈ ဦးရှိလာပြီး ဒဏ်ရာရရှိသူကိုးဦးနှင့် ပျောက်ဆုံးနေသူ ၇၆ ဦးရှိနေဆဲဖြစ်ကြောင်း သိရသည်။

image

မေတ္တာတွေ အမျိုးမျိုးရှိတယ်
တချိုက ခန္ဓာကိုယ်ကို လိုချင်တယ်
တချိုက စိတ်ကို လိုချင်တယ်
ဒါပေမဲ့ ကိုယ့်မေတ္တာကကျ
သူပြုံးပျော်နေတာလေးပဲလိုချင်တယ်၊
နေခြည်နွေးလေးတွေပဲ
သူ့ကိုယ်ပေါ် ဖြာကျစေချင်တယ်၊
အမြဲကျန်းမာစေချင်တယ်၊
သူဟာ ကိုယ်ပိုင်ရသည်ဖြစ်စေ
မပိုင်ရသည်ဖြစ်စေ ကိုယ်ဟာ
အကောင်းဆုံး ချစ်ပေးလိုက်ဖို ဆန္ဒရှိတယ်။

image
1 y - Translate

စေတနာဆိုတာ ခါးကြားထဲက
ပိုက်ဆံအိတ်မဟုတ်တော့
ဆွဲထုတ်ပြီးပေးလည်း
လူတိုင်းက မကြိုက်နိုင်ဘူးပေါ့
မေတ္တာနဲ့မျှားလို့မရရင်
တချို့အရာတွေကို
ဥပေက္ခာကြိုးပဲ ခပ်တင်းတင်းလေး
ချည်ပါရစေ
ခပ်ပူပူစူစူ အရောင်ပြင်းပြင်းလူတွေအတွက်
နေလောင်ခံ ခရင်ပါးပါးလေး
လိမ်းလိုက်တဲ့သဘောပါပဲ
ဆက်ဆံရေးတန်းသွားရင်
ဘာအတွက်ကြောင့်မှ
စိတ်မဆိုးပါနဲ့
မငယ်တော့တဲ့အခါ
အပြုံးတစ်ပွင့်ကိုတောင်မှ
ဟန်ဆောင်ပန်ဆောင်အဖြစ် မပြုံးချင်တော့လို့ပါ
Credit-အေးရိပ်

image