မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းများအသုံးပြုရန် လျှပ်စစ်ဓာတ်အားပို့လွှတ်မည်မဟုတ်ဟု လာအိုအစိုးရပြော

ဖေဖော်ဝါရီ ၁၄

လာအိုနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီဖြစ်သည့် Electricité du Laos (EDL) က မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်နေသည့် ဂိုဏ်းများအသုံးပြုရန်အတွက် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်မည်မဟုတ်ကြောင်း အတည်ပြုပြောဆိုလိုက်သည်။

ထိုင်းနှင့် မြန်မာနိုင်ငံ နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများကို ဖြိုခွင်းမှုအစိတ်အပိုင်းအဖြစ် ထိုင်းအစိုးရသည် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ပေးပို့ခြင်းများကို ရပ်တန့်လိုက်ပြီးနောက် လာအိုနိုင်ငံမှ လျှပ်စစ် ဓာတ်အား ရယူဖွယ်ရှိသည်ဟု အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

လာအိုနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက လျှပ်စစ်ဓာတ်အားကို စာသင်ကျောင်း၊ ဆေးရုံကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အစိုးရအဆောက်အဦများ၊ အသေးစားစီးပွားရေးလုပ်ငန်းများ၊ ဒေသခံများအပါအဝင် အများပြည်သူအသုံးပြုရန်အတွက်သာ ပို့လွှတ်မည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

လာအိုနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္မဏီဖြစ်သည့် Electricité du Laos (EDL)သည် အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်နေသည့်ဂိုဏ်းများ လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းကိုတားဆီးရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရှမ်းပြည်နယ်တာချီလိတ်သို့ လျှပ်စစ်ဓာတ်အား ၁၃ မဂ္ဂါဝပ်၏ တစ်ဝက်ကို လျှော့ချပေးပို့ခဲ့သည်ဟု သိရသည်။

EDL သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီမှတစ်ဆင့် တာချီလိတ်ခရိုင်ကိုလျှပ်စစ်ဓာတ်အားပေးပို့ရန် သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ် မေလတွင် လျှပ်စစ်ဓာတ်အား ပေးပို့ခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။

သဘောတူညီမှုစာချုပ်အရ EDL သည် တာချီလိတ်သို့ ၃၀ မဂ္ဂါဝပ်ထက် ပေးပို့ခွင့်ရှိမည်မဟုတ်ဘဲ မြန်မာနိုင်ငံရှိ မြို့များသို့ လျှပ်စစ်ဓာတ်အား အများဆုံး ၁၃ မဂ္ဂါဝပ်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံသည် အာဆီယံ၏ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ အိမ်နီးချင်းနိုင်ငံများသို့ ဓာတ်အားပေးပို့ သဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်သို့ လျှပ်စစ်ဓာတ်အား အကန့်အသတ်ဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

Ref,asianewsnetwork

#centralnewsnaypyitaw

image
38 w - Translate

မဲခေါင်မြစ် - အရှေ့တောင်အာရှ၏အသက်သွေးကြော
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
အရှေ့တောင်အာရှဒေသကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ကြီးတွေထဲမှာ မဲခေါင်မြစ်ဟာ အရေးပါ အရာရောက်ဆုံး မြစ်တစ်စင်း ဖြစ်ပါတယ်။
တိဗက်ကုန်းပြင်မြင့်ကနေ မြစ်ဖျားခံလာတဲ့ ဒီမြစ်ကြီးဟာ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ နဲ့ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းပြီး တောင်တရုတ်ပင်လယ်ထဲကို စီးဝင်ပါတယ်။
မဲခေါင်မြစ်ဟာ ခန့်မှန်းခြေအလျား ၄,၃၅၀ ကီလိုမီတာ (၂,၇၀၃ မိုင်) ရှည်လျားပြီး ကမ္ဘာပေါ်မှာ ၁၂ ခုမြောက် အရှည်ဆုံးမြစ်၊ အာရှတိုက်မှာတော့ ၇ ခုမြောက် အရှည်ဆုံးမြစ် ဖြစ်ပါတယ်။
၎င်းဟာ စိုက်ပျိုးရေး၊ သောက်သုံးရေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတို့အတွက် မရှိမဖြစ် ရေအရင်း အမြစ်တစ်ခု ဖြစ်သလို မြစ်ဝှမ်းတလျှောက် နေထိုင်ကြတဲ့ သန်းပေါင်းများစွာသော ဒေသခံပြည်သူတွေဟာ ရှေးယခင်ကတည်းက မဲခေါင်မြစ်ကို အမှီပြုပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပါတယ်။
ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ကုန်စည်တွေနဲ့ ခရီးသည်တွေကို သယ်ယူပို့ဆောင်ရာမှာလည်း မဲခေါင်မြစ်ဟာ အဓိကကျတဲ့ ရေလမ်းကြောင်းတစ်ခုအဖြစ် အရေးပါလှပါတယ်။
ဇီဝမျိုးစုံမျိုးကွဲတွေ ပေါကြွယ်ဝမှုမှာလည်း မဲခေါင်မြစ်ဝှမ်းဒေသဟာ ထင်ရှားပါတယ်။ ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံး ဒေသတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြပြီး ငါးအပါအဝင် တောရိုင်းတိရစ္ဆာန် မျိုးစိတ်ပေါင်းများစွာဟာ ဒီမြစ်ဝှမ်းဒေသမှာ မှီတင်းနေထိုင်ကြပါတယ်။
ဒီလို ဇီဝမျိုးစုံမျိုးကွဲတွေ ပေါကြွယ်ဝတာကြောင့် ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက်လည်း မဲခေါင်မြစ်ဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်နေပါတယ်။
ဒါ့အပြင် မဲခေါင်မြစ်ဟာ ဒေသခံ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေမှာလည်း အရေးပါတဲ့ နေရာကနေ ပါဝင်နေတာပါ။ မြစ်ဝှမ်းတစ်လျှောက်မှာ နေထိုင်ကြတဲ့ မတူညီတဲ့ လူမျိုးစုတွေဟာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့အတူ မဲခေါင်မြစ်ကြီးကို ချစ်ခင်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း ဒီဘက်ခေတ်မှာတော့ မဲခေါင်မြစ်ကြီးဟာ စိန်ခေါ်မှုတွေ၊ ပြဿနာတွေ အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။
မြစ်ရဲ့ အထက်ပိုင်းမှာ ဆည်တွေ တည်ဆောက်တာကြောင့် ရေစီးရေလာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး မြစ်အောက်ပိုင်းဒေသတွေမှာ ရေအရင်းအမြစ် ရှားပါးမှု၊ ငါးသယံဇာတ လျော့နည်းမှု စတဲ့ ဆိုးကျိုးတွေ ခံစားနေကြရပါတယ်။
စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ရေထုညစ်ညမ်း မှု ပြဿနာတွေဟာလည်း ပိုမိုဆိုးရွားလာနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် မဲခေါင်မြစ်ဝှမ်းဒေသအတွင်းက နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်တည်တံ့မယ့် ဖြေရှင်းနည်းတွေကို ရှာဖွေကြဖို့ အရေးကြီးလှပါတယ်။
မဲခေါင်မြစ်ကြီးကို မှီခိုနေရတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အနာဂတ်ဟာ ဒီမြစ်ကြီး၏ ရေရှည်တည် တံ့မှုအပေါ်မှာ မူတည်နေတယ်ဆိုတာ အလေးအနက် ထား သတိပြုကြရမှာ ဖြစ်ပါတယ်။
#knowledge

image

နင်လိုက်ခဲ့ရင် ပျော်စရာကောင်းမှာပါ

image

လည်ချောင်းကင်ဆာ(Throat cancer)
..
..
ရိုးရှင်းပြီး ပြုလုပ်ရလွယ်ကူတဲ့ အောက်ပါနည်းလမ်းကို
အသုံးပြုပြီး...
လည်ချောင်းကင်ဆာကို ကုသလိုရကြောင်း...
မျှဝေပေးပါရစေ🙏🙏🙏
မိတ်ဆွေအနေဖြင့်....
ပတ်ဝန်ကျင်မှာရနိုင်တဲ့ အရမ်းမရင့်တဲ့
ဘူးသီးတစ်လုံးအား ရေသေခြာဆေးပြီး...
အတုံးအတစ်လေးတွေ ပြုလုပ်လိုက်ပါ။
(အခွံမခွာရ/အစေ့မထုတ်ရ)
ပြီးတဲ့အခါ ဖျော်ရည်စက်ဖြင့် ကျိတ်လိုက်ပါ။
ရရှိလာသော ဘူးသီးဖျော်ရည်အား...
သင့်တင့်သော ဖန်ခွက်တစ်ခွက် ဖြင့်ထည့်ပါ။
ထို ဖျော်ရည်အတွင်းသို့....
ပင်စိမ်းရွက်အား အရည်ရအောင်ထောင်းထုပြီး...
ထမင်းစားဇွန်းတစ်ဇွန်းခန့် ရတဲ့အခါ...
ဘူးသီးဖျော်ရည်ထည့်ထားသောဖန်ခွက်ထဲသို့ထည့်ပါ။
ထို့အတူ ပူစီနာအရွက်အား ထောင်းထုပြီး အရည် တစ်ဇွန်းရအောင် ယူပါ။
အထက်ပါနည်းလမ်းအတိုင်း
ရလာသော ပူစီနာအရည်တစ်ဇွန်းအား ဘူးသီးဖျော်ရည်ထဲသို့ ရောစပ်ပေးပါ။
၄င်း သုံးမျိုးလုံး ရောစပ်ပြီး...
တစ်နေ့လျင် နံနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်
သောက်သုံးပေးပါက...
၃လကြာတဲ့အခါ မိတ်ဆွေဖြစ်ပေါ်နေသော
လည်ချောင်းကင်ဆာ ရောဂါ သက်သာပျောက်ကင်းနိုင်ကြောင်း မေတ္တာဖြင့် မျှဝေပေးလိုက်ပါတယ်
#crd

image

😊

image

flowers

38 w - Translate

(၁၄.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၄၉၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၆၅၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၁၀ ကျပ်(ဝယ်)၊ ၄၅၁၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၆၀ ကျပ်
Octane 95 - ၃၂၂၀ ကျ​ပ်
Premium Diesel - ၃၃၆၅ ကျပ်
Diesel - ၂၇၃၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image

ပအိုဝ်း自治区

和榜市 (ဟိုပုံးမြို နယ်) ကျောက္ကချား 村 全是木屋

image

ပအိုဝ်း自治区

和榜市 (ဟိုပုံးမြို နယ်) ကျောက္ကချား 村 全是木屋

image

ပအိုဝ်း自治区

和榜市 (ဟိုပုံးမြို နယ်) ကျောက္ကချား 村 全是木屋

image