Khine Su Zin shared a post  
43 w

43 w

🌀 ရုတ်တရက် အားအင်ကုန်ခန်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေးမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံးကြည့်ပါ....👇👇👇
🌀 အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊ အားအင်ကုန်ခန်းလို့ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတစ်လက် ကို မျှဝေပေးပါ့မယ်။
ပါဝင်ပစ္စည်းတွေကတော့.....
(1) ကြက်ဥအစိမ်းတစ်လုံး၊
(2) သုံပုရာသီးအမှည့်တစ်လုံး၊
(3) သကြားဖြူဟင်းစားဇွန်း နှစ်ဇွန်းတို့ကိုဖောက်ထည့် ရောမွှေပေးပါ။
သံံပုရာအစေ့တွေကို ဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေပြီး သောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာ ဖြစ်ပါတယ်။
ဒီဆေးနည်းက ကျွန်တော့်ဖခင် ပေးတဲ့ရိုးရာဆေးတစ်လက် ဖြစ်ပါတယ် ။
သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီး သုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လဲအားဆေးတစ်လက်ပါ။
“အားလုံး ကျန်းမာချမ်းသာကြပါစေ”
#crd_to_owner_with_respect
#photo_crd_to_owner
#ကျန်းမာရေး
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

image

🌀 ရုတ်တရက် အားအင်ကုန်ခန်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေးမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံးကြည့်ပါ....👇👇👇
🌀 အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊ အားအင်ကုန်ခန်းလို့ဖြစ်ဖြစ်၊ မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတစ်လက် ကို မျှဝေပေးပါ့မယ်။
ပါဝင်ပစ္စည်းတွေကတော့.....
(1) ကြက်ဥအစိမ်းတစ်လုံး၊
(2) သုံပုရာသီးအမှည့်တစ်လုံး၊
(3) သကြားဖြူဟင်းစားဇွန်း နှစ်ဇွန်းတို့ကိုဖောက်ထည့် ရောမွှေပေးပါ။
သံံပုရာအစေ့တွေကို ဖယ်ရှားပစ်ပါ။ ပါဝင်ပစ္စည်းအားလုံးကို နှံ့နှံ့စပ်စပ် ရောမွှေပြီး သောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာ ဖြစ်ပါတယ်။
ဒီဆေးနည်းက ကျွန်တော့်ဖခင် ပေးတဲ့ရိုးရာဆေးတစ်လက် ဖြစ်ပါတယ် ။
သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေ ပိုပြီး သုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လဲအားဆေးတစ်လက်ပါ။
“အားလုံး ကျန်းမာချမ်းသာကြပါစေ”
#crd_to_owner_with_respect
#photo_crd_to_owner
#ကျန်းမာရေး
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ

image

"အခုထိ ကျွန်တော် Catherine ကိုတွေ့ရင် 'အမေ' လို့ ခေါ်တုန်းပဲ။"

"သူကလည်း 'သား' ဆိုပြီး ပွေ့ဖက်နေကျ။"

ဆိုပြီး Home Alone ထဲက (Kevin အဖြစ်သရုပ်ဆောင်) Macaulay Culkin က၊ (Kevin ရဲ့ အမေအဖြစ်သရုပ်ဆောင်) Catherine O'Hara နဲ့ ကြားက အကြောင်းကို ပြောလာပါတယ်။

image
43 w - Translate

#နိုင်ငံတကာသတင်း
◼ဂျာမနီရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်များအနိုင်ရသော်လည်းမျှော်မှန်းထားသည့်ထောက်ခံမှုနှုန်းမရ
ဂျာမနီရွေးကောက်ပွဲတွင် ဖရက်ဒရစ်မားဇ်ဦးဆောင်သော ကွန်ဆာဗေးတစ်များက ပြိုင်ဘက်ပါတီများကို ကျော်ဖြတ်ပြီး ပထမနေရာရရှိခဲ့သော်လည်း ၎င်းတို့ မျှော်မှန်းသည့် ထောက်ခံမဲ ၃၀ ရာခိုင်နှုန်းကိုမူ မရရှိခဲ့ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
“ ဒီနေ့ညမှာ အောင်ပွဲခံကြရအောင်ပါ။ မနက်ဖြန်ဆိုရင်တော့ ကျွန်တော်တို့ စပြီး အလုပ်လုပ်ကြရမယ်။” ဟု မားဇ် က အားရဝမ်းသာဖြစ်နေသော ထောက်ခံသူများအားပြောကြားသည်။
ယခုအခါ ၎င်းရှေ့တွင် ရှိနေသော တာဝန်ဝတ္တရားများ၏ ကြီးလေးမှုကို သ တိပြုမိကြောင်းလည်း ဂျာမနီအဓိပတိဖြစ်လာရန် ရေပန်းစားနေသည့် မားဇ် က ပြောသည်။
ရွေးကောက်ပွဲတွင် နောက်ထပ်အနိုင်ရသောပါတီမှာ ဂျာမနီအတွက်အခြားရွေးချယ်စရာ Alternative for Germany (AfD) ဟု နာမည်ပေး ထားသော လက်ယာစွန်း ပါတီဖြစ်ကာ ၎င်းတို့က စံချိန်တင်လူထုထောက်ခံမှု ၂၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာသို့ တက်လှမ်းခဲ့သည်။
“ ဂျာမန်နိုင်ငံသားတွေက အပြောင်းအလဲအတွက်မဲပေးခဲ့ကြပါတယ်။” ဟု AfD ပါတီ ခေါင်းဆောင် အဲလစ်ဝီဒယ် က ပြောကြားသည်။
ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော CDU ပါတီ ခေါင်းဆောင် ဖရက်ဒရစ်မားဇ် ၏ မဟာမိတ်ဖွဲ့စည်းရေးကြိုးပမ်းမှုများ အဆုံးတွင် ကျရှုံးမည် ဖြစ်ကြောင်း မစ္စက်ဝီဒယ် က ပြောကြားပြီး ယင်းနှင့်အတူ မကြာခင်ရွေးကောက်ပွဲများ ထပ်မံ ကျင်းပရမည်ဖြစ်သည့်အတွက် ၎င်းတို့အနေနှင့် ရွေးကောက်ပွဲများအတွက် လေးနှစ် ထပ်မံ၍ စောင့်ဆိုင်းရမည်မထင် ကြောင်း မစ္စက်ဝီဒယ် က ပြောကြားသည်။
AfD ပါတီ က ဂျာမနီအရှေ့ပိုင်းတွင် အဓိက ထောက်ခံမှုရရှိခဲ့ပြီး ကျန်ဒေသအစိတ်အပိုင်းများတွင်မူ CDU များကို ထောက်ခံမှု များပြားခဲ့သည်။
ဂျာမနီ အဓိပတိအိုလက်ဖ်ရှိုးဇ် ၏ Social Democrats များက ‌ထောက်ခံမှု ၁၆ ဒသမ ၄ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး တတိယနေရာသာ ရရှိခဲ့ကာ ယင်းမှာ ပါတီ၏ သမိုင်းတွင် အနည်းဆုံး ထောက်ခံမှုလည်း ဖြစ်သည်။
ယင်းမှာ ပါတီအတွက် ခါးသီးသောရှုံးနိမ့်မှုဖြစ်ကြောင်း နှင့် ၎င်းအနေနှင့်မဟာမိတ်ဖွဲ့စည်းရေး ဆွေးနွေးမှုများတွင် ပါဝင်မည်မဟုတ်ကြောင်း အိုလက်ဖ်ရှိုးဇ် က ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် အိုလက်ဖ်ရှိုးဇ် ၏ သုံးပါတီမဟာမိတ်အစိုးရပြိုကွဲသွားပြီးနောက် ၎င်းအနေနှင့် အခြားပါတီတစ်ခုနှင့် ရှင်းလင်းသော မဟာမိတ်အစိုးရ ဖွဲ့စည်းနိုင်ရန် ခိုင်မာသောထောက်ခံမှုပြသရေး ဖရက်ဒရစ်မားဇ် က မဲဆန္ဒရှင်များအား တောင်းဆိုခဲ့‌သော်လည်း မဲဆန္ဒရှင် ၈၃ ရာခိုင်နှုန်းစံချိန်တင်မဲထွက်ပေးခဲ့သော ရွေးကောက်ပွဲမှ မျှော်မှန်းထားသလောက် ထောက်ခံမှု မရခဲ့‌ကြောင်း သိရသည်။
သို့ရာတွင် ဒုတိယနေရာရခဲ့သော လက်ယာစွန်း AfD နှင့် မဟာမိတ်ဖွဲ့စည်းသွားရေးကိုမူ မားဇ်က ပယ်ချထားသည်။

image

ဆွေးတယ် // ထူးအိမ်သင်

ရိုက်ကူးရေးပြီးပြီဖြစ်တဲ့ Peaky Blinders ရုပ်ရှင်အသစ်

Peaky Blinders စီးရီးကို Season 7 အပြီးမှာ ရှေ့ဆက်ဖို့မရှိတော့တာကြောင့် ကျွန်တော်အပါအဝင် Peaky Blinders ပရိသတ်အချို့ကလည်း ကြေကွဲဝမ်းနည်းနေကြတာပါ။ ကံကောင်းစွာနဲ့ပဲ Netflix ဟာ Peaky Blinders ကို စီးရီးအသွင်းကနေ ရုပ်ရှင်အသွင်နဲ့ ရိုက်ကူးဖို့ရှိကြောင်းကို ၂၀၂၂ မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူးရေးကို စက်တင်ဘာ၊ ၂၀၂၄ မှာ စတင်ခဲ့တာဖြစ်ပြီးတော့ အခု ဒီဇင်ဘာ၊ ၂၀၂၄ မှာ ပြီးဆုံးသွားပြီလို့ Netflix ဘက်က အတည်ပြုလာပါတယ်။ ရုပ်ရှင်ရဲ့နာမည်ကိုတော့ အတည်ပြုထားခြင်း မရှိသေးပေမဲ့လည်း ရုပ်ရှင်အဖွဲ့သား၊ ဆံပင်နဲ့ မိတ်ကပ်ပညာရှင် Nadia Stacey ရဲ့ instagram က post တစ်ခုမှာ "THE IMMORTAL MAN - Peaky Blinders the movie. One of my favorite jobs ever." ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ ဒါကြောင့်ရုပ်ရှင်နာမည်က The Immortal Man ဖြစ်နိုင်ပါတယ်။

ဒီရုပ်ရှင်မှာ Cillian Murphy လည်း Thomas Shelby အဖြစ် ပြန်လည်ပါဝင်မှာဖြစ်ပြီးတော့ အတိတ်ကလုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြန်လည်ကုစားသွားမယ့် လူကောင်းပုံစံမြင်ရမယ်လို့ သိရပါတယ်။ နာမည်ကြီးသရုပ်ဆောင် Barry Keoghan ပါဝင်မယ်လို့လည်း သိပ်မကြာခင်ကမှ ကြေညာသွားတာဖြစ်ပြီးတော့၊ Keoghan က script ဖတ်ပြီးတော့ ဒီရုပ်ရှင်ကို "Epic ပဲ။ စောက်ရမ်း epic ပဲ" ဆိုပြီး interview တစ်ခုမှာပြောလာပါတယ်။

ပရိသတ်တို့ရော Thomas Shelby နဲ့ Peaky "f-king" Blinders ရုပ်ရှင်ကိုကြည့်ဖို့ ရင်ခုန်နေပြီလား။

image

စာဘဲဆက်လုပ်ရမလား ထိုင်ဘဲငိုရမလား မသိတော့ပါဘူး senseiရယ်?

ဝိုင်းစုခိုင်သိန်း- ချစ်သူမရှိတဲ့အချိန်

43 w - Translate

M›onster High [2022]

M›onster တွေရဲ့ခံယူချက်နဲ့ သူတို့ကမ္ဘာလေးအကြောင်းကိုသေချာရိုက်ကူးထားတဲ့ Monster High ဇာတ်ကားမှာဆိုရင်
Main character က လောဒင်းက လူသားတစ်ပိုင်းမွန်းစတားတစ်ပိုင်းဖြစ်နေတော့ လူသားတွေကြားမနေချင်တော့ပဲ သူနဲ့သက်ဆိုင်တဲ့ monster တွေကိုပဲလက်ခံတဲ့ အထက်တန်းကျောင်းကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်

တခါတလေ သူစိတ်လှုပ်ရှားတဲ့အချိန် ဝမ်းနည်းတဲ့အချိန်တွေမှာ လူသားပုံစံကိုခဏတာပြန်ရောက်သွားတာကို တခြားသူတွေသိသွားမှာစိုးရိမ်နေရင်း သူ့လိုပဲ half-monster တစ်ယောက်ဖြစ်ပီး သေဆုံးသွားတဲ့ Hyde ဖော်စပ်ထားတဲ့ဆေးက monster လုံးလုံးပြောင်းပေးနိုင်မယ်လို့ယူဆမိပီးလိုက်ရှာရင်း သူငယ်ချင်း Frenky နဲ့ Draculaura တို့ကပါကူညီပေးခဲ့ပါတယ်

Frenky ကို နာမည်ကြီးပညာရှင်တွေရဲ့အစိတ်အပိုင်းတွေနဲ့ဖန်တီးထားတာဖြစ်ပီး Draculauraကတော့ မှော်ပညာကိုလေ့လာနေတဲ့သွေးစုပ်ဖုတ်ကောင်ပါ သူတို့ရဲ့အကူအညီတွေနဲ့ Clawdeen ဆေးရည်ကိုရှာတွေ့မလား ဆေးရည် ရှာရင်း

🍒🍉 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍉🍒 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1478

image
43 w - Translate

ဖူကူရှီးမား(Fukushima) ပြည်နယ်၊ အီဝကီ(Iwaki) မှာနေထုိင်တဲ့ မိန်းကလေးတစ်ေယာက်နှင့် ကောင်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။

Hakubo (2019)


Sachi Koyama ဆိုတဲ့ကောင်မလေးဟာငယ်ငယ်ကတည်းက‌တယောတီးရတာကိုဝါသနာပါတဲ့လူတစ်ယောက်ဖြစ်ပါတယ်
သူကသူငယ်ချင်းတွေနဲ့လည်းသိပ်နီးနီးကပ်ကပ်မနေပဲ အိမ်ကိုအမြဲအစောကြီး‌ပြန်ပြီး လမ်းမှာတွေ့တဲ့အရာလေးတွေကိုစိတ်ထဲမှာဆုိညည်းလေ့ရှိပါတယ်
ဒါပေမယ့် တစ်နေ့အိမ်ပြန်တဲ့ဘတ်စ်ကားေပါ်မှာ Yuusuke Kijinami ဆိုတဲ့ကောင်လေးနဲ့တွေ့ခဲ့ပါတယ်
Kijinami ကပန်းချီဆွဲရတာကိုနှစ်သက်သူပါ သူတို့နှစ်ယောက်ဟာအမှတ်မထင်ရင်းနှီးသွားကြပြီး ဘယ်လိုဖြစ်သွားကြမလဲ...
Short Anime Movie တစ်ခုဖြစ်တဲ့အတွက်လုပ်ကွက်တွေအရမ်းနည်းပါတယ် ဒါကြောင့်အရမ်းကြီးမမျှော်မှန်းစေချင်ပါဘူး သူလုပ်ပြသွားတာက နယ်ပယ်မတူတဲ့လူနှစ်ယောက်ဟာလည်းနီးစပ်နိုင်ပါတယ်ဆုိတာလေးကုိပြသွားပါတယ် Animation ကောင်းတာက‌တော့လုံး၀အာမခံပါတယ်

🍒🍉 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍉🍒 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1468

image