32 ပတ် - ဘာသာပြန်ပါ။

Instax 📷

image
32 ပတ် - ဘာသာပြန်ပါ။

Instax 📷

image
32 ပတ် - ဘာသာပြန်ပါ။

Instax 📷

image
32 ပတ် - ဘာသာပြန်ပါ။

Instax 📷

imageimage
+4
32 ပတ် - ဘာသာပြန်ပါ။

ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ချုပ်ပြီးအထည်မှာယူမှုမြင့်တက်နေ

မြန်မာနိုင်ငံမှ ချုပ်ပြီးအထည်များကို ဥပရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှအထည်ချုပ်ကို ယခင်ဝယ်ယူနေသည့်နိုင်ငံများအပြင် အဆိုပါ နိုင်ငံများမှ ဝယ်ယူမှု မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

" အမှာစာတွေက အများကြီးရတယ်။ အခုဆိုရင် ပိုလန်က အများကြီးဝယ်နေပြီ။ အဲဒီလိုပဲ အရှေ့အလယ်ပိုင်းကလည်း တော်တော်ဝယ်နေပြီ။ အီးယူနိုင်ငံထဲမှာ အများဆုံးပို့တယ့်နိုင်ငံဆိုလို့ ဂျာမနီက အများဆုံးသွားတာ။ ပြီးရင် စပိန်၊ အီတလီ အဲဒီလိုသွားတာ" ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

လက်ရှိတွင်အထည်ချုပ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်နေပြီး အထည်ချုပ်ကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်းအများဆုံးဖန်တီးပေးထားခြင်းလည်းဖြစ်သည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အထည်ချုပ်ကဏ္ဍ၌ အမှာစာဝယ်ယူမှု လျော့ကျခဲ့ပြီး ၂၀၂၃ ခုနှစ်မှစတင်ကာ ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်တို့မှ အော်ဒါမှာယူမှုပြန်လည်မြင့်တက်လာကြောင်း သိရသည်။

image
32 ပတ် - ဘာသာပြန်ပါ။

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် မြန်မာဝယ်လက်များ ဝယ်ယူမှုမြင့်တက်လာဟုဆို

ထိုင်းအိမ်ခြံမြေဈေးကွက်တွင် တရုတ်နှင့် ရုရှားရင်းနှီးမြုပ်နှံသူများ၏ဝယ်ယူမှု ကျဆင်းလာပြီး မြန်မာနိုင်ငံဝယ်လက်များ မြင့်တက်လာ‌ကြောင်း ဘန်ကောက်ပို့စ်သတင်းစာကြီးကရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ထိုင်းနိုင်ငံ၏ နှေးကွေးသော အိမ်ခြံမြေဈေးကွက်အတွက် တောက်ပသော မီးတောက်တစ်ခုအဖြစ် ဘန်ကောက်နှင့် ထိုင်းနိုင်ငံ အခြားဒေသများရှိ ကွန်ဒိုများကို ဝယ်ယူကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ပထမ ကိုးလတွင် ထိုင်းကွန်ဒိုတိုက်ခန်းများအား မြန်မာဝယ်လက်များ၏ ဝယ်ယူမှုသည် ယမန်နှစ် ကာလတူ အချိန်ကထက် သုံးဆ တိုးလာကြောင်း အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (Real Estate Information Centre - REIC)မှ ထုတ်ပြန်ချက်အရသိရသည်။ ယင်းသည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး နိုင်ငံခြားဝယ်လက်အုပ်စု ဖြစ်လာကြောင်း သိရသည်။

“... နိုင်ငံခြားသားတွေက ထိုင်းဘက်ကို လှည့်ပြီး ငြိမ်းချမ်းရေးကို ရှာဖွေနေပါတယ်” ဟု REIC ခေတ္တညွှန်ကြားရေးမှူးချုပ် Kamonpop Veerapala က ယခုသီတင်းပတ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ စုစု‌ပေါင်း ဘတ်ငွေ ၅.၄၆ ဘီလီယံ (ကန်ဒေါ်လာ ၁၅၈သန်း) တန်ဖိုးရှိ တိုက်ခန်း ၁,၀၀၀ ကျော်ကို မြန်မာနိုင်ငံသားများအား‌ ရောင်းချခဲ့ကြောင်း REIC ၏ အချက်အလက်များအရ သိရသည်။

မြန်မာတို့ ထိုင်းတွင်ရင်းနှီးမြှုပ်နှံမှုများသည် ယခုနှစ်ဇူလိုင်လမှ စက်တင်ဘာလအတွင်း သုံးလပတ်တွင် ၆၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း REIC အချက်အလက်များအရ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံသူများသည် ကန်ဒေါ်လာ ၁၄၅,၀၀၀ နှင့် ဒေါ်လာ ၃၅၀,၀၀၀ အကြား ပေါက်ဈေးရှိသော အိမ်ခြံမြေများကို ဝယ်ယူနေကြကြောင်း အမည်မဖော်လိုသူအိမ်ခြံမြေအေးဂျင့်တစ်ဦးက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်သည် ချင်းမိုင်ပြီးလျှင် နောက်ထပ်ရေပန်းစားသော နေရာတစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

image
32 ပတ် - ဘာသာပြန်ပါ။

ဂျေဒန်ဆန်ချိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတော့ အသင်းဟောင်း ယူနိုက်တက်ဆီကို ပြန်လည်ပေါင်းစည်းဖို့ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

နည်းပြသစ် အေမိုရင်ကလည်း တောင်ပံကစားသမား ဂျေဒန်ဆန်ချို ပြန်လာရင်လည်း ကောင်းပါတယ်၊ဒါက မယုံကြည်စရာပဲလိုဆိုထားကြောင်းသိရပါတယ်။

image
32 ပတ် - ဘာသာပြန်ပါ။

Mood

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၂၄ ရက်

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၁၅ ဒေါ်လာ

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၃၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၁၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၆၀ ကျပ်
ဝယ်ဈေး - ၄၅၄၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၈၇ ကျပ်
ဝယ်ဈေး - ၁၂၆.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၀ ကျပ်
ဝယ်ဈေး - ၉၇၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၉၆ ကျပ်
ဝယ်ဈေး - ၂၈.၂၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၅ ကျပ်
ဝယ်ဈေး - ၅၁.၉၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၉ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၀ ကျပ်
ဝယ်ဈေး - ၅၄၆၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၀၅ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၁၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၅၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၇ ကျပ်
ဝယ်ဈေး - ၁၁၈၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
32 ပတ် - ဘာသာပြန်ပါ။

အာဆီယံ သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က နိုင်ငံအလိုက် တတိယဆုရရှိခဲ့ပြီး
ရွှေတံဆိပ် (၅) ဆု ရရှိခဲ့

နိုဝင်ဘာ ၂၄

အာဆီယံ တပ်မေတာ် (ကြည်း) သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က နိုင်ငံအလိုက် တတိယဆုရရှိခဲ့ပြီးရွှေတံဆိပ် (၅) ဆု ရရှိခဲ့တယ်လို သိရပါတယ်။

အဲ့ပြိုင်ပွဲဟာ (၃၂)ကြိမ်မြောက် ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကာ အာဆအဖွဲဝင် (၁၀) နိုင်ပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်လို သိရပါတယ်။

မြန်မာ့တပ်မတော် ‌ေသနတ်ပစ်အသင်းကနေ ရိုင်ဖယ်ပစ်၊ ကာဘိုင်ပစ်၊ စက်သေနက်ပစ်၊ ပစ္စတိုပစ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွေမှာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

သေနတ်ပစ်ပြိုင်ပွဲများရဲ့ Friendly Match ပွဲစဥ်(၃)မျိုးမာ Pistol(W) ရွှေ (၁) ခု၊ ငွေ (၂) ခုနဲ့ ကြေး (၆)ခု၊ Pistol(M) ရွှေ (၁) ခု၊ Carbine ငွေ (၁) ခုနဲ့ ကြေး (၁) ခု၊ Rifle ရွှေ (၁) ခု နဲ့ ငွေ (၁)ခု ၊ Machine Gun ရွှေ (၁) ခုနဲ့ အသင်းလိုက် (၅သင်း)ပြိုင်ပွဲမှာ ရွှေ (၁) ခု ရရှိခဲ့တယ်လို သိရပါတယ်။

#centralnewsnaypyitaw

imageimage