Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
One Piece Manga ဟာသမိုင်းတစ်လျှောက်ရောင်းအားအကောင်းဆုံး Top 10 စာရင်းမှာပါဝင်လာပြီး Oda-sensei ဟာလည်း William Shakespeare တို့လို ပုဂ္ဂိုလ်ကြီးတွေနဲ့စာရင်းတစ်ခုတည်းမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။
Oda-sensei ဘယ်လောက်ကြမ်းတယ် မကြမ်းတယ် Harry Potter ရဲ့ရောင်းအားတောင် One Piece အောက်မှာပါ။ 🥶
ဒီလိုရောင်းအားတွေကြောင့်လည်း Oda-sensei ရဲ့ net worth ဟာ $200–230 million နဲ့ Manga Author တွေထဲမှာ ဝင်ငွေအကြမ်းဆုံးဖြစ်နေတာပါ။
ဝန်ထမ်း ၂၀၀ ခန့် လျှော့ချမယ်လို့ ယူနိုက်တက်ကြေညာ
ဖေဖော်ဝါရီ ၂၅
ယူနိုက်တက်အသင်းဟာ ကုန်ကျစရိတ်တွေကို လျှော့ချတဲ့ ဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းအဖြစ် နောက်ထပ် ဝန်ထမ်း ၂၀၀ ခန့် လျှော့ချသွားမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကလည်း ဝန်ထမ်းပေါင်း ၂၅၀ ခန့်ကို လျှော့ချမှုတွေ ပြုလုပ်ခဲ့တာပါ။
အခုအချိန်မှာလည်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် အသင်းကို ရောက်ရှိလာတာ တစ်နှစ်ပြည့်ပြီးနောက် ရက်ပိုင်းအကြာမှာ နောက်ထပ်ဝန်ထမ်း ၁၅၀ နဲ့ ၂၀၀ ကြားကို လျှော့ချမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့တာမှာ ယူနိုက်တက်အသင်း CEO ဘာရာဒါက ကလပ်အသင်းရဲ့ အသွင်ပြောင်းရေးအစီအစဉ် အစိတ်အပိုင်းအဖြစ် လျှော့ချမှုတွေ ပြုလုပ်သွားမယ်လို့ အသိပေးခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်ကတည်းက ၅ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့တာကြောင့် ကလပ်အသင်းကို အမြတ်အစွန်းတွေ ရရှိအောင် ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပေါင်သန်း ၃၀၀ ကျော် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်း CEO ဘာရာဒါက အသင်းအနေနဲ့ ဆက်ပြီး အရှုံးပေါ်ဖို့ မဖြစ်တော့ဘဲ ဒီလိုသာ ဆက်ဖြစ်နေ မယ်ဆိုရင် သူတို့ရဲ့ရည်မှန်းထားတဲ့ အရာတွေအပေါ် ရင်းနှီးမြုပ်နှံနိုင်မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ထမ်းလျှော့ချမယ့် အကြောင်းအပြင် သူတို့ကို အခမဲ့ နေ့လည်စာ ပေးနေတဲ့ အရာတွေကိုလည်း အဆုံးသတ်တော့မယ်လို့ အသိပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီလိုလုပ်ဆောင်မှုကနေ တစ်နှစ်ကို ပေါင် ၁ သန်း သက်သာသွားမယ်လို့ မျှော်လင့်နေ တာပါ။
ယူနိုက်တက်အသင်းကို ပူးတွဲပိုင်ရှင်အဖြစ် ဆာဂျင်ရက်ကလစ်ဖ် တာဝန်ယူပြီးကတည်းက အသင်းဟာ အသုံးစရိတ် လျှော့ချမှု အများအပြားကို ပြုလုပ်နေခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေကာ ဥရောပဝင်ခွင့် နေရာမှာ ရပ်တည်နေတဲ့ အသင်းနဲ့ ၁၃ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - ယူနိုက်တက်အသင်းကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
ဒေါ်လာ ၁၂ ဘီလီယံ အလွဲသုံးစားမှု အင်ဒိုနီးရှား နိုင်ငံပိုင်ရေနံကုမ္ပဏီခွဲ အကြီးအကဲအပါအဝင် ခုနှစ်ယောက် အဖမ်းခံရ
ဂျကာတာ၊ ဖေဖော်ဝါရီ ၂၅
အင်ဒိုနီးရှားနိုင်ငံပိုင် ရေနံနဲ့သဘာ၀ဓါတ်ငွေ့ကုမ္ပဏီ ပါတာမီနာရဲ့ လုပ်ငန်းခွဲတခုမှ အကြီးအကဲကို ဒေါ်လာ ၁၂ ဘီလီယံ အလွဲသုံးစားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
အဲဒီအဂတိလိုက်စားမှုနဲ့ဆက်စပ်ပြီး အခြားခြောက်ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ရီဗာဆီယာဟန်ဟာ နို်ငငံပိုင်ရေနံလုပ်ငန်းရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Pertamina Patra Niaga ရဲ့ အကြီးအကဲလည်းဖြစ်ပါတယ်။
ရှေ့နေချုပ်ရုံးကနေ ဖမ်းမိန့်ထုတ်လိုက်တဲ့ တခြားသူတွေကတော့ နို်ငငံပိုင်လုပ်ငန်းခွဲနှစ်ခုဖြစ်တဲ့ Kilang Pertamina Internasional နဲ့ Pertamina International Shipping က အမှုဆောင်တွေအပါအဝင် ပုဂ္ဂလိက ကဏ္ဍက တာဝန်ရှိသူတွေလည်း ပါဝင်နေပါတယ်။
ဖမ်းဆီးလိုက်တဲ့ ခုနှစ်ယောက်ဟာ ပြည်တွင်းလောင်စာထုတ်လုပ်မှုအတွက် အစိုးရစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတယ်လို့ ရှေ့နေချုပ်ရုံးတာဝန်ရှိသူက ပြောပါတယ်။ သူတို့တွေဟာ ထုတ်လုပ်မှုပမာဏ ပြည့်မီဖို့ ရေနံစိမ်းတွေတင်သွင်းခဲ့မှုမှာ ငွေကြေးစီမံခန့်ခွဲမှုတွေ အလွဲသုံးစားပြုခဲ့တယ်လို့ ပြောပါတယ်။
သက်သေထွက်ဆိုချက်တွေ၊ ကျွမ်းကျင်သူတွေရဲ့ ယူဆချက်တွေနဲ့ တရားဝင်ရရှိထားတဲ့ စာရွက်စာတမ်းတွေအပေါ် အခြေခံပြီးစုံးစမ်းစစ်ဆေးရေးအဖွဲ့က သံသယရှိသူခုနှစ်ယောက်ကို ဖော်ထုတ်ခဲ့တာလို့ ပြောပါတယ်။
၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတွင်းမှာ တရားမဝင်ရေနံစိမ်းကုန်သွယ်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၉ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး အင်ဒိုနီးရှားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:CNA
Photo:Reuters
#centralnewsnaypyitaw
◾️QC Checker - Yangon
Company: Fone Club Phone Spare Parts
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/22949
◾️ဂိုဒေါင်အကူ - Yangon
Company: Fone Club Phone Spare Parts
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/22948
◾️Inventory Accountant - Yangon
Company: Fone Club Phone Spare Parts
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/22947
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ ၄ သိန်းကျော်ရှိ
ရန်ကုန်၊ဖေဖော်ဝါရီ ၂၅
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူရန်လျှောက်ထားသူ လေးသိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ ရောင်းချမည့် တိုက်ခန်းပေါင်း ၁၅၀ ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများကို အခန်း ၅၀၊ အငြိမ်းစားဝန်ထမ်းများကို အခန်း ၅၀၊ အရပ်သားပြည်သူများကို အခန်း ၅၀ ဖြင့် ခွဲတမ်းကျ မဲနှိုက်၍ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
" လျှောက်တယ့်သူတွေက ဒီလောက်များလိမ့်မယ်လို့ မထင်ထားဘူး။ အဲဒီထဲကနေမှ အခန်းပေါင်း ၁၅၀ အတွက် ပြန်ရွေးချယ်ရမှာ။ အကုန်လုံးကိုတော့ နေစေချင်တာပေါ့။ ဒီနေ့လျှောက်လွှာတွေကို အပြီးသတ်စိစစ်မယ်" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက်မှစတင်ကာ ၂၁ရက်အထိလျှောက်လွှာများကိုရောင်းချပေးခဲ့ခြင်းဖြစ်ပြီး နေရေးအခက်အခဲရှိသည့် ဝင်ငွေနည်း ပြည်သူများကို အဓိကထား ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် နေရေးအခက်အခဲရှိသည့်ပြည်သူများကို ၅ နှစ်သက်တမ်းဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားပြီးအဆောက်အအုံ ၁၇၁ လုံး တည်ဆောက်ပြီးစီးပြီးဖြစ်ကာ အိမ်ထောင်စု ၂၇၃၆ စုအထိ နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး
သကြားနဲ့ ကျန်းမာရေး
တစ်ခုခုစားရင် ချိုမှကြိုက်တယ်ဆိုပြီး အချိုတွေချည်းလှိမ့်စားမနေပါနဲ့။ သကြားဓါတ်က လိုအပ်တယ်ဆိုပေမယ့် များလာရင်တော့ ခန္ဓာ ကိုယ်ကို ထိခိုက်မှုအကျိုးဆက်ကတော်တော်လေးများပါတယ်။ဘေဘီလေးတွေကိုကျ အချိုအများကြီးမစားနဲ့ပြောပြီး ကိုယ်တိုင်ကျစားနေမိသေးတဲ့ လူကြီးတွေကတော့ ဒီဆောင်းပါးလေးဖတ်ကြည့်သင့်ပါတယ်။
သကြားဆိုတာ ဘာလဲ
သကြားဆိုတာက များသောအားဖြင့် အစား အစာတွေ နဲ့သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ ကာဗိုဟိုက်ဒရိတ် တစ်မျိုးပါ။ကော်ဖီနဲ့ အခြားသောမြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကိုတွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်း သကြားက မပါမဖြစ် ပါရသေးတယ်။
သကြားကစွဲလမ်းစေတတ်လား
သကြားက စွဲလမ်းစေတတ်တဲ့ သဘောရှိပါတယ်။ အချိုရည်တွေ၊ ဒိုးနတ်စ်လိုမျိုး မုန့်ချိုချိုလေးတွေကို တစ်ခါလောက်စားပြီးရင်နောက်ထပ်စားချင်လာတယ်ဆိုတာက သကြားကြောင့်ဖြစ်လာတဲ့ စွဲလမ်းမှုပါ။
သကြားအများကြီး မစားပါနဲ့လို့ပြောရတဲ့ အကြောင်းအရင်း
သကြားက အချိုဓါတ်ကို ပေးစွမ်းတယ်။ ခန္ဓာ ကိုယ်မှာ အင်အားပြည့်စေဖို့ သကြားဓါတ်ကို လိုအပ်တယ်ဆိုပေမယ့် အများကြီးစားမိရင်တော့ ဆိုးကျိုးက မသေးပါဘူး။
အဝလွန်လာမယ်
သကြားအများကြီးစားမိတဲ့အခါ ခန္ဓာကိုယ်ကမလိုအပ်ဘဲ ဝိတ်တက်လာမှာ အသေအချာပါ။ စားလိုက်တဲ့ အစားအသောက်ချင်းတူတူပဲဆိုရင်တောင်မှ အချိုပါဝင်မှုများနေတဲ့ အစား အသောက်တွေက ဝိတ်တက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ သကြားများများစားမိလေလေ ကိုယ်တွင်းမျာ ကယ်လ်လိုရီ စုပုံမှုက များလာလေလေပါ။နောက်တစ်ချက်က သကြားက ဆာလောင်မှုကိုဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အချိုများများစားတာက ခန္ဓာကိုယ်ကို ဝလာစေဖို့ တွန်းအားပေးနေတာပါပဲ။
နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေမယ်
အချိုများတဲ့ အစားအစာတွေကို စားတာက နှလုံး ရောဂါအပါအဝင် များစွာသောရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ သကြားစားသုံးမှုများတာက အဝလွန်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရောင်ရမ်းတာ၊သွေးတွင်း အဆီဓါတ်များတာ၊သွေးတွင်း သကြားဓါတ်များတာ၊သွေးတိုးတာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အသည်းအဆီဖုံးတာ၊သွေးကြောပိတ်တာကိုဖြစ်စေနိုင်ပါတယ်
သင့်စိတ်ခံစားမှုကို ပုံမမှန်ဖြစ်စေတယ်
နည်းပါးတဲ့ ပမာဏလောက်ဆိုရင် သကြားဓါတ်ဟာ စိတ်ကိုတက်ကြွစေတဲ့ ဆီရိုတိုနင်ဟော်မုန်းကို မြင့်တက်စေပေမယ့် သိပ်များသွားရင်တော့ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ သွေးထဲမှာ သကြားဓါတ် အပြောင်းအလဲ ရုတ်တရက်ဖြစ်သွားမယ်ဆိုရင် ဒေါသထွက်တာ၊ စိတ်တိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။
အိုမင်းရင့်ရော်စေတယ်
သကြားဓါတ်ဟာ သင့်အရေပြားကို ထိခိုက်စေပါတယ်။ အရေပြားရှိတဲ့ အမျှင်တွေရဲ့ အစွမ်း သတ္တိကို နည်းစေတဲ့အပြင် ဆဲလ်တွေ အသစ်ပြန်ဖြစ်မှုကို နှေးစေတယ်။ ရလဒ်အနေနဲ့ အရေးအကြောင်းတွေ ပေါ်လာတယ်။ အသက်စာရင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။
ကိုယ်ခံအားစနစ်ကို ထိခိုက်စေတယ်
သကြားအားများခြင်းက သင့်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို လျော့ကျစေတယ်။ သကြားအစားများခြင်းအားဖြင့် ခုခံအားစနစ်ရဲ့ ၄၀ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။ ခုခံအားစနစ်အတွက် အရေးကြီးတဲ့ ခန္ဓာ ကိုယ်တွင်း ဗီတာမင် စီ သိုလှောင်ထားမှုကို ဖျက်စီးပစ်ပြီး သွေးဖြူဥတွေရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို နည်းစေပါတယ်။ ရောင်ရမ်းမှုများကို အလွယ်တကူ ဖြစ်စေနိုင်ပြီး အင်မတန်မှကို သေးငယ်တဲ့ ရောင်ရမ်းမှုကတစ်ဆင့် များပြားလှတဲ့ ရောဂါတွေ ဆက်ဖြစ်လာနိုင်ပါတယ်။
အယ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်တယ်
သုတေသန တွေ့ရှိချက်တွေအရ ခန္ဓာကိုယ်ထဲမှာ များပြားလှတဲ့ သကြားဓါတ်တွေကြောင့် သတိမေ့တတ်တဲ့ အယ်ဇိုင်းမားရောဂါ ဖြစ်လာနိုင်ပါတယ်။ ၂၀၁၃ မှာ လုပ်ထားတဲ့ တွေ့ရှိချက်အရ သွေးထဲသကြားဓါတ်များတဲ့ အခြေအနေနဲ့ အာရုံကြောစနစ် ပျက်စီးပြီး အယ်ဇိုင်းမားဖြစ်နိုင်ချေဟာ ဆက်စပ်နေတာကို တွေ့ရပါမယ်။
မှတ်ဉာဏ်ကိုလည်း နည်းစေတယ်
သကြားအလွန်အကျွံစားခြင်းဟာ သင့်ရဲ့ မှတ် ဉာဏ်ကို ထိခိုက်စေပါတယ်။ မှတ်ဉာဏ်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့၊ ဦးနှောက်မှာ ရှိတဲ့ Hippocampus လို့ ခေါ်တဲ့နေရာဟာ သကြားအစားများတဲ့သူတွေမှာ သေးသွားတတ်တယ်လို့ တွေ့ရှိချက်တစ်ခုကလည်း ဆိုထားပါတယ်။
အာဟာရချို့တဲ့ စေမယ်
သကြားက အာဟာရပါဝင်မှုမရှိပါဘူး။ ခန္ဓာ ကိုယ်မှာ အကျိုးမပြုတဲ့ အဆီတွေတက်စေရုံကလွဲလို့ လိုအပ်တဲ့ အာဟာရကို လုံးဝမဖြည့်ပေးနိုင်တာ အသေအချာပါ။ ဒါကြောင့် အချိုစာတွေပဲစားနေမယ်၊ ထမင်းမစားဘူး၊ အခြားအားဖြစ်စေတဲ့ အစားအစာတွေကို မစားဘူးဆိုရင် ကြာရင် အာဟာရချို့တဲ့လာမှာ အသေအချာပါ။
ဆီးချိုဖြစ်နိုင်ခြေကို တိုးစေမယ်
ကမ္ဘာတလွှားမှာပြီးခဲ့တဲ့နှစ် ၃၀ အတွင်း ဆီးချိုဖြစ်တဲ့ ဦးရေဟာ နှစ်ဆကျော်လောက် တိုးလာခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းခံကပြောင်းလဲလာတဲ့နေထိုင်စားသောက်မှုအရ အချိုကဲတဲ့အစားအစာတွေကို နှစ်ခြိုက်စွာ စားသုံးလို့ရပါတယ်။ သကြားတာရှည်စွာ စားသုံးမှုက အင်ဆူလင်ထွက်ရှိမှုကို အနှောင့် အယှက်ဖြစ်စေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်း ချုပ်နိုင်စွမ်းကျလာရာကနေတဆင့်သွေးချို ဆီးချို ရောဂါ ဖြစ်လာစေနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေ တိုးလာစေမယ်
သကြားစားသုံးမှုများတာက ကင်ဆာဖြစ်နိုင် ခြေကို တိုးစေနိုင်ပါတယ်။ သကြားစားသုံးမှုများတာက အစပိုင်းမှာတော့ အဝလွန်တာလောက်စဖြစ်လာမှာပါ။ ဒီကနေတဆင့် အစာရေမျိုကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူသိမ်ကင်ဆာတွေဖြစ်လာနိုင်ပါတယ်။
အခြားသောဆိုးကျိုးများ
ဒါတွေအပြင် သကြားစားသုံးမှုများတာက အသည်းအဆီဖုံးတာ၊ ဝက်ခြံဖြစ်တာ၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာ၊ဂေါက်ရောဂါ၊ သွားနဲ့ခံတွင်းရောဂါ၊ ကျောက်ကပ်ရောဂါ နဲ့ သိမြင်မှုစွမ်းရည် ကျဆင်းတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် အချိုအရမ်းကြိုက်တတ်ရင်တောင်ရောဂါတွေကိုဝင်လာနိုင်တဲ့အန္တရာယ်ကို သတိပြုလို့ သကြားစားသုံးမှုကိုလျှော့ပါလို့ အကြံပြုပါရစေ။
ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။
ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။
လောကမှာ အပြစ်ကင်းစင်ပြီး
လုံးဝ စိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး ။
စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ် ။
အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး ။
ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ် ။
အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး ။
ရောက်တဲ့နေရာမှာ အဆင်ပြေအောင်
ကြိုးစားနေထိုင်တဲ့ သူပဲ ရှိပါတယ် ။
ဘဝမှာ
ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး ။
လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ ။
မွေးဖွားကြတယ် ။
ရှင်သန်ကြတယ် ။
ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ် ။
တကယ်တမ်း တွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ ။
ဒါကြောင့်
စိတ်ညစ်လည်း တစ်နေ့ ။ ပျော်လည်း တစ်နေ့ ။
အချိန်တွေ ကုန်ဆုံးသွားမည့်အတူတူ
နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ ။