#မီးပုံးပျံ_တွေဟာ
ဆီ မီးစာ မကုန်မချင်းတော့
ကောင်းကင်ယံသို့ ပျံတက်နေမှာပါ
သို့သော် ဆီနဲ့မီးစာ
ကုန်သွားတဲ့ အချိန်မှာ
မြေပေါ်သို့ ပြန်ကျလာရသလို
ထို့အတူ
ဤ ခန္ဓာကိုယ်ကြီးဟာလည်း
'ကံ'အားကောင်းနေချိန်မှာ
အားလုံး အဆင်ပြေပြီး
ပျော်လိုက် ပါးလိုက် မော်လိုက်
ကြွားလိုက်နဲ့ လောကကြီးကို မျောကာ
ငါ အိုလာပါပေါ့
ငါဟာ နာလာပါပေါ့
ငါဟာ သေမင်းနဲ့ နီးလာပါပေါ့လား ဟု
မသိတော့ဘဲ
မမျှော်လင့်ဘဲ ကံကုန်သွားခဲ့သော်
သေခြင်းတရားနဲ့ ရင်ဆိုင်သွားရလေမှ
ဪ ….ငါ့မှာ ပြုသင့် ပြုထိုက်သော
ကုသိုလ်တွေ မပြုမိခဲ့လေခြင်းဟု
နောင်တရလျှက် မျက်ရည်ကျကာ
သေမင်းခေါ်ရာသို့ လိုက်ရသလို့ပေါ့
ဒါကြောင့်
ကံကောင်းတုန်း
ဉာဏ်ကောင်းတုန်း
ဝိရိယကောင်းတုန်း
တရားအားထုတ်မှုကိုမမေ့ပါနဲ့...
အရှင်၀ါယာမိန္ဒ
(​ မြောက်ဦးဆရာ​တော်ဘုရားကြီး )

image
1 y - Translate

ယာယီရပ်ဆိုင်းထားသည့် OWIC ကတ်များကို အကန့်အသတ်ဖြင့်သာ ပြန်ထုတ်ပေးနေခြင်းကြောင့် အေဂျင်စီ များအနေဖြင့် အခက်အခဲများရှိနေကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်များထုတ်ပေးမှုကို ပြီးခဲ့သည့် ‌ဖေဖော်ဝါရီ(၁၄) ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရာ လက်ရှိတွင် အကန့်အသတ်များဖြင့် ပြန်လည်ထုတ်ပေးနေကြောင်းသိရသည်။ “လောလောဆယ်တော့ OWIC ကတ်ကို နည်းနည်းစီပေးလုပ်နေတယ်။ လူကအများကြီး ကျန်သေးတယ်။ ဒါပေမဲ့ ဘာစာမှလည်း မထွက်ဘူး။ သတ်မှတ်ချက်လည်းမထွက်ဘူး။ သူတို့ခေါ်ချင်တဲ့ ကုမ္ပဏီကိုခေါ်ပြီးတော့ သင်တန်း တက်ခိုင်းတယ်။ OWIC ကတ်လုပ်ခိုင်းတယ်။ နည်းနည်းစီပဲပေးလုပ်တယ်။ အခုဆို ဂျပန်အေဂျင်စီတွေ တော်တော်ဒု က္ခရောက်တယ်။ လက်မှတ်တွေဆုံး၊ စာချုပ်တွေပျက်နဲ့ ဒုက္ခတွေ ရောက်ကုန်တာ။ ဟိုတစ်လောက စာဝင်လာတယ်။ (၁၃၈) ယောက်ဆိုပြီး အဲဒီ (၁၃၈)ယောက်က ကျွန်တော်တို့ပါလို့သိရတယ်။ ကျွန်တော်တို့မပါရင် မသိရဘူး။ (၁၃၈) ယောက်ဆိုတာ ကိုယ်တစ်ခုတည်းမဟုတ်ဘူး သူများဟာတွေပါပါတယ်”ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကိုပြောသည်။ OWIC များကို အထက်ပါကဲ့သို့ အကန့်အသတ် ဖြင့်သာထုတ်ပေးနေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လက်ရှိအချိန်အထိ အကြောင်းအရာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။ “ဘာကြောင့်ဆိုတာလည်းမပြောဘူး။ သတ်မှတ်ချက်ထွက်လာမယ်လို့ပြောပြီး ခုချိန်ထိ မထွက်တော့ အကုန်လုံးဒုက္ခရောက်နေတာပေါ့။ ကြိုလည်း မကြေညာဘူး။ အေဂျင်စီအသစ်လေးတွေဆို ပိုဒုက္ခ‌ ရောက်တာပေါ့။ အယုံအကြည် ပျက်သွားတာပေါ့။ တခြားနိုင်ငံသားပဲခေါ်တော့မယ်ဆိုတာမျိုးဖြစ်သွားတာ။ ထိုင်းတွေ လည်း လေယာဉ်လက်မှတ်ဆုံးတာတွေ အများကြီးပဲ။ ဂျပန်ကတော့အဆိုးဆုံးပဲ။ ဂျပန်ကတော့ အဲဒီလို မတားသင့်ဘူး လုပ်ခလစာလည်းများတယ်လေ။ နှစ်နိုင်ငံသဘောတူစာချုပ်လည်းရှိတယ်လေ။ လက်ရှိထွက်နေတဲ့သူတွေဆိုရင် အရင်တည်းက ရပြီးသားလူတွေ။ ဟိုဘက်က ခေါ်မယ့်ရက် မရောက်သေးလို့ OWIC ကတ်ကိုင်ပြီးစောင့်နေရတာ။ ဖေဖော်ဝါရီ(၁၄)ကတည်းက OWIC ကတ်အခက်အခဲက ဖြစ်နေတာ”ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။ ပြည်တွင်း၌ (၁၉၉၀) ပြည့်နှစ်မှ (၂၀၂၄) ခုနှစ် မေလအထိ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို OWIC ထုတ်ပေးမှုအရေအတွက်မှာ နိုင်ငံပေါင်း (၉၉) နိုင်ငံသို့ (၁၈၂၅၃၈၁) ဦးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ပြည်တွင်း၌ ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု ပေးနေသည့် အေဂျင်စီအရေအတွက်(၆၀ဝ)ကျော် ရှိနေပြီး တရားမဝင်ဆောင်ရွက်နေသူများလည်းရှိ နေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပြည်ပသို့သွားရောက်လုပ်ကိုင်သောအလုပ်သမား များပြားရာနိုင် ငံတစ်ခုဖြစ် သည့်အပြင် ပြည်တွင်း၌ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း စတင်ဖြစ်ပွားပြီး‌ နောက်ပိုင်းကာလများတွင် စီးပွားရေး အဆင်မပြေမှုများ၊ လုပ်ခလစာ နည်းပါးမှုများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင် သည့်ပမာဏ ပိုမိုများပြားလာခဲ့သည်။

image
1 y - Translate

အမေရိကန်ရေတပ်အတွက် MQ-4C Triton ဒရုန်းနှစ်စင်း ထပ်မံထုတ်လုပ်ပေးဖို့ ဒေါ်လာ ၂၆၇ သန်းတန် ကန်ထရိုက် လုပ်ငန်းတစ်ခုကို Northrop Grumman ကုမ္ပဏီကို အပ်နှံလိုက်ပါတယ်။
ဒီသဘောတူစာချုပ်ဟာ စစ်သတင်းထောက်လှမ်းရေးတာဝန်၊ စောင့်ကြည့်ထောက်လှမ်းတာဝန်နဲ့ ကင်းထောက်တာဝန် တွေ (ISR) ထမ်းဆောင်ရာမှာ အဆင့်မြှင့်တင်နိုင်ဖို့အတွက် အမေရိကန်ရေတပ်ရဲ့ MQ-4C ဒရုန်း ၂၇ စင်းပါဝင်တဲ့ ဒရုန်း အုပ်တစ်အုပ်တည်ဆောက်ရေးအစီအစဉ်ထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
သဘာတူစာချုပ်အရ Northrop Grumman ကုမ္ပဏီဟာ MQ-4C ဒရုန်းတွေအပြင် ဒရုန်းပင်မစစ်ဆင်ရေးအခြေစိုက်စ ခန်းတစ်ခုကိုပါ ရေတပ်ကိုထောက်ပံ့သွားမှာဖြစ်ပါတယ်။
ဒရုန်းထုတ်လုပ်မှုလုပ်ငန်းစဉ်အများစုကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ် မတိုင်မီ စီမံချက် အပြီးသတ်ဆောင်ရွက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ Northrop Grumman ကုမ္ပဏီဟာ ပထမဦးဆုံးအဆင့်မြှင့်တင်ထားတဲ့ MQ-4C Triton ဒရုန်းကို အမေရိကန်ရေတပ်ကို ပေးပို့ခဲ့ပါတယ်။
MQ-4C Triton ဒရုန်းဟာ အမြင့်ပေပေါင်း မြောက်မြားစွာက တာဝေးပျံသန်းထောက်လှမ်းနိုင်အောင် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားပြီး စွမ်းဆောင်ရည် မြန်ဆန်မြင့်မားတဲ့ ဒရုန်းဖြစ်ပါတယ်။
MQ-4C Triton ဒရုန်းမှာ 360-degree multi-intelligence suite တစ်ခုတပ်ဆင်ထားတဲ့အတွက် တခြားမောင်းသူမဲ့ လေယာဉ်တွေနဲ့ နှိုင်းယှဉ်ရင် ISR တာဝန်တွေကို လေးဆ ထမ်းဆောင်နိုင်တဲ့ ဒရုန်းဖြစ်တယ်လို့ ဆိုပါတယ်။ MQ-4C Triton ဒရုန်းဟာ အမြင့်ပေ ၅၀,၀၀၀ (ကီလိုမီတာ ၁၅,၂၄၆) အထိ ပျံတက်နိုင်ပြီး လေထဲမှာ ၂၄ နာရီအထိ ပျံသန်းနိုင်ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ MQ-4C Triton ဒရုန်းနဲ့ အာတိတ်ရေခဲပြင်မှာ လမ်းကြောင်းရှာ စမ်းသပ်မောင်းနှင်ခဲ့ ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကနဦးစမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးနောက် ဂူဝမ်ကျွန်းမှာလည်း MQ-4C Triton ဒရုန်းကို တပ်ဖြန့်ချထားခဲ့ပါတယ်။
အမေရိကန်ရေတပ်အပြင် တော်ဝင်သြစတေးလျရေတပ်ကလည်း MQ-4C Triton ဒရုန်းတွေကို
အသုံးပြုနေပါတယ်။

image
image
image
1 y - Translate

အဆိုတော်ဖြိုးကြီးရဲ့ မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲကို တက်ရောက်ခဲ့တဲ့ အိမ့်ချစ် 🥰🥰🥰

အဆိုတော် အိမ့်ချစ်က အနုပညာမောင်နှမတစ်ဦးဖြစ်သူ အဆိုတော်ဖြိုးကြီးရဲ့ မင်္ဂလာဆွမ်းကျွေးပွဲကိုတက်ရောက်ဂုဏ်ပြုခဲ့တာပါ။ ဖြိုးကြီးဟာ ချစ်သူဖြစ်တဲ့ ခိုင်မိုမိုသဲနဲ့ ဒီကနေ့မှာပဲ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ မင်္ဂလာညစာစားပွဲ(Dinner) ကိုလည်း ဆက်လက်ပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။

image
1 y - Translate

သမာအာဇီဝနဲ့ရှာပြီး ဝယ်ထားတဲ့ အိမ်သစ်လေးကို လပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့တဲ့ မေနွယ်ထွန်း 🥰

ဆွိ လို့ ချစ်စနိုးနဲ့ လူသိများကြတဲ့ မေနွယ်ထွန်းက သူမရဲ့ အိမ်သစ်လေးကို လပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့တာပါ။ ဒီတိုက်ခန်းလေးဟာ သူမကိုယ်တိုင် ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရှာဖွေထားတာဖြစ်တယ်လို့ သူမကပြောပါတယ်။ သူမက တပေါင်းလပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့ပြီး ဘုရားပန်း၊ ရေချမ်း ၊ ဆွမ်းတွေကပ်လှူပူဇော်ခဲ့ပြီး သူမရဲ့ အိမ်သေးသေးလေးကို ပြခဲ့တာပါ။ နောက်နေ့တွေမှာလည်း ဒီအိမ်အသစ်လေးမှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ဆက်ပေးသွားဦးမယ်လို့ သိရပါတယ်။

image
JB Gold is feeling Loved
1 y

image
1 y - Translate

Nail 💅

image
1 y - Translate

Nail 💅

image
1 y - Translate

Nail 💅

imageimage
1 y - Translate

IMDb-7.7/10
မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ
နောက်ထပ်ရုံတင်ကားကြီး
တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။
ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ
ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ
ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့
အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။
ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး
အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့
နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။
ချာနိုဘိုင်း,The Dam, စသည်ဖြင့် ...

#crd
#storymode

image