37 ပတ် - ဘာသာပြန်ပါ။

သူများဇာတ်လမ်းမှာတော့ ဆရာ့ဆရာကြီးပဲ 🤨

#funny

image
Khine Su Zin မျှဝေသည်။ ပို့စ်  
37 ပတ်

37 ပတ်

Zodiac sign lucky color 🍀🤍

Taurus ♉️
green,pink,white

Gemini ♊️
Yellow,light blue,green

Cancer ♋️
Silver,White,blue

Virgo ♍️
Dark green,Beige,Brown

Scorpio ♏️
red , dark ,purple

Aries ♈️
red, pink ,yellow

တချို့လူတွေကတော့ သူတို့ရဲ့ Favorite color က luck color ဖြစ်နေတတ်ပါတယ်တဲ့🥰

#lunatarot

37 ပတ် - ဘာသာပြန်ပါ။

Zodiac sign lucky color 🍀🤍

Taurus ♉️
green,pink,white

Gemini ♊️
Yellow,light blue,green

Cancer ♋️
Silver,White,blue

Virgo ♍️
Dark green,Beige,Brown

Scorpio ♏️
red , dark ,purple

Aries ♈️
red, pink ,yellow

တချို့လူတွေကတော့ သူတို့ရဲ့ Favorite color က luck color ဖြစ်နေတတ်ပါတယ်တဲ့🥰

#lunatarot

37 ပတ် - ဘာသာပြန်ပါ။

Valentine's Day အပြီး နောက်တစ်ရက်မှာ
Single တွေအတွက် Single Awareness Day ရှိပါတယ်။

Valentine's Day ဟာ မိမိချစ်ရသူ ဘယ်သူနဲ့မဆို
ဖြတ်သန်းရတဲ့နေ့ဖြစ်ပေမယ့်
ချစ်သူရည်းစားရှိတဲ့သူ အတော်များများကတော့
"ချစ်သူများနေ့" လို့ ခေါင်းစဉ်တပ်ပြီး
ချစ်ခြင်းတရားတွေ ပြသကြပါတယ်။
Ro ကြပါတယ်။

ပန်းစည်းတွေ၊ ချောကလက်တွေ၊
ကိတ်မုန့်တွေ၊ လက်ဆောင်တွေဟာ
Valentine's Day ရဲ့ သင်္ကေတတွေဖြစ်ပြီး
ချစ်သူတွေ အပြန်အလှန်ပေးတတ်ကြပါတယ်။
ဒီလိုအချိန်တွေမှာ ချစ်သူမရှိတဲ့သူတွေကတော့
ငုတ်တုတ် ဖြစ်နေမှာပါပဲ။

ဒါပေမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကို
Single Awareness Day ဆိုပြီး
၂၀၀၁ ခုနှစ်မှာ single တစ်ဦးက သတ်မှတ်ခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ လူသိများလာပြီး
Single Awareness Day ကို
ကမ္ဘာတစ်ဝှမ်း ဆင်နွှဲလာကြပါတယ်။

အဲ့ဒီနေ့မှာ ဘာတွေလုပ်ကြလဲဆိုတော့

1. ကိုယ်ဟာ single တစ်ယောက်ဖြစ်ကြောင်း Social Media ပေါ်မှာ အသိပေးကြတယ်။

2. ကိုယ့်ကိုယ်ကို လက်ဆောင်ပေးတယ်။ ကိုယ်လိုချင်တာတွေ ဝယ်တယ်။

3. အလှပြင်တယ်။ ဆံပင်ပုံစံပြောင်းတယ်။ Spa သွားတယ်။ အလှအပအတွက် ငွေသုံးတယ်။

4. Single သူငယ်ချင်းတွေစုပြီး အပြင်သွားတယ်။ မုန့်စားတယ်။ ရုပ်ရှင်ကြည့်တယ်။

အဓိကကတော့ Single ဘဝမှာရှိနေတဲ့ ကိုယ်ဟာ သူများထင်သလို စိတ်ဓာတ်ကျ၊ ဝမ်းနည်း၊ အားငယ်နေရတာမျိုး မဟုတ်ဘဲ
💜 Single ဖြစ်နေတဲ့အပေါ် ကျေနပ်တယ်
💜 Single ဘဝမှာ အဆင်ပြေတယ်
💜 ကိုယ့်ကိုယ်ကို ချစ်တယ်၊ ဂရုစိုက်တယ်
💜 နေ့တိုင်း ပျော်ရွှင်နေရတယ်ဆိုတာကို
Single Awareness Day မှာ သက်သေထူရတာ ဖြစ်ပါတယ်။

Single များအားလုံး Congratulations ပါ။
မနက်ဖြန် ကိုယ့်ကိုယ်ကို လက်ဆောင်ပေးဖို့ မမေ့နဲ့နော်။
Miley ရဲ့ သီချင်းလေးထဲကလိုပဲ
"I can buy myself flowers" လုပ်ကြတာပေါ့။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
February 14, 2022 (repost)

your secret friend
your smart guy

#adsecretdiary #singleawarenessday
#crd

image
37 ပတ် - ဘာသာပြန်ပါ။

Dark 🤎✨

image
37 ပတ် - ဘာသာပြန်ပါ။

ဖေ​ဖော်ဝါရီလ၁၅ရက်နိုင်ငံတကာသတင်းတိုများ

၁။ယူကရိန်းသမ္မတဇလင်စကီးကသူသည်ရုရှားကိုယ်စားလှယ်များဖြင့်​ဆွေး​နွေးမည်မဟုတ်ပဲရုရှားသမ္မတပူတင်နှင့်သာစစ်ရပ်စဲ​ရေး​ဆွေး​နွေးမည်ဟုရုပ်သံအင်တာဗျူးတွင်​ပြောခဲ့သည်။

၂။ဂျာမနီနိုင်ငံခြား​ရေးဝန်ကြီးကစက်မှုထိပ်သီးG-7အဖွဲသိုရုရှားကိုပြန်လည်ထည့်သွင်းရန်အ​မေရိကန်သမ္မတ၏အဆိုပြုချက်ကိုပယ်ချလိုက်သည်။

၃။လစ်သူ​ရေးနီးယားဝန်ကြီးချုပ်ကအ​မေရိကန်သမ္မတထရမ့်နှင့်ရုရှားသမ္မတပူတင်တို၏​တွေ့ဆုံ​ဆွေး​နွေးပွဲသည်ဥ​ရောပကိုဒုက္ခ​ရောက်​စေမည်ဟု​ကြောက်လန့်တကြား​ပြောကြားလိုက်သည်။

၄။အ​မေရိကန်သမ္မတထရမ့်ကကာကွယ်​ရေးအသုံးစရိတ်များတဝက်နီးပါးဖြတ်​တောက်မည်ဟု​ပြောကြားပြီး​နောက်အ​မေရိကန်လက်နက်ကုမ္ပဏီကြီးများ၏စ​တော့ရှယ်ယာများတန်ဘိုးကျဆင်းသွားသည်။

၅။ဆွစ်ဇာလန်လွှတ်​တော်သည်ပြည်ပစစ်ပွဲများတွင်ပါဝင်ခဲ့သည်ဆွစ်ဇာလန်နိုင်ငံသားများကိုလွတ်ငြိမ်းချမ်းသာခွင့်​ပေး​ရေးကိုပယ်ချလိုက်သည်။ဆွစ်ဇာလန်ဥပ​ဒေအရပြည်ပစစ်ပွဲများတွင်ဆွစ်လူမျိုးများပါဝင်ခွင့်ကိုပိတ်ပင်ထားသည်။

NOM

37 ပတ် - ဘာသာပြန်ပါ။

မူဆယ် ကနေ တရုတ်ဘက် ၇ ရက်ကတ်နဲ့ တိုကင်ယူစရာမလိုပဲ ဖြတ်သန်းခွင့်ပြု

ဖေဖော်ဝါရီ ၁၆

မူဆယ် ကနေ တရုတ်ဘက်ကို လတ်တလော ကြိုတင် တုံကင် ယူစရာ မလိုပဲ ၇ ရက် သက်တမ်း ရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် နဲ့ ဘယ်မျဉ်းစောင်း မဆို ဝင်ထွက် ဖြတ်သန်းခွင့်ပြုကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

"၇ ရက်သက်တမ်း ကတ်နဲ့ မှတ်ပုံတင်ဘယ် မျဉ်းစောင်း မဆို ဝင်ခွင့် ပြုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ကျယ်ဂေါင်ထိပဲ ရတယ်။ ရွှေလီတောင်သွားလို့မရဘူး။ ကန့်သတ်ချက်တွေ ရှိတယ်" လို့ မူဆယ် ဒေသခံ တယောက်က ပြောပါတယ်။

စစ်မှုထမ်း ကန့်သတ် အသက် ကျော်လွန်ပြီးသူတွေနဲ့ စစ်မှုထမ်း ကင်းလွတ်ခွင့်ရသူတွေပဲ ဝင်ခွင့်ရတယ်လို့ သိရတယ်လို့ ဆိုပါတယ်။

"မြန်မာ လူကြီးတွေတော့ လုပ်ပေးတယ်၊ မြန်မာ လဝက ဘက်က တံဆိပ်တုံး ထုပေးလိုက်တယ်။ တရုတ်ဘက် ရောက်တော့ သူဌေးခေါ်စာ မပါရင် ပေးမဝင်ဘူ ဖြစ်သွားတယ်။" လို့ အမျိုးသမီး တယောက်က ‌ေပြာပါတယ်။

၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် တခုကို မြန်မာငွေ ကျပ် ၁၂၀၀၀ ပေးရပြီး ဝင်လို့ မရရင်လည်း ကျပ် ၁၀၀၀ ပေးပြီး မြန်မာဘက် လဝက မှာ ပြန်အပ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အလုပ်ခေါ်စာနဲ့ ဝင်မယ့် သူတွေကိုပါ အသက် ကန့်သတ်လိုက်တဲ့ သဘော ဖြစ်နေတယ်လို့ ဆိုပါတယ်။

"တချို့ လည်လည် ပတ်ပတ် လူတွေကလည်း ဝင်ရတယ်။ တချို့ကလည်း မဝင်ရဘူး။ ပြဿနာက အခု ဆင်ဖြူပေါက်မှာရော နန်းတော် ပေါက်မှာရော ဖြစ်နေတယ်။ မြန်မာဘက်က ၇ ရက်ကတ်ကို အကုန် ပေးလုပ်တယ်။ မှတ်ပုံတင်ပါတယ်၊ စမတ်ကတ် ပါတယ် ဆိုရင် အကုန် ပေးလုပ်တယ်။ ဒါပေမယ့် ဘာဖြစ်သလဲ ဆိုရင် တရုတ်ဘက်က အဝင်မခံဘူး။" လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

စစ်မှုထမ်း ဥပဒေ အရ အသက် ကိုက်ညီနေသူ‌ေတွက ကိုယ့်ရပ်ရွာကနေ စစ်မှုထမ်း ကင်းလွတ်ကြောင်း စာရွက်စာတမ်းတွေ ပါရမှာ ဖြစ်ပြီး တရုတ်ပြည်ကို လာပြီး ရောက်ခဲ့ပြီ ဆိုရင်လည်း အရေးကြီးလိုအပ်လို့ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ‌ရောက်ခဲ့ရင် ဆင့်ခေါ်စာနဲ့ မြန်မာပြည်ကို ပြန်ရမယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။

မြန်မာဘက်က တိုကင်တွေ၊ ‌သူဌေးတွေ မလိုအပ်တော့ပဲ မည်သူ့ကို မဆို၊ ဘယ်မျဉ်းစောင်းကို မဆို ၇ ရက် ကတ်လုပ်ပေး ပေမယ့် တရုတ်ဘက်က ဝင်ခွင့် မပေးသေးဘူး ဆိုတဲ့ ပုံစံမျိုးက မူဆယ် နယ်စပ်ဂိတ်မှာ ဖြစ်လေ့ ဖြစ်ထ ရှိပြီး စာအုပ် အနီ စပြီး ဝင်ခွင့် ပေးတဲ့ အချိန်တုန်းကလည်း ဒီလိုပဲ မြန်မာဘက်က တံခါးဖွင့်ထားပြီး တရုတ်ဘက်က ပေးမဝင်တာ ဒါမှမဟုတ် တရုတ်ဘက်က တံခါးဖွင့်ထားပြီး မြန်မာဘက်က ပေးမဝင်တာမျိုး ဖြစ်တဲ့ အတွက် အချိန် အတိုင်းအတာ တခု စောင့်ရမယ်လို့ သူက ပြောပြပါတယ်။

"အခုက ဘယ်မျဉ်းစောင်း မဆို ၇ ရက် သက်တမ်းကတ်နဲ့ ပေးဝင် ပေမယ့် လူ အရမ်းများတယ်။ မတိုးနိုင်ဘူး" လို့ ကိုးဗစ် မတိုင်ခင် ကျယ်ဂေါင်မှာ ဆိုင်ဖွင့်ခဲ့တဲ့ လားရှိုး ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

၇ ရက် သက်တမ်းကတ်နဲ့ တရားဝင် အလုပ်လုပ်ဖို့ အဆင်မပြေနိုင်တာကြောင့် ပတ်စပို့၊ ဗီဇာနဲ့ သွားဖို့ပဲ ကြိုးစား ပြင်ဆင်နေရတယ်လို့ သူက ပြောပါတယ်။

မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူ တယောက်ကတော့ ၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် တရုတ်ဘက် သွားရောက်ခြင်း မပြုတာ အကောင်းဆုံးဖြစ်ကြောင်း ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ် အဝင်၊အထွက် ဂိတ်ဖြစ်တဲ့မူဆယ် နန်းတော် - ကျယ်‌ေဂါင်ဂိတ် ရဲ့ တရုတ်ဘက်ခြမ်းမှာတော့ မြန်မာဘက်ခြမ်းက ဝင်လာတဲ့ မြန်မာမိန်းကလေးတွေဆီက ဖုန်းနံပါတ်နဲ့ WeChat အကောင့်တွေ လိုက်လံတောင်းယူနေတဲ့ မယား ရှာသူတရုတ်တွေကိုလည်း ရံဖန်ရံခါ တွေ့နေရပါတယ်။

အခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ခန့် အထိ မုဆယ်ခရိုင် အိမ်ထောင်စု ရှိသူတွေကလွဲပြီး တခြားဒေသခံ တွေက မူဆယ်နယ်စပ် ကနေ တရုတ်ဘက် ဝင်ရောက်မယ်ဆိုရင် ၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကို တုံကင်ယူ ရက်ချိန်းစောင့်ရပြီး တရုတ်ဘက်က အလုပ်ရှင်ရဲ့ ခေါ်စာ ရှိမှသာ ဝင်ရောက်ခွင့်ပြုတာ ဖြစ်ပါတယ်။

တရုတ် - မြန်မာ နှစ်နိုင်ငံ ဥပဒေ အရ နယ်စပ်ဖြတ်ကျော်ခွင် စာအုပ် အနီ ကိုင်ဆောင်သူတွေသာ တရုတ် နယ်စပ်မှ အလုပ်လုပ်ကိုင်ခွင် ရှိပြီးယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ်နဲ့ တရုတ်နယ်စပ်ဘက် ၆ ည အိပ် ၇ ရက် လည်ပတ်ခွင့်သာရှိကာ တရုတ်နယ်စပ်ထဲ တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိတာ ဖြစ်ပါတယ်။

Photo: ဒေသခံ

#centralnewsnaypyitaw

image

ကျန်းမာသုခဆေးခန်း ပိတ်သိမ်းရမယ်ဆိုတာမဟုတ်ဘဲ ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဆေးရုံဘက်ကရှင်းလင်း

ဖေဖော်ဝါရီ ၁၆

ရန်ကုန်မြို့က ပိတ်သိမ်းဖို့သတင်းထွက်ပေါ်ခဲ့တဲ့ဆေးရုံတွေထဲမှာ ကျန်းမာသုခ အထူးကုဆေးခန်းပါဝင်တယ်ဆိုတာ မဟုတ်ကြောင်း လုပ်ငန်းပုံမှန်လည်ပတ်နေတယ်လို့ ဆေးရုံဘက်က ပြန်လည်ရှင်းလင်း ပြောဆိုလာပါတယ်။

ကျန်းမာသုခအထူးကုဆေးခန်းက ရန်ကုန်မြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းခွဲတွေထဲကမှ ဆေးခန်းခွဲတခုကိုသာ ပိတ်ထားပြီး ကျန်တဲ့ဆေးခန်းခွဲတွေကို ဖွင့်လှစ်ထားကာလုပ်ငန်းလည်ပတ်နေတယ်လို့ ဆေးရုံပိုင်ရှင်ကဆိုပါတယ်။

" လတ်တလောမှာ လုပ်ငန်းခွဲဆေးခန်းခွဲတခုကိုသာပိတ်လိုက်တယ်။ပိတ်လိုက်တယ်ဆိုတာ အခြားအကြောင်း တခုကြောင့်ပိတ်လိုက်တာပါ။ကျန်တဲ့လုပ်ငန်းတွေကပုံမှန်အတိုင်းလည်ပတ်နေပါတယ်။" လို့ ဆေးရုံပိုင်ရှင်က ပြောပါတယ်။

လူမှုကွန်ယက်မှာ ​ထွက်ပေါ်ခဲ့တဲ့ ဆေးရုံပိတ်သိမ်းခံရတဲ့ သတင်းတွေထဲမှာတော့ ကျန်းမာသုခ ဆေးရုံက အပြီးပိတ်သိမ်းခံရတယ်ဆိုပြီး ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် အဆိုပါ သတင်းက မဟုတ်မှန်ကြောင်း ဆေးရုံဘက်က ပြန်လည် ရှင်းလင်းပြောဆိုလာတာဖြစ်ပါတယ်။

ဆေးရုံ အချို့ကို ပြစ်ဒဏ်တွေချမှတ်တဲ့စာရင်းမှာပါတဲ့ ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံတွေကလည်း ဆေးရုံပိတ်ရမယ်ဆိုတာသတင်းအမှားသာဖြစ်ကြောင်းနဲ့ ၂၄ နာရီဆေးရုံဖွင့်လှစ်ဝန်ဆောင်မှုပေးနေတယ်လို့ အသိပေးထားပါတယ်။

Photo - ကျမ္မာသုခဆေးခန်း

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
37 ပတ် - ဘာသာပြန်ပါ။

သောင်ရင်းမြစ်ကိုဖြတ်ကူး၍ မဲဆောက်ဘက် ခိုးဝင်သည့် မြန်မာနိုင်ငံသားများ လှည့်ကင်းနှင့် တည့်တည့်တိုး၍ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၁၆

သောင်ရင်းမြစ်ကိုဖြတ်ကူး၍ မဲဆောက်ဘက်ကို ခိုးဝင်သည့် မြန်မာနိုင်ငံသားများကို ကင်းလှည့်နေသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁ နာရီကျော်အချိန်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ်(၂)၊ ထာ့ဆိုင်လွှက်ကျေးရွာရှိ ထိုင်း-မြန်မာ အမှတ် (၁)တံတားအနီးတွင် ကင်းလှည့်နေသည့် လုံခြုံရေးအဖွဲ့က မသင်္ကာဖွယ်ရာ လူတစ်စုကိုတွေ့ရှိ၍ စစ်ဆေးရာမှ ခိုးဝင်လာသူများ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အမျိုးသား ၁၃ ဦး ၊ အမျိုးသမီး ၁၀ ဦး တို့ ပါဝင်သော အဆိုပါ လူ ၂၃ ဦးကို မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မဲဆောက်ရဲစခန်းက စစ်ဆေးရာ ၎င်းတို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့က သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ခိုးဝင်လာခြင်းဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လုံခြုံရေးတင်းကြပ်၍ စစ်ဆေးရေး ဂိတ်များဖြင့် ပိုက်စိပ်တိုက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

#centralnewsnaypyitaw

image
image
image

သင်္ဃန်းကျွန်းမြို့နယ် မီးလောင်မှု အမျိုးသားတယောက် ပိတ်မိသေဆုံး

ဖေဖော်ဝါရီ ၁၆

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတယောက် အခန်းအတွင်း ပိတ်မိ သေဆုံးခဲ့တယ်လို့ အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။

ဒီနေ့မနက် ၁၁ နာရီဝန်းကျင်က သုမင်္ဂလာလမ်းထဲက နှစ်ထပ် လုံးချင်းအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်ဝန်းကျင်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လောင်တာကတော့ ဝါယာရှော့ဖြစ်ပြီး လောင်တယ်လို့တော့ သိရတယ်။ သေသွားတဲ့သူကတော့ အခန်းထဲမှာ အိပ်နေတယ်။ ကျန်းမာရေး မကောင်းဘူး။ လောင်တာက ရှေ့အခန်းကနေ စလောင်တယ်။ အိမ်က နှစ်ထပ်အိမ်၊ လုံးချင်း။ ရှေ့မှာ လောင်နေတဲ့အချိန်မှာ သူက သူ့အခန်းကနေ တံခါးဖွင့်ပြီး ထွက်တဲ့အချိန်မှာ အပြင်မှာ လောင်နေတဲ့အခါကျတော့ သူက မီးခိုးမွှန်တာလည်း ပါမှာပေါ့နော်။ တံခါးက ဖွင့်လို့မရဘူး။ မရဘဲနဲ့ သူ့အိမ်က ဘေးပြတင်းပေါက်တွေ အကုန်လုံးကလည်း သံဇကာတွေ ကာထားတဲ့အခါကျတော့ အပြင်ထွက်လို့ မရပြန်ဘူး။ မှန်ရိုက်ခွဲထွက်လည်း မရတဲ့အခါကျတော့ သူလွတ်မြောက်ဖို့အတွက်ကို သူရုန်းရင်းနဲ့ပဲ အထဲထဲမှာပဲ အသက် ဆုံးရှုံးသွားပါတယ်” လို့ အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို Medical လူငယ်များ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ မီးလောင်မှုကို မနက် ၁၁ နာရီ ၈ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက် ၁၁ နာရီ ၁၃ မိနစ်ဝန်းကျင်မှာ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတယောက်နဲ့ ခွေး တကောင် သေဆုံးခဲ့တယ်လို့ အဲဒီ မီးလောင်မှုဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ ရွှေမေတ္တာ လူမှုကူညီရေးအသင်းမှ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်မှာ မွေ့ယာပေါ် ပါဝါဘန့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတယောက် မီးလောင် ‌သေဆုံးခဲ့ကာ အရန်မီးသတ်တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ကရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု အကြိမ်ရေ ၁၁၅၀ ကြိမ် ဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် သေဆုံးသူ ၉၉ ယောက်၊ ဒဏ်ရာရရှိသူ ၁၃၈ ယောက် ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၉၀၀၀ ကျော် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရပါတယ်။

မီးလောင်မှု ဖြစ်စဉ်တွေထဲမှာ နေအိမ် မီးလောင်မှုက အများဆုံး ဖြစ်ပြီး ကြိုတင် ကာကွယ်ရမယ့်အပိုင်းအနေနဲ့ မီးသွေးမီးဖို၊ ထင်းမီးနဲ့ လျှပ်စစ်မီးတွေကို စနစ်တကျ သုံးစွဲဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က အသ်ိပေးထားပါတယ်။

ဓာတ်ပုံ - အောင်ရဲသူ လူမှုကယ်ဆယ်ရေးအသင်း

#သတင်းဟင်းလေးအိုးကြီး

image
image
image